Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ပူဇော်ခြင်းနှစ်မျိုး

$
0
0

 

ပူဇော်ထိုက်တဲ့ပုဂ္ဂိုလ်များနှင့် ၎င်းပူဇော်ထိုက်တဲ့ပုဂ္ဂိုလ်များကို ပူဇော်ခြင်းနှစ်မျိုးဖြင့် ပူဇော်ခြင်း၊ ပူဇော်ခြင်းကြောင့်ရရှိတဲ့ အကျိုး၊ ဘယ်လို ပူဇော်ခြင်းမျိုးဟာ အကောင်းဆုံးပူဇော်ခြင်းဖြစ်ပါသလဲ-ဆိုတာတွေကို ရေသား တင်ပြသွားမှာ ဖြစ်ပါတယ်။

 

ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်များကတော့ ရတနာသုံးပါး၊ မိဘ၊ ဆရာ၊ ဦးကြီး၊ ဦးလေး၊ အစ်ကို၊ အစ်မ၊ အဒေါ်၊ အသက် သိက္ခာ ဂုဏ်ဝါကြီးရင့်သူများ-စသောပုဂ္ဂိုလ်များ ဖြစ်ကြပါတယ်။ ဘာကြောင့် ပူဇော်ထိုက်ပါသလဲ---ပူဇော်ထိုက်တဲ့ ဂုဏ်အင်္ဂါ ကျေးဇူးတရားတွေ ရှိနေကြလို့ပါပဲ။ ရတနာသုံးပါးဆိုရင် ကိလေသာ အညစ်အကြေးတွေ ကင်းစင်နေတဲ့အတွက် ပူဇော်ထိုက်တဲ့ ဂုဏ်တော်တွေရှိနေတယ်။ မိဘ ဆရာများဆိုရင်လည်း အတိုင်းအတာ ပမာဏမရှိတဲ့ ကျေးဇူးတရားတွေ ရှိနေတယ်။ ဦးကြီး ဦးလေး-စတဲ့သူများမှာလည်း သွန်သင် ညွှန်ပြ ဆုံးမထားတဲ့ ကျေဇူးတရားတွေရှိနေကြတာပါပဲ။

 

အထက်ဖော်ပြပါ ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကို ပူဇော်ခြင်းနှစ်မျိုးဖြင့် ပူဇော်လေ့ ရှိကြပါတယ်။ ယင်းနှစ်မျိုးကတော့ အာမိသပူဇာ(ပစ္စည်းဝတ္ထုဖြင့် ပူဇော်ခြင်း)၊ ပဋိပတ္တိပူဇာ (ဓမ္မပူဇာ) (လောကုတ္တရာအားလျှော်သော အကျင့်မြတ်ဖြင့် ပူဇော်ခြင်း)၊ အားဖြင့် နှစ်မျိုးဖြစ်ပါတယ်။

 

ပူဇော်တယ်ဆိုတာက ကောင်းစွာပြုခြင်း၊ အလေးအမြတ်ပြုခြင်း၊ မြတ်နိုးခြင်း၊ ရှိခိုးခြင်းလုပ်တာကိုပဲ ပူဇော်တယ်လို့ ဆိုပါတယ်။  အဲဒါကြောင့် ဆွမ်း ခဲဘွယ် ဘောဇဉ် ပန်း ရေချမ်း ဆီမီး-စသော အာမိသဖြင့် ပူဇော်ခြင်းဟာ ကောင်းစွာပြုခြင်း၊  မြတ်နိုးခြင်းဖြစ်ပါတယ်။ ကောင်းတဲ့ အကျင့်ပဋိပတ်ကို ကျင့်နေတာဟာလည်း မြတ်စွာဘုရားစသည်၌ ကောင်းစွာပြုခြင်း၊ အလေးအမြတ်ပြုခြင်း၊ မြတ်နိုင်းခြင်းများပင် ဖြစ်ပါတယ်။ မိဘ  ဆရာတို့ရဲ့ အဆုံးအမကို လိုက်နာနေသူများမှာလည်း  မိဘ ဆရာတို့အပေါ် ကောင်းစွာပြုသူ၊ အလေးအမြတ်ပြုသူ၊ မြတ်နိုးချင်းများပင် ဖြစ်တယ်။ ဒါကြောင့် ကောင်းတဲ့ အကျင့်ပဋိပတ်ကို ကျင့်နေတာဟာ ရတနာသုံးပါးနှင့် တကွ မိဘ ဆရာတို့ကို ပူဇော်ခြင်းပင် ဖြစ်ပါတော့တယ်။

 

ပူဇော်ခြင်းကြောင့် ရရှိတဲ့ အကျိုးတရားတွေကတော့ မျက်မှောက်ဘ၀၌ အသက်ရှည်ခြင်း အဆင်းလှခြင်း ချမ်းသာခြင်း ဥာဏ်ပညာကြီးခြင်း-စတဲ့ အကျိုးတရားတွေကို ရရှိမှာ ဖြစ်ပါတယ်။ နောင် တမလွန် သံသရာမှာတော့ လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာကို ရရှိမှာ ဖြစ်ပါတယ်။

