ယွန်းအသက်က ယခုဆိုရင် ၃၄ ပြည့်တော့မယ်ပေါ့ လောကကြီးထဲက အမြင်အာရုံတွေကို
ဦးနှောက် မီမိုရီထဲမှာ မှတ်တမ်းပြုလာနိုင်တဲ့ အရွယ်ထဲကစပြီး အံ့သြစရာကောင်းတဲ့ အရာ
လေးတွေ ထူးဆန်းတာလေးတွေ ဆိုးဝါးတဲ့ အဖြစ်အပျက်လေးတွေရယ် ကြုံစုံမှုနှင့်အတူ
ယခုအချိန်ထိလဲ မနေ့တနေ့ကလို မှတ်မိနေဆဲပါ. . . . ။
ယွန်းငယ်ငယ်က ပြည်မြို့ကို ရောက်ခဲ့ဖူးပါတယ် ပြည်မြို့ကြီးရဲ့ အဓိက လမ်းဆုံကြီးတစ်နေ
ရာကို ရောက်တော့ မပီကလာ ပီကလာ အသံလေးနဲ့ မေမေ့ကို မေခဲ့ဖူးတယ်. . . . . . . . . .
မေမေ” ဟိုဟာက ဘာကြီးလဲဟင်”. . . . . .
အဲဒါလား. . . ” မေမေတို့ မြန်မာနိုင်ငံ လွတ်လပ်ရေး သူရဲကောင်းကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့
ရုပ်ထုကြီးပေါ့ ” ဗိုလ်ချုပ်ရဲ့ဆုံးမမှုတွေ ဗိုလ်ချုပ်ရဲ့ ရဲရင့်မှုတွေကို အမြဲတမ်းအမှတ်ရပြီး နောင်
လာမယ့် မျိုးဆက်သစ်လူငယ်လေးတွေ ဗိုလ်ချုပ်ရဲ့ရုပ်ထုကို မြင်တွေ့တိုင်း မေမေတို့ရဲ့ မြန်မာ
ပြည်ကြီးကို ကာကွယ်ချင်တဲ့ (ပြည့်ဝသော သူရဲကောင်းစိတ်ဓါတ်)ရှိရအောင် အထူးနေရာမျိုး
လမ်းစုံတွေမှာ ဗိုလ်ချုပ်ရဲ့ ရုပ်ထုကို ထုလုပ်ထားတတ်ကြတယ်ကွယ့်”. . . . ။
မေမေ . . . . . မေမေပြောတဲ့ ဗိုလ်ချုပ်ကြီးရဲ့အောက်က ဘာကောင်ကြီးလဲဟင်. . . . . ”
အော်. . . ” အဲဒါကို “ မြင်း ”လို့ခေါ်တယ်ကွယ့် အချို့နေရာက ရုပ်ထုတွေကြတော့ ဗိုလ်ချုပ်
တစ်ယောက်ထဲ မတ်တက်ရပ်နေတဲ့ ပုံတွေထုလုပ်ထားသလို ဒီလို အဓိကလမ်းနေရာမျိုးတွေ
မှာကြတော့ ဗိုလ်ချုပ်မြင်းစီးနေတဲ့ ရုပ်ထုတွေကို တည်ထားတတ်ကြတယ်ကွယ့်. . . ”
ဒါဆိုရင် မေမေ . . . . ဒီမြင်းကြီးကလဲ ဗိုလ်ချုပ်လို သူရဲကောင်းကြီးပေါ့နော် . . . . ။
မေမေ. . . . ခေါင်းလေးကုပ်ပြီး အပြုံးလေးတစ်ပွင့် ဖူးပွင့် လာရင်းးးးးး ဒီလိုပြောလဲ
ရတာပေါ့ကွယ်. . . . . . .”။
မေမေ ရှင်းပြခဲ့တဲ့ ဒီအကြောင်းလေးတွေ မေမေ့ရဲ့ အသံလေးတွေ ယွန်းနှလုံးသားထဲ့မှာ
ဒီနေ့အထိ စွဲထင်ကျန်နေဆဲပါ. . . . ။
ယွန်းတို့ လူသားတွေဆိုတာ မှတ်မှတ်ရရ အကြောင်းအရာ သို့မဟုတ် အရာဝတ္ထုလေးတစ်ခုကို
တရားသေ စွဲကိုင်တတ်ကြတယ်မဟုတ်ပါလား ၊ ဒီအထဲမှာမှ ယွန်းတို့ မြန်မာလူမျိုးတွေရဲ့ အစွဲ
အလမ်းကြီးမားမှုက ပိုဆိုးခဲ့သည်မဟုတ်ပါလား ၊ မျက်လှည့်ဆရာ စက္ကောမရဲ့ စာအုပ်လေးထဲ
မှာ ဆရာရေးထားတာက လူတွေသိထားတာက ကြက်ဥလေးတစ်လုံးဆိုလျှင် လေးမည်
လွတ်ကျလျှင် ကွဲမည်။ ၀ှတ်ရန်ခက်လှသည်ပေါ့ ၊ လေးသည်ဟု ယူဆရသော ကြက်ဥလေးကို
သေးငယ်တဲ့ အက်လေးဖြင့်ဖောက်၍ အရည်များကို စုပ်ထုတ်၍ ပေါးပါးအောင် လုပ်နိုင်၏တဲ့။
ဒီလိုပါပဲ ငယ်ငယ်က မေမေ ရှင်းပြခဲ့တဲ့ လမ်းဆုံက ဗိုလ်ချုပ်ရုပ်ထုကြီးရယ် ဗိုလ်ချုပ်စီးတဲ့ မြင်း
ကြီးရယ် ယွန်းရဲ့ အမြင်အာရုံထဲမှာ ယနေ့အထိ စွဲထင်နေလျှက်ပါ . . . . . . . . . ။
ယွန်း ၃၄ ၀င်လာတဲ့ ဒီအသက်အရွယ်မှာတော့ ယွန်းတို့ရဲ့ ရေးမြို့လေးအတွက် မြန်မာ
တစ်နိုင်ငံလုံး ၀မ်းသာစရာ သတင်းလေးတစ်ခု ပြောချင်လို့ ဒီပိုစ့်လေးကို ရေးလိုက်တာပါ
ယွန်းတို့ မွန်ပြည်နယ်က ရေးမြို့လေးမှာ ဗိုလ်ချုပ်စီးခဲ့တဲ့ “ မြင်း ” မျိုးဆက်သစ်လို့ ယူဆ
ရတဲ့ မြင်းနှစ်ကောင်ကို ယွန်းကိုယ်တိုင်တွေ့ခဲ့ရပါတယ် . . . . ။
ယွန်းတစ်ယောက်ထဲ ယူဆခဲ့တာမဟုတ်ပါဘူး ရေးတစ်မြို့လုံးမှာရှိတဲ့ ပြောပြီးဆိုပြီးအထက်
လူကြီးများကပါ ယူဆထားလို့ ၊ ဒီမြင်းလေးနှစ်ကောင်ကို လွတ်လွတ်လပ်လပ်လွှတ်ထားခဲ့တာ
ပုံထဲမှာပါတဲ့ အရွယ်ထိ ရောက်ခဲ့ပါပီ ၊ ဒီမြင်းလေးနှစ်ကောင် ဘယ်သွားသွား တာဝန်ရှိတဲ့ ဌာန
ဆိုင်ရာ လူကြီးများကတောင် ဘာမှမပြောခဲ့ပါဘူး ကုန်ကုန်ပြောရရင် ဒီမြင်းကန်ခဲ့လို လမ်း
သွားလမ်းလာ လူတစ်ယောက် မော်လမြိုင်ဆေးရုံကြီးအထိကို ရောက်ခဲ့ပြီးပါပီ ။ ဒါပေမယ့်
မြို့နယ်မှာ တိရိစ္ဆာန်တွေကို ဥပဒေနှင့်အညီ ထိန်းချုပ်ဖို့ အထူးတာဝန်ရှိတဲ့ မြို့နယ်အကြီးဆုံး
စည်ပင် လူကြီးများကတောင် မပြောရဲလောက်အောင်ကို ဒီမြင်းရဲ့ အရှိန်အ၀ါက ကြီးမား
ခဲ့ပါတယ် . . . . ဒါကြောင့် ယွန်းက ယွန်းတို့မြန်မာနိုင်ငံကြီးအတွက် အများပြည်သူဂုဏ်ယူ
လို့ရအောင် ဒီပို့စ်လေးကို ရေးသားရင်း တင်ပြလိုက်ရပါတယ်. . . . . . . ။
ငယ်ငယ်ကအတွေးဖြင့် လမ်းမအလယ်မှာ မည်သည့် ယာဉ်ပဲလာလာ မဖယ်ပေးဘဲ
ရပ်နေရဲသည်မှာ ယွန်းငယ်ငယ်က တွေ့ခဲ့ဖူးသည့် သူရဲကောင်းမြင်းမျိုးများလားးးး ?