တနေ့တွင်သူငယ်ချင်းကျော်စွာတစ်ယောက် စိတ်ဆိုးပြီးဒေါကြီးမောကြီးနှင့် ကျွန်တော့်အိမ်သို့ ရောက်ရှိလာသည်။
ထိုအခါ ကျွန်တော်က" သူငယ်ချင်းလာလည်တာလား?"ဟုမေးလိုက်သောအခါ
ထိုသူငယ်ချင်းက "မြန်မာသံရုံးလာရင်းနဲ့ အဆင်မြေ့ပခဲ့ ပဲ ဒေါသထွက်လာတာ။အပြန်လမ်းမှာမင်းဆီဝင်လာတာပါကွာ"ဟုပြောသောအခါ
ကျွန်တော် တော်တော်လေးစိတ်ဝင်စားမိသဖြင့် စကားဆက်စပ်မိရမှာ ထိုသို့ သိရှိခဲ့ ရလေသည်။
သူငယ်ချင်းရေ မင်းတွေ့ ကြုံလာခဲ့ တဲ့ ကိစ္စလေးတွေနဲ့ ငါ့ကိြုေ့ပာပြပါဦးကွာ။ငါလည်း မြန်မာသံရုံးတုန်းက အဖြစ်အပျက်လေးတွေ ပြောပြမယ်ကွာ။ဤသို့ဖြင့် စကားဆက်ကြရာ....ကျွန်တော်၏သူငယ်ချင်းက....
ငါကွာ ဒီနေ့ ငါ့အမေအတွက်အလုပ်မလုပ်ကြောင်းထောက်ခံစာကို မြန်မာသံရုံး(စင်္ကာပူ)မှာထောက်ခံစာသွားယူတာ ကွာ အဲဒီကောင်တာက လူက အမြန်ကြေး ဒေါ်လာ ၃၀ လည်းတောင်းတယ်။Service Charge ဒေါ်လာ ၂၀ လဲတောင်းတယ်။ အလုပ်မလုပ်ကြောင်းထောက်ခံစာအတွက် တရားဝင် သွင်းငွေ ၈ဒေါ်လာလည်းတောင်းတယ်။ တိုကင်နံပါတ် ( Q နံပါတ်) ယူရတာလည်း ဒေါ်လာ ၁၀ ပေးခဲ့ ရတယ်ကွာ။ငါလည်း မသွားမဖြစ်လို့ သာ အဲဒီနေရာကိုသွားရတာ ငါ့အမေအတွက်မို့ လို့။ မင်းတို့ ငါတို့ မြန်မာနိုင်ငံသားတွေ စင်္ကာပူမှာ မသွားချင်ဆုံးနေရာကိုလည်းလည်းသိမှာပါ ဆိုပြီး ကျနော့်အား ဘယ်နေရလဲမင်းသိလား ဆိုပြီးမေးလာသဖြင့် ကျနော်လည်း ပါးစပ်က အလိုလုပ်ဖြေမိသားဖြစ်မိတာက "အဲဒါမြန်မာသံရုံး(စင်္ကာပူ)လေကွာ"ဟု အလိုလို ပြောမိသားဖြစ်သွားသည်။ထိုအခါ ကျနော့်သူငယ်ချင်းက...အေးဟုတ်တယ်ကွ မင်းပြောတာမှန်တယ် ငါတို့ မြန်မာနိုင်ငံသူနိုင်ငံသားတွေ စင်ကာပူနိုင်ငံမှာ မသွားချင်ဆုံး နေရာတခုက မြန်မာသံရုံးပဲကွ။ ဘာလို့ လဲဆိုတော့ အမြဲ အဆင်မပြေမှုတွေငါတို့ မြန်မာလူတိုင်းနီးပါးကြုံနေရလို့ပဲကွ။ ဟိုစာရွက်လိုတယ်ဆို အဲဒီစာရွက်တင်ပြတယ်။ အဲဒီစာ၇ွက်ပါပြန်တော့ တခြားဟာ လိုပြန်ရော။တခြားဟာ တင်ပြပေးနိုင်တော့ နောက်တခုပြောပြန်ရော။ရက်ချိန်းပေးပြန်ရော ။ဒီကြားထဲ ဟိုဖိုးဒီဖိုး