 

``အာနန္ဒာ ငါဘုရားသည် နံ့သာပန်း တူရိယာသံတို့ဖြင့် အပူဇော်ခံရန် ဘုရားဆုကို ပန်ခဲ့သည်မဟုတ်၊ ပါရမီဖြည့်ခဲ့သည်မဟုတ်၊ ဤပုံ ဤနည်းပူဇော်ကာမျှဖြင့် ငါဘုရားကို လေးစား မြတ်နိုး ရိုကျိုးသည်ဟု မဆိုသာသေး၊ လောကုတ္တရာအားလျှော်သော အကျင့်ကို ကျင့်သုံးနေထိုင်သူသည်သာ ငါဘုရားကို အမြတ်ဆုံး ပူဇော်ခြင်းဖြင့် ပူဇော်သည်မည်၏၊ လေးစား မြတ်နိုး ရိုကျိုးသည်မည်၏၊ ဤသို့ ဤပုံနှလုံးသွင်း၍ ဓမ္မကိုသာ အားစိုက်ကျင့်ကြံကြလေကုန်´´လို့ ပရိနိဗ္ဗာန်စံခါနီးမှာ မြတ်စွာဘုရားက မိန့်ထားတယ် မဟုတ်ပါလား။

 

အထက်ပါ ဘုရားစကားတော်ကို ထောက်ရှုက အာမိသပူဇာ၊ ဓမ္မပူဇာနှစ်မျိုးတို့တွင် အာမိသပူဇာဖြင့် ပူဇော်ခြင်းထက် ဓမ္မပူဇာဖြင့် ပူဇော်ခြင်းကသာ အကောင်းဆုံး အမြတ်နိုးဆုံး ပူဇော်ခြင်း ဖြစ်တယ်ဆိုတာကို ကောက်ချက်ချ သိကြရပါတယ်။

 

ဘာကြောင့် ဓမ္မပူဇာက အကောင်းဆုံးဖြစ်ပါသလဲ--- အာမိသပူဇာတွေဟာ သာသနာအရှည်တည်တံ့အောင် မစွမ်းဆောင်နိုင်ပါဘူး၊ ကျင့်ကြံပြီး မဂ် ဖိုလ်ရသူတွေကသာ၊ ပရိယတ္တိ ပဋိပတ္တိကို ကျင့်ကြံနေဆဲ သူတွေကသာ သာသနာတော်ကြီးကို အရှည်တည်တံ့အောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။ စွမ်းဆောင်ထားပါတယ်။ စွမ်းဆောင်နိုင်ခဲ့တယ်။

 

ညီလေး တတိုင်မွှေးက ပန်း ရေချမ်း ဆီမီးကပ်ပုံကို ဘာသာခြားတွေနဲ့ ယှဉ်ပြောတဲ့အခါ နားလည်အောင် ဆောင်းပါးတစ်ပုဒ်လောက်ရေးပေးပါဦးလို့ တောင်းဆိုလာလို့ ဒီဆောင်းပါးရေးဖြစ်ပါတယ်။  ကဲ ညီလေးတတိုင်မွှေးရေ ဘုရားကတော့ သူဘာသာကဘုရားနှင့်  ကိုယ့်ဘာသာကဘုရားမတူကြဘူးပေါ့။ တခြားဘာသာတွေက ဘုရားက ကောင်းကင်ပေါ်မှာတဲ့။ ဘယ်သူမှ မြင်ဘူးလိမ့်မယ် မထင်ဘူးပေါ့။ တို့ ဘာသာက ဘုရားကတော့ လူ့ပြည်မှာ ပွင့်တယ်။ မြင်ဘူးတဲ့သူတွေလည်း မြောက်များစွာရှိခဲ့တယ်။ ဘုရားလို့ အမည်နာမချင်းတူပေမဲ့ ဖြစ်စဉ် ကျင့်စဉ်တွေကတော့ ဘယ်လိုမှကို မတူပါဘူး။ ဥပမာ ပေးလို့မရလောက်အောင်ကို ကွာခြားလွန်းပါတယ်။ တို့ဘုရားက ဒီမိုကရေစီနည်းလမ်းကျတယ်။ တခြားဘုရားတွေက အာဏာရှင်စနစ်ဆန်တယ်။ ဘာကြောင့်လဲ---တို့ဘုရားက မည်သူမဆို ဘုရားဖြစ်ချင်ရင် ရတယ်။ နည်းလမ်းရှိတယ်။ ပါရမီတော်တွေဖြည့်ရမယ်။ ဖြည့်ဆည်းရမဲ့ ကာလအတိုင်းအတာကိုလည်း ဟောထားတယ်။ အဲဒါတွေကို လုပ်နိုင်ရင် မည်သူမဆို ဘုရားဖြစ်ခွင့် ရှိတယ်။ တခြားဘုရားတွေက ကောင်းကင်ပေါ်မှာ။ တစ်ဆူသောဘုရားသာဖြစ်ရမယ်။ မည်သူမျှ ဘုရားဖြစ်ချင်လို့ မရဘူး။ ဘုရားဖြစ်ခွင့် နည်းလမ်းလည်း မပေးခဲ့။ သူ့ရဲ့အပေါ် ရိုသေ ဆက်ဆံမှုမျိုးကို မည်သူမျှ မပေးရ။ ဥပမာ-သူတို့ဘုရားအပေါ်ရှိခိုးမှုမျိုးကို မိဘဆရာသမားတို့အပေါ်ကိုမျှ မပေးရ။ ဘုရားကို ရှိခိုးသလိုမျိုး မိဘဆရာသမားတို့ကို ရှိမခိုးရ။ (သတိထားကြည့်ကြပါ)။ ဘုရားလွှတ်လိုက်တဲ့ တမန်တော်များတော့ရှိပါတယ်။ သူတို့ဟာ ဘုရားမဟုတ်ကြပါ။

 

ဘုရားတွေ အပေါ်မှာတော့ ဘာသာအလျှောက် ပူဇော်မှုတွေ ကွာခြားသွားခဲ့ ကြပြီ။ ဘာကြောင့်လဲ-သူတို့ဘုရားအပေါ် ကိုယ် ပူဇော်မှု မဖြစ်နိုင်သလို၊ ကိုယ်တို့ ဘုရားအပေါ်မှာလည်း သူတို့ ပူဇော်မှုမျိုး မဖြစ်နိုင်ပါ။  သို့သော် မိဘတို့က သားသမီးတွေအပေါ် ထားရှိတဲ့ မေတ္တာနှင့် သားသမီးတွေက မိဘတွေပေါ် ထားရှိတဲ့ စေတနာကတော့ ဘယ်ဘာသာမျိုးမဆို တူညီကြပါလိမ့်မယ်။ ဒီတော့ သားမီးတွေ တန်ဖိုးအထားရဆုံး အမြတ်နိုင်ရဆုံးက မိဘတွေ ဖြစ်နေတာကို ဘယ်ဘာသာမျိုးမဆို တွေ့မြင်နေရပါလိမ့်မယ်။

 

သားသမီးတွေထက် မြောက်များစွာ ချမ်းသာတဲ့ မိဘကို သားသမီးတွေက တန်ဖိုးအထားအရဆုံးမို့ အမြတ်နိုးရဆုံးမို့ စားဘွယ် သောက်ဘွယ် ပန်း ရေချမ်း-စသောဝတ္ထုတို့ဖြင့်လည်းကောင်း၊ မိဘတွေရဲ့စကားနားထောင် လိုက်နာလို့ ၀န်ကြီး အမတ် စသော ရာထူးကြီးကြီးတစ်နေရာလောက်ရရှိသွားတဲ့ လောကီ အထွဋ်အထိပ် ရောက်ပညာဖြင့်လည်းကောင်း ပူဇော်ကန်တော့လိုက်ပါတယ်။ ဒီတော့ မိဘတွေက ပူဇော်ခြင်းနှစ်မျိုးလုံးနဲ့ ကန်တော့တာကို လက်ခံကျေနပ်နေမှာပါ။ သို့သော်လည်း စားဘွယ် သောက်ဘွယ် ပန်း ရေချမ်း-စသောဝတ္ထုတို့ဖြင့် ပူဇော်တာထက် ရာထူးကြီးကြီးတစ်နေရာလောက်ရရှိသွားတဲ့ လောကီ အထွဋ်အထိပ် ရောက်ပညာဖြင့် ပူဇော်တာကို ပိုပြီးသဘောကျပါလိမ့်မယ်။ ဘာကြောင့်လဲ---မိဘတွေက ချမ်းသာပြီးသားမို့ပါ။ ချမ်းသာပြီးသားဆိုရင် အာမိသပူဇာကိုတော့ မိဘများ မမက်မောသောကြောင့်လည်းကောင်း ဆုံးမစကားလိုက်နာသည့် အကျင့်ဖြင့် ပူဇော်သောကြောင့်လည်းကောင်း ပိုပြီးသဘောကျတယ်လို့ မှတ်ရပါ့မယ်။ ဒါကြောင့် ညီလေး တတိုင်မွှေးရေ ပူဇော်ခြင်းနှစ်မျိုးကိုတော့ ဒီဥပမာလေးနှင့် နှိုင်းယှဉ်သာ ကြည့်ပြီး မှတ်သားထားလိုက်ပါတော့။

 

နိဂုံးချုပ်အနေနဲ့ သာသနာတော် အရှည်ခံ တည်တံ့ရေး မျှော်တွေး ကြိုးပမ်းစေ လိုသောကြောင့် ဓမ္မပူဇာကိုသာ အကောင်းဆုံး အမြတ်နိုးဆုံးဟု မြတ်စွာဘုရား အလေးပေး ဟောသွားတော်မူပါကြောင်းကို တင်ပြလိုက်ရပါတယ်။

 

(၂၉-၁-၂၀၁၃) အင်္ဂါနေ့  ည ၁၀-နာရီ ၁၀ မိနစ်

သုခီ ဒီဃာယုကော ဘ၀။ (ဆရာဗန်)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>