အင်တာနက်လမ်းမကြီးပေါ်မှာ..နေရာစုံစုံလျှောက်လှန်းနိုင်ဖို့ဆိုတာ
သော့လေးတစ်ချောင်းနဲ့တူတဲ့ အကောင့်လေးတစ်ခုတော့ရှိပါမှ
အကောင့်လေးတစ်ခုလဲရှိမယ်..Road map လဲရှိမယ်ဆိုရင်ဖြင့်
ကမ္ဘာကိုလည်းပတ်နိုင်…ကမ္ဘာအ၀ှန်းကမိတ်ဆွေတွေနဲ့လဲဆက်ဆံနိုင်ပီပေါ့..။
သင်က..အင်တာနက်ဆိုတာကြီးကိုယုံတယ်ဆိုရင်ဖြင့်..
သင့်နံမယ်အမှန်လည်းပြောလို့ရတယ်..နောက်ဖုန်းနံပတ်..လိပ်စာအမှန်..
ကုမ္မဏီ..စသည်စသည်..သင်ကြိုက်သလိုပဲပေါ့…။
သင်က..အင်တာနက်ဆိုတာကြီးကိုစိုးတထိတ်ထိတ်ဆိုရင်တော့
သင့်မျက်နှာမှာမျက်နှာဖုံးစွပ်ဆက်ဆံလို့လည်းရပါ့..။
ဘယ်လိုပုံစံနဲ့ပဲ..ဒီလမ်းမကြီးပေါ်မှာလျှောက်ပါစေ..
ဆက်ဆံမှုနယ်ပယ်ကျယ်ဝန်းလာတာနဲ့အမျှ..
သင့်မှာပတ်ဝန်းကျင်လေးတစ်ခုကတော့ရလာမှာအမှန်ပါ..
ဥပမာ..face book ပေါ်ကမိတ်ဆွေများ..
လူမှုရေးဝက်ဆိုက်ပေါ်ကမိတ်ဆွေများ..စသည်စသည်..။
ဒီနေရာမှာသင့်ရဲ့အကောင့်လေးက သင့်ရဲ့ identity ဖြစ်လာပါတော့တယ်
သင်ဘယ်လိုလူစားလည်းဆိုတာပေါ်မူတည်လို့..မိတ်ဆွေ ရန်သူတွေရရှိလာပါလိမ့်မယ်..
လူချင်းမမြင်ဘူးကြပါပဲ..ကူညီမှုတွေ..ရန်လိုမှုတွေကိုဧကန်ရလာမှာပါ..။
ဥပမာ..အွန်လိုင်းပရဟိတဆိုတဲ့အဖွဲ့မျိုးတွေ..
အာရပ်ကမ္ဘာကြီးက..အီဂျစ်နိုင်ငံကြီးပြောင်းလဲသွားရတာတွေ
အနီးစပ်ဆုံးပြောရရင်..မကြာခင်လေးကဖြစ်ခဲ့တဲ့
မြန်မာပြည်အနောက်ခြမ်းက အရေးအခင်းမှာတူရာတူရာစုစည်းမှုတွေပါ..။
မိမိရဲ့အကောင့်လေးက မိမိရဲ့ identityဖြစ်လာပြီဆိုရင်
မိမိပုံရိပ်ကိုဘယ်လိုဖြစ်စေချင်ပါသလဲ..သင်ကိုယ်တိုင်ပဲရွေးခြယ်ရပါတော့မယ်
မိမိရဲ့ Image ကိုအဖြူဖြစ်စေမှာလား..အနက်ရောင်ဆိုးမလား
တစ်နည်း..လူချစ်လူခင်ပေါစေမလား..လူရှောင်စေမှာလား..။
တစ်လောလေးက..ချက်ခန်းတစ်ခုရဲ့ရန်ပွဲလေးတစ်ခုမှာတွေ့လိုက်ပါတယ်
“ ဒီရက်..အကောင့်ဖေါက်ရတာအရမ်းလွယ်ပါတယ်..” တဲ့
ဒါလည်းဟုတ်မှာပါ..
ဒါဆိုရင်အကောင့်အများကြီးနဲ့ အလုပ်တစ်ခုကိုသတ်သတ်မှတ်မှတ်ဖြစ်နိုင်ပါ့မလား
မိမိ identityကိုတည်ဆောက်နိုင်ပါ့မလား..
နောင်ငါးနှစ်လောက်မှာ..အင်တာနက်နဲ့သာပဲ အလုပ်ဖြစ်တော့မယ်ဆိုခဲ့လို့ရှိရင်
ဒီကမ္ဘာကြီးမှာ..အကောင့်ရဲ့ identityကိုပဲတန်ဘိုးထား..ယုံကြည်ကြတော့မယ်ထင်ပါတယ်..
အကောင့်လေးနဲ့ပဲစီးပွားရေး..လူမှုရေး..နိုင်ငံရေးလုပ်များလုပ်ကြရလေမလား
တွေးမိတာပါ..။
ကိုယ့်ရဲ့ identity ကိုယ့်ရဲ့ image ဖြစ်လာကြတော့မဲ့ကိုယ့်ရဲ့အကောင့်လေးကို
တန်ဘိုးထားတတ်ဖို့တော့လိုမယ်ထင်မိတာပါ..။