သို့
ဒုတိယ မြို့နယ် စည်းရုံးရေးမှူး
......... မြို့နယ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
ရက်စွဲ၊ ၁-၂-၂၀၁၂။
ကိုမြင့်စိုးခင်ဗျာ.... ခင်မင်ရင်းနှီးစွာ နှုတ်ခွန်းဆက်သအပ်ပါတယ်...။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မြို့နယ် ဒုတိယ စည်းရုံးရေးမှူးတစ်ဦး အနေနဲ့ တာဝန်တွေ များပြားမည် ဖြစ်ကြောင်းကိုလည်း
စာနာ နားလည်မိပါတယ်...။
ကိုမြင့်စိုးရေးသားတင်ပြခဲ့သော ``အခက်အခဲများ လက်တွဲကျော်လွှား´´ ဆိုတဲ့.. ဆောင်းပါးလေးကိုလည်း
ကျွန်တော် သေသေချာချာ ဖတ်ဖြစ်ပါတယ်...။
အမေစုလို့ ခေါ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်သမ္မတဖြစ်စေချင်တဲ့ ကိုမြင့်စိုးရဲ့စေတနာစိတ်ဆန္ဒ
ကိုလည်း သေသေချာချာ မြင်ခဲ့ပါတယ်...။ ဒီစေတနာအတွက် အမေစုကို ပုဂ္ဂိုလ်ရေးလေးစားမှုကြောင့်ဖြစ်မယ်။ ကိုယ့်ပါတီအစွဲ
ကြောင့် ဖြစ်မယ်ဆိုတဲ့ ၀ိဒါဝ ကွဲပြားမှုတွေကို ကျွန်တော် ဆန်းစစ်ခြင်း မပြုလုပ်တော့ပါဘူး....။ တိုင်းပြည်အတွက် ရည်ရွယ်တယ်
လို့ပဲ မှတ်ယူပါတယ်။
ကိုမြင့်စိုး တင်ပြခဲ့တဲ့ အခက်အခဲများကို လက်တွဲကျော်လွှားဆိုတဲ့ပို့စ်လေးမှာ အောက်ပါအတိုင်း ရေးသား
ထားတာလေးကို မှတ်မှတ်ထင်ထင် မြင်တွေ့ရပါတယ်...
`` ဒီနေရာမှာပြောချင်တာက သူမ သမ္မတအဖြစ်အရွေးခံရရေး ၊ ရွေးကောက်ပွဲဝင်ခွင့်ရရေးဟာတကယ့်
ကိုပဲအရေးပါနေတယ်။ အဓိကအချက်က ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်ရေးပါပဲ။ ဖွဲ့စည်းပုံပါ
အချက်များသည် သမ္မတဖြစ်လာရန်အတွက် အရည်အချင်းများကို ပြင်ဆင်မှသာ ဖြစ်နိုင်ပါလိမ့်မည်။
၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၅၉တွင် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၏ အရည်
အချင်းများကိုပြဋ္ဌာန်းထားရာ ပုဒ်မ ၅၉ (စ)တွင် အောက်ပါအတိုင်းပါရှိပါသည်။´´
`` ပုဒ်မ ၅၉ (စ) " မိမိကိုယ်တိုင်သော်လည်းကောင်း ၊ မိမိ မိဘတစ်ပါးသော်လည်းကောင်း မိမိ၏ဇနီး
သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း ၊ မိမိ၏တရားဝင် သားသမီးတစ်ဦးဦးသော်လည်းကောင်း ၊
ထိုတရားဝင် သားသမီးတစ်ဦးဦး၏ ဇနီး ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး
သစ္စာတော်ကို ခံယူစောင့်ရှောက်သောသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ
သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြားအစိုးရ၏
လက်အောက်ခံဖြစ်သူသော်လည်းကောင်း တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစား
ရသောအခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများမဖြစ်စေရ"ဟူ၍ဖြစ်ပါ
သည်´´ လို့ ဖော်ပြထားတာတွေ့ရှိရပါတယ်....။
ကိုမြင့်စိုးရေ...... ကျွန်တော်လည်း အမေစုကို သမ္မတ ဖြစ်စေချင်ပါတယ်......၊ အမေစုကိုယ်တိုင်ကလည်း
ပြည်သူတွေအတွက် လုပ်ချင်တာတွေ လုပ်ပေးနိုင်ဖို့.... သမ္မတဖြစ်ချင်တယ်လို့လည်း တနင်္သာရီတိုင်း ခရီးစဉ်မှာ အတိအလင်း
ပြောကြားထားပါတယ်....။
ကိုမြင့်စိုးရေ...... ခင်ဗျားလည်း ဒုတိယမြို့နယ် စည်းရုံးရေးမှူးတစ်ဦး ဖြစ်တာကြောင့် အခု ကျွန်တော်
ဖော်ပြတဲ့ အကြောင်းအရာလေးကို သေသေချာချာ ဖတ်ထားမှတ်ထားပါလို့ အကြံပေးလိုပါတယ်....။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ၊ ပုဒ်မ ၅၉ ၊ ပုဒ်မခွဲ (ဃ)မှာ``စစ်ရေး
အမြင်ရှိရမည်´´ ဆိုတဲ့ အချက်တစ်ချက် ထည့်သွင်းထားပါတယ်..။ ဒီထည့်သွင်းဖော်ပြချက်ကိုလည်း တပ်မတော်မှာ အမှုထမ်း
ခဲ့သူများကိုသာ သမ္မတအဖြစ်ခန့်အပ်နိုင်လိမ့်မည်လို့.... လွဲမှားစွာယူဆ နေကြပါတယ်။ သာမန်အရပ်သား ပညာရှင်တစ်ဦးသည်
စစ်ရေးစစ်ရာနှင့်ပတ်သတ်တဲ့ သုံးသပ်ချက်တစ်စောင်၊ ကျမ်းတစ်စောင်ပြုစုနိုင်မယ်ဆိုရင်၊ ဒါမှမဟုတ်..စစ်ပညာဆိုင်ရာမဟာဘွဲ့၊
ပါရဂူဘွဲ့တွေကို ရရှိခဲ့မယ်ဆိုရင် ``စစ်ရေးအမြင်ရှိသူ´´ လို့.... သတ်မှတ်နိုင်မှာ ဖြစ်တဲ့အတွက် ပုဒ်မခွဲ(ဃ)ဟာလည်း လူထု
ခေါင်းဆောင် သမ္မတနဲ့ ဒုတိယ သမ္မတ ဖြစ်ဖို့အတွက် ကြီးမားတဲ့ အဟန့်အတား မဟုတ်ပါဘူး....။
၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၃) နိုင်ငံတော် သမ္မတနှင့် ဒုတိယ သမ္မတများ၊ ပုဒ်မ ၅၉ ၊ ပုဒ်မခွဲ (ဆ)မှာ
“ လွှတ်တော် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်အတွက် သတ်မှတ်ထားသည့် အရည်အချင်းများအပြင် နိုင်ငံတော်သမ္မတအတွက်
သီးခြားသတ်မှတ် ထားသော အရည်အချင်းများနှင့်လည်း ပြည့်စုံရမည်”လို့ ဖော်ပြထားပါတယ်။ တကယ်လို့လွှတ်တော်ကိုယ်စား
လှယ်တွေထဲက နိုင်ငံတော် သမ္မတနှင့် ဒုတိယသမ္မတ နေရာများအတွက် သင့်လျော်သူပုဂ္ဂိုလ်မရှိခဲ့လျှင်... ပြည်ထောင်စုလွှတ်
တော်က အရပ်သားတွေထဲက သမ္မတအရည်အချင်းနဲ့ ပြည့်စုံတဲ့သူကို ရွေးချယ်ခန့်အပ်ပိုင်ခွင့် ရှိနေပါတယ်။ ဒါကတစ်ခုပါ...
တကယ်တမ်း အမေစု သမ္မတဖြစ်နိုင်ဖို့ အဟန့်အတားဖြစ်နေတာက ကိုမြင့်စိုးဖော်ပြခဲ့တဲ့ ပုဒ်မ ၅၉(စ)ပါပဲ......
အခု လက်ရှိအခြေအနေမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်း`` ဒေါက်တာ မိုက်ကယ်အဲရစ်´´ဟာ ကွယ်
လွန်သွားပြီဖြစ်တဲ့အတွက် အမေစုဟာ ``မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း´´ ဆိုတဲ့ အပိုဒ်ထဲကိုလည်း အကျုံး
မ၀င်တော့ပါဘူး....။
သို့သော်.....
အမေစုရဲ့သားနှစ်ဦးကတော့ လက်ရှိအခြေအနေမှာ အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိသျှ နိုင်ငံသားများ ဖြစ်နေပါသေးတယ်။
ကိုမြင့်စိုးရေ...... အမေရိကန်ပြည်ထောင်စုနဲ့ ဗြိတိသျှ နိုင်ငံသားများ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုလည်း ရရှိခံစားနေ
ကြပါသေးတယ်....။
ကိုမြင့်စိုးရေ...... အချက်လေးနှစ်ချက်ရှိပါတယ်.... ကျွန်တော့်ရဲ့ အကြံပြုတင်ပြချက်လေးပါ....
ဒေါ်အောင်ဆန်းစုကြည်ရဲ့သားနှစ်ဦးဟာအမေရိကန်နဲ့ ဗြိတိန်နိုင်ငံသားများဖြစ်နေခြင်းကြောင့် နိုင်ငံတော်အတွက်အမှန်တကယ်
လိုအပ်ခဲ့လျှင် ဒေါ်အောင်ဆန်းစုကြည်က သားအဖြစ်ကနေ စွန့်လွှတ်ရမှာပါ၊ တိုင်းသူပြည်သားတွေအနေနဲ့လည်းတောင်းဆိုလာ
ကြမှာပါ... ဒါပေမဲ့ ဒီလိုလုပ်တာကြီးကတော့ အမေစုအပေါ်မှာ သိပ်ပြီး မညှာမတာ ရက်စက်လွန်းရာ ကျပါတယ်ဗျာ...။
ဒါဆိုရင်.... နောက်တစ်ချက်က ဘာလဲ ခင်ဗျား သိချင်မှာပေါ့နော်...။
ဗိုလ်ချုပ်အောင်ဆန်း၏ မြေးဖြစ်ခြင်း... ဒေါ်အောင်ဆန်းစုကြည်၏ သားများဖြစ်ခြင်းကြောင့် ဂုဏ်ထူးဆောင်နိုင်ငံသားဖြစ်ခွင့်ပေး
လိုက်ရင်... အထက်မှာ ဖော်ပြခဲ့တဲ့ ပုဒ်မ ၅၉၊ ပုဒ်မခွဲ(စ)ဟာလည်း အလိုအလျောက် ပျက်ပျယ်ပြီးဖြစ်ပါတယ်ခင်ဗျား.....။
အခြေခံဥပဒေ ပုဒ်မ၅၉ပုဒ်မခွဲ(စ)ကို ပြင်ဆင်ဖို့ ကြိုးစားနေမဲ့အစား အခု အကြံပြုတင်ပြခဲ့တဲ့.... အချက်ကလေး နှစ်ချက်ကို စဉ်း
စားပေးနိုင်ရင်တော့ ခင်ဗျားရော... ကျွန်တော်ရော... ပြည်သူတွေရော.... ဖြစ်စေချင်တဲ့ အမေစုက နိုင်ငံတော် သမ္မတကြီး ဖြစ်
လာမယ်ဆိုတာ ကြိမ်ပြောရဲပါတယ်....။
တစ်ခုပဲရှိပါတယ်... အမေစုရဲ့သားနှစ်ယောက်က မြန်မာနိုင်ငံသား ဖြစ်ချင်သလား ဆိုတာပါပဲဗျာ....
ပြောင်းလဲလာတဲ့ ခေတ်နဲ့ စနစ်နဲ့ အညီ မကောင်းမြင်ခြင်းများကို စွန့်လွှတ်ဖို့ ကြိုးစားနေကြတဲ့ကာလမှာ ခေတ်နောက်ပြန်ဆွဲနေ
တဲ့ အဆိုးမြင် အယူအဆတွေကို စွန့်လွှတ်ရင်း အေးချမ်းသာယာစွာရှေ့ ခရီးဆက်သွားနိုင်အောင်ဝိုင်းဝန်းကူညီပေးကြရအောင်။
တကယ်လို့ အမေစုကို ချစ်ခြင်းအားဖြင့်၊ လေးစားခြင်းအားဖြင့် အမေစုရဲ့ မျက်နှာကို ကြည့်ပြီး လူထုရဲ့ သဘောထားရယူကာ.....
ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၊ ပုဒ်မ ၅၉၊ ပုဒ်မခွဲ(စ)ကိုပြင်ဆင်ဖြစ်ခဲ့လျှင်အနာဂတ်
ကာလ မြန်မာနိုင်ငံရဲ့ခေါင်းဆောင်ကိုရွေးချယ်ရာမှာပြဿနာပေါင်းများစွာဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ အနီးကပ်ဆုံးအနေနဲ့ မြန်မာ
နိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့်ရထားတဲ့ တိုင်းရင်းသားစစ်စစ်မဟုတ်သူတရုတ်နှင့် အိန္ဒိယနွယ်ဖွားများအနေဖြင့် နိုင်ငံတော်ရဲ့ အဓိက
နေရာတွေမှာ နေရာယူဝင်ရောက်လာမှာဖြစ်ပါတယ်။ အထက်ကတင်ပြခဲ့တဲ့...
အခြေခံဥပဒေ ပြင်ဆင်မှုကြောင့် ၄င်းတို့အနေဖြင့်သမ္မတ ဖြစ်ရန်မှာ ဥပဒေအရ ခွင့်ပြုချက်ရရှိခဲ့သည့်တိုင် တိုင်းရင်းသားပြည်သူ
လူထုရဲ့ စိတ်ဓာတ်ရေးရာ အခြေအနေများက ခွင့်ပြုနိုင်ဖွယ်ရာ မရှိပါဘူးကိုမြင့်စိုးရေ...
မြန်မာပြည်ပေါက် တရုတ်နှင့်အိန္ဒိယနွယ်ဖွားများအနေဖြင့် ငွေကြေး အင်အားတတ်နိုင်ပြီး ပါတီများတည်ထောင်ကာ သို့မဟုတ်
ကိုမြင့်စိုးတို့ရဲ့ NLD ပါတီနှင့် လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီများ ထဲကို ၀င်ရောက်ကာ လွှတ်တော်ကို စိုးမိုးပြီး တနေ့နေ့ တချိန်
ချိန်တွင် မြန်မာနိုင်ငံ၏ သမ္မတရာထူးကိုရယူသွားလျှင်ဆိုသည့် အခြေအနေကိုစဉ်းစားရန်လိုအပ်ပါကြောင်း တိုက်တွန်းလိုပါတယ်။
အဲဒီအချိန်မှာတော့ .... သမ္မတကြီးရော.... အမေစုရော... ခင်ဗျားရော... ကျွန်တော်ရော ရှိနိုင်တော့မှာ မဟုတ်သလို ဖွဲ့စည်းပုံအ
ခြေခံဥပဒေကိုလည်း ယခင်ကအတိုင်း ပြန်လည်သတ်မှတ်ရန်လည်း ရှုပ်ထွေးနိုင်မည့် အခြေအနေပဲဖြစ်ပါတယ်..။ မြန်မာနိုင်ငံမှာ
တကယ်တန်း တန်းတူအခွင့်အရေးကို ရယူချင်သူများဟာလည်း မြန်မာပြည်ပေါက် တရုတ်နှင့်အိန္ဒိယနွယ်ဖွားများသာဖြစ်တယ်ဆို
တာ ဒုတိယမြို့နယ်စည်းရုံးရေးမှူးတစ်ဦးဖြစ်တဲ့ ကိုမြင့်စိုးအနေနဲ့ သိရှိပြီးဖြစ်မယ်လို့ ယုံကြည်ပါတယ်....။
ဒါကြောင့် အမေစုအနေနဲ့ သမ္မတနဲ့ ဒုသမ္မတ ဖြစ်သင့်ဖြစ်ထိုက်သော်လည်း အနာဂတ်မှာဖြစ်ပေါ်လာမဲ့ အကျိုးဆက်များကိုတော့
ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်....။
ကိုမြင့်စိုးရေ......
တကယ်တော့ အခု ကျွန်တော် ဆွေးနွေးခဲ့တဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံထဲမှာ ပါတဲ့ ဒီဥပဒေဟာ ၁၉၄၇ခုနှစ် က နိုင်ငံတော်ရဲ့
အနာဂတ်ကို ကြိုတင်မြင်တွေ့ခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ ဖခင်ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရေးဆွဲခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်ရာထူး
ကို အမျိုးသား ရေးအမြင်ဖြင့် ပိတ်ပင်ထားခဲ့တာပါ......။
ကဲ.... စာလည်း တော်တော် ရှည်သွားပြီ....
ရင်ထဲ ရှိတဲ့အတိုင်းလေး နိဂုံးချုပ်မယ်ဗျာ.....
အမေစု(ခ) ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော် သမ္မတဖြစ်စေဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ထို့အတူ NLD ပါတီအနေဖြင့်လည်း
အမေစု မရှိသည့်နောက်ပိုင်း ဆက်လက်ရပ်တည် သည်ဖြစ်စေ၊ မရပ်တည်သည်ဖြစ်စေ.. ပြည်သူလူထု၏ ရင်ထဲတွင် အမေစုသည်
အထွဋ်အထိပ်နှင့် အကြီးမြတ်ဆုံး ပုဂ္ဂိုလ်အဖြစ် မည်သူကမျှလာ၍ ဖျက်မရအောင်စွဲထင်နေသည်မှာ သေချာပါတယ်...။ နိုင်ငံတော်
အတွက် တာဝန်ကျေပွန်သည်ဟု ဆိုရာတွင်လည်း ပုခုံးပေါ်၌ ကြယ်ပွင့်များနှင့် ရွှေစလွယ်များ ရှိရန်မလိုအပ်သလို စာရွက်ပေါ်တွင်
ရိုက်နှိပ်ထားသော အသိအမှတ်ပြုလွှာများလည်း မလိုအပ်ပါဘူး..၊ နိုင်ငံတော်သမ္မတဖြစ်မှသာ တိုင်းပြည်အတွက် စဉ်းစားလုပ်ကိုင်
သောသူလည်း မဟုတ်ပါဘူး.... ဥပမာ တစ်ခုအနေနဲ့ပြောရရင် အိန္ဒိယနိုင်ငံက ဆိုနီယာဂန္ဒီဟာ အီတလီသူစစ်စစ် ဖြစ်သော်လည်း
အိန္ဒိယပြည်သူတို့၏ အသည်းနှလုံးဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူမဟာ... ပါတီဥက္ကဋ္ဌ ရာထူးနေရာသာ ရယူထားပြီး နိုင်ငံ့ခေါင်းဆောင်
ရာထူးအတွက် အိန္ဒိယလူမျိုးများကိုသာ တင်ပေးခဲ့ပါတယ်။ နိုင်ငံတော် သမ္မတရဲ့ သက်တမ်းဟာ (၅)နှစ်သာရှိပါတယ် ကိုမြင့်စိုးရေ
အမျိုးသားခေါင်းဆောင်ဆိုတာကတော့ မှာ လူထုရင်ထဲတွင် ထာဝရရှိနေတာပါ.....။ ဒါကြောင့် အမေစုဟာ သမ္မတဖြစ်သည်ဖြစ်စေ
မဖြစ်သည်ဖြစ်စေ.... နိုင်ငံသားများရဲ့ မိခင်... နိုင်ငံ့ရတနာတစ်ပါး ဖြစ်နေမယ်ဆိုတာလည်း သေချာနေတယ်ဆိုတာလေး ပြောခဲ့ချင်
ပါတယ်....။ အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်များကို စဉ်းစားဆုံးဖြတ်၍ နိုင်ငံရေးအရ ရွေးချယ်မှုပြုရန်မှာ ပါတီတစ်ခု
တည်းရဲ့ တာဝန် မဟုတ်ပဲ တစ်နိုင်ငံလုံးနှင့် တစ်မျိုးသားလုံးရဲ့ တာဝန်ဖြစ်ပါတယ် ကိုမြင့်စိုးရေ.....။
နှုတ်ဆက်စကားအနေနဲ့.... မိမိရဲ့ ပါတီအပေါ်မှာသာ အာရုံစူးစိုက်ထားတဲ့ ပါတီစွဲ ဂိုဏ်းဂဏစွဲ ပါတီနိုင်ငံရေးသမားတစ်ဦးအစား
တစ်နိုင်ငံလုံး....... တိုင်းရင်းသားလူမျိုးစုတစ်ရပ်လုံးကို ကိုယ်စားပြုနိုင်သော နိုင်ငံ့သားကောင်း ဖြစ်ပါစေကြောင်း ဆန္ဒပြုရင်း.....
ကျန်းမာပါစေဗျာ.......
ကွန်ဆူးမား (၁-၂-၂၀၁၃)