me: ကောင်မလေး ။ ။ ငါ့အပြင် နောက်ထပ်ကောင်မလေးတစ်ယောက်ကို နင်မချစ်တော့ပါဘူးလို့ ငါ့ကိုကတိပေး ။
ကောင်လေး ။ ။ ငါနင့်ကို ချစ်ပါတယ် ... ဒါပေမယ့် နင်တောင်းတဲ့ကတိကိုတော့ ငါမပေးနိုင်ဘူး ။
ကောင်မလေးလည်း ၀မ်းနည်းသွားပြီးတော့
" ဆိုလိုတာက ... တချိန်ချိန်မှာ ငါ့အပြင် နောက်ထပ်ကောင်မလေးတစ်ယောက်ကို နင်ချစ်မိနိုင်သေးတယ်ပေါ့ ... ဟုတ်လား ?? ;( "
ကောင်လေးက တစ်ချက်ပြုံးပြီးတော့ ပြောလိုက်တယ် ...
" ဟုတ်တယ် ... နင့်ကို မေမေ လို့ တီတီတာတာ ခေါ်နေမယ့်
ကောင်မလေးတစ်ယောက်ကိုလည်း ငါထပ်ချစ်မိဦးမှာပါ" တဲ့