( ( ( နှလုံးသား ၀င်ခွင့် ) ) )
မင်း ………..
ငါ့နှလုံးသား နယ်နိမိတ်ကို
ဗီဇာ မပါပဲ ဖြတ်လျှောက်သွားတယ်
တိုးဂိတ်ရဲ့ ပေါ့လျော့မှုလား
မြို့တံခါးကပဲ လျော့ရဲ နေခဲ့သလား?
သက်တမ်းတိုးစရာမလိုတဲ့ ဗီဇာနဲ့
မင်း ငါ့ရင်ခွင်မှာ ခိုးပြီး တွယ်ကပ် နေခဲ့တယ်
ငါ မသိလိုက်ခင်မှာ မင်းက
တော်တော်ကို အခြေခိုင် နေပြီလေ
သတိထားမိတဲ့ အချိန်မှာတော့
မင်းက ………..
အီဖယ် မျှော်စင်လို ထုထည်ကြီးမားနေပြီ
ငါ ဘယ်လို ဖယ်ရှားရမလဲ?
ဖယ်မရှားချင်တဲ့ ငါ့စိတ်က
အပြစ်လား !
ဗီဇာ မပါပဲ ၀င်ရောက်ခဲ့တဲ့ မင်းက အပြစ်လား!!!
သေချာတာတော့
မင်းက ငါ့ရင်ထဲက
ဗီဇာမဲ့ အကျဉ်းသား !!!!!!!!
((ဂျစ်တူး))
one way မဟုတ်တဲ့ ဒီလမ်း
ဗိဇာ မပါပေမဲ့
အချစ် တွေ နဲ့ ဖြတ်သန်းနေတယ်
မင်း ရဲ့ နှလုံးသား ဂိတ်ဆိ ကို
မင်း ရဲ့ အချစ် ယဉ်ငယ် လေး
ပြန်လွတ်လိုက်ပါ
ငါ ရဲ့ နှလုံးသား ဂိတ်ဆိ
ရတဲ့ အကျိုးအမြတ်
အတူတူ ခွဲယူကြတာပေါ့
အချိန်မှ ပြန်မရောက်လို့စိတ်မကောက် နဲ့
ဘာကြောင့် မရောက်လည်း သိအောင်မေး
ရောက်ကို ရောက်အောင် လာခဲ့မယ်။
( ( ( တော်ဝင်သတို့သမိး ) ) )
တစ်ခုသောနေ့
အပြာရောင်ကောင်ကင်အောက်က
ထည်ဝါတဲ့ခန်းမကြီးထဲမှာ
ဆေးရောင်စုံ ကန့်လန်ကာတွေကြားက
တောက်ပတဲ့ ၀တ်ရုံလေးနဲ့အတူ
အနီရောင်ပန်းခင်းလမ်းပေါ်မှာ
ညှင်သာစွာတစ်လှမ်းခြင်းလွင့်လာတဲ့
အဖြူရောင်သတို့သ္မီးလေး
ဘုံကြိုးပျက် နတ်မီမယ်လေးလို
အပြစ်ဆိုဖွယ်မရှိတဲ့ အလှတွေနဲ့
ခန်းမကြီးတစ်ခု တိတ်ဆိတ်သွားအောင်
ဆွဲဆောင်အားကောင်းတဲ့သူ
ငါးဖြာသော ကောင်းခြင်းတွေနဲ့
ခါးသေးလို့ရင်ချီ ပဒုမ္မနီမီန်းမမြတ်တို့ရဲ့
တူညီတဲ့ လက္ခဏာပိုင်ရှင်
သီမ်မွေ့တဲ့ အပြုံး
ယဉ်တစ်ကိုလုံးစိုပြေ၀င်းပပြီး
အပျိုစင်မလေးရဲ့ အီနြေ္ဒာရှင်ခန္ဒာ ကိုလေးက
အေးခဲနေတဲ့ နှလုံးသားတွေကို
နိုးထစေတာတော့ အလွန်အကျွံပါပဲ
****သူမဟာ *****
ရင်ထဲကပျော်ရွင်ဖွယ်နေရက်တွေရဲ့
တော်ဝင်သတို့သ္မင်္ီး လေးပေါ့
( ( ( ဥယျဉ်မှုး ) ) )
အပွင့်ကိုခြွေ
အရည်လည်းစုပ်
ပန်းလေးဘဝ
နွမ်းကြွေသွားမှာ