Service Charge တို့ အမြန်ကြေးတို့ လည်းတောင်းသေးတယ်ကွာ။ အရမ်းစိတ်ပျက်ဖို့ကောင်းတယ်ကွာ။ မြန်မာနိုင်ငံသားအချင်းချင်း အာဏပါဝါတွေပြ သူတို့ လုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး ငါတို့ကလည်းဘာမဆိုခေါင်းငြိမ့်ပေးရတယ်ကွာ။ မနေ့ကငါ့အမေနဲ့  ငါ မြန်မာသံ၇ုံး(စင်္ကာပူ)ကိုသွားခဲ့တယ်။ ငါလည်းမရောက်တာကြာတော့ တော်တော်ပြောင်းလဲကုန်တာတွေ့ တယ်။ ငါလည်း ကောင်တာတခုမှာ ငါ့အမေအတွက် အလုပ်မလုပ်ကြောင်း ထောက်ခံစာသွားယူတာပေါ့ကွာ။(Long Term Pass (သို့မဟုတ်) Dependent Pass မှီခို) ဆိုတော့ စင်္ကာပူအစိုးရရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ဘယ်အလုပ်မှ စင်ကာပူမှာလုပ်လို့မရပေမဲ့  မြန်မာနိုင်ငံPassport ရုံးက ၀န်ထမ်းတွေက အဲဒီစည်းကမ်းပြဌန်းချက်ကို မသိရှာဘူးထင်ပါတယ်ကွာ။ငါ့အမေ Passport ရုံမှာ သက်တမ်းတိုးတော့ စင်္ကာပူမှာ အလုပ်မလုပ်ကြောင်း သက်သေခံစာရွက်ကို မြန်မာသံရုံးစင်္ကာပူနိုင်ငံမှ မယူလာလို့ ဆိုပြီး ပက်ပို့စ်(passport)သက်တမ်းရှိသလောက်အခွန်ဆောင်ရမယ်တဲ့ကွာ။မြန်မာငွေ ၄သိန်းကျော် ၅ သိန်းလောက်ဆောင်ရမယ်တဲ့။မြန်မာ ပက်ပို့စ်ရုံးက ၀န်ထမ်းတွေပြောပြချက်အရ နိုင်ငံခြားမှာ ၃ လကျော်နေထိုင်လျှင် မြန်မာသံရုံးကနေ အလုပ်မလုပ်ကြောင်းထောက်ခံချက်ယူရမယ်လို့ သိရှိရတယ်။အဲဒီတော့ ငါ့အမေ ကငါတို့ ဆီ စင်္ကာပူကို လာလည်ပြန်တယ်။စင်ကာပူရောက်တော့ သံရုံးကိုသွားတယ် အလုပ်မလုပ်ကြောင်းထောက်ခံချက်သွားယူတော့ အထက်ကပြောခဲ့ သလို့ အဆင်မပြေမှုအခက်ခဲတွေဖြစ်လာတယ်။စစချင်းမြန်မာသံရုံးက ကောင်တာမှာစုံစမ်းကြည့်တော့
အွန်လိုင်းကနေ Q နံပါတ်(တိုကင်)နံပါတ် မယူလာခဲ့ရင် ဟိုဘက်ထောင့်က ဓာတ်ပုံရိုက်တဲ့ဘေးက ကောင်တာမှာ တိုကင်နံပါတ်(Q) နံပါတ် ယူပါဆိုလို့ သွားယူလိုက်တယ်။ ဒေါ်လာ ၁၀ ပေးရမယ်တဲ့ ။အဲဒီတော့ သူပြောတဲ့ အတိုင်း Q နံပါတ်ကို ၁၀ဒေါ်လာပေးယူလိုက်တယ်။(မိမိဘာသာ အွန်လိုင်းက နေQယူမယ်ဆိုရင်တော့ တပြားမှမပေးရပါဘူး)သို့ ပေမဲ့  ငါတို့ လည်း မြန်မာသံရုံးမရောက်တာကြာတော့ ပြောင်းလဲတာတွေသေချာမိတော့ အဲဒီမြန်မာသံရုံးဝန်ထမ်းပြောတဲ့ အတိုင်းတဆင့်ချင်လိုက်လုပ်တာပေါ့ကွာ။ မနက် ၁၀း၃၀က စပြီး နာမည်တွေခေါ်ရင် မိမိနာမည်ကြားရင် ကောင်တာ(၇) ကိုသွားပါတဲ့။အဲဒီတော့ ငါတို့လည်း၁၀ဒေါ်လာနဲံတိုကင်နံပါတ်ယူပြီးနာမည်ခေါ်တာစောင့်နေတာပေါ့။ငါ့အမေနာမည်လည်းခေါ်ရော ငါတို့ သားအမိကောင်တာနံပါတ်(၇) ကိုသွားတယ်။အဲဒီကိုရောက်တော့ အသားခပ်လတ်လတ် အသက် ၅၀ ကျော်(သိုမဟုတ်) ၅၀ ၀န်းကျင် လူက အလုပ်မလုပ်ကြောင်းထောက်ခံစာယူရင် လိုအပ်တဲ့ စာရွက်စာတမ်းတွေတောင်းတယ်။ငါတို့သားအမိလည်းသူလိုတဲ့ စာရွက်တွေအကုန်မိတ္တူနဲ့ မူရင်းပြနိုင်တယ်။
အဲဒီလို့ အားလုံးစာရွက်တွေစုံပြန်တော့ အဲဒီလူကြီးကပြောတယ် ဒီမှာတွေ့လားတဲ့  Appointment Date က၂ ပတ်ကျော်စောင့်၇တယ်တဲ့ ။ဒါပေမဲ့ ကိစ္စမရှိပါဘူးတဲ့ အမြန်ကြေး ၃၀ ပဲပေးပါတဲ့ ဒီနေ့အပြီးလုပ်ပေးမယ်တဲ့ ။ပြီးတော့ လျှောက်လွှာဖိုး ၈ ကျပ်တဲ့ ။(စင်ကာပူမှာက ဒေါ်လာကို မြန်မာအခေါ်နဲ့  ကျပ်လို့ ပဲခေါ်လေ့ရှိတယ်။ ဥပမာ ၈ ဒေါ်လာကို ၈ ကျပ်လို့ခေါ်ပါတယ်)။အဲဒီနောက်သူက ဆက်ပြောသေးတယ် ဒီနေ့မနက် စာရွက်တွေဖောင်တင်ခဲ့ ၇င် ညနေ ၅ နာရီဆို လာထုတ်လို့ ရပြီတဲ့ ။
သူက အဲဒီလိုပြောတော့ ငါက သူပြောတဲ့ အတိုင်း တောင်းတဲ့ အတိုင်းလဲပေးမယ်ပေါ့။ဟုတ်ကဲ့ ခင်ဗျာ ကျနော် လုပ်ပါမယ်လို့ ပြောလိုက်တယ်ကွာ။ အဲဒီတော့ သူက တခုထပ်ပြန်ပြောတယ်။ Dependent Pass ကိုင်ထားတဲ့ သူက အလုပ်မလုပ်ကိုင်ကြောင်းထုတ်ပေးလို့ မရပါဘူးတဲ့ ။သူတို့ ထုတ်ပေးခွင့်မရှိဘူးတဲ့ ။မှိခိုဖြစ်ကြောင်းပဲ ထုတ်ပေးမယ်ဆိုပြီးပြောတယ်။အဲဒါနဲ့  သူငယ်ချင်းရေ... ငါလည်း အဲဒီကောင်တာက မြန်မာသံရုံးဝန်ထမ်းကို ပြောတာပေါ့....