မောင်ရေ....နေလုံးနီနီကြီး တောင်တန်းပေါ်မှေးစက်သွားပြီ....
မောင်လည်း ငြိမ်းချမ်းစွာ လဲလျောင်းသွားခဲ့ပြီ...
ကျွန်မကတော့...အိမ်ပြန်လမ်းတွေ ပျောက်ဆုံး သွားခဲ့ပြီ...
မောင်နဲ့  ကျွန်မ စိုက်ပျိုးခဲ့တဲ့ချစ်ခြင်း သစ်ပင်လေးကို မောင်ဖျက်စီးခဲ့တာ မဟုတ်သလို
ကျွန်မ ဖျက်စီးခဲ့တာလည်းမဟုတ်ပါဘူး...။
မောင်....ကျွန်မရဲ့မောင်.....မိန်းကလေးတစ်ယောက်ရဲ့
ထောင်ချောက်မှာ ရုန်းမထွက်နိုင်ခဲ့တဲ့အတွက် မချစ်မနှစ်သက်သူ
နှင့်လက်ထပ်ခဲ့ရတဲ့မောင်။
အလည်လွန်တဲ့မောင်တို့  သူငယ်ချင်းတွေထဲမှာ လမင်း ဆိုတဲ့ကောင်မလေး ပျောက်နေလို့ 
လိုက်ရှာရင်း အိမ်ပြန်ချိန်တွေနောက်ကျခဲ့တဲ့ မောင်ကို ..ကျွန်မ ယုံတယ်...။
ခက်တာက............
ပတ်ဝန်းကျင်က မောင့်ကိုမယုံဘူး....အဆုံးမှာ...မောင်နဲ့ လမင်း....
လက်ထပ်ထိမ်းမြှားခြင်းနဲ့  သက်သေထူပြခဲ့ရတယ်တဲ့လား “မောင်”....။
ကျွန်မ အဝေးတစ်နေရာမှာ ပညာသင်နေချိန်...မောင်က လက်ထပ်ပြီးသွားပြီ
ဆိုတဲ့သတင်းကြားတော့.....ကျွန်မ ကိုယ်ကျွန်မ အငွေ့ ပြန်ချင်မိတယ် မောင်....။
ကျွန်မ ဘာမှမတတ်နိုင်ခဲ့ပါလား? မောင်ရေ....ဖူးစာမပါခဲ့ပါလား.လို့ ဖြေသိမ့်ခဲ့ရင်း....
ဇနီးမယားရှိတဲ့...မောင့်ကိုရှောင်ခွာဖို့ အတွက် ဝေးရာကိုထွက်ခွာခဲ့မိတယ်...။
မောင့်ကိုမေ့နိုင်အောင်...ကျောင်းစာတွေကိုပဲအာရုံစိုက်နေချိန်...
ကျွန်မရဲ့ မောင်ကိုမေ့သင့်ပြီဆိုတဲ့ဦးနှောက်ရဲ့စေခိုင်းမှုတွေနဲ့ 
မောင်ကို မျက်ဝန်းစုံမှိတ် မေ့နေချိန်မှာ....
မောင့်ဖက်ကဘာတွေဖြစ်နေတယ်ဆိုတာ...ကျွန်မ မစဉ်စားမိဘူး...
မောင်က.....................
“မောင်က....ညနက်သည်ထိ ကော်ဖီခါးခါးတွေအဖော်ပြုပြီး လွမ်းတေးတွေသီနေခဲ့တာတွေ....
ကျွန်မဘယ်နေ့ မောင့်စာကြည့်ခန်းကို တံခါးလာခေါက်မလဲဆိုတဲ့ ...မျှော်လင့်ချက်တွေနဲ့ ....
ကော်ဖီခါးခါးတွေနဲ့ ခါးသီးစွာ အဖော်ပြုရင်...စာကြည်ခန်းမှာ မောင် စောင့်နေခဲ့တာတွေ.....
နေ့ တွေညတွေ အိပ်စက်ချိန်တွေမေ့ပြီ...ကျွန်မတစ်ယောက်ထဲ အတွက်စဉ်းစားပေးနေတာတွေ....
အဆုံးမှာ.....အိပ်ချိန်မမှန် စားချိန်မမှန်၊ကော်ဖီတွေနဲ့ အမှီပြုရင်...ခါးသီးနေတဲ့ မောင့် နာကျင်ခြင်းနေရက်
တွေကို....နှင်းဆဲတဲ့ညတွေမှာ အေးခဲသွားအောင် မောင့်ကိုမောင် ဒါဏ်ပေးရင်း ဖြေဆည်နေတာတွေ....”
...........ကျွန်မ ......ကျွန်မ.......မသိခဲ့ရပါဘူး မောင်ရယ်...............။
မောင် နေမကောင်းဘူးဆိုတာသိလိုက်ရတဲ့နေ့ က မောင်ဘ၀ရဲ့ နောက်ဆုံးနေ၀င်ခရီး
နေ့ ရက်တစ်ခုမှပါ.......။မောင် လူနာခန်းလေးထဲရောက်တော့...မောင့်ဇနီး..“လမင်း”က
ဒူးထောက်တောင်းပန်ခဲ့တယ် မောင်.....
“မောင့်ကို ကယ်တင်ပေးဖို့ အတွက်.ပေါ့..”..ကျွန်မက ဘာများတတ်နိုင်ဦးမှာလဲ?...မောင်ရယ်...။
မောင် ကျွန်မကို မြင်တော့....မျက်ဝန်းတွေနဲ့ ပြုံးတယ်....နှုတ်ခမ်းတွေနဲ့ ပြုံးတယ်....
မောင့် မျက်ဝန်းက မျက်ရည်စတွေနဲ့ ပျော်ပြီးပြုံးပြခဲ့တဲ့ မောင့် အပြုံးဟာ..
ကျွန်မကို ပြုံးပြခဲ့တဲ့အပြုံးတွေထဲမှာ...မောင့်နေ၀င်ခရီးရဲ့ အပြုံးက အလှဆုံးပါ...မောင်ရယ်...။
“ကျွန်တော်ဆီ ပြန်လာခဲ့ပြီ ပေါ့..မ”လို့ ပြောတဲ့မောင့်စကားလေးကို
ကျွန်မခေါင်းငြိမ့်ဖြေခဲ့တာဟာ...မောင့်နောက်ဆုံးခရီးကို သွားခွင့်ပြုခဲ့တာ
မဟုတ်သလို မောင့်ကို အပြီးတိုင် စွန့် ခွာသွားစေတာ ...မဟုတ်ရပါဘူး...
ဒါပေမဲ့...မောင် ...........ကြွေလွင့် သွားခဲ့တယ်.....ဖေဖော်ဝါရီ နေ့ ရက်တွေနဲ့ ...
အတူ.....မောင်...ကြွေလွင့်သွားတာကို ဘယ်လိုများ....ဖြေဆည်ရမလဲ...မောင်ရယ်...။
ဖေဖော်ဝါရီရောက်တိုင်း....ချစ်သူတွေပျော်ရွှင်နေတာကြည့်ရင်း....
ကျွန်မလေးကခုံတန်းလေးမှာ မောင်များရှိနေမလားလို့  ငဲ့ကြည့်မိတယ်.....
မောင်.နဲ့ .လမ်းခွဲ..ရတုန်းက...မောင်ကိုမေ့ဖို့ ကျောင်းစာတွေထဲ အာရုံစိုက်ထားခဲ့ ပေမဲ့
တချို့ သောကျောင်းစာတွေကို ကျွန်မစဉ်းစားလို့ မရအောင်တစ်ချက်တစ်ချက်မေ့ သွားခဲ့တယ်..
သို့ သော်.မောင့်ကိုတော့....မေ့မရခဲ့ပါဘူး........မောင်ရယ်........။
ကျွန်မလေ...မောင့်ကို.(သို့ )...မောင်နဲ့ ပတ်သတ်နေတဲ့ဖေဖော်ဝါရီကို.........
ကျောင်းစာတွေကို..စဉ်းစားလို့ မရအောင် မေ့သွားသလိုမျိုး......မေ့ပြစ်ချင်မိလေရဲ့  မောင်.....။
မောင်ရေ..........
ကျွန်မနဲ့ မောင်ကြားက ချစ်ခြင်း သစ်ပင်လေးနဲ့ အတူမောင်သေဆုံးသွားခဲ့ပေမဲ့ လေ...
ရေသောက်မြစ်လေးတွေ...ရှင်သန်နေဆဲပါမောင်..။
ဒီလို ပါမောင်..ကျွန်မဆိုလိုချင်တာက...
“မောင်....ကျွန်မ အချစ်တွေ သေဆုံးသွားတဲ့မောင်နဲ့ အတူမြှပ်နှံခဲ့ပေမဲ့ .....
အလွမ်းဆိုတဲ့ ...ရေသောက်မြစ်လေး....ဖေဖော်ဝါရီ နဲ့ အတူရှင်သန်နေဆဲပါ...
.....လွမ်းနေဆဲပါ.............မောင်ရယ်....”
နန်းဆောင်းလင်းမေ(လားရှိုး)
***အားပေး၊ ဖတ်ရှု မှုလေးများ..........အထူးကျေးဇူးတင်ပါတယ်ရှင်***
*****ချစ်သူမြို့ တော်မှ ချစ်သူများအားလုံး...ပျော်ရွှင်ကြစေ*****
အဲ့ ခုမှ ကြည့်မိတယ် စာဖတ်သူတွေ Comment ပေးသူတွေ
နတ်ပြည်က နတ်သား နတ်သမီး အရှုံးပေးရလောက်အောင်
ချောကြ ခန့် ကြပါလား....ခိခိ...။
ကျမ်းခန့် သာလို့ မာကြပါစေရှင်.....။
******ဆက်လက် ကြိုးစားပါဦးမယ်ရှင်******