၁။ ကုမ္မဏီမှာ မနားတမ်းအလုပ်တွေလုပ်ပြီး အရမ်းပင်ပန်းလွန်းသောကြောင့် အပန်းဖြေရန်အတွက် ကားလေးစီးကာ ပန်းခြံဘက်ကို ဒေါ်ဝါ၀ါတစ်ယောက် ထွက်လာခဲ့၏ ၊ သူမထွက်လာခဲ့သောအချိန်မှာနေ့လည် ၁၂ နာရီလောက်ပဲထင်ပါ၏ ပန်းခြံသို့ရောက်ခါနီး လမ်းခုလက်တစ်နေရာမှာ အဖြူအစိမ်းလေးတွေနဲ့ ကျောင်းသားကျောင်းသူ လေးငါးရောက်လောက်ကို သူမမြင်သွားခဲ့၏ သူတို့လေးတွေကိုမြင်သွားတော့ လွန်ခဲ့သော ဆယ့်ငါးနှစ်က အကြောင်းလေးကို သတိရမိသွား၏…။
၂။ ၀ါဝါတစ်ယောက်ကျောင်းသွားရန် သူမ၏သူငယ်ချင်းအိမ်ကိုသွားခဲ့၏ “သဲသဲအောင်ရေ ကျောင်းသွားအောင် ငါလာခေါ်တာ သွားမယ်လေဟယ်” “ ဟယ်နင်က ရောက်လာပြီလား အေးအေးသွားမယ် ခဏလေးစောင့်နော်ဝါ၀ါ” “ အေးပါ လုပ်ပါလုပ်ပါ” “ ပြီးပြီသူငယ်ချင်းရေ ကဲ..လာသွားမယ်” သူငယ်ချင်းနှစ်ယောက်ကျောင်းကိုထွက်လာခဲ့၏ ၊ လမ်းတစ်နေရာမှာ ၀ါဝါက “ သူငယ်ချင်းခဏလေးနော် ငါ အောင်ကိုကို ကိုဝင်ခေါ်လိုက်အုန်းမယ်” “ သြော်..အေးအေးခေါ်လေ” အောင်ကိုကို၏ အိမ်ရှေ့ကိုရောက်ချိန်မှာ သူ့တို့အိမ်ထဲကအသံတစ်သံကြားလိုက်ရ၏ “ ဦးလေးရယ် သားကိုမရိုက်ပါနဲ့ဗျာ နောက်ဆို သား ဦးလေးခိုင်းတာအကုန်လုပ်ပေးပါ့မယ်ဗျာ” “ အေးမင်းငါခိုင်းတာအကုန်လုပ်ပေးရမယ် ငါတင်မကဘူးနော် ငါ့မိန်းမခိုင်းရင်လည်း မညီညူဘဲ လုပ်ပေးရမယ်ကြားလား” “ ဟုတ် ဟုတ်ကဲ့ပါ” “ အေးပြီးတာပဲ အခုကျောင်းသွားကျောင်းပြန်လာရင် ဘယ်မှမ၀င်နဲ့နော် အိမ်ကိုတန်းပြန်ခဲ မပြန်ခဲ့လို့ကတော့ကွာ မင်းငါတုတ်စာနဲ့တွေ့မယ်ပြင်ထား…ဟိတ်ကောင်ငါပြောတာကြားလား” “ ဟုတ်ကဲပါဦးလေး ဒါဆို သားကျောင်းသွားတော့မယ်နော်” “ အေးသွား” “ ဟုတ်ကဲ့ သွားပြီနော်” အောင်ကိုကို အိမ်ထဲကနေထွက်တော့ အိမ်ရှေ့မှာ ၀ါဝါနဲ့ သဲသဲအောင်ကိုတွေ့တော့ သူမျက်နှာပျက်သွား၏ အရွယ်ရောက်ယောင်္ကျားလေးတစ်ယောက် အရိုက်ခံရတယ်ဆိုတော့ သူရှက်လည်းရှက်သွားသည်ထင်ပါ၏ ၊ ၀ါဝါကနေစပြီး “ အောင်ကိုကို ၀ါဝါတို့ကျောင်းသွားရအောင် လာခေါ်တာလေ” “ အေးဟာ ငါတောင်းပန်ပါတယ် နောက်နေ့ကစပြီး ငါ့ကို လာမခေါ်နဲ့တော့နော် နင်စိတ်အနှောက်အယှက်ဖြစ်မှာဆိုးလို့ပါ” “ ရပါတယ် ကိစ္စမရှိပါဘူး နင်လာမခေါ်နဲ့ဆို လာမခေါ်တော့ဘူးလေ တို့တွေကျောင်းကပဲစောင့်မယ် ဟုတ်ပြီးလား” “အေးဟာ ကျောင်းကပဲစောင့်နော်” သူတို့တွေ အောင်ကိုကိုနဲ့စကားတွေပြောရင် ကျောင်းသို့ထွက်လာခဲ့ကြတော့၏ ၊ စာသင်ချိန်ပြီး ထမင်းစားချိန်ဆင်းတဲ့အချိန်မှာတော့ သဲသဲအောင်က “ ၀ါဝါ နင်သူနဲ့မပေါင်းပါနဲ့လားဟယ်” “ ဟင်နင်ကဘာဖြစ်ရပြန်တာလဲ တို့တွေ ငယ်ငယ်ကတည်းက ဒီလိုပဲပေါင်းလာတာလေ” “ ငယ်ငယ်ကတော့ဟုတ်တာပေါ့ ငါကတော့သူ့ကို မခင်ချင်တော့ဘူး သူက မာနကြီးတယ်လို့ငါတော့ထင်တယ် ” “ အဲလိုမဟုတ်ပါဘူးဟယ် သူက သူ့အမေနဲအဖေက ကွဲနေကြတယ်လေ အဲဒါကြောင့် သူလည်း စိတ်ထိခိုက်ပြီး သူငယ်ချင်းတွေနဲ့ စကားသိပ်မပြောဖြစ်တာပါဟယ်” ၀ါဝါက အောင်ကိုကိုဖတ်ကနေ ကာပြီး ပြောလိုက်ခြင်းဖြစ်ပါ၏၊ “ ဟောဟိုမှာ ကိုမာနကြီးလာပါပြီးရှင် ” အောင်ကိုကိုတစ်ယောက် ၀ါဝါတို့ဆီကို လာနေပါ၏ အနားရောက်တော့ ၀ါဝါက “ ဟဲ့နင်ဘာဖြစ်နေတာလဲ” “ ဘာမှမဖြစ်ပါဘူးဟာ” အောင်ကိုကို အဲလိုပြောနေတဲ့အချိန်မှာ သဲသဲအောင်က “ ၀ါဝါသူငယ်ချင်းနင်သူနဲ့စကားပြောနေအုန်းနော် ငါ ဟိုဖတ်ခန်းက ငါညီမလေးအခန်းကို အလည်သွားအုန်းမယ်နော်” “ သြော်..အေးအေးသွားလေ” ၀ါဝါကတော့ သိပါ၏ သဲသဲအောင်ဘာကြောင့်ထွက်သွားလဲဆိုတာကိုပေါ့ အောင်ကိုကိုကတော့ သိမည်မဟုတ်ပါ…၊ “ ဟဲ့ အောင်ကိုကို နင့်ကဘာမှမဖြစ်ဘူးဆိုလည်းဆိုသေးတယ် မျက်နှာကလည်း ငါစိတ်ချမ်းသာစရာတကွက်မှမတွေ့ဘူး” “ sorry ဟာ…ငါလေ” အောင်ကိုကို စကားကိုဆက်မပြောဘဲ ရပ်နေသောကြောင့် ၀ါဝါက “ အင်းဆက်ပြောလေ” “ ငါ့အဖေနဲ့အမေက အခုကွဲသွားယုံတင်မကတော့ဘူးဟာ” “ ဟင်…ဘာဖြစ်လို့လည်း အောင်ကို” “ ငါ့အဖေက” မပြောဘဲ မျက်နှာပေါ်မှာ မျက်ရည်တွေသာ အတွင်တွင်စီးကျနေ၏ “ အောင်ကိုရယ် နင်ငါ့ကိုမှ ပြောမပြရင် နင်ဘယ်သူကိုသွားပြောမလဲ ပြောပါ ငါနားထောင်းပေးမှာပေါ့ ဒါမှနင့်စိတ်ထဲပေါ့သွားတာပေါ့” အောင်ကိုကို မျက်နှာပေါ်ကမျက်ရည်တွေကို အလျှင်အမြန်သုတ်ကာ “ ငါ့အဖေလေ…ငါ့အဖေနောက်မိန်းမယူသွားတယ်ဟာ” “ ဟင်..ဟုတ်လား နင်အဲလောက်လည်း စိတ်မကောင်းမဖြစ်ပါနဲ့ဟယ် အခုရောဦးလေးအိမ်မှာနေရတာအဆင်ပြေလား” “ အင်းဒီလိုပဲပေါ့ဟာ နင်လည်းငါ့အကြောင်းသိတာပဲ ဖြစ်သလိုပဲနေနေရတာပေါ့” “ ငါတို့တွေ ကျူရှင်တက်ကြမလို့ နင်ရောဘယ်လိုလဲတက်မယ်မလား” “ မတက်တော့ပါဘူးဟာ” “အေးပါဟယ် နင်စိတ်မကောင်းမဖြစ်ပါနဲ့ နင်မတက်နဲ့လေ နင်နားမလည်တဲ့စာတွေဆိုရင်ငါရှင်ပြမယ်လေ” “ အေးဟာငါနင့်ကိုကျေးဇူးတင်တယ်သိလား” “မလိုပါဘူး နင်ကလည်း” “ ဟာ..အဲလိုမပြောပါနဲ့ဟာ လူတိုင်းက ငါ့ကို အပေါင်းအသင်းမလုပ်တဲ့အထဲမှာ နင်တစ်ယောက်ပဲငါ့ကို သူငယ်ချင်းအဖြစ်လက်ခံပေးတယ် ငါ့အပေါ်လည်းနင်ကသာ နားလည်ပေးတာလေ အဲဒီတော့ ငါက ကျေးဇူးတင်ရမှပေါ့ဟ” “ အေးပါ…ငါတို့မနက်ဖြန်ကနေစပြီး ကျူရှင်တက်ကြမယ် ငါနင့်အတွက် စာအုပ်တစ်အုပ်နဲ့ ကျူရှင်မှာသင်တာတွေအားလုံးငါကူးပေးထားမယ်လေ” “ ဟာ..နင်ကလည်း အဲလိုတော့မလုပ်ပါနဲ့ ငါကျောင်းမှာသင်တာတွေအားလုံးရအောင်လုပ်ပါ့မယ် အဲဒါဆို ငါအောင်ပါတယ်ဟာ နင်ငါ့အပေါ်အဲလောက်လုပ်မပေးပါနဲ့ အားနာစရာကြီး ဟီး….” “ ဟော…နင်လုပ်ပြန်ပြီး နင်ငါ့ကို အားနာနေရင်တော့” သူမ အောင်ကိုကို မျက်နှာကို မျက်တောင်မခတ်တန်းစိုက်ကြည့်နေမိ၏ သူကတော့ သိလောက်မည်မထင်ပါ။ သူမကတော့ ကိုယ့်ကိုကိုယ်သိလိုက်ပါ၏ ၊ သူမအောင်ကိုကို အပေါ် စိတ်ဝင်စားနေမိသည် စိတ်ဝင်စားသည်ဆိုတာထက် ချစ်နေမိသည်ဆိုတာကို သူမရင်ထဲကနေ အကြိမ်ကြိမ်ဝန်ခံနေမိသည်ထင်ပါ၏ ။
၃။ နောက်နေ့မနက် သူမကျောင်းကိုရောက်တော့ အောင်ကိုကိုရောက်မလာသေးပါ သူမကတော့ထင်လိုက်မိ၏ ၊ သူ့ဦးလေးအိမ်မှာ ပြဿနာတစ်ခုခုဖြစ်နေပြီဟုထင်လိုက်မိ၏ ၊ သူမထင်လို့မှမဆုံးသေးဘူး အောင်ကိုကိုတစ်ယောက် ကျောင်းကို ရောက်လာခဲ့၏ မျက်နှာကတော့ မကောင်းပါ သူမကပဲစပြီးတော့ “ ဟဲ့..အောင်ကို နင့်အိမ်နဲ့ဘာဖြစ်လာပြန်ပြီးလဲ” “ ဘာမှမဖြစ်ပါဘူးဟာ” “ ငါသိပါတယ် နင်ဘာဖြစ်လာတာလဲ ငါ့ကိုပြောစမ်းပါ နင်ငါ့ကိုမှမပြောရင် ဘယ်သူ့ကိုသွားပြောမှာပါလဲ ပြော” “ ငါနင့်ကို ပြောရင်ကောင်းမလားစဉ်းစားနေတာ” “ အေးနင်စဉ်းစားပဲနေ မပြောနဲ့တော့” “ မဟုတ်ပါဘူးဟာ ငါကနင့်ဆီက အကူအညီယူရမှာမို့ စဉ်းစားနေတာပါ” “ နင်တော်တော်” “ အေးဟာ ငါပြောပြမယ်” “ အေးပြော” “ ငါလေ ကောင်းမလေးတစ်ယောက်ကိုချစ်မိနေပြီ” အောင်ကိုကိုက အဲလိုပြောလိုက်တဲ့အချိန်မှာ သူမ စိတ်ထဲမှာဝမ်းသာနေမိ၏ မျက်နှာမှာလည်းပန်းနုရောင်သန်းကာ ရှက်ရိတ်သန်းသွား၏ ၊ ထိုစဉ် အောင်ကိုကိုက “ ငါလေ ဘောဂခန်းထဲက ကောင်မလေးကို ချစ်မိနေပြီ အဲဒါနင်ငါ့ကို ပြောပေးပါလားဟာ” ထိုစကားကိုကြားလိုက်သောအခါ သူမ၏ရင်ထဲမှာ ပင်လယ်လှိုင်းထက်မက တုန်လှုပ်သွားခဲ့၏ ၊ ၀မ်းနည်းခြင်းများစွာနဲ့ သူမသူငယ်ချင်းအတွက် ဟန်မပျက်ဆက်နေကာ “ နာမည်ဘယ်သူလဲ ပြောလေ ငါပြောပေးမယ် သူကပြန်မကြိုက်ရင်တော့” “ အဲလိုတော့မလုပ်ပါနဲ့ဟာ ငါ့ကိုရအောင်ကူညီပေးပါဟာ..နော်သူငယ်ချင်း” “ အေးပါ နာမည်ပြောပါ ငါကူညီပါ့မယ်” ထိုသို့ပြောလိုက်သော်လည်း သူမ၏ ရင်ထဲမှာတော့ မျက်ရည်ချောင်းစီးနေပါတော့၏ ၊ “ သူ့နာမည်က စုဖြိုးလို့ခေါ်တယ်ဟ” “ အေးပါငါပြောပေးမယ်လေ” ထိုသို့ကတိပေးလိုက်သောအခါ အောင်ကို၏မျက်နှာမှာ ပျော်ရွှင်မဆုံးဖြစ်နေသော်လည်း သူမကတော့ ၀မ်းနည်းခြင်းများစွာနဲ့ တဖတ်သို့လှည့်သွား၏ ၊ အောင်ကိုကိုမှ “ ၀ါဝါငါနင့်ကို ကျောင်းဆင်းရင် ငါမုန့်ဝယ်ကျွေးမယ်သိလား” “ အင်း…အခုသွားမယ် အတန်းတက်ရမယ်လေ” “ အေးဟ သွားမယ် ငါဝမ်းသာလွန်းလို့ နင့်ကိုဘာပြောရမှန်းတောင်မသိဘူး ငါ့ကိုကူညီမယ့်သူဆိုလို့နင်တစ်ယောက်ပဲရှိတယ်လေ” “ မလိုပါဘူးဟယ် ရပါတယ် ကဲ…ဒါဆိုငါတို့သွားရအောင်နော်” အပျော်လွန်နေသော အောင်ကိုကိုကတော့ အတန်းကို သေချာအာရုံစိုက်ပြီးစာသင်နိုင်သော်လည်း သူမကတော့ သူငယ်ချင်းအတွက် ဘယ်လိုပြောပေးရမလဲဆိုတာကို စဉ်းစားနေမိ၏ ၊ ညစာကြည့်ချိန်မှာလည်း မကြည့်နိုင်ဘဲ ၀မ်းနည်းခြင်း၊ သူငယ်ချင်းကိုပျော်ရွှင်စေလိုခြင်းတွေနဲ့ အိပ်မပျော်နိုင်ပဲ ရှိနေပါတော့၏ ။
၎။ နောက်နေ့မနက် သူမကျောင်းကိုရောက်တော့ အောင်ကိုမှ “ ၀ါဝါ ငါလေ ငါ့ကောင်မလေးအတွက် နှင်းဆီပန်းလေးပေးပေးနော် နင်ပန်းလေးပေးပြီး ငါ့ကိုပြောပေးနော် …ပြီးတော့ ငါနင့်အတွက်ပါ တစ်ပွင့်ယူလာတယ်သိလား ရော့” “ ငါမယူချင်ပါဘူး ငါ့ကိုမပေးပါနဲ့ သူ့ကိုပဲပေးပါ” “ ဟာနင်ကလည်း ဘာမဆို ငါသူ့ကိုလည်းပေးမယ် နင့်ကိုလည်း ပေးမယ် ငါသူ့ကို လက်ဆောင်ပစ္စည်းပေးရင် နင့်ကိုလည်းငါပေးမှာပဲ …သြော်..နင်ငါ့ကို ဒီနေ့ပြောပေးမှာလား” “ အေးပြောပေးမယ်လေ မနက်ကျောင်းဆင်းတာနဲ့ သွားပြောပေးမယ်လေ” “ အေးအေး အဲဒါကြောင့် ငါနင့်ကို ချစ်နေရတာ” အောင်ကိုကို အဲလိုပြောလိုက်တော့ သူမရင်ထဲမှာ ၀မ်းသာသွားမိ၏ ၊ သူကသဘောရိုးနဲ့ချစ်တယ်လို့ဆိုသော်လည်း သူ့ဆီမှ ဒီစကားကြားလိုက်သောအခါ သူမ ပျော်သွားခဲ့မိ၏ ။ သူမနေ့လည်ကျောင်းဆင်းချိန် ဘောဂဗေဒအခန်းကို သွားကာ စုဖြိုးနှင့် တွေ့ခဲ့၏ ၊ စုဖြိုးနှင့်က အရင်းကတည်းက သိတယ်ဆိုသော်လည်း ငယ်ပေါင်းငယ်ပေါ် ငယ်သူငယ်ချင်း အရင်းမဟုတ်ပေမယ့် ရင်းနီးထားသူမို့ သူမက “ သူငယ်ချင်း” စာကျက်နေသော စုဖြိုးမှလှည့်ကြည့်လိုက်၏ “ ဟယ်…သူငယ်ချင်း တို့ဆီကိုလာတယ်” “ အင်းဟုတ်တယ်..၀ါဝါ စုဖြိုးကိုပြောစရာရှိလို့” “ ဟင်…ထူးထူးဆန်းဆန်းပါလား ပြောလေ ဘာလဲ” “ အင်းပြောရမှာတော့ အားနာပါတယ် ဒါပေမယ့် ပြောရမှာမို့” “ ပြောပါရပါတယ်” “ ဒီလို…နင် ငါ့သူငယ်ချင်း အောင်ကိုကို ကိုသိလား” “ အင်းသိတယ်လေ ဘာဖြစ်လို့လဲ” “ သူကလေ နင့်ကို ကြိုက်လို့တဲ့ အဲဒါငါ့ကိုပြောခိုင်းလို့” ဟုပြောလိုက်သောအခါ စုဖြိုးမျက်နှာပျက်သွားသောကြောင့် သူမက “ သူငယ်ချင်းစိတ်ဆိုးသွားလား” “ မဆိုးပါဟယ်ရပါတယ် ဒါပေမယ်.” “ ဒါပေမယ့် ဘာဖြစ်လို့လဲဟင်…” “ ငါ့မှာချစ်သူရှိတယ်” သူမထိုစကားကိုကြားလိုက်သောအခါ သူငယ်ချင်းအတွက်စိတ်မကောင်းဖြစ်သွားရ၏ ၊ သူမသည် သူငယ်ချင်းကိုစိတ်ချမ်းသာစေချင်သော်လည်း သူမကူညီလို့မရသောကြောင့် သူငယ်ချင်းကိုပြန်မပြောပဲ စိတ်မကောင်းဖြစ်နေမိ၏ ၊ အိမ်ကိုပြန်လာသော်လည်း နောက်နေ့မနက်မှာ သူငယ်ချင်းကို ဘယ်လိုပြန်ပြောရမလဲစဉ်းစားနေမိ၏ ။
၅။ သူမကျောင်းသို့ နောက်ကျမှထွက်လာခဲ့၏ ၊ ထိုနေ့မှာ သူမနောက် ကောင်းလေးတစ်ယောက်လိုက်ပြီး သူမကို ရီးစားစကားလိုက်ပြောခြင်းခံရ၏ ၊ သူမကျောင်းကို စောစောရောက်မလာသောကြောင့် အောင်ကိုကိုတစ်ယောက် သူမအိမ်ကို လိုက်လာတဲ့လမ်းမှာဘဲ သူမကို ကောင်လေးတစ်ယောက်လိုက်စကားပြောနေတာကို မြင်သွာသောအခါ အောင်ကိုကို စိတ်ထဲမှာ ဒေါသထွက်သွားကာ ကောင်းလေးကိုတော့ဘာမှမလုပ်ပေမယ့် သူမကိုတော့ “ ၀ါဝါ ငါနင့်ကို နောက်နေ့ကစပြီး ကျောင်းသွားကျောင်းပြန် ငါလာကြိုမယ် ငါပြန်ပို့မယ်နော်သိလား” “ ရပါတယ်ဟယ် ငါတစ်ယောက်ထဲသွားရဲပါတယ် ကိစ္စမရှိပါဘူုး” “ နင်သွားရဲပေမယ့် ငါစိတ်မချဘူးဟ ငါလိုက်ပို့ပေးမယ်နော်သိလား” ထိုသို့ပြောလိုက်သောအခါ သူမစိတ်ထဲမှာ အတိုင်းမသိ ၀မ်းသာသွားခဲ့မိ၏ ၊ ကျောင်းသို့သွားလမ်းမှာတစ်လမ်းလုံး တစ်ယောက်နဲ့တစ်ယောက်စကားမပြောဖြစ်ခဲ့ပါ၊ အတွေးကိုယ်စီဖြင့်လမ်းလျှောက်လာခဲ့ကြ၏ ။ သူမကတော့ စာသင်ခန်းမှာ စိတ်ပါဝင်စားစွာ စာသင်နေချိန်မှာ အောင်ကိုကိုကတော့ စာကို စိတ်မ၀င်စားဘဲ သူမအကြောင်းကို စဉ်းစားနေမိ၏ ၊ “ ငါဘယ်လိုဖြစ်ပါလိမ့် သူနဲ့ငါနေ့တိုင်းတွေ့နေ စားအတူသွားအတူ နေတုန်းက ငါဘာမှမဖြစ်ဘူး ဒီနေ့သူ့နောက်ကို ရီးစားစကားလိုက်ပြောနေတာမြင်လိုက်ရတော့ ငါ့စိတ်တွေ ဘယ်လိုဖြစ်သွားတာလဲ ဘယ်သူ့ကိုဒေါသထွက်နေတာလဲ ဒေါသထွက်နေတာရောဟုတ်ရဲ့လား ငါ..ငါသူ့ကိုများ ချစ်နေမိတာလား..ဟူး..ဟာကွာစိတ်ရှုတ်လာပြီ တော်ပြီကွာမစဉ်းစားတော့ဘူး စဉ်းစာလည်း ငါသူ့ကိုချစ်နေမိပြီဆိုတဲ့အဖြေပဲထွက်နေတော့မှာ တကယ်လို့များငါသူ့ကိုပြောလိုက်ရင် သူများ စိတ်ဆိုးသွားမလား ဒါမှမဟုတ် ငါ့ကို သူလက်ခံနိုင်တယ်ဆိုရင်ရော မသိတော့ဘူးကွာ ငါဘယ်လိုနေရမလဲ ဟင်း…….ဟူး………” အောင်ကိုကို တစ်ယောက်သက်ပြင်းတစ်ချက်ချကာ ရင်ထဲက ခံစားချက်ကို လေအဖြစ် ဟူး…ခနဲ မှုတ်ထုတ်လိုက်ကာ သူမအကြောင်းစဉ်းစားနေမိ၏ ။
၆။ အောင်ကိုကိုကျောင်းကိုအစောဆုံးရောက်နေ၏ ၊ ရင်ထဲကခံစားချက်ကို ဖွင့်ဟရန် ချီတုန်ချတုန်ဖြစ်နေတဲ့အချိန်မှာ သူ၏နောက်မှ “ အောင်ကို နင်ဘာတွေဖြစ်နေတာလဲ ငါနင့်ကောင်မလေးကို ဟိုတစ်နေ့က သွားပြောတယ်သိလား ငါနင့်ကို မနေ့ကပြောမလို့ဘဲ ဒါပေမယ့်” “ မပြောနဲ့တော့ဟာ ငါမကြားချင်တော့ဘူး” “ ဟင်..နင်သူငြင်းလိုက်တာကို သိနေတာလား” “ ဟင်ဟုတ်လား သူကငြင်းလိုက်တာလား” အောင်ကိုကို အဲလိုပြောလိုက်သော်လည်းစိတ်ထဲမှာ ငြင်းခံလိုက်ရတာကို ၀မ်းသာနေမိ၏ ဘာကြောင့်လဲဆိုတော့ သူ သူမကိုချစ်နေမိသောကြောင့်ဖြစ်၏ ၊ ပြီးတော့ သူဆက်ပြောလိုက်တယ် “ ကောင်းပါတယ်ဟာ ငါသူ့ကို တကယ်မချစ်ခဲ့ဘူး ငါ့စိတ်ကစားမိသွားတာပါ ငါချစ်နေတဲ့ကောင်းမလေးကို ငါအခု ငါကိုယ်တိုင်ပဲဖွင့်ပြောတော့မလို့” “ ဟင်..ဟုတ်လား ဘယ်သူလဲ နောက်တစ်ယောက်က” သူမမေးလိုက်သော်လည်း ရင်ထဲမှာတော့ ၀မ်းနည်းနေမိ၏ “ ငါချစ်နေတာနင့်ကို” ထိုစကားကို ကြားလိုက်သောအခါသူမအရမ်းပျော်သွား၏ ၊ ဒါပေမယ့် ဘာစကားမှပြန်မပြောဘဲ တစ်ဖတ်သို့လှည့်သွား၏ ၊ “ ၀ါဝါနင်စိတ်ဆိုးသွားတာလားဟင်…ငါလေ အရင်ကနင်နဲ့အတူသွားအတူလာ အတူစားနေတဲ့အချိန်တုန်းက မသိခဲ့ဘူး ငါလေ မနေ့က နင့်ကို ရီးစားစကားလိုက်ပြောနေတာကိုလည်းတွေ့ရော ငါ့စိတ်တွေ နင့်ကိုဆုံးရှုံးလိုက်ရမှာကို ကြောက်နေမိတယ် အဲဒါကြောင့်ငါပြောလိုက်တာပါဟာ နင်စိတ်ဆိုးသွားလား” “ စိတ်မဆိုးပါဘူး” “ ဟင်..ဒါဆို နင်ငါ့ကို ပြန်ချစ်နိုင်တယ့်ပေါ့ဟုတ်လား ငါဝမ်းသာလိုက်တာဟာသိလား ငါတကယ်ကိုဝမ်းသာတယ်သိလား ၀ါဝါ ” “ ဟင်.. ဘာလဲ” “ ငါနင့်ကိုပြောစရာရှိသေးတယ်” “ ဘာလဲမကုန်သေးဘူးလား” “ မဟုတ်ပါဘူးဟာ ငါပြောမှာက ငါတို့တွေအရင်တုန်းကအကြောင်းကို ပြန်ပြောမလို့ပါ” “ ဘာလဲပြောလေ” “ နင်မှတ်မိလား ငါလေ နင့်ကို သီချင်းတွေကဗျာတွေရေးပြီး နင့်ကိုပေးတုန်းကတည်းက ငါနင့်ကိုချစ်နေမိတာဖြစ်မယ်ထင်တယ်သိလား ငါ့သီချင်းတွေ ကဗျာတွေကို ခုမစဉ်းစားမိတယ် နင့်ကို၇ည်ရွယ်ပြီးရေးထားတွေပဲလေ” “ အင်း ဟုတ်တယ်နော် ငါလည်းမသိခဲ့ဘူး” သူမအဲလိုပြောနေသည်ကိုကြည့်ပြီး အောင်ကိုကို သူမကို နမ်းချင်စိတ်ဖြစ်လာသောကြောင့် သူမဆီမှခွင့်မတောင်းဘဲ နမ်းလိုက်မိ၏ ၊ ထိုအချိန်မှာ သူမ မျက်နှာတွေ နွေးခနဲဖြစ်သွားသည်ကို သတိထားလိုက်၏ အောင်ကိုကို အနမ်းတစ်ပွင့် ကျွေးလွှင့်လိုက်သည်ကို သူမ ရှောင်နိုင်ချိန်မရလိုက်ဘဲ သူမကိုခွင့်မတောင်းဘဲ နမ်းလိုက်သည်ကို သူမ ၀မ်းသာမိသလို စိတ်ဆိုးသွားသလိုဖြစ်သွား၏ ၊ သို့သော်လည်း သူမစိတ်မဆိုးနိုင်ခဲ့ပါ သူမကစပြီးချစ်နေခဲ့သောကြောင့်ဖြစ်၏ ၊ သူမတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက်အရမ်းကိုချစ်ကြတဲ့ချစ်သူတွေဖြစ်နေတဲ့အချိန်မှာ သူမရဲ့မိဘတွေသိသွားခဲ့၏ ၊ တစ်နေ့မှာ သူမ၏ အစ်ကိုက အောင်ကိုကို ကို ခေါ်ကာ သူတို့၏ညီမနှင့် သဘောမတူကြောင်း နောက်ထက်မပတ်သက်ဖို့အကြောင်း ပြောဆိုလာခဲ့၏ ၊ ပြီးတော့ “ ငါတို့သဘောမတူရခြင်းရဲ့အဓိက အကြောင်းကတော့ကွာ မင်းရဲ့မိဘတွေဟာ အိမ်ထောင်ပျက်မိသားစုတွေဖြစ်နေလို့ဘဲ” တဲ့ ထိုစကားတွေကိုတော့ ၀ါဝါတစ်ယောက်ကတော့ မသိခဲ့ပါ ၊ ထိုစကားတွေပြောခဲ့သောအချိန်ဟာ ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့ပဲဖြစ်ပါတယ်။ အောင်ကိုကိုအတွက် ဆယ်တန်းအောင်လို့ပျော်နေတဲ့အချိန်မှာ ထိုစကားကိုကြားလိုက်သည်ကတစ်ကြောင်း သူမဆယ်တန်းကျလို့ ၀မ်းနည်းနေမိသည်ကတစ်ကြောင်း ဖြစ်ခဲ့၏ ၊ သူမဆယ်တန်းကျသည်ကလည်း သူ့ကြောင့်ဟု သက်မှတ်ကာ သူမကို အဆက်အသွယ်ဖြတ်ခဲ့၏ ၊ ထိုအချိန်မှာ ၀ါဝါဟာ သူမ၏ချစ်သူ သူ့ကိုဖြတ်တာဟာ သူမကဆယ်တန်းကျလို့ အဆက်ဖြတ်လိုက်သည်ဟုထင်ကာ နောက်နှစ်ဆယ်တန်းဖြေရန်စာကိုပဲဖိပြီးကြိုးစားခဲ့၏ အောင်ကိုကို ကိုလည်းစိတ်နာသွားခဲ့၏ ၊ ဒါပေမယ့် အောင်ကိုကိုဟာ သူမကိုနောက်ကွယ်ကနေ ကြည့်ရှုစောင့်ရှောက်ရင်း စာမေးပွဲအတွက်ဖြေဆိုရန် စာများကို သူ၏သူငယ်ချင်းမှတဆင့် ဘယ်ဟာကတော့အရမ်းအရေးကြီးတယ်ဆိုတဲ့အကြောင်း ပြောဆိုခဲ့၏ ၊ သူမကျူရှင်ဝိုင်းမှာ ညစာကျက်နေချိန် အိပ်ငိုက်မည်ဆိုးသောကြောင့် အချဉ်ထုပ်၊ လ္ဘတ်ရည် စသည့် မအိပ်ချင်အောင် သူ၏သူငယ်ချင်းမှတဆင့် သွားပို့စေ၏ ၊ ဒါတွေကို သူမကတော့ မသိခဲ့ပါ ၊ ထိုနှစ်စာမေပွဲဖြေပြီးချိန်မှာ အောင်ကိုကိုဟာ သူ့ဘ၀တက်လမ်းအတွက် နိုင်ငံခြားကိုသွားကာ စီးပွားရှာခဲ့၏ ၊ ထိုက်သင့်သလောက် စီးပွားရေးလေး အဆင်ပြေချိန်မှာ အောင်ကိုကိုဟာ မထင်မှတ်ဘဲ သူ့ထက်ငယ်သော မိန်းကလေးတစ်ယောက်နှင့်အိမ်ထောင်ကျခဲ့၏ ၊ သူ၏မင်္ဂလာဆောင်ကို သူငယ်ချင်းတွေဖိတ်ခဲ့သော်လည်း သူ၏ချစ်သူ ၀ါဝါကိုတော့မဖိတ်ခဲ့ပါ ။
၇။ သူမပန်းခြံလေးထဲမှာရှိတဲ့ ခုံတန်းလျားလေးမှာ ထိုင်ကာ စဉ်းစားနေချိန်မှာ ဖုန်းမြည်သံကြားလိုက်သောကြောင့် ကိုင်လိုက်၏ ၊ “ ဟဲလို..ရှင်ဘယ်လိုမမကြီး” သူမဖုန်းကိုပိတ်ကာ ကားလေးနှင့်အိမ်ကို အမြန်မောင်းနှင်လာခဲ့၏ ၊ အိမ်ကိုရောက်တော့ မမကြီးက “ ဟုတ်တယ် ညီမလေး မေမေ့မှာ အသဲကင်းဆာဖြစ်နေတယ် သိပ်ကြာကြာနေရတော့မှာမဟုတ်ဘူး” သူမ ထိုစကားကိုကြားလိုက်သောအချိန်မှာ သူမစိတ်တွေဘယ်လိုဖြစ်သွားတယ်မသိ အမေသေသွားခဲ့ရင် ငါဘယ်လိုလုပ်ရမလဲ ငါဘယ်သူနဲ့နေရလဲ တွေးရင်းနဲ့ သူမအမေဟာ သုံးလလောက်သာ နေခွင့်ရပြီး အသက်ဆုံးရှုံးသွားခဲ့၏ ၊ သူမအမေသေပြီး ခုနှစ်ရက်မြောက် ရက်လည်သောနေ့မှာ မထင်မှတ်ဘဲ အောင်ကိုကိုတစ်ယောက် ရက်လည်နေ့မှာ သူမအမေဆုံးတဲ့အကြောင်းကို သတင်းလာမေးခဲ့၏ ၊ အောင်ကိုကိုက သူမကို “ ၀ါဝါ နင်အိမ်ထောင်မပြုတော့ဘူးလား” “ အင်း မပြုတော့ပါဘူး ယောင်္ကျားတွေကို အယုံအကြည် မရှိတော့ဘူး” အောင်ကိုကိုက ဘာမှ ပြန်မပြောခဲ့ပါ ၊ သူမကတော့ သူမ၏ချစ်သူကို စိတ်နာခြင်းမျက်လုံးတွေနဲ့ စိမ်းကားစွာကြည့်ကာ ပြောနေမိ၏ ၊ ထိုနေ့မှစပြီး သူမနှင့် သူမ၏ချစ်သူ အောင်ကိုကိုတို့တွေ့ဆုံးခြင်းဟာ နောက်ဆုံးနေ့ပဲဖြစ်ခဲ့တော့သည်………..။
*** ဤ၀တ္ထုလေးအား ပြီးဆုံးအောင် ဖတ်ရှုပေးတဲ့အတွက် အထူးကျေးဇူးတင်ရှိပါတယ်ရှင့် ***
~~~@@@ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာကြပါစေ @@@~~~
April