1. ပြီးခဲ့သော 11-11-2012 သည်ကျွန်မတို့မိသားစု (၀ါ) အိမ်ထောင်နှစ် (6) နှစ်တင်းတင်းပြည့်ခဲ့သော နေ့စွဲဖြစ်သည်။ သားလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ခဲ့သောနေ့စွဲဖြစ်သည်။ ထို့ကြောင့် ကျွန်မတို့မိသားစုပုံလေးကိုကြည်နူးဖို့ တင်လိုက်ပါသည်။
2. ကျွန်မ၏အမျိုးသားနှင့် ယခုကဲ့သို့အတူတကွမနေထိုင်ခင် ဇာတိမြေü ဝေးကွာနေချိန်ကာလအပိုင်းအခြားü အပေါင်းအသင်းမက်မှုကြောင့်လည်းကောင်း၊ အားလပ...်နေသောကြောင့်လည်းကောင်း၊ အချိန်ဖြုန်းလိုသောကြောင့် online မှတဆင့်မိတ်ဆွေများ (အိမ်ထောင်သည်၊ လူလွတ်) များနှင့်ကျူခြင်း၊ ချက်ခြင်း၊ မက်စေ့ခ်ျများပေးပို့ခြင်း၊ ဓာတ်ပုံများပေးပို့ခြင်းကို ကာလရှည်စွာအပြန်အလှန်ပြုလုပ်ခဲ့မိပါသည်။ စိတ်အလိုလိုက်၍ ကျေနပ်စွာရင်းနှီးခဲ့ပါသည်။ အိမ်ထောင်ရှိအမျိုးသမီးတစ်ယောက်အနေဖြင့် မပြုလုပ်အပ်၊ မပြုလုပ်သင့်သောကိစ္စများဖြစ်ကြောင်း မေ့လျော့၍ပေါ့လျော့စွာ နေထိုင်ပြုမူခဲ့ပါသည်။ ဤအတွက် နားလည်ခွင့်လွှတ်စွာဖြင့် ကျွန်မ၏ မကြာမီ unfirend လုပ်ခြင်း၊ block လုပ်ခြင်းများကို တောင်းပန်အပ်ပါသည်။
3. ယခုအခါ ထိုထိုကိစ္စများသည် ကျွန်မတို့အိမ်ထောင်ရေးသို့စိတ်အနှောက်အယှက်ဖြစ်လာပါသဖြင့် ဘယ်သူမပြု၊ မိမိမှုဖြစ်ပါသော်ငြား ဆင်ခြင်ရန်ရေးအပ်ပါသည်။ မိမိအိမ်ထောင်၏ဆိတ်ကွယ်ရာ၊ လင်သားဆိတ်ကွယ်ရာ၊ ဇနီးဆိတ်ကွယ်ရာ၊ အခြားသော ငယ်ရွယ်နုနယ်သောမိဘအုပ်ထိန်းမှုမကင်းသော လူရွယ်များအနေနှင့်ပါ ဘာသာယဉ်ကျေးမှုအရလည်းကောင်း၊ လူမှုရေးကျင့်ဝတ်အရလည်းကောင်း၊ ဥပဒေကြောင်းအရသော်လည်းကောင်း၊ သစ္စာတရားအရလည်းကောင်း ဖောက်ဖျက်၍ အငွေ့ဖြစ်စေ၊ ဓာတ်ပုံဖြင့်အရသာခံ၍ဖြစ်စေ၊ ပါးစပ်အရသာခံ၍ဖြစ်စေ၊ ဒုဿနသောတည်းဟူသော ကံပေါ်ရပ်စေသော စိတ်တွင်းဖောက်ပြန်မှုကိုသက်ရောက်စေသော online ဆက်ဆံရေးများ၏ဆိုးကျိုးကို ဆင်ခြင်စရာဖြစ်ပါသည်။ ကောင်းသော (ပညာရေး၊ စီးပွားရေး) ကိစ္စများအတွက် အားကိုးစရာဖြစ်သော်ငြား အခြားတစ်ဖက်တွင်မူ သင်ခန်းစာယူစရာများဖြစ်ပါသည်။ မိမိရိုးသားဖြူစင်လိပ်ပြာလုံမှုသည် အခြားတစ်ဖက်တွင်မူ မလိုလားအပ်သောပြဿနာများဖြစ်စေသောကြောင့် ဆင်ခြင်စရာဟုမြင်သောကြောင့် တချို့အား မိတ်ဆွေကဏ္ဍဖြတ်တောက်မှုကို ခွင့်ပန်အပ်ပါသည်။ (စုံစမ်းမေးမြန်းရန်မလိုပါ)
↧
ဖြစ်ရပ်မှန်လေးပါ..... ကြာတော့မကြာသေးဘူး
↧