ကျနော့်အမေက အလုပ်မလုပ်ကြောင်း ထောက်ခံစာလာယူတာ မြန်မာနိုင်ငံပက်ပို့စ်ရုံးက ယူခိုင်းလို့ ထောက်ခံစာလာယူတာပါ။မှိခိုဖြစ်ကြောင်းထောက်ခံစာမဟုတ်ပါဘူးပေါ့။IC ကဒ်ပြားမှာ Dependent Pass (Long Term Pass )လို့ ရေးထားတာ မှိီခိုဆိုတာ သီးသန့်ထပ်ဖော်ပြစရာမလိုတော့တာ။အဲဒီတော့ သူက တခြားစာရွက် သန်းခေါင်စာရင်း မြန်မာမူရင်းတောင်းပြန်ရောကွာ။ စင်ကာပူကိုလာတာ မြန်မာ အိမ်ထောင်စုစာ၇င်း အော်ရီဂျင်နယ်ကို သွားလေရာယူသွားရမလားကွာ။ပျောက်သွားရင် ပြန်လုပ်ဖို့ က အရမ်းလွယ်တာမဟုတ်ဘူး ။အဲဒီလိုသူက မြန်မာနိုင်ငံက အိမ်ထောင်စုစာရင်းတောင်းတယ်။ငါ့ အမေက ... စင်ကာပူနိုင်ငံကို မြန်မာအိမ်ထောင်စုစာရင်းအစစ်တော့ သယ်မလာဘူး။ပျောက်မှာဆိုးလို့ Notary Translation အင်္ဂလိပ်ဘာသာပြန် နဲ့ ရှေ့ နေ စီးတံဆိပ်တုန်းနဲ့  နိုင်ငံခြားရေးရုံးစီးတံဆိပ်ပါတဲ့ ဟာပဲရှိတယ်ဆိုတော့ အဲဒါကို မနက်ဖြန်ယူလာပြီး ပြန်လာခဲ့ ပါတဲ့ ။အဲဒီတော့ ငါတို့ သားအမိပြန်ခဲ့ တယ်။ မနက်ဖြန် သူချိန်းတဲ့ ရက်ရောက်တော့ ငါတို့ ထပ်သွားတယ်ကွာ။ငါတို့ ရောက်တော့ ငါ့အမေနာမည်ကို ကောင်တာမှာနာမည်ပေးပြီး အလှည့်ရောက်အောင်စောင့်ခဲ့ တယ်။အလှည့်ရောက်တော့ မနေ့က ကောင်တာနံပါတ်( ၇ ) ကလူကပဲ သူကငါ့ကိုမှတ်မိပြီး စာရွက်စာတမ်းတွေ ငါ့ဆီကယူပြီး သူက စာရွက်စုံမစုံစစ်တယ်။စစ်ပြီးတော့သူက ထောက်ခံစာလျှောက်လွှာမှာ စာတွေရေးနေတယ်။ငါက ဘာတွေရေးနေလဲလို့ ကြည့်လိုက်တော့ သူက ငါ့ကိုပြောတယ်။ ဒီလျှောက်လွှာသူစာရေးပေးထားတာကိုယူသွားပြီး ကောင်တာ ( ၁) ကိုသွားပါတဲ့ ။ အဲဒီမှာ ၂၀ ပေးခဲ့ ပါတဲ့။ငါလည်းသူဆက်ပြောတာကိုနားထောင်တယ်။ ပြီးတော့ သူက ဆက်ပြောတယ်။ အမြန်ကြေးက ၃၀ ပေးရမယ်တဲ့ ။အဲ့ ဒီကောင်တာ (၁) ကို ၂၀ ပေးရမယ်တဲ့ ။ အဲဒါနဲ့ ငါလည်း ၂၀ ကိုဘာအတွက်ပေးရမလဲလို့ မေးကြည့်တော့ Service Charge တဲ့ ။ဘာအတွက် Service Charge လဲငါက မေးကြည့်တော့ စာရွက်စာတမ်းစစ်ခတဲ့။ အဲဒီအချိန်မှာငါက အန်ကယ် စာရွက်စာတမ်းတွေက ကျနော်အစုံအစိတင်ပြတယ်။လိုအပ်တာတွေလဲစုံပြီ ကောင်တာ(၁)ကိုဘာလို့ ၂၀ သွားပေးရမှာလဲမေးတော့ သူက သူပြောတဲ့ အတိုင်းလုပ်ပါတဲ့  ကောင်တာ (၁)ကို ၂၀ ပေးပြီးပြန်လာခဲ့ တဲ့ မင်းအမေအတွက် မှီခိုထောက်ခံစာလုပ်ပေးမယ်တဲ့ ။.....
သူငယ်ချင်းရေ... ငါ့အမေက အလုပ်မလုပ်ကြောင်း(စင်င်္ကာပူနိုင်ငံမှာ)ထောက်ခံစာလာယူတာ သူက မှီခိုဖြစ်ကြောင်းထောက်ခံစာထုတ်ပေးမယ်ပဲပြောတယ်။ငါလည်း တခုခုလွဲနေပြီဆိုချက်ခြင်းသဘောပေါက်လိုက်တယ်။ အဲဒီတော့ တခြားကောင်တာက ဦးလေးကြီးတယောက်ကို သွားမေးကြည့်တော့ အလုပ်မလုပ်ကြောင်းထောက်ခံစာက ယူလို့ ရပါတယ်တဲ့။အဲဒီဦးလေးကြီးကို မေးနေတုန်း စောစောက ကောင်တာ(၇) က အမြန်ကြေး ၃၀ နဲ့  ကောင်တာ(၁) ကို ၂၀ ပေးခိုင်းတဲ့  အန်ကန်လူကြီးက ငါ့ကိုရန်လာတွေ့တယ်ကွာ။ ငါတို့ က မင်းလိုချင်တဲ့ တောင်းတဲ့ ဟာ ထုတ်ပေးလို့မရဘူးတဲ့ ။ငါကလည်း ကျနော်တောင်းတာက ကျနော်အမေအတွက် စင်ကာပူနိုင်ငံတွင် နေထိုင်စဉ်အတွင်းအလုပ်မလုပ်ကိုင်ကြောင်း ထောက်ခံစာကို Myanmar Government စည်းမျဉ်းစည်းကမ်းအတိုင်းတရားဝင်လာယူတာ။တရားဝင်ကြေး ၈ဒေါ်လာပေးတာ ။ကျနော့်အမေက ဘာလို့ အလုပ်မလုပ်ကြောင်းမထုတ်ပေးပဲ မှီခိုထောက်ခံစာပဲ ရမယ်လို့ ပြောတာလဲ ငါက အဲဒီအန်ကယ်ကိုမေးတော့။ငါလုပ်ပေးနိုင်တာက မှီခိုထောက်ခံစာတဲ့ ။အလုပ်မလုပ်ကြောင်းထောက်ခံစာက ကျောင်းသားပဲရတာတဲ့ ။.....ငါကလည်း ငါသိသလောက်ဆက်ရှင်းပြတယ်ကွာ...." အန်ကယ်...မြန်မာနိုင်ငံ ပက်ပို့စ်ရုံးမှာ ၀န်ထမ်းတွေက ပြောတာက စင်ကာပူမြန်မာသံရုံးကအလုပ်မလုပ်ကြောင်းထောက်ခံချက်ယူရမယ်ဆိုလို့ ကျနော့်အမေက အလုပ်မလုပ်ကြောင်းထောက်ခံစာလာယူတာပါလို့ ရှင်းပြတော့ အဲဒီကန်ကယ်ဦးလေးကြီးက လက်မခံဘူးကွာ။ မင်းဘာသာ မြန်မာနိုင်ငံပက်ပို့ စ်ရုံးက လူတွေနဲ့ ရှင်းတဲ့ ငါနဲ့ မဆိုင်ဘူးတဲ့ ။သူတို့ ကို
မင်းရဲ့ အမေ Dependent Pass ပြလိုက်ပေါ့တဲ့ ။ငါကတော့ အလုပ်မလုပ်ကြောင်း ထောက်ခံစာ
မလုပ်ပေးနိုင်ဘူးတဲ့ ။ငါနဲ့ မဆိုင်ဘူးဆိုပြီးအတင်းကြီးပါဝါအာဏပြတယ်ကွာ။
သူပြောသလိုဆို မြန်မာနိုင်ငံအစိုးရ ၀န်ထမ်းတွေက ဥပဒေစည်းမျဉ်းစည်းကမ်းတွေက ရန်ကုန်မှာတမျိုး စင်ကာပူမှာတမျိုးဖြစ်နေပြီ။ မြန်မာပြည်က ပက်ပို့ စ်ရုံးက ၀န်ထမ်းတွေက ၃လကျော် နိုင်ငံခြားမှာနေ၇င် အလုပ်မလုပ်ကြောင်းထောက်ခံစာမပါလျှင်အခွန်ဆောင်ရမယ်လို့ ပြဌန်းထားတယ်။ စင်ကာပူက မြန်မာသံရုံးမှာ အလုပ်မလုပ်ကြောင်းထောက်ခံစာသွားယူတော့မြန်မာသံ၇ုံးဝန်ထမ်း သူမထုတ်ပေးနိုင်ဘူး ကျောင်သားကျောင်းသူများသာလျှင် အလုပ်မလုပ်ကြောင်းထောက်ခံစာပဲပေးတယ်တဲ့။ အဲဒီလိုဆို ကျောင်းသား/သူ အပြင် အခြားသော မှီခိုမိဘများက အစိုးရကို အလုပ်မလုပ်ပဲလစဉ်လတိုင်း အခွန်ဆောင်ရမလိုဖြစ်နေပြီ။ကျောင်းသား/သူပဲ သီးသန့်ဆိုရင် အလုပ်မလုပ်ကြောင်းထောက်ခံချက်ကို ကျောင်းသားကျောင်းသူများသီးသန့် ဆိုပြီး ထားရမလိုဖြစ်နေပြီ။အဲဒီတော့ မြန်မာနိုင်ငံသားတွေက ဘယ်စည်းမျဉ်းဥပဒေက ကိုနားထောင်ပြီးဘာတွေဆက်လုပ်ရမလဲ..။ မိဘတွေက အသက်ကြီးလို့ သားသမီးPR နှင့်မှီခိုစားသောက်နေပါတယ်ဆိုမှ အလုပ်မလုပ်ပဲ လစဉ် အခွန်ဆောင်ရမလိုဖြစ်နေပြီ။ မြန်မာသံရုံးမှာမှ အလုပ်မလုပ်ကြောင်းထောက်ခံစာမယူရင် ဘယ်နေရာမှာ ထောက်ခံစာသွားယူရမလဲ?...။
အေးကွာသူငယ်ချင်းရေကျော်စွာရေ မင်းအမေရဲ့ ကိစ္စက ကိုယ့်ဘက်က မှန်လျှက်နဲ့  အဆင်မပြေဖြစ်ရတယ်။
ငါ့တုန်းကဆိုရင် မြန်မာနိုင်ငံကအလုပ်ရလို့ လာတယ်။ ဒီရောက်မှ SPASS ထုတ်ဖို့ ပက်ပို့ စ် တမ်းတမ်းက နည်းနေတော့ ၇ လပဲသက်တမ်းကျန်တော့ သက်တမ်းတိုးပြီးမှ Spass ထုတ်လို့ ရမယ်လို့ ICA စင်္ကာပူ Immigration ကပြောတယ်။အဲဒီတော့ ငါလည်း မြန်မာသံရုံးကို ပထမဆုံးရောက်သွားတယ်။ဟိုရောက်တော့ ငါ့ကိုအခွန်ဆောင်ခိုင်းတယ် ၆ လစာ အခွန်ဆောင်ပါတဲ့ ။ငါကလည်း အလုပ်တောင် စမဆင်းရသေးဘူး လစာလည်းတပြားမှမရသေးဘူး။Spass Card တောင်မကိုင်ဖူးသေးဘူး အခွန် ၆လကို တလ ၈၀ နဲ့ ဆောင်ခိုင်းတယ်ကွာ။ငါလည်းစင်္ကာပူမှာအသုံစရိတ် အခန်းခ နဲ အခြားအသုံစရိတ်တွေကြောင့် ၄၈၀ မရှိတော့ ပိုက်ဆံလိုက်ချေးရသေးတယ်။ ငါ့လည်း အခွန်ကို အလုပ်လုပ်မှ ဆောင်မယ်ပြောကြည့်တော့ မြန်မာသံရုံးက ၀န်ထမ်းအမျိုးသမီးငယ်က အကို့ အခွန်ကြိုမဆောင်ရင် ကျမတို့ အကို့ ရဲ့ ပက်ပို့ စ်သက်တမ်းတိုးပေးလို့ မရပါဘူးတဲ့ ။အကိုအခွန်ကြိုဆောင်မှ ကျမတို့ ဘက်က လုပ်ပေးလို့ ရမှာပါတဲ့ ။ဒုက္ခရောက်နေတဲ့ သူ အကူညီတကယ်လိုနေတဲ့ အခါ ကိုယ့်မြန်မာနိုင်ငံရဲ့ မြန်မာသံရုံးဟာလည်း အကူညီလုံးဝမပေးတဲ့ အပြင် ပိုပြီးတောင် အခက်ခဲတွေကိုယ့်အတွက်ဖြစ်စေခဲ့တယ်ကွာ။ အဲဒီနောက်ပိုင်းကစပြီး ငါလည်း မြန်မာသံရုံးဆို၇င် ကြောက်လွန်းလို့ အသံကြားတာနဲ့ တင်။
ကဲပါ သူငယ်ချင်းကျော်စွာ.....မင်းလဲ အဆင်မပြေတာတွေ စိတ်ဆိုးတာတွေ သူတို့ ဘက်က စေတနာမေတ္တာနဲ့ စည်းမျဉ်းဥပဒေအတိုင်းမလုပ်တာတွေ ငွေပိုတောင်းတာတွေ ကို မေ့လိုက်ပါ။မင်းပဲ စိတ်ဆင်းရဲမှာပေါ့။ ကိုယ်က မေတ္တာထားပေးလိုက်ရင် သူ့ စရိတ်နဲ့ သူ မေတ္တာစူးပါလိမ့်မယ်ကွာ။..
ထို့ နောက်ကျနော်တို့ သူငယ်ချင်းနှစ်ယောက်သည် City Hall Penisula Plazza မြန်မာရှော့ပင်းမောသို နေ့လည်စာ စားရန် ထွက်လာရင်း ထွေရာလေးပါးစကားများပြောရင်းဖြင့်.........
လေးစားစွာဖြင့်...
အာကာမင်း
(စင်္ကာပူ)