သွေပုန်းမြေမဲ့
ပျားပိတုန်းလည်းးး မဟုက်ပါဘူး။
*ပန်းမျိုးတစ်ပွင့်
ယိုင်လင့်သွားအောင်
တရကြမ်းမဲ့
လေသရမ်းလည်းး မဟုက်ပါဘူး။
ဝေစဉ်ခဏ
မွှေးချင်မွှေးမယ်
လန်းစဉ်ခဏ
နမ်းချင်နမ်းမယ်
ရနံလည်းပြေ
နွမ်းလို့ကြွေရင်
စွန့်ပစ်သွားမဲ့
ပန်းမုဆိုးလည်း မဟုက်ပါဘူး။
ပင်ယံကပန်း
အစဉ်လန်းအောင်
နှလုံးသွေးနဲ့
သွန်းဖြိုးပေးမဲ့
ခြွေမခူးရက်တဲ့ ဥယျဉ်မှုး
( ( ( ကြေကွဲမိုး ) ) )
ကြည်ပြာရောင်ကောင်ကင်ထက်မှာ
တီမ်ညိုတွေမဲမှောင်လာပြီး
အငြိုးတကြီးနဲ့ ရွာသွန်းလို့နေတဲ့
မန်းလေးမြီု့ရဲ့ ၀ါဆို မိုးး23.7.2012
တိတ်ဆိတ်နေတဲ့ အခန်းထဲ့မှာ
မိုးရေစက်တွေ ငေးကြည့်နေရင်းး
ဘယ်ဘက်ရင်အုံထဲ့က
နာကျင်မှုလေးးးတစ်ခု
နိုးထလာခဲ့တယ်
အော့်မေ့မရခဲ့ပါလား
ငယ်ချစ်ဦးရေ။
စီးကျနေတဲ့
မျက်ရည်တွေကိုသုပ်ရင်း
နာကျင်ကြေကွဲစရာ အတိတ်ကာလဆိသို့
တောင်ပံမဲ့ပြန်သန်းသွားးးတောသည်။
** မိုးစက်တွေ တဖွဲဖွဲကျနေတဲ့
ညနေခင်းလေးမှာ
ကျုံးနံဘေးလေးမှာ
အပြုံးလေးတွေနဲ့
စက်ဘီးလေးတွေစီးရင်း
မိုး ရေစက်တွေကြားမှာ
ကြည်နူးလို့နေတဲ့ချစ်သူ နှစ်ဦး
မိုးချိုမ်းသံနဲ့ အတူ ရောနှောနေတဲ့
ငါ တို့နှစ်ယောက်ရဲ့ ရင်ခုန်သံတွေက
မိုးနတ်မင်းကို အံတုလိုပေါ့
မချစ်ဘူးသေးတဲ့ အချစ်ရူးလေးတွေမို့
အချစ်တွေနဲ့ ပျော်မြူးလို့နေရင်း
အမုန်းတရားမ၇ှိတဲ့ နှလုံးသားတွေက
အပြုံးလေးတွေနဲ့ အတူ
အသက်လေးတွေ ရှည်စေဖို့
မန်းတောင်ရိပ် ကိုခိုခဲ့ပြီးးပေါ့
( နီဂုံး )
ပရမ်းပတာနဲ့ ၀ုန်းဒိုင်းကျဲနေတဲ့
မိုးရေစက်တွေနဲ့ အတူ
လေပြင်းတွေလည်းတိုက်ခိုက်လိုနေတယ်
ဘယ်ညာယီမ်းကလို့နေတဲ့
စက်ဘီးလေးကို ထိန်းရင်း
လေပြင်းတွေကြားက ထိုးဖောက်လို့နေတယ်
စိုးရိပ်ပူပန်နေတဲ့ ချစ်သူ ကို
အသက်ကလေးရယ်၇ှည်စေဖို့
ငါတို့တွေ မန်းတောင်ရိပ် ခိုခဲပြီးလို့ပြောတော့
ချစ်သူလေးးးကပြုံးလိုနေတယ်
မင်းရဲ့ အပြုံးတစ်ချက်က
ငါ တို့နှစ်ယောက်အဆုံးးတစ်ဖတ်ကို
ရောက်လို့သွားတယ်
မင်းရဲ့ အပြုံးတွေကို ငေးကြည့်လို့နေရင်း
မိုးစက်တွေကြားက တိုးထွက်လာတဲ့
ကံကြမ္မာက ငါတို့နှစ်ယောက်ကို
တစ်နေရာဆီခြားပစ်ခဲတယ်။
နာကျင်မှုတွေ ဥပေက္ခာ ပြု
ချစ်သူ ဆိကိုပြေးကာကြည့်တော့
မိုးရေစက်တွေအောက်မှာ
ငြီမ်သက်လိုနေတဲ့ မိုးကို ချစ်တဲ့
မိုးချစ်သူလေး မိုးရေထဲမှာ ပဲ
သေဆုံးသွားခဲ့ပြီးပေါ့။
ငါ အပြစ်တွေလားချစ်သူ ရယ်
မင်းရဲ့ အပြုံးတွေကို ငေးကြည့်နေမီလို့
မင်းခုလိုဖြစ်ရတာလား
ဖြေခဲ့ပါဦးချစ်သူ ရယ်
မျက်ရည်ကမ်းးပါတွေလည်းပြိုပြီ
နှလုံးးးသားတွေလည်း ကြေမွလိုနေပြီ
ချစ်သူ ကိုထွေးပွေ့ထားရင်း
လဲ့ကျသွားးတဲ့ ငါ ခန္နာကို
ငါ နိုးထလာတော့ ငါ ရဲ့နံဘေးမှာ
မင်းမရှိတော့ဘူး
ပြက္ခဒိန် ကိုကြည့်လိုက်တော့
မင်းငါ ကို ခွဲသွားတာ (5) ရက်တာင်ရှိပြီးပဲ
ရက်စက်လိုက်တာ ကံကြမ္မာ ရယ်
နောက်ဆုံးအကြိမ်တောင်
ချစ်သူ မျက်နာ မြင်တွေခွင့်လေးမပေးပါလား
မိုးရေစက်တွေမြင်တိုင်း
နာကျင်ပါစေ ဆိုပြီးများ
ကျီန်စာတွေ ပေးပစ်ခဲတာလား
အခုတော့
မိုးတွေရွာတိုင်း မျက်ရည်တွေနဲ့
မိုးရေထဲ့မှာ အဖော်မဲ့စွာနဲ့
လျှောက်လှမ်းနေတဲ့ ခြေလမ်းတွေက
မင်း ငါ ကို ခွဲခွာသွားတဲ့
နေရာလေးဆိသို့
××ကွမ်းတစ်ရာ ရေတစ်မုတ်
တစ်ဘက်စိ ဆုက်ကိုင်ပြိး
သစ္စာတော် မနွမ်းစေဖို့
မေတ္တာပန်းတွေ ဝေခဲ့မီတာပါ
×× အခုတော့ အဆိပ်ဖြစ်သွားသော
ကွမ်းတစ်ရာ ရေတစ်မုတ်
မေတ္တာပန်းတွေ နွမ်းကြွေသွားခြင်းနှင့်အတူ
မယ်အိုဇာ ရင်ကွဲခဲ့ရပြီပေါ့
××ဓား လှံ အန္တရာယ်တွေကြား
ဖမ်းမိနေတဲ့ ငါကိုမှ မသနား
ချစ်ခြင်း သစ္စာတရားတွေကို
မင်းမေ့ပေါ့ မယ်အိုဇာ
××မင်းနဲ့ပက်သက်လာသမျှ
ဘယ်သူကိုမှ မယုံတက်တဲ့ ငါ
နောက်ဆုံး လက်ကျန်ခွန်းအားတွေနဲ့
စောင့်ဆိုင်းခဲ့သော်လည်း
ကွမ်းတစ်ရာ ရေတစ်မုတ်
မင်းကိုယ်တိုင် ဆုပ်ကိုင်လာခဲ့တာမို့
သေစေလိုက သေစေတော့
ရင်နင့်စရာ ဗျဝိ နဲ့ မယ်အိုဇာ လို
အနာဂတ် ရာဇ၀င် သမိုင်းမှာ
ဇာတ်လမ်းတစ်ခု ထက်မတိုးစေချင်
ချစ်ခြင်းတွေ အေးမြပါစေတော့လို့သာ
ပန်းပျိုးလက်
( ( တောင်သမန် ငိုနေပြီ ) )
ရေပြာကမ်းစပ်နံဘေးလေးမှာ
မေ နဲ့ ကိုယ် တူယှဉ်တွဲထိုင်ရင်း
ဝေဟင်မှာ ပျံသန်းနေတဲ့
ငွေဗျိုင်းဖြူ မောင်နှံ ကိုကြည်ပြိး
မေ့ ကိုယ် ကို စကားတစ်ခွန်းးးးးး
မှာတမ်းခြွေဖူးတယ်နော်
တောင်သမန်မြေ က
ရေတွေ ခမ်းခြောက်သွားရင်တောင်မှ
မေ့ ကိုယ် ကို ခွဲမသွားဘူးတဲ့
ကိုယ်×××× မေ ကို
တောင်သမန်မြေ ကပဲစောင့်နေပါလို့
ဆက်ဆက်ပြန်လာမယ်လို့
ပြန်ခါနီး ပြောသွားတဲ့ စကား
ပြန်လည်ကြားရောင်မီတယ်
အခုတော့ မေ ရယ့်
ကံကြမ္မာ ရဲ့ ကျီစယ်မှုကြောင့်
မေ နဲ့ ကိုယ် တကယ်ဝေးကြရတော့မှာလား
ဥိးပိန် ရဲ့ လက်တံတွေကြားမှာ
နာကျင်သမျှတွေ ခ၀ါချပြီး
မေ ပြန်လာမဲ့နေ့ကို
ကိုယ် စောင့်လို့မျှော်နေဆဲ့ပါ မေ ရယ်
ပျော်ခဲ့ဘူးတဲ့ တောင်သမန်မြေ အတွင်း
ဥိးပိန် ရဲ့ ရင်ပြင်တလင်းမှာ
မေ နဲ့ ကိုယ် အတူလျှောက်ခဲ့ဘူးသလို
ဆည်းလည်းသံ တချွှန်ချွှန် နဲ့
လွမ်းစေတိ လေးမှာလည်း
တောင်းဆုတွေ အတူပြုခဲ့ဘူးတယ်
(ဘယ်တော့မှ မလွမ်းရပါရစေနဲ့လို့)
တောင်းဆုတွေ မပြည့်ခဲ့ဘူးထင်ပါရဲ့
ကိုယ် ဆိ ဒီနေ့အထိ ရောက်မလာခဲ့ဘူးလေ
တောင်သမန် က ရေတွေလည်းး
ကိုယ် မျက်ရည်တွေနဲ့ ပြည့်နေပါပြီးးး
ပြန်လာခဲ့ပါ မေ ရယ်
နောက်ဆုံးထားခဲ့တဲ့ ကတီ အတိုင်း
တောင်သမန်မြေ မှာ
ကိုယ် ဒိနေ့ အထိ စောင့်လို့
မျှော်နေဆဲ့ပါ မေ ရယ်
**(သစ္စာ တရားသည် သစ္စာ တရား ကို လွမ်း၏)**
အမှောင်ထု ကြီးစိုးနေတဲ့
နေရာတစ်ခုမှာ
အနိုင်ပိုင်းမဲ့ လက်တွေက
ကြေးမှုံပြင် ရှေ့တည့်တည့်မှာ
နားကျည်းချက် တဖျက်ဖျက်နဲ့
လင်းလက်တဲ့ အသဲတွေကို
သွက်လပ်စွာ ဖမ်းဆုပ်ရင်း
ကိုယ့် ကို ကိုယ် ကြွေးကျော်နေလိုက်တာ
ငါ ဘုရင်မ တဲ့
ရင်ညွန့်ကို ဖမ်းစား
နှလုံးသားကို ပုံဖော်
ရက်စက်တဲ့ လက်ရာတွေနဲ့
မင်းပြုသမျှ နုတဲ့သူတွေကတော
ပန်းပုရုပ်လို စွံ့အကုန်ပြီ
တချို့က ငါ ကို တားကြတယ်
&& အ× အ × အစ်ကို && မသွားပါနဲ့တဲ့
ဘယ်ဖြစ်မလဲ ဒီ အတိုင်းသွေးစုပ်နေရင်
အားလုံးဒူးထောက်ရလီမ့်မယ်
ဒီပြိင်ပွဲ ကို လောင်းကြေးအဖြစ်
ငါ အသည်းကို ထပ်မယ်
သူ က ဘုရင်မ ဆိုတော့
စစ်တုရင် ကစားနည်းလို
ထိက်တိုက်ရင်ဆိုင်ကြဖို့အတွက်
ရင်တွင်းလမ်းညွန့် စာအုပ်ထဲက
** ဂျော်ကာဖဲ လို ကျင့်သုံးမယ်**
( ( နွမ်းကြွေ မှာစိုး ) )
ပန်းတစ်ပွင့် နန်းတင့်လာပြိဆိုတာနဲ့
လှမ်းလင့်လို ခြွေမဲ့ တံချူတွေက
ဥိးရေတွက်မနည်း
လမ်းအဆင့်ဆင့်မှာ
နမ်းခွင့်တို့ ကြုံခဲ့တာက
သူတို့မဟုက်တဲ့
အဥိးဆုံး xxx ငါ
ဒါပေမဲ့
ပန်းသဇင် ရေ
ကြွေရက်ကို ဦးတည်ပြိး
စိုက်ထူခဲ့တာ မဟုက်တော့
ငါ ပန်းလေးကိုတောင်
ငါ မနမ်းရက်ခဲ့ဘူး
ရည်စူးထားသမျှ ငါ စိတ်တွေက
မင်း ကို အလှကြည့် မှန်တစ်ချက်လို
ကျေနပ်ရုံ သက်သက်ပါ
ပင်အမြင့်မှာ စင်မတင့်ခင်တည်းက
ရင် နှင့်အမျှ တန်ဖိုးထားခဲ့လို့
ကြွေလင့်မဲ့ ရက်ကိုတော့
ငါ xxx အကြောက်ဆုံးပဲ
ရင်ထဲက ဒိ ပန်း ကို
လူတိုင်းတော့ နမ်းခွင့်ရှိပါတယ်
ကမ်းလင့်လာမဲ့ လက်တွေကိုတော့
မင်း ဆန္ဒ မပါပဲ
ဘ၀တစ်ခု မတည်ဆောက်လိုက်ပါနဲ့
နောက်ကွယ်က
ငါ xxx မကြည့်ရက်လို့ပါxxxxxxxx
( ( ( လျှောက်လွှာတင်ခြင်း ) ) )
အသက်မဲ့တဲ့
ကောင်းကင်အတွက်
တောက်ပတဲ့ လမင်းလေးဟာ
မနက်ဖြန်များစွားရဲ့
ခွန်အားတွေဖြစ်တော့
လမင်းလေး ရဲ့ ဘ၀ ကို
ကောင်းကင် က ပွေ့ဖက်သိမ်းထားလို့
စောင့်ကြပ်တဲ့ ကြယ်လေးတွေကတောင်
ညစဉ် တိုင်း အတွက်
လက်မှတ်တွေ ရေးထိုးနှင့်ကြပြိ
ပြည့်စုံခြင်းလက်ရှိ ဘ၀မို့
သာယာမဲ့ အနာဂတ် အတွက်
လို ချင်တာ တစ်ခုတော့ရှီတယ်
အဲဒါ×××××
ကံကြမ္မာ သေမင်း ဆိက
သက်တမ်းစေ့ လက်ဖွဲ့တစ်ခု
( ( ( လေးသည်တော် ) ) )
ချစ်ခြင်း ရဲ့သမိုင်းမှာတော့
ဒသဂီရိ က လူရိုင်း
ရာမ ရဲ့ မှိုင်းမိ့နေတဲ့
မယ်သီတာ ကတော့
အချစ် သမိုင်းဇာတ်ဝန်းခန်းမှာ
မရိုင်းခဲ့တဲ့ လက္ခဏ ကို မေ့ပေါ့။
မယ်သီတာ ရေ့
ဟောဒီ လေးပွင့်ဆိုင်
အချစ်ဇာတ်လမ်းမှာ
ဒသ ကလူကြမ်းဖြစ်ခဲ့ပေမယ့်
ငါ ဆိုတဲ့ လက္ခဏ ကတော့
နောင်တော် ရာမ အတွက် ငဲ့ညာ
ပွင့်ခွင့်မရလိုက်တဲ့ အချစ်ပန်း
လေးတင်ကြတဲ့ အခန်းမှာ
နှလုံးသားကိုစတေးခဲ့တာပါ။
ဒသ မမှားပါဘူး မယ်သီတာ့
ချစ်ခြင်းသမိုင်းမှတ်တမ်းမှာ
ငါတောင် လူကြမ်းဖြစ်တော့မလို့
နောင်တော် ရာမ အတွက်သာ
မဟုက်ခဲ့ရင့်?
★ပန်းပျိုးလက်♪♫
★ကဗျာဖတ်ရှူသူအားလုံးကိုကျေးဇူးတင်ပါသည်။♪♫