ဒီခေါင်းစဉ်လေးနဲ့ ယွန်းဘာကြောင့်ပိုစ့်လေးတစ်ခုရေးမိတာလဲလို့ ယွန်းကိုယွန်းလဲ မတွေး
တတ်အောင်ပါပဲ ဒါပေမယ့် ကိုယ့်မြို့လေးအတွက်တော့ ယခုလို စိတ်စေတနာကောင်းပြီး
လူနာတွေကို သူ့ရဲ့ကြည်လင်အေးမြတဲ့စကားသံလေးနဲ့ ရောဂါတစ်ဝက်လောက် သက်သာ
စေတဲ့ ဆရာမလေးတစ်ယောက် အပြီးထွက်ခွာသွားတော့မယ်ဆိုတော့ အရမ်းကို နှမြောမိ
တာတော့ အမှန်ပါ ။
ဝန်ထမ်းဆိုတာ ကမ်းနားသစ်ပင်တဲ့လေ ၊ ဒါပေမယ့် အခုထွက်တော့မယ့် ဆရာမလေးက
ကမ်းနားသစ်ပင်လို ပြောင်းရွေ့ ရတာမျိုး မဟုတ်ပါဘူး ၊ ကိုယ့်မြို့နယ်က အရေးပါအရာ
ရောက်တဲ့လူကြီးတွေ ၊ မြို့နယ်တစ်ခုလုံးကို အုပ်ချုပ်နေတဲ့ ကျန်းမာရေးမှူး ၊ ပြည်နယ်တစ်ခု
လုံးကို အုပ်ချုပ်နေတဲ့ ပြည်နယ်ဝန်ကြီးတွေ ၊ သူတို့တွေ အသုံးမကျတာလား မလေ့လာကြ
တာလား ၊ မြင်လျှက်သားနဲ့ မသိဟန်ဆောင်နေကြသလားလို့ ၊ ယွန်း မေးခွင့်ရှိမယ်ဆိုရင် ရဲရဲ
တင်းတင်း မေးလိုက်ချင်ပါတယ်။
ယွန်းတို့ ရေးမြို့နယ် ပြည်သူ့ဆေးရုံကြီး ဓါတ်မှန်ဌာနမှာ ဒီဆရာမလေး တာဝန်ထမ်းဆောင်
ခဲ့တာ ၆ နှစ်ရှိပီလို့ သိရပါတယ် ။ အရင်ကလဲ သထုံဆေးရုံကြီးမှာလဲ တာဝန်ထမ်းဆောင်ခဲ့
ပါသေးတယ် ဒီလောက်လုပ်သက်တွေ ရလာပြီးမှ အထက်ကလူကြီးတွေ မလေ့လာတာ
ကြောင့် သူ့ရဲ့လုပ်သက်တွေကိုနှမြောပေမယ့်လဲ မထွက်ချင်ပဲနဲ့ ထွက်ခွင့်တင်လိုက်ရပါတယ်
ဒီလို စိတ်စေတနာကောင်းတဲ့ အစိုးရ၀န်ထမ်းတစ်ချို့ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ
ကြောင့် မထွက်ချင်ပေမယ့်လဲ ၀န်ထမ်းကောင်းတွေထွက်သွားကြတာ အစိုးရအတွက်
အရမ်းကို နစ်နာပါတယ်။ အရင်ကဆိုရင် ယွန်းတို့ ရေးဆေးရုံကြီးမှာ ကုတင် ၅၀ ရှိတဲ့အ
တွက် ဓါတ်မှန်ဌာနမှာ ဆရာမနှစ်ယောက် အထက်ကနေ ချပေးထားပါတယ် ။ မည်သူမဆို
ကိုယ့်မြို့လေးတွေမှာပဲ မိဘရင်ခွင် အိမ်သူရင်ခွင်နဲ့ နီးရာမှာတာဝန်ထမ်းဆောင်ချင်ကြတာ
မဟုတ်ပါလား ၊ အခုလို အဝေးတစ်နေရာမှာ မိသားစုကို ထားခဲ့ပြီး တာဝန်လာထမ်းဆောင်
နေရတဲ့အချိန်မှာ နှစ်ဦးရှိရင် တစ်ဦးစီ တစ်လှည့်စီ ခွင့်ပြန်လို့ရပေမယ့် တစ်ဦးကပြောင်းသွား
ကျန်တစ်ဦးမှာ နှစ်ယောက်စာတာဝန်တွေပိပြီး ခွင့်မပြန်နိုင်တဲ့ အိမ်ထောင်သည် ဆရာမ
အတွက် အဝေးတစ်နေရာ ခင်ပွန်းဖြစ်သူက ဘာတွေပြောနေမလဲ စာဖတ်သူတို့ တွေးသာ
ကြည့်ပါတော့ ။
ယွန်းအနေနဲ့ သူ့ရဲ့လုပ်သက်တွေကိုပါ နှမြောလွန်းလို့ အထက်ကို တင်ပြပါလားလို့ အကြံ
ဉာဏ်ပေးပါတယ် ၊ ဒါပေမယ့် အထက်ကိုတင်ပြတာလဲ ဘာမှမထူးလို့ လုပ်သက်တွေကို
အဆုံးရှုံးခံပြီး ထွက်ရတာပါတဲ့ ၊ တွေးကြည့်ပါဦး စာဖတ်သူရယ် ။ သူ့ခင်ပွန်းဖြစ်သူဘက်က
လည်း ခွဲခွာရတဲ့နှစ်တွေများလာတော့ နေ့တိုင်း ဖုန်းဆက်ပြီး လင်နဲ့သားကို မေ့နေပီလား
ဒီလိုပဲ ဆက်နေသွားရင် ငါတို့သားအဖကို ထားခဲ့လိုက်တော့ ဆိုတဲ့ အလိမ္မာစကားလုံးလေး
တွေကတစ်မျိုး ကန့်လန့်တိုက် အပြုအမူကတစ်ဖုံ နေ့တိုင်းဖုန်းဆက်ပြီးစကားလုံးတွေနဲ့
ဝန်ထမ်းဘ၀ကို ခြိုးနှိမ်တာကတစ်သွယ် နေ့စဉ်ရက်ဆက် ၂၄ နာရီဂျုတီအချိန်နှစ်ယောက်စာ
တစ်ရေး“အမလေးလေး”ဆရာမလေးနေရာကနေ ယွန်းတွေးကြည့်မိတာ သူ့အစားရင်မောလိုက်တာ စာဖတ်သူရယ်။
ဒီစာလေးနဲ့ ကျမ်းမာရေးကတာဝန်ရှိ လူကြီးတွေကို ယွန်းမေးခွင့်ရှိမယ်ဆိုရင် မေးချင်ပါ
တယ်၊ မြန်မာနိုင်ငံရဲ့ကျန်းမာရေးဌာနမှာ ဓါတ်မှန်ဆရာ ဆရာမတွေ နောက်ထပ်သင်တန်း
တက်ရောက်သူ မရှိတော့တာကြောင့်လား။ အောက်ခြေမှာ ၀န်ထမ်းအင်အား မလုံလောက်
တာကြောင့် ဖြစ်သလိုမျိုး ရုန်းကန်နေကြရတဲ့ ဆရာတွေ ဆရာမတွေရဲ့ အခက်အခဲတွေကို
ကွင်းဆင်းမလေ့လာတာကြောင့်လား ဆိုတာ ယွန်းမေးချင်ပါတယ်။ ယခုလို နှစ်ရှည်လများ
ဝန်ထမ်းကောင်းဘ၀လေးကို အများက လက်ခံလာခဲ့ပြီးမှ မိသားစုအရေးမို့ ဘာအကျိုး
ခံစားခွင့်မှ မရတော့ဘဲ ၀န်ထမ်းဘ၀ကနေ ထွက်လိုက်ရတာ လုံးဝမဖြစ်သင့်ဘူးလို့ ယွန်းထင်
ပါတယ်။ သူ့မြို့လေးဖြစ်တဲ့ သထုံဆေးရုံလိုနေရာမျိုးလေးမှာ နားလည်မှုပေးပြီး သင့်တင့်စွာ
နေရာလေးတစ်ခုသာပေးခဲ့လိုက်မယ်ဆိုရင် ယွန်းတို့မြန်မာနိုင်ငံအတွက် ၀န်ထမ်းကောင်း
လေးတွေ မဆုံးရှုံးရသလို မိသားစုကိစ္စအခက်အခဲဖြစ်နေတဲ့ အောက်လက်ငယ်သား ၀န်
ထမ်းတွေအတွက် ပျော်ရွှင်ချမ်းမြေ့စွာ တာဝန်ထမ်းဆောင်နိုင်ကြမယ်လို့ ယွန်းသုံးသပ်မိ
ပါတယ်။
ဒီကိစ္စတွေကို ရေးမြို့နယ်ဝန်ကြီးများဖြစ်ကြတဲ့ ဦးနိုင်လ၀ီအောင်တို့ကိုလဲ တင်ပြထားလို့
သိပြီးသားလို့ ထင်မိပါတယ်။ ယခုလို မြို့နယ်တစ်ခုအတွက် ဓါတ်မှန်ဆရာ ဆရာမလေး
တစ်ယောက်လောက်တောင် ထပ်မချပေးနိုင်တာကြည့်မိသောအားဖြင့် ၊ ပြောင်းလဲလာတဲ့
ဖွဲ့စည်းပုံ အခြေအနေတွေကလဲ လူကြီးတွေ ၀န်ကြီးတွေ ပါတီစုံတွေသာဖြစ်လာကြတယ်
ယွန်းတို့ရေးမြို့လေးကတော့ အစိုးရမီးမရှိ စည်းကမ်းရှိစွာ ယာဉ်ရပ်နားရာ နေရာမရှိ
ပြည့်ဝသော လူသားခြင်းစာနာထောက်ထား ငဲ့ညှာတတ်သော ကျန်းမာရေးဝန်ထမ်းမရှိ
ရေးမြို့လေး ဖွံ့ဖြိုးတိုးတက် သာယာလှပအောင် ပြုပြင်ပေးဖို့ စည်ပင်ဝန်ထမ်းကောင်းမရှိ
ဖြစ်နေခဲ့တာ ယွန်းတို့ငယ်ငယ်လေးထဲကနေ ပါတီလူကြီး ၊ များလာတဲ့ ယနေ့ခေတ်အထိ
ဆိုရမှာပါပဲ ။ ဒါကြောင့် ဘယ်ပါတီ ဘယ်ဝန်ကြီးပဲ တက်လာလာ ယွန်းအထင်မကြီးတော့
ပါဘူး စိတ်စေတနာပြည့်ဝစွာဖြင့် ကိုယ်ကျိုးမကြည့်ပဲ ကူညီရိုင်းပင်တတ်ကြတဲ့ ၀န်ထမ်း
တစ်ချို့ထဲမှ ယွန်းသတိထားမိခဲ့သော ချိုသာသောအပြုံး အေးမြသောအသံ ကြင်နာတတ်
သော ကူညီရိုင်းပင်းမှု ပြည့်ဝသော လူသားစိတ်ရှိတဲ့ ဓါတ်မှန်ဆရာမလေး(ဒေါ်မေစန္ဒာထွန်း)
အတွက် ဒီပိုစ့်လေးနှင့်အတူ ယွန်းတို့ ရေးမြို့မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ်ကာလအတွက်
နှမြောတမ်းတစွာဖြင့် ၀န်ထမ်းကောင်းတစ်ဦးအတွက် ရေးမြို့သူ မြို့သား အားလုံးကိုစား
ဂုဏ်ယူမိပါကြောင်း ရေးသားလိုက်ရပါတယ်……။
စာဖတ်သူများကို ကျေးဇူးတင်စွာဖြင့် . . . . . {ယွန်းငယ် }