အောင်မြင်မှုအကြောင်း တစေ့တစောင်း (သိကောင်းစရာ) (For young)
လွန်ခဲ့တဲ့နှစ်ပိုင်း ၂၀၁၂ တုန်းက စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်။
မန္တလေးသား လဖုန်းကျောင်းသား တစ်ယောက် အိတ်ခ်ျတီစီ စီအီးအိုဖြစ်သွားတယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။
အဲဒါကတော့ ကမ္ဘာကျော် မိုဘိုင်း brand တစ်ခုဖြစ်တဲ့ HTC ရဲ့စီအီးအိုနဲ့ ဥက္ကဌဖြစ်သူက မြန်မာနိုင်ငံသား ဖြစ်နေတာသိလိုက်ရတာပဲဖြစ်တယ်။
(HTC ကိုတော့ သိကြမယ်လို့မှတ်ယူပါတယ်)
အဲဒီသတင်းဖတ်ရတာအရမ်းကို ၀မ်းသာပီတိဖြစ်မိပြီး လူငယ်တွေလဲ အားကျအတုယူနိုင်အောင် ဒီဆောင်းပါးလေးကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။
သူ့နာမည်က ဦးသန်းဝင်းဖြစ်ပြီး မန္တလေးသားစစ်စစ်ပဲဖြစ်ပါတယ်။
တရုတ်နာမည်ကတော့ပီတာချူးဖြစ်ပြီး ၁၉၅၃ ခုနှစ်မှာမွေးဖွားခဲ့ပြီး မန္တလေးဒေသကောလိပ်မှာ ပညာသင်ယူခဲ့ပါတယ်။
သူဟာ မြန်မာပြည်မှာနေကတည်းက နည်းပညာကို အင်မတန် စိတ်ဝင်စားသူဖြစ်ပါတယ်။
သူ့ရဲ့ကြိုးစားမှုဟာ ဘယ်လောက်အောင်မြင်ခဲ့တာလဲဆိုရင် အမေရိကန်အခြေစိုက် မိုက်ခရိုဆော့ဖ်ကုမ္ပဏီမှ ဥက္ကဌကိုယ်တိုင် ပီတာချူးကို ဖိတ်ကြားပြီး လုပ်ငန်းဆိုင်ရာ ဆွေးနွေးခဲ့တယ်ဆိုပဲ။
သူ့ရဲ့ကြိုးပမ်းမှုကြောင့် သူဟာအောင်မြင်မှုအသီးအပွင့်ကို ခံစားရတာဖြစ်တယ်။
(ဒီအကြောင်းကို ၂၀၁၃ ဇန်န၀ါရီလထုတ် ကွန်ပျူတာဂျာနယ်မှာ ဖတ်ရှုနိုင်ပါတယ်)
အားကျဖို့ကောင်းတဲ့ ကျွန်မတို့နိုင်ငံရဲ့ နိုင်ငံ့ဂုဏ်ဆောင်တဲ့သူတစ်ယောက်ပါ။ လေးစားအတုယူစရာ လူတစ်ယောက်လည်း ဖြစ်ပါတယ်။
ပီတာချူးဟာ လွန်ခဲ့တဲ့ လပိုင်းကမြန်မာနိုင်ငံကိုပြန်လာပြီး မြန်မာအိုင်တီလူငယ်များ (လူကြီးလဲပါပါတယ်) နဲ့တွေ့ဆုံစဉ်မှာ အောင်မြင်မှုရရှိဖို့ကိုင်ဆွဲထားတဲ့ သူ့ရဲ့ဆောင်ပုဒ်များကို ရှင်းလင်းပြောပြခဲ့ပါတယ်။
တကယ်မှတ်သားစရာကောင်း အားကျစရာလဲကောင်း လိုက်နာစရာလည်း အလွန်ကောင်းတဲ့အတွက် ပြန်လည် ဝေမျှပေးရခြင်းဖြစ်ပါတယ်။
ပီတာချူးရဲ့စကားလေးတွေ ဝေမျှပေးလိုက်ပါတယ်။ ပီတာချူးပြောခဲ့တာတွေကတော့ အဓိက အချက်(၃) ချက်ပါဝင်တယ်။
အဲဒါတွေကတော့ passion, Fearless နှင့် Vision တို့ပဲဖြစ်ပါတယ်။
“ လူတိုင်းဟာ သူ့ဝါသနာပါရာသူ လုပ်ဆောင်သင့်ပါတယ်။
ကျွန်တော်ဆိုငယ်ငယ်က ဂီတ၀ါသနာပါတယ်။ ရေကူးတယ်။ သူငယ်ချင်းတွေနဲ့အတူ ၀ါသနာပါရာ စိတ်အပန်းဖြေကစားကြတယ်။
ဒါတွေကို ချုပ်တည်းမထားနိုင်ပါဘူး။ Innovation လုပ်နိုင်ဖို့ စိတ်ကို လွတ်လွတ်လပ်လပ်ထားဖို့ လိုပါတယ်။
ဒါကြောင့်လူတစ်ယောက်ဟာ အောင်မြင်ဖို့အတွက် passion က အဓိကကျပါတယ်။ နောက်တစ်ချက်ကတော့ Fearless ပါ။ ဘာကိုမှကြောက်ရွံ့မှုမရှိရပါဘူး။
လုပ်ချင်တာတွေ လုပ်နိုင်ရမယ်။
အခက်အခဲတွေ ဘယ်လောက်ရှိရှိ ပတ်ဝန်းကျင်နဲ့ အခြေအနေကြောင့် မိမိရဲ့ ရည်မှန်းချက်တွေ ပျောက်ပျက်သွားတာဟာ အင်မတန်ပျော့ညံ့မှုပါ။
မှားတာကိုလည်းမကြောက်ရပါဘူး။ လူတိုင်းအမှားလုပ်ကြပါတယ်။ အမှားကနေ သင်ခန်းစာယူရပါတယ်။
မှားတယ်ဆိုတာ သဘာဝတရားပါ။
မှားမှာ ကြောက်နေရင်ဘာမှ ဖြစ်လာမှာမဟုတ်ပါဘူး။
နောက်တစ်ချက်က Vision။ ကျွန်တော် HTC စထောင်တော့ မူဝါဒ ခိုင်ခိုင်ထားပါတယ်။
ဒါကတော့ ကမ္ဘာ့အဆင့်မီ (world Class) ကိုပဲ တီထွင်ဖန်တီးမယ် ဆိုတာမျိုးပါ။ အဆင့်နိမ့်ပစ္စည်းများ ထုတ်လုပ်ဖို့ လုံးဝမရှိပါဘူး။
ဒါကြောင့်အချိန်တိုအတွင်းမှာ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ ”လို့ ပီတာချူးကပြောသွားပါတယ်။
သူ့ရဲ့ဆောင်ပုဒ်တွေဟာ တကယ်မှတ်သားစရာ အတုယူစရာကောင်းပါတယ်။
ဒါဆိုကျွန်မတို့လူငယ်တွေထဲကနေ အဲလိုနိုင်ငံဂုဏ်ဆောင်တွေ ထွက်ပေါ်လာအောင်မကြိုးစားချင်ကြဘူးလား။
အားကျဖို့အလွန်ကောင်းတဲ့ နိုင်ငံကျော် ကျွန်မတို့ မြန်မာနိုင်ငံသားစစ်စစ်ပါ။
အောင်မြင်ချင်ကြပါသလား။ ဒါဆို မိမိအောင်မြင်နိုင်အောင် ဘယ်သူတွေကလုပ်ပေးနိုင်လို့လဲ။ မိမိသာလျှင် မိမိဘ၀အတွက် ကြိုးစားရမှာမဟုတ်လား။
ဒါကြောင့်အောင်မြင်မှုတွေရရှိနိုင်ဖို့အတွက် အခုအချိန်ကစပြီး ကြိုးစားကြပါ။
အောင်မြင်မှုဆိုတာ ကိုယ်တိုင်သတ်မှတ်လို့ရတာမှမဟုတ်တာ။ ဟုတ်တယ်နော်။ အများကလက်ခံမှ အောင်မြင်မှုဆိုတာ ရပါတယ်။
ဒါကြောင့် လူငယ်တွေအတွက် စိတ်ဝင်စားစရာတွေ ပြောပြချင်တာပါ။ လုပ်ငန်းတစ်ခုမှာ ဒါမှမဟုတ် ကျောင်းတွေမှာ အပြင်မှာ အောင်မြင်နေသူတွေကို မေးကြည့်ပါ။
အောင်မြင်မှုရဲ့ ရလာဘ်ကိုဘယ်လိုခံစားရသလဲလို့ပေါ့။ အားကျစရာတွေကြားရပါလိမ့်မယ်။
အောင်မြင်ဖူးသူမှ အောင်မြင်မှုအရသာကိုခံစားဖူးတာပါ။ ဒါကြောင့်မိမိနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ အောင်မြင်အောင်ကြိုးစားကြပါ။
အဓိကတော့ စာများများဖတ်ပါ။ ကျွန်မတို့ နိုင်ငံသားတော်တော်များများဟာ စာဖတ်တာအင်မတန်နည်းပါတယ်။ စာဖတ်တယ်ဆိုတာ ကိုယ်ရည်သွေးတာပါပဲ။
စာဖတ်တာ တကယ်အကျိုးရှိပါတယ်။
ကျွန်မဆိုရင် စိတ်ညစ်ချိန်ဖြစ်ဖြစ် စိတ်ဓါတ်ကျချိန်မှာ ဖြစ်ဖြစ် စိတ်ခွန်အားရှိတဲ့စာတွေ ဖတ်လိုက်ရရင် စိတ်ဓါတ်ခွန်အားတွေ တတ်လာလေ့ရှိတယ်။
ကျောင်းစာဆိုတာက စာတွေ့ပဲရှိတာပါ။
အပြင်ဗဟုသုတဆိုတာ အပြင်မှာရှာမှီးမှ ရနိုင်ပါတယ်။
(အပြင်ဗဟုသုတဆိုလို့ တလွဲမတွေးမိကြပါနဲ့) ဒါကြောင့်စာများများဖတ်ပါလို့ တိုက်တွန်းချင်ပါတယ်။
စာဖတ်ခြင်းအားဖြင့် ဘယ်လိုအကျိုးတွေရှိလာနိုင်မှာလဲ ။
ဘယ်လိုစာတွေကိုဖတ်ရမှာလဲလို့ အဆိုရှိလာရင်
အဓိကအားဖြင့်ဆောင်းပါးတွေ ဘ၀အတွေ့အကြုံတွေ ပညာပေးတွေဖတ်စေချင်ပါတယ်။
တချို့တွေက ပြောကြတယ်။ စာအုပ်တွေကဈေးကြီးတယ်ပေါ့ ၀ယ်ဖတ်မနိုင်ပါဘူးလို့ပြောတတ်ကြတယ်။
ဒါဟာစာဖတ်ပျင်းလို့ ဆင်ခြေပေးတယ်လို့ပဲ ယူဆပါတယ်။
အခုလိုအိုင်တီခေတ်ကြီးထဲမှာ မောင့်စ်နဲ့ တစ်ချက်လေးကလစ်လိုက်တာနဲ့ နိုင်ငံတကာမှာဖြစ်ပျက်နေတဲ့ နောက်ဆုံး သတင်းတွေကိုတောင် ဖတ်နိုင်နေပြီးပဲ။
Google ကိုအသုံးပြုတတ်တာ၊ Search Engin ကိုကျွမ်းကျွမ်းကျင်ကျင်သုံးတတ်ရင်ပဲ ကိုယ်လိုချင်တဲ့စာအုပ်တွေ ဖတ်ချင်တဲ့စာအုပ်တွေ အွန်လိုင်းပေါ်ကနေ အခမဲ့ဖတ်ရှုနိုင်ပါတယ်။
စာအုပ်ဖတ်တာဟာ အကောင်းဆုံးပါပဲ။ Lunguage နဲ့ပက်သက်တာတွေကိုလဲ သေချာ လေ့လာထားလို့ရတယ် ။
ဘာဖြစ်လို့လဲဆိုတော့ Lunguage ပက်သက်တဲ့ လျို့ဝှက်ချက်တွေ Flow တွေက စာအုပ်တွေကပဲ ရနိုင်ပါတယ်။ ဒါ့ကြောင့်စာဖတ်ပါ။
အချိန်ကို အကျိုးရှိသလိုအသုံးချပါ။
စာဖတ်ပြီး မိမိကိုယ်ကို သုံးသပ်ပါ။
စာဖတ်ပြီးရင် ငါဘာတွေသိလာပြီးလဲဆိုတာပေါ့။
ဒါပေမယ့် ၀တ္တု သတင်းဆောင်းပါးဆိုတာက အတွေးအခေါ်နဲ့သက်ဆိုင်ပါတယ်။ လူသားတွေရဲ့ အသိပညာကိုပိုမိုကျယ်ပြန့်စေတယ်။
အင်တာနက်ဟာလည်း သတင်းအချက်အလက်လောက်ပဲ ပေးနိုင်တယ်ဆိုတာ သိထားရပါမယ်။ မိမိကိုယ်တိုင်ကြိုးစားမှ မိမိအတွက်အောင်မြင်မှုကို ခံစားရမှာဖြစ်ပါတယ်။
ဒါကြောင့်မိမိဘ၀ရဲ့ တတ်လမ်းကို မိမိသာလျှင် ရှာဖွေသင့်ပါတယ်။
လောကကြီးမှာ ငွေနဲ့ဝယ်လို့မရတဲ့ အရာတွေထဲက တစ်ခုကတော့ အချိန်ဖြစ်ပါတယ်။
ဒါကြောင့်အချိုန်ရှိခိုက် မိမိဘ၀ရဲ့ ကောင်းမွန်တဲ့ ပဲ့ကိုင်ရှင်ဖြစ်အောင် အချိုန်ရှိခိုက် လုံ့လစိုက်ပြီး ပညာကိုကြိုးစားသင်ယူပါ။
ဗဟုသုတတွေကို မိမိတတ်နိုင်သလောက်ရှာဖွေသိုမှီးကြပါ လို့ တိုက်တွန်းရင်းနဲ့ ဒီတစ်ခေါက် ဆောင်းပါးကို ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
အားပေးမှုကိုကျေးဇူးတင်လျှက်
အနီရောင်