ရင်ခတ်ပန်း (သို့  ) မြကြာဖြူ
ပျဉ်ထောင်အိမ်တလုံးရဲ့ အိမ်ရှေ့ ကွတ်ပြစ်လေးပေါ်မှာခါးလောက်ရှိတဲ့ ဆံပင်လေးကိုဖားရားချထားပြီး
ခြေထောက်ကလေးတွဲလောင်းချလို့ ထိုင်နေတဲ့ အသားဖြူဖြူမိန်းခလေးတယောက်ကိုတွေ့ ၇ပါလိမ့်
မယ်..အဲဒီအချိန်မှာလူတယောက်ရဲ့ လက်ထဲမှာခရေပန်းကုန်းတွေအပြည့်ကိုင်လာပြီး
" မမရေ..ကိုခင်မောင်ချိုခရေပန်းကောက်ပြီးမမအတွက်သီပေးလိုက်တယ်မမပန်ဘို့ တဲ့  "
မိန်းခလေးက" အေးအေး..မောင်လေးမလာဘူးလားဘယ်သွားနေလဲဟင် "
လူငယ်က " ကိုခင်မောင်ချိုမမထမင်းနဲ့ စားဘို့ သရက်သီးသွားယူတယ်လေ "
မိန်းခလေးက " အင်းအင်း..မြန်မြန်ပြန်လာခိုင်းနော်မမ..မောင်လေးကိုစောင့်နေတယ်လို့ ပြောပေးနော် "
ပြောရင်းလူငယ်လေးပေးလာသောခရေပန်းတွေကိုဆံကေသာဖားရားလေးမှာအစီအရီပန်လိုက်ပါတယ်..
ဒီအချိန်မှာမိခင်ဖြစ်သူက" သမီးမြကြာဖြူရေထ္မ္မင်းစားရအောင်နော် "မိန်းခလေးက
" သမီးမစားသေးဘူးမေမေ..မောင်လေးကိုစောင့်လိုက်အုံးမယ်မောင်လေးနဲ့ မှတူတူစားမယ်နော်မေမေနော် "
အဲဒီအချိန်မှာလူငယ်လေးတယောက်ရောက်လာပြီးလက်ထဲမှာလဲသရက်သီးနှစ်လုံးကိုင်လာပါတယ်..
လူငယ်က "မမရေမမစားဘို့ ကိုခင်မောင်ချိုကသရက်သီးပို့ ခိုင်းလိုက်လို့ ထ္မင်း စားသူ့ ကိုမစောင့်နဲ့ တဲ့ 
သူ အိမ်ကကိစ္စရှိလို့ ခိုင်းလိုက်လို့ မြို့ တက်သွားတယ်တဲ့  "မိန်းခလေးက
" အင်းအင်း..မောင်လေးကိုမြန်မြန်ပြန်လာလို့ မမစောင့်နေတယ်လို့ ပြောပေးပါနော် "
လူငယ်လေးက "ဟုတ်ကဲ့ မမ "
------------------------------------------------------------------------------------------------------------
"အဖွားမြရေအဲဒီမမမြကြာဖြူကဘယ်လိုဖြစ်ပြီးယာဉ်ယာဉ်လေးရူးသွားတာလဲနော် "
" ဒီလိုမိဘုတ်ရေ..ခင်မောင်ချိုနဲ့ မြကြာဖြူတို့ ကချစ်သူတွေ..ခင်မောင်ချိုအိမ်ကသဘောမတူဘူး
ဒီလိုအေ့ ...."..........................
" မမရေ မမပန်ဘို့ ခရေပန်းလေးတွေမောင်လေးအစောကြီးထပြီးသီလာတယ်..ရော့..ကြည့်ပါအုံး "
" ဟယ်လှလိုက်တဲ့ ပန်းလေးတွေ..မောင်လေးပန်ပေး.လှလားမောင်လေး "
" မမရယ်ဘယ်အချိန်ကြည့်ကြည့်မောင်လေးမျက်လုံးထဲမှာမမကအလှဆုံးပါဗျာ "
" မောင်လေးအိမ်ကဆူနေအုံးမယ်ပြန်တော့ နော် "
" ဟာမမကလဲအခုဘဲေ၇ာက်တယ်ခုဘဲနှင်နေပြန်ပါပြီ..သွားမှာပါမမရဲ့ မောင်လေးမမစားဘို့ သရက်သီး
သွားယူမလို့ ..ထမင်းမစားနဲ့ အုံးနော်မောင်လေးကိုစောင့်နေမောင်လေးလဲမမနဲ့ တူတူစားမယ်"
ဖွားမြကဆက်ပြောတယ် "အဲဒီ လိုနဲ့ အဲဒီနေ့ ဘဲခင်မောင်ချိုကိုသူ့ အိမ်ကအတင်းချုပ်ပြီးကားပေါ်တင်
မြို့ ကမာဂရက်နဲ့ ပေးစားဘို့ အလုတ်မှာ..လမ်းခုလတ်ရောက်တော့ ခင်မောင်ချိုထွက်ပြေးဘို့ ကားပေါ်က
ခုန်အချနောက်ကကားတိုက်မိပြီး..အတိတ်မေ့ သွားတယ်..မြကြာဖြူကိုလုံးဝမမှတ်မိတော့ ဘူး..
မာဂရက်သာသူ့ ချစ်သူလို့ ထင်ပြီးလက်ထပ်လိုက်တယ်..အဲဒီသတင်းကြားပြီးထဲကမြကြာဖြူရူး
သွားတာအခုထိပေါ့အေ...ဟိုဘ၀က၀ဋ်ကြွေးထင်ပါတယ်အေ..အဖွားမြလဲမကြည့်ရက်ပါဘူး.."
အဲဒီအချိန်မှာထမင်းစားပြီးကွတ်ပြစ်လေးပေါ်မှာတက်ထိုင်နေတဲ့ မြကြာဖြူကဆံပင်ထက်က
ခရေပန်းလေးတွေကိုယုယစွာကိုင်နေရင်းကပြောနေတဲ့ စကားလေးကိုကျမတို့ နားထောင်
ကြည့်ရအောင်နော်..........................................................................................
ခရေပန်းလေးတွေရယ်လူကြုံနဲ့ ဘဲပန်းပေးခိုင်းတယ်ခုထိပြန်မလာသေးဘူး..မမမောင်လေးကိုစာင့်နေ
တယ်လို့ ...ထမင်းတူတူစား၇အောင်မမရဲ့ နားနားလေးကိုမြန်မြန်ပြန်လာပါလို့ ..ပြောပေးပါနော်..
မမမှာဖြင့်သူပန်ပေးဘို့ အတွက်စောင့်လိုက်ရတာ..မောင်လေးနော်..မြန်မြန်ပြန်လာ..လာမှသိမယ်..ဟင်း
မောင်လေးရေလာပါတော့ 
မမမျှော်လှပေါ့
တပွင့်နှစ်ပွင့်ခရေလေးသီ
သချင်းလေးနှုