“မင်္ဂလာပါကလေးတို့"
“မင်္ဂလာပါဆရာမ”
“ထိုင်ပါကွယ်”
“မောင်ခင်အေးရှိလား “
“ဟုတ်ဆရာမကျွန်တော်ရှိပါတယ်”
“အေးကွယ်သားရေကျောင်းလခဒီနေ့နောက်ဆုံးနော”်
ကျွန်မပြောလိုက်တော့ မောင်ခင်အေးလေးမျက်နှာညိုးနွမ်းသွားတာ
ကျွန်မမြင်တွေ့လိုက်တော့စိတ်မကောင်းဖြစ်သွားမိတယ်။
ကျွန်မလည်းရှေ့ဆက်မပြောတော့ပဲ
“သားထိုင်လို့ရပါပြီကျောင်းဆင်းရင်ဆရာကိုခဏစောင့်နော”်
“ဟုတ်ဆရာမ”
“ကဲကဲအားလုံးပဲဒီနေ့သင်မဲ့သင်ခန်းကိုထုတ်ကြမယ်"
ကျွန်မစာသင်ရင်းခေါင်းထဲကလည်းမောင်ခင်လေးအတွက်စိတ်မကောင်းဖြစ်ရင်း
ညနေကျသူမိဘတွေနဲ့လိုက်တွေ့ဖို့စိတ်ကူးလိုက်မိတယ်။
အတန်းချိန်တချိန်ပြီးတချိန်ကုန်ဆုံးလို့ ကျောင်းဆင်းတဲ့အချိန်မှာ
မောင်ခင်အေးလေးရောက်လာပြီး
“ဆရာမ သားရောက်ပါပြီ"
“အင်း..သားခဏဆရာမသားတို့အိမ်လိုက်ခဲ့မလို့..”လည်းပြောလိုက်တော့
မောင်ခင်အေးလေးက "ဆရာမသားအိမ်ကိုသွားတိုင်ပြောမလို့လား"
သားဘာအပြစ်လုပ်ထားမိလို့လည်း မျက်နှာငယ်လေးနဲ့မောင်ခင်အေးပြောတော့
"မဟုတ်ပါဘူးသားရယ်သားကျောင်းလခအတွက်
သားတို့အိမ်ဘာအခက်အခဲဖြစ်နေလည်းသိချင်လို့ဆရာမက
လိုက်ခဲ့မှာပါဘာမှမတိုင်ပါဘူးကွယ်"ပြောတော့
မောင်ခင်အေးက
"ဆရာမသားမေမေကရောဂါသည်လေ ပန်းနာရင်ကျပ်ဖြစ်နေတာဆရာမ
မေမေကအိမ်တွေမှာလိုက်ပြီးအ၀တ်လျှော်တာဆရာမ
သားကကျောင်းထွက်ပြီးအလုပ်လုပ်မယ်ဆိုတော့မေမေကမလုပ်ရဘူး
သားကိုကျောင်းထားတယ်လေ"
မောင်ခင်အေးပြောတော့ကျွန်မလည်း ဘာမှဆက်မမေးတော့ပဲသူအိမ်လေးကိုလိုက်သွားတော့
"မေမေ ရေ…မေမေဒီမှာသားဆရာမလိုက်လာတယ်"
အိမ်ထဲတွင်မောင်ခင်အေးအမေကလဲလို့မောနေပုံပါပဲ
ကျွန်မလာတာကိုအားနာပုံနဲ့ကုန်းထပြီး
ကျွန်မက"နေ….နေ အမမထပါနဲ့မောင်ခင်အေး လေးအကြောင်းသိချင်တာနဲ့လိုက်လာခဲ့တာပါ
တခြားဘာအကြောင်းမှမရှိပါဘူး"
"ဆရာမရယ်သားလေးစာလိုက်နိုင်ရဲ့လား သားလေးကလေအမေကိုပြုစုနေရာနဲ့ကျောင်းစာတောင်မလုပ်နိင်ဘူး
သားလေးကိုပညာတတ်ဖြစ်စေချင်တယ်ဆရာမရယ်ကျွန်မတို့လိုဘ၀မရောက်စေရဘူး
ကျွန်မအသက်ရှင်နေသမျှကျွန်မသားလေးအတွက်ကြိုးစားမယ်"
''" မောင်ခင်အေးကလိမ္မာပါတယ် ဘာမှစိတ်မပူနဲ့အမကျွန်မတို့လည်းရှိပါတယ်
မောင်ခင်အေးကစာလည်းတော်တယ်သားလေးမေမေကိုဂရုစိုက်နော်
ဆရာမလည်းနောက်နေ့လာခဲ့အုန်းမယ်"
'"ဟုတ်ဆရာမ"
"အမဒါလေးကိုစိတ်မရှိပါနဲ့နော်လက်ခံပေးပါမောင်ခင်အေးဆရာမတယောက်အနေနဲ့မဟုတ်ပဲ
အမကိုခင်လို့ပေးတဲ့မိတ်ဆွေတယောက်အနေနဲ့လက်ခံပေးပါနော်"
"ဆရာမရယ်ကျေးဇူးပါ"
ကျွှန်မလေစိတ်မကောင်းခြင်းများစွာနဲ့အိမ်ကိုရောက်တော့
အိမ်အပြန်ကိုအစဉ်အမြဲကြိုနေတတ်တဲ့မေမေက
"သမီးနေမကောင်းဘူးလား ဘာဖြစ်တာလည်းမှန်းစမ်း"
မေမေကအဲလိုလည်းပြောလိုက်ကော
ကျွန်မလေဘယ်လိုမှမထိန်းနိုင်ပဲငိုချမိလိုက်ပါတယ်
ကျောင်းသားတွေရှေ့မှာသာ ဆရာမဖြစ်နေတဲ့ကျွှန်မက
မေမေဆီမှာတော့ခုထိကလေးတယောက်လိုပါပဲ
"ဟဲ့သမီးလေး အော်ဘာလို့ငိုမေမေစိတ်ပူနေပြီပြောပြအုန်း
ဘာလည်းဘယ်ကလေးကိုရိုက်မိပြီးစိတ်မကောင်းဖြစ်တာလည်းဒါမှ
မဟုတ်ဘယ်ကလေး အိမ်အကြောင်းသိလာလို့လည်းစိတ်မကောင်းဖြစ်တာ"
မေမေကကျွှန်မအရိပ်အကဲကိုအမြဲကြည့်နေတတ်တဲ့မေမေကကျွန်မဘာမှမပြောရဘဲသိနေပါပြီ
ကျွန်မမေမေကိုနှစ်သိမ့်တဲ့အပြုံးနဲ့ကြည့်နေပါတယ်
“ပြောပါဦးသမီးရေ …ဘာများဖြစ်လို့လည်း”
“စိတ်မကောင်းဖြစ်ပြီး မေမေကိုကျေးဇုးတင်မိလို့ငိုမိတာပါမေမေ”
“အော်..ကလေးရယ်ဆရာမဖြစ်နေပြီနော်…ငါသမီးကလည်းလေ
ခစ်ခစ်…ထထ..အ၀တ်လဲ..မေမေသမီးအကြိုက်ဟင်းတွေချက်ထားတယ်”
နောက်နေ့မနက်ကျွန်မဈေးသွားချိန်မှာတော့
“အကြော်တွေရမယ်…တီတီမမတို့ရေအကြော်တွေဝယ်ကြပါ"
ပူပူလေးပါ”
ဒီအသံကိုသိသလိုပဲကျွန်မကြည့်လိုက်တော့ မောင်ခင်အေး
"မောင်ခင်အေး"
ကျွန်မခေါ်လိုက်တော့
"ဗျာ ဆရာမ အကြော်ဝယ်မလို့လား"
ကျွှန်မလည်း"အော်…အင်း ပေးလေဆရာမကို 200ဖိုး"
"သားမေမေကောနေကောင်းလားသက်သာလား"
"မေမေနေမကောင်းလိုဆေးခန်းပြဖို့ပိုက်ဆံမရှိလို့သားဈေးလာရောင်းတာမေမေမသိဘူးဆရာမ"
အရွယ်နဲ့မမျှအောင်ဘ၀လောကဒဏ်ကိုခံနေရတဲ့
အသက်10နှစ်သာရှိသေးတဲ့ကလေးတယောက်ရဲ့အသိဥာဏ်လေးက
ကျွန်မစိတ်ထဲအတတ်နိုင်ဆုံးဒီကလေးအတွက်အနာဂါတ်သားလောင်းလေးတွေပါ
အနာဂါတ်အတွက်ရင်သွေးငယ်လေးတယောက်ကိုပြုစုပျိုးထောင်ပေးမယ်စိတ်ကူးဆုံးဖြတ်လိုက်ပါတော့သည်။
စာဖတ်သူများလည်း မေ့မထားသင့်တဲ့သူတို့ဘ၀လေးကိုရေလောင်ပေါင်းသင်ပေးကြရအောင်လား။
ကြိုးစားပါဦးမည်