မေ့ရင်ထဲက အချစ်ပန်း
တိမ်ရဲ့အထက် ဟိုဘ၀ဂ်က
လင်းယှက်ဖြာသွယ် ဓူဝံကြယ်သစ်
မေ့အချစ်ပန်းသည်သို့လန်း။
သစ္စာကန်ရေ ကြည်လင်လေတော့
မေတ္တာကြာဖူး မွှေးပျံ့ကြူးပြီ
ရူးမူးမောင့်မှာမနေသာစေ
ကြင်နာလရောင် ပက်ဖြန်းဆောင်တော့
သည်မောင့်ချစ်သဲ မေ့ရင်ထဲမှာ
ပွင့်လန်းလာပေါ့ကုမုဒြာ။
အနောက်နေထွက် လင်းလက်ဓူဝံ
တောင်ရပ်ခွင်မှာ ဖြစ်ပေါ်လာငြား
မပျက်ပြားပါမေ့သစ္စာ။
ချစ်သည်းရင်မှာ ပွင့်လန်းဖြာခဲ့
မေတ္တာပက်ဖြန်း သည်ကြာပန်းကို
ရည်မှန်းရွယ်ကာ မောင့်တွက်သာဟု
ရင်မှာစိုက်ပျိုး တိတ်တခိုးဖြင့်
ချစ်မိုးစွေကာ ယုယပါလို့
ရင်မှာထာဝရ ပျိုးတော့မည်။
ကြိုးစားပါဦးမည်..
စာပေနဲ့ သူငယ်ချင်းလေးများကိုအစဉ်လေးစားလျှက်
ကြယ်စင်ဖြူ