နင့်နှုတ်ဖျားကထွက်ကျလာတဲ့စကားတခွန်းကငါ့နှလုံးသားကိုမီးလောင်တိုက်သွင်းနေသလို
နင့်ရဲ့အပြုအမူတွေကငါ့ဘဝကိုအသေသတ်နေသလိုပါပဲဟာ
ပြန်တွေးကြည့်ပါအတိတ်ကို
နင်ဝမ်းနည်းတုန်းအားပေးစကားပြောခဲ့တဲ့နှုတ်ခမ်းတစုံ
နင်စိတ်ဓတ်ကျတုန်းအားပေးကူညီခဲ့တဲ့လက်တစုံ
နင်စိတ်ညစ်နေတုန်းခိုဝင်ပြီနင့်ဝေဒနာကိုရင်ဖွင့်ပေးခဲ့တဲ့ငါ့ရင်ခွင်တစုံ
ဒါတွေကိုနင့်မေ့ပျောက်ချင်နေတာလားဟာ????????????????
ထွက်သွားလိုက်ပါငါခွင့်လွှတ်ပါတယ်ငါ့ချစ်သူနင်ပျော်မယ်ဆိုရင်ပေါ့
ဒီဒီးသီချင်းထဲကစာသားလေးလိုပေါ့ ချန်ရစ်ခဲ့တဲ့သူနဲ့ထားသွားတဲ့သူခံစားရတာအတူတူပဲတဲ့ ဆုံးရှုံးရတာပဲ အသည်းနှလုံးကမမာလည်းကြိတ်မှိတ်ပြီးငါပြုံးနေပါ့မယ်တဲ့ ချစ်သူရယ်...
တခုတော့ပြောမယ်မင်းလမ်းခွဲချင်လည်းပြောပါဟာဒါပေမယ့်ငါ့အပြစ်လို့တော့မစွပ်စွဲစေချင်ဘူး ငါသိပ်ချစ်တဲ့နင်ပြောတာကငါ့ကိုအသေသတ်တာထက်ပိုနာကျင်လို့ပါဟာ..........