"စုကို ငဲ့ညှာလိုက်လို့ပါ " ဆိုတဲ့ ချစ်သူရဲ့ စကားတစ်ခွန်းက ငါ့ရင်ဘတ်တွေ နာလောက်အောင် ရိုက်ပုတ်လိုက်သလိုပါပဲ.... အစကတည်းက ဘ၀လက်တွဲဖော်အဖြစ် မသတ်မှတ်ခဲ့ဘူးဆိုရင် ဘာကြောင့် များ ချစ်ရေးဆိုခဲ့ရတာလဲ ငါကရော ဘာလို့ချစ်မိသွားရတာလဲ.......
အခုတော့ နှစ်ယောက်စလုံး ရင်နာရပြီပေါ့....
ဇာတ်လမ်းရဲ့ အစက လှပခဲ့တယ် ပျော်ရွှင်ခဲ့ရက်နဲ့ အဆုံးသတ်ကျမှ မျက်ရည်တွေတဲ့လား....
ချစ်သူရေ.....နင်နဲ့တစ်ခါတွေ့တိုင်းးး ငါ့ရင်ခုန်သံတွေ မြန်နေခဲ့တယ်....နင်နဲ့မတွေ့ရတဲ့ရက်တွေက လွမ်းဆွေးပူပင်မှုတွေနဲ့...တစ်နေ့တာခရီးတစ်ခုကို ဘယ်လိုဖြတ်သန်းရမှန်းမသိအောင် အထီးကျန်ခဲ့ရပါတယ်....
အခုတော့ တစ်ကယ်ဝေးပြီပေါ့..မဖြစ်နိုင်ဘူးဆိုတာ သေချာနေမှတော့....
ငါရှိတဲ့ အချိန်တွေတိုင်း နင်ရောက်မလာပါနဲ့တော့ နင့်ကို တစ်ခါတွေ့လိုက်တိုင်း ငါ့ရင်တွေ နာလွန်းလို့ပါ.... .................၀မ်းနည်းမိပါတယ်.....
ငါသာ နင့်ရဲ့ အချစ်ဦးဖြစ်ခဲ့ရင်.....နင့်နဖူးပြင်လေးကို ဖွဖွလေး အနမ်းဦးလေးဖြစ် နမ်းရှိုက်ချင်ခဲ့မိတယ်.....
အခုတော့ ဒါတွေဟာ မဖြစ်နိုင်တော့ဘူးပေါ့နော်...... ဟိုစဉ်ချိန်ပျော်ရွှင်စရာတွေကိုသာ...ပြန်မြင်ယောင်ရင်း.... နင်နဲ့တစ်သက်တာ ခွဲခွာရတော့မယ်.........မျက်ရည်တွေ ဘာကြောင့်များ ကျနေရပါလိမ့်နော်...ငါ့အတွက်တော့ မျက်ရည်တွေကသာ နင်ပေးခဲ့တဲ့ အဖော်တစ်ခုပါပဲ....
ချစ်သူရယ် နင့်ကိုလေ ငါ့ကြောင့် ပျော်စေချင်လိုက်တာ......တစ်သက်လုံးပေါ့......
နင်ဘာလုပ်လုပ် ငါ့ကို မငဲ့နဲ့တော့နော်. .နင့်အတွက် ငါက အသုံးမ၀င်တဲ့ ပစ္စည်းတစ်ခုလိုသဘောထားလိုက်ပါ....... ရှေ့လျှောက် နင်ပျော်ရွှင်ပါစေ.......
ရင်ထဲကခံစားချက်လေးကို ချက်ချင်းရေးလိုက်လို့ ဖတ်လို့မကောင်းရင် တောင်းပန်ပါတယ်နော် သည်းခံပြီး ဖတ်ပေးတာကိုပဲ တစ်ကယ်ကျေးဇူးတင်ပါတယ်.....
↧
***ငါ့ချစ်သူကို ပြောပေးပါ..***
↧