Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

လွမ်းမိတယ်ဖေဖ၀ါရီရယ်....

$
0
0

ပျော်ရွှင်ခဲ့ဘူးတယ်။ဖေဖ၀ါရီမှာပေါ့။ကျောင်းတက်ခဲ့ရတဲ့သုံးနှစ်တာမှာငါအပျော်ဆုံးအချိန်လေးပါ။နင့် မျက်နှာနင့်အပြူံးနင့်စကားအားလုံးဟာငါအတွက်လှပနေခဲ့တယ်။ကဗျာတွေသီချင်းတွေကိုချစ်တဲ့ငါကနင့်ကြောင့်အလွမ်းတွေအမုန်းတွေနဲ့ပြည့်နေတဲ့ကဗျာတွေသီချင်းတွေကိုနားမထောင်တက်ခဲ့ဘူး။တ ယောက်ထဲနေရတာကိုသဘောကျတဲ့ငါကနင်မရှိရင်မနေတက်ဘူး။ဖေဖ၀ါရီ14ရက်နေ့ကနင့်ရဲ့မွေးနေ့တဲ့။အဲဒီနေ့ကနင်နဲ့ငါကချစ်သူတွေမဖြစ်ကြသေးဘူးလေ။ရုပ်လေးချောပြီအပြောကောင်းတဲ့နင့်ကိုချစ်ဖို့ငါစဉ်းစားနေတဲ့အချိန်ပေါ့။သူများတွေကောင်မလေးတွေနဲ့ပျော်နေတဲ့အချိန်မှာနင်ကတော့ ကောင်မ လေးဆီကအဖြေမရလို့စိတ်ညစ်နေတာတဲ့။ငါလည်းတယောက်ထဲပါပဲ။ဖေဖ၀ါရီ2011ရဲ့19ရက်နေ့စနေနေ့မှာငါနင့်ကိုအဖြေပေးခဲ့တယ်။အဲဒီရက်နောက်ပိုင်းကစပြီဘယ်တော့မှမေ့လို့မရနိုင်မဲ့ဖေဖ၀ါရီနေ့လေးတွေဖြစ်သွားခဲ့တယ်။ချစ်ကျသူတွေတိုင်းအတွက်နေ့ရက်တိုင်းဟာချစ်သူများနေ့ပဲဖြစ်နေမှာပါလို့ငါတို့ နှစ်ယောက်သတ်မှတ်ခဲ့ဘူးတယ်နော်။ငါအရမ်းပျော်ခဲ့ပါ တယ်။နင့်ဘေးနားမှာရှိနေရတဲ့အချိန်တွေကိုငါမက်မောတယ်။အရမ်းကြောက်တက်တဲ့ငါကနင့်နဲ့ငါ့ကိုအိမ်ကသိသွားရင်တောင်နင်ဘက်မှာနေပေးဖို့အဆင်သင့်ပြင်စင်ထားပြီးဖြစ်နေတယ်။ငါဘာလို့အဲဒီလောက်ချစ်ခဲ့တာလဲ။အချိန်တိုလေးအတွင်းမှာငါနင့်ကိုအရမ်းချစ်ခဲ့မိတယ်။ပြီတော့နင်လည်းငါ့ကိုအရမ်းချစ်တယ်လို့ခံစားမိတယ်။ဒါပင်မဲ့အဲတာကသိပ်မကြာလိုက်ပါဘူး။နင့်သူ ငယ်ချင်းတယောက်ဆီကသတင်းကြားလိုက်တယ်။နင်ကငါ့ကိုမချစ်တော့ဘူးစိတ်ပျက်သွားပြီတဲ့။အကြောင်းပြချက်ကတော့ ကောင်းပါတယ်ငါကကလေးဆန်လို့တဲ့။ငါ့မှာအားနည်းချက်တွေရှိတာတော့သိပါတယ်။ငါကကြောက်တက်တယ်။ရှက်တက် တယ်လေ။ကျောင်းသားတွေအများကြီးပါတဲ့ရထားပေါ်မှာနင်ရင်ခွင်ထဲဝင်နေရလောက်အောင်ငါသတ္တိတွေမကောင်းခဲ့ဘူး။ လမ်းသွား ရင်းလက်တွဲသွားတာတောင်မ၀ံ့မရဲဖြစ်နေတက်တဲ့ငါ့အကျင့်ကနင့်ကိုစိတ်ပျက်စေခဲ့တာလား။အဲဒီအ ချက်တွေကနင့်ရဲ့အရမ်းချစ်ပါတယ်ဘယ်တော့မှခွဲမသွားဘူးဆိုတဲ့စကားတွေကိုအနိုင်ယူသွားတာလား။ငါဘယ်လိုဖြေရမှာလဲ။ နင့်ကိုငါကိုယ်တိုင်မေးကြည့်တော့မဟုတ်ပါဘူးတဲ့။အဲဒီစကားတခွန်းနဲ့ပဲငါပြူံးနိုင်ခဲတာပါ။ဒါပင်မဲ့ရင်ထဲမှာဒါဏ်ရာတော့ရသွားတယ်ထင်တယ်။အဲဒီနောက်ပိုင်းမှာနင့်ဘက်ကလည်းသိသိသာသာပဲပျက်ကွက်မူတွေများလာတယ်လေ။နင့်ကိုသဘောကျနေတဲ့ကောင်မလေးတွေနဲ့နေတယ်၊အရင်လိုမတွေ့ရရင်ဖုန်းဆက်တက်တဲ့အကျင့်တွေပျက်ပြီငါ့ဆီကိုတောင်လာမတွေ့နိုင်တော့ဘူးလေ။စာမေးပွဲနီးနေပြီဖြစ်တဲ့ငါကနင့်အတွက်ရင်မောနေရတယ်။စာတွေကျက်လို့မရဘူးလို့ပြောတော့စာမေးပွဲမအောင်ရင်မခေါ်တော့ဘူးတဲ့။နင်ပြောထွက်ရက်တဲ့စကားပါ။နောက်ပိုင်းမှာနင်ငါ့ရှေ့ကပျောက်သွားခဲ့တယ်။စာမေးပွဲရက်မှာစိတ်မညစ်ချင်လို့ငါနင်ရှိမဲ့နေရာမှာလာစောင့်နေခဲ့တယ်။အရင်လိုပျော်မနေဘူးဆိုတာငါသိပါတယ်။ရက်ပိုင်းလေးတွဲခဲ့ရပင်မဲ့ငါနင်မျက်နှာကိုဖတ်တက်ပါတယ်။စာမေးပွဲပြီနောက်တ နေ့မှာတွေ့ဖို့ချိန်းထားပင်မဲ့နင်ကရှောင်ထွက်သွားတယ်။တမင်ရှောင်တာမဟုတ်ဘူးဆိုပင်မဲ့တိုက်ဆိုင်လွန်းပါတယ်။စာမေးပွဲပြီရင်အပြင်ထွက်လို့မရလို့တွေ့ဖို့မဖြစ်နိုင်ဘူးဆိုတာနင်ရောငါရောသိနေတာပဲ။အရင်ကစနေ၊တနင်္ဂနွေပိတ်ရက်လေးတောင်မတွေ့ရရင်မနေနိုင်တာအခုကနှစ်လတောင်လေ။နင်ခံနိုင်ရည်ရှိပြီထင်တယ်။ချိန်း ထားပြီပေါ်မလာတဲ့နင့်ကြောင့်ငါနင့်သူငယ်ချင်းတွေရှေ့မှာဘယ်လိုဖြစ်သွားမယ်ဆိုတာနင်မစဉ်းစားမိဘူးလား။ငါကိုသနား တယ်ဆိုတဲ့အကြည့်တွေကိုငါအရမ်းမုန်းတယ်သိလား။နင့်ကိုတော့မမုန်းခဲ့ဘူး။သူတို့ဆီကနင့်မှာငါ့အပြင်တခြားချစ်ရမဲ့သူတွေရှိနေပြီလို့နင့်သူငယ်ချင်းတွေပြောတာတောင်ငါနင့်ကိုမမုန်းခဲ့ဘူး။တကယ်ပဲနင်ငါ့ကိုမချစ်ဘူးဆိုရင်ငါနောက်ဆုတ်သွားမှာပါ။ငါကနင့်ကိုချစ်ခဲ့တာပါ။ငါနင့်ဘေးနားမှာမရှိမှနင်ပျော်နေမယ်ဆိုရင်ငါဘာလို့ထွက်မသွားရဲရမှာလဲ။တခုတော့ရှိတာပေါ့ နင်နဲ့စတွဲကတည်းကလမ်းခွဲဖို့ကိုတခါမှမတွေးခဲ့ဘူး။အဆင်သင့်မဖြစ်သေးတာတခုပဲရှိပါတယ်။ဒါပင်မဲ့ငါ့နင့်ကိုမေးခဲ့ပါတယ်။ နင်ကိုယ်တိုင်ကမလိုဘူးဆိုရင်ငါထွက်သွားမယ်ဆိုတဲ့စိတ်နဲ့ပါ။နင်ရှိတဲ့နေရာကိုငါအရောက်သွားပြီမေးခဲ့တယ်။နင်ပြောလိုက်တဲ့စကားကငါ့ရဲ့မျှော်လင့်ချက်ရဲ့ရဲ့လေးကိုပါရိုက်ချိုးလိုက်တယ်နော်။ဘာတဲ့အချစ်ဆိုတျှာဝေခံစားစရာပါတဲ့။တယောက်ထဲကိုပဲ ချစ်နေရင်ပျင်းစရာကြီးတဲ့။နင်ပြူံး ပြူံးလေးနဲ့ပြောထွက်တဲ့စကားပါ။ငါကတော့မျှဝေမခံစားနိုင်ဘူး။တယောက်ထဲဆီကအကုန်လုံးကိုရရင်မယူတော့ဘူးအပြီစွန့်လွှတ်လိုက်မယ်လို့ပြောလိုက်တော့နင်ကတကယ်လားတဲ့။အဲတာထက်ပိုပြီနင်ဘာမှမပြောခဲ့ဘူးနော်။တကယ်ဆိုငါစိတ်ကျေနပ်အောင်ပြောပေးသင့်တယ်လေ။ဒါပင်မဲ့နင်မပြောခဲ့ဘူးနော်။အဲဒီနေ့ကနင်နဲ့ငါ့ရဲ့နောက်ဆုံး ရက်လေးဖြစ်ခဲ့တယ်နော်။ငါကိုယ်တိုင်ဆုံးဖြတ်လိုက်တာပါ။လမ်းခွဲလိုက်ကျရအောင်လို့ငါကိုယ်တိုယ်နင့်ကိုပြောခဲ့တာပါ။နင်ကဘယ်တော့မှအဲဒီစကားကိုစမပြောဘူးလို့ဘုရားပေါ်မှာကတိပေးထားတယ်လေ။နင်ကတော့ကတိတညှ်ဖြစ်မယ်လေ။ငါအရမ်းချစ်တဲ့နင့်ကိုငါကိုယ်တိုင်လမ်းခွဲလိုက်တာပါ။အဲဒီလိုပဲကျောင်းပိတ်ရက်ရှည်မှာငါ့ဆီကိုဖုန်းလေးတချက်မဆက်ခဲ့ဘူး။ငါကတော့နင်နဲ့စတွေ့ကတည်းကနင့်ဆီကိုဆက်ခဲ့ဘူးတာမှမဟုတ်တာ။အဖြေပေးတဲ့နေ့မပါပေါ့။ ကျောင်းတွေပြန်ဖွင့်တော့လည်းငါ့ရှေ့ကိုပေါ်မလာတော့ဘူး။ငါလည်းနင့်ရှေ့ကိုမသွားခဲ့ဘူး။ရထားပေါ်မှာဆုံရင်လည်းအရင်ကခေါင်းတွဲမှာစီးနေကျဖြစ်တဲ့ငါ နောက်ဆုံးတွဲမှာစီးခဲ့တယ်။နင့်ကိုမြင်နေရရင်ငါနာကျင်နေလို့ပါ။နင့်အကြောင်းနင့်အသံကိုကြားရင်ငိုရလွန်းလို့ငါသူငယ် ချင်းတွေကတောင်နင့်ကိုမုန်း နေပြီ။နောက်တခါထပ်ငိုရင်နင့်ကိုရန်ရှာမယ်ဆိုတဲ့အထိတောင်ဖြစ်ခဲ့တယ်။အဲတာတွေကိုနင်ကတော့သိမှာမဟုတ်ပါဘူး။တခုတော့ကျေးဇူးတင်ပါတယ်ငါ့ရှေ့မှာတခြားကောင်မလေးတယောက်နဲ့တွဲမပြလို့ ပါ။အဲဒီလိုဆိုရင်ငါခံနိုင်ရည်ရှိမယ်မထင်ဘူး။ငါကနင့်ကိုအရမ်းချစ်ခဲ့တာပါ။နင့်ရှေ့မှာတခြားတယောက်နဲ့တွဲပြတာကနင်စိတ်ကိုသိခြင်တယ်ရုပ်ရှင်တွေထဲကလိုနင်ငါ့ဘက်ကိုပြန်လည်လာမလားလို့ပေါ့။ဒါပင်မဲ့အဲဒီလိုမဖြစ်ခဲ့ဘူးနော်။ငါ့မှနောက်တယောက်ရှိနေလို့နင့်နဲ့ငါကလမ်းခွဲလိုက်ရတာပါတဲ့။အဲဒီလိုဆိုရင် ကောင်းတာပေါ့။ငါငိုမနေရဘူးလေ။အခုတော့တခြားတယောက်ရှေ့မှာနင့်ကြောင့်ငိုနေရတယ်။အဲဒီတယောက်ကလည်းငါ့နားကထွက်မသွားဘူး။ငါဘယ်လောက်ထိစိတ်တွေညစ်နေမလဲဆိုတာ နင်တွေးမိရဲ့လား။ရထားပေါ်တက်ဖို့သက်ပြင်းတွေအကြိမ်ကြိမ်ချခဲ့ရတယ်။နင့်မျက်နှာကိုလည်းမြင်ရင်ငါဝမ်းနည်းလို့ငိုနေမိပင်မဲ့မြင်ချင်နေမိတယ်။ဓါတ်ပုံလေးတပုံတောင်မတောင်းထားခဲ့တော့ငါ့မှာနင်နဲ့ပတ်သက်ပြီဘာမှရှိမနေဘူးလေ။နင်ပေးခဲ့တဲ့ လက်ဆောင်တွေကိုလည်းငမိုးရိပ်ချောင်းထဲပစ်လိုက်ပြီ။အဲဒီလိုလုပ်ရင်မေ့သွားမယ်ထင်လို့ပါ။ဒါပင်မဲ့မေ့မရပါဘူး။အခုထိပါပဲ။အခုဆိုရင်နှစ်နှစ်ပြည့်ပြီလေ။နင်နဲ့ငါလမ်းခွဲလိုက်တဲ့အချိန်တုန်းကလည်းဆောင်းမကုန်ခင်မိုးတွေရွာတယ်။အအေးလိုင်းဖြတ်လို့တဲ့။ကျန်တဲ့အချိန် တွေမှာမသိသာပင်မဲ့ကျောင်းသားတွေမြင်တဲ့အချိန်၊နှင်းတွေအရမ်းကျတဲ့အချိန်၊ပြီတော့ဖေဖ၀ါရီလ ရောက်ရင်နင့်ကိုအရမ်းသတိယတယ်။ဖေဖ၀ါရီကိုကျော်ပြီတွေးလိုက်ရင်ဝမ်းနည်းမိတယ်။ငါတို့နှစ် ယောက်ဝေးခဲ့တဲ့အချိန်လေး။ငါအခုချိန်အထိနင်နဲ့ပက်သတ်ပြီအကုန်လုံးကိုမှတ်မိနေပါတယ်။အရင်လိုငိုမနေတော့ပင်မဲ့ရင်ထဲမှာတော့နာကျင်မိတယ်။ပျော်ခဲ့တဲ့အချိန်လေးတွေတွေးမိရင်တော့ပြူံးမိတယ်။အခုလည်းဖေဖ၀ါရီရောက်တော့မယ်လေ။တချိန်ကခုလိုအချိန်မှာငါ့ဆီကအဖြေရဖို့လုပ်နေတဲ့ကောင်လေးတယောက်ကိုမြင်ယောင်မိတယ်။အခုလည်းငါတယောက်ထဲပါ။အဲဒီအချိန်တုန်းကနင့်လိုပဲငါ့ဆီကအ ဖြေကိုစောင့်နေတဲ့ကောင်လေးတော့ရှိတယ်။ဒါပင်မဲ့ငါမပေးပါဘူး။ငါ့ရဲ့ဖေဖ၀ါရီမှာနင့်နဲ့တောင်လက်မတွဲရတာတခြား တယောက်ကိုငါလက်မခံခြင်ဘူး။ပြီတော့နင့်တုန်းကလိုပဲခံစားရမယ်ဆိုရင်ငါရူးသွားမယ်ထင်တယ်။ငါနင့်အတွက်ဆုတောင်းပေးလိုက်ပါ့မယ်…ဖေဖ၀ါရီတိုင်းမှာနင့်ချစ်တဲ့ကောင်မလေးနဲ့ရှိနေနိုင်ပြီထာဝရပျှော်ရွှင်နိုင်ပါစေလို့လေ။ငါကတော့အပြစ်ပေးခံနေရတယ်ထင်တယ်။ဖေဖ၀ါရီ14မှာရတဲ့လက်ဆောင်တခုကိုငါလွှတ်ပစ်ခဲ့ဘူးတယ်။နင်နဲ့မတွေ့ခင်တုန်းကပါ။ငါမကြိုက်တဲ့လူဆီပေးတဲ့ဟာမို့ပါ။ငါ့သူငယ်ချင်းတွေကပြောတယ်အဲတာမလုပ်ကောင်းဘူးတဲ့။အချစ်ဦးနဲ့လွဲတက်တယ်တဲ့။အဲတာ မျိုးတွေကိုငါကလက်မခံတက်ဘူးအခုတော့လက်ခံရတော့မယ်ထင်တယ်နော်။နင်နဲ့ဝေးမယ်ဆိုရင်ငါမလုပ်ခဲ့ပါဘူး။အခုချိန်ငါနားထောင်နေတဲ့သီချင်းလေးတပုဒ်ရှိတယ်စန္ဒီမြင့်လွင်ရဲ့ချစ်နေတုန်းပဲတဲ့။ပြီတော့နင်ကိုယ်တိုင်ပန်ပေးခဲ့တဲ့နှင်းဆီ ပန်းခြောက်လေးလည်းရှိသေးတယ်။ငါနင့်ကိုအရမ်းချစ်ခဲ့ပါတယ်…….


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>