Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အခက်အခဲများ လက်တွဲကျော်လွှား

$
0
0

 စာရေးသူဖတ်ရှုမိသမျှထဲမှ မှတ်မိဖတ်မိသမျှပြောရရင်တော့ (၁၉၄၇)

ခုနှစ်လွတ်လပ်ရေးရခါနီး အင်္ဂလိပ်ဘုရင်က ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့အား

လွတ်လပ်ရေးအတွက်ဆွေးနွေးရန်အင်္ဂလန်ကိုဖိတ်ခေါ်တဲ့

အချိန် မှာ ဦးနုပြောတဲ့စကားတခွန်းရှိတယ် " ခုချိန်မှာ အိန္ဒိယမှာ မဟတ္တမဂန္ဓီ ရှိတယ် ။

မြန်မာနိုင်ငံကိုကိုင်လှုပ်နိုင်သူ ဗိုလ်ချုပ်အောင်ဆန်းရှိတယ် ဒို့တွေလွတ်လပ်ရေး

မရရင်တပြားမှမလျှော့နဲ့လို့ပြောဘူးတယ်…" ဒီစကားလေးကို မှတ်မိနေတယ်… ခုလဲဒီလို

ပြောချင်ပါတယ် ခုချိန်မှာ မြန်မာနိုင်ငံကိုရော ကမ္ဘာကိုရော အံသြစေတဲ့ခေါင်းဆောင်၊

မြန်မာနိုင်ငံကို ကိုင်လှုပ်နိုင်င်တဲ့ဒေါ်အောင်ဆန်းစုကြည် ရှိတယ်လို့ပါ…။

ကျွန်တော်ပြောတာပုဂ္ဂိုရေးမပါ ပါဘူးတကယ်ဖြစ်နေတာပါ ။

ဒေါ်အောင်ဆန်းစုကြည်ဆိုရင် ကမ္ဘာသိ မြန်မာသိငြိမ်းချမ်းရေး နိုဘယ်ဆုနဲ့ရှင်နဲ့

ဆုပေါင်းများစွာအဆက်မပြတ်ရရှိပြီးနဲ့ ရရှိဆဲပါ။

       မြန်မာတစ်မျိုးသားလုံးရဲ့ အသဲစွဲလည်းဖြစ်နေပါပြီ ။ သူ့မရဲ့အရည်အချင်း

အရည်အသွေး နိုင်ငံရေးခံယူချက် ၊ ဇွဲသတ္တိ အစစအရာရာစံတင်လောက်ပါတယ်။

အာဖရိကခေါင်းဆောင်ရယ်ဆင်မင်ဒဲလား.. မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်

အောင်ဆန်းစုကြည်တို့ဟာ စံတင်လောက်တဲ့ခေါင်းဆောင်တွေဖြစ်ပါတယ်။

မြန်မာ့လွတ်လပ်ရေးဖခင်ကြီးရဲ့သမီးလည်းဖြစ်သည်။မျိုချစ်စိတ်ဓါတ်ထက်သန်သူ ။

မိမိနိုင်ငံလွတ်မြောက်ရေးအတွက် အစစအရာရာအားလုံးစွန့်လွတ်

အနစ်နာခံတိုက်ပွဲဝင်ခဲ့သူ.. လင်သေ.. သားကွဲ အဖေလုပ်ကြံခံရ

မိခင်ဆုံး ဘ၀တွေထဲမှာ ထောင်အမျိုးမျိုးအပြစ်အမျိုးမျိုး ၊ စွဲချက်အမျိုးမျိုးနဲ့ 

ထောင်ကျခံရ   ၊နှစ်ရှည်လများ  နေအိမ်အကျယ်ချုပ်ချ ခံရတဲ့

သူရဲကောင်းဒေါ်အောင်ဆန်းစုကြည်။ မိန်းမသားပေမဲ့ လက်နက်ကိုင်

ယောင်္ကျားသားတွေ သိမ့်သိမ့်တုန်အောင်ကြောက်ခဲ့ရတဲ့ဒေါ်အောင်ဆန်းစုကြည်။

ဒီမိုကရေစီအရယူတိုက်ပွဲကိုခေါင်းဆောင်ဆင်နွဲသူ အရာရာကိုယ်ကျိုးစွန့်

အနစ်နာခံသူတစ်ယောက်ဆိုတာလူတိုင်မငြင်းကွယ်နိုင်ပါဘူး။

       သူမက ခုအခါလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတယ်။ သူမဦး

ဆောင်လုပ်ရင် နိုင်ငံတကာမျက်နှာစာမှာရော မြန်မာပြည်သူတွေကြားမှာရော အားလုံး

လက်ခံတဲ့အချိန်ဖြစ်နေပေပြီ။ သူမသမ္မတဖြစ်လာရေးဟာမြန်မာနိုင်ငံအတွက်အရေး

ကြီးတယ်လို့ပြောချင်တယ်…။ တကယ်တန်းစေတနာနဲ့လုပ်ရင်ဖြစ်နိုင်မယ်ဆိုတာယုံ

ကြည်ပါတယ်။ လူတွေမှာ မေတ္တာစေတနာအရင်းခံရှိဘို့လိုပါတယ်။ မှန်ကန်တယ်

သင့်တော်တယ် ။ သူလုပ်ရင်ဖြစ်မယ် နိုင်ငံပြုပြင်ပြောင်းလဲရေးမှာ သူမဟာတကယ်

အရေးပါနေတယ်ဆိုတာလူတိုင်းသိနေကြတယ်။

       ဒီနေရာမှာပြောချင်တာက သူမ သမ္မတအဖြစ်အရွေးခံရရေး ၊ ရွေးကောက်ပွဲဝင်

ခွင့်ရရေး ဟာတကယ့်ကိုပဲအရေးပါနေတယ်။ အဓိကအချက်ကဖွဲ့စည်းပုံအခြေခံ

ဥပဒေကိုပြင်ဆင်ရေးပါပဲ။ ဖွဲ့စည်းပုံပါအချက်များသည် သမ္မတဖြစ်လာရန်အတွက်

အရည်အချင်းများကိုပြင်ဆင်မှသာဖြစ်နိုင်ပါလိမ့်မည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ

ဥပဒေ ပုဒ်မ ၅၉ တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်အချင်းများကို

ပြဋ္ဌာန်းထားရာ ပုဒ်မ ၅၉ (စ)တွင် အောက်ပါအတိုင်းပါရှိပါသည်။

       မုဒ်မ ၅၉ (စ) " မိမိကိုယ်တိုင်သော်လည်းကောင်း ၊ မိမိ မိဘတစ်ပါးသော်လည်း

ကောင်း မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း ၊ မိမိ၏တရားဝင် သားသမီး

တစ်ဦးဦးသော်လည်းကောင်း ၊ ထိုတရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး

ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူ

စောင့်ရှောက်သောသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ

သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည်

နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော်လည်းကောင်း တိုင်းတစ်ပါး၏

နိုင်ငံသားသော်လည်းကောင်း ခံစားရသောအခွင့်အရေးများနှင့် ကျေးဇူးခံစား

ခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ "ဟူ၍ဖြစ်ပါသည်။

       အဆိုပါပုဒ်မ ၅၉ (က) တွင် နိုင်ငံတော်သမ္မတနှင့် ဒုသမ္မတ များသည်

နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာရှိသူဖြစ်ရမည်ဟု ပြဋ္ဌာန်းထားရာ

ထိုသို့ သစ္စာရှိသူဖြစ်ရမည်ဆိုသည့် ရွေးချယ်ခံမည့်သူအပေါ် တိုက်ရိုက်ပြဋ္ဌာန်း

ချက်သည် ပြီးပြည့်စုံနေပြီး ဖြစ်ပါသည်။

         စာရေးသူအထက်ကဖော်ပြခဲ့သော အရည်အချင်းအရည်အသွေးများသည်

ဒေါ်အောင်ဆန်းစုကြည်တွင်ရှိနေပြီးဖြစ်နေပါသည်။

       သို့ပါလျက် သမ္မတအရွေးခံမည့် ကာယကံရှင်နှင့် မသက်ဆိုင် မလွှမ်းမိုးနိုင်

သည့် မိဘ၊ ခင်ပွန်း ၊ ဇနီး ၊ သားသမီး ၊ ချွေးမ ၊ သမက် အမျိုးအဆွေ (မျိုးရိုးဇာတိ)

အခြေပြု ခွဲခြားသတ်မှတ်ထားသည်ကိုတွေ့ရပါသည်။ နိုင်ငံသားအချင်းချင်းဖြစ်ပါ

လျက် တစ်ဦးနှင့်တစ်ဦးနိုင်ငံသားအခွင့်အရေးချင်းမတူစေရန်ခွဲခြားထားခြင်းသာ

ဖြစ်သည်။

       ပုဒ်မ ၅၉ (စ) ပါ အမျိုးအဆွေပေါ်အခြေပြု၍ ခွဲခြားမှုမျိးနှင့် စပ်လျဉ်း၍ လူ့

အခွင့်အရေး ကြေငြာစာတမ်းကြီး၏ ပုဒ်မ ၂  တွင်  မျိုးရိုးဇာတိအားဖြင့် လုံးဝခွဲခြား

ခြင်းမရှိစေရ ဟူ၍ ပါရှိသည်။

       စာရေးသူတင်ပြလိုသည်မှာ ဖြစ်နိုင်သည် ၊ ဖြစ်နိုင်သူကို ၊ နိုင်ငံအတွက်

တကယ်လိုအပ်သူကို ရွေးချယ်တင်မြှောက်ရေးမှာ နိုင်ငံသားများကနိုင်ငံအတွက်

ရေးဆွဲထားသော ဥပဒေကို နိုင်ငံသားအားလုံးက စေတနာအရင်းခံဖြင့် ပြင်ဆင်ရေးဆွဲ

အတည်ပြုလျှင် မဖြစ်နိုင်စရာမရှိပါကြောင်းရေးသားတင်ပြအပ်ပါသည်။

 

ကျေးဇူးတင်ပါသည်။

 

(ကိုယ်တိုင်ရေး)

 

မြင့်စိုး

31-1-2013 (နံနက် 103း0 နာရီ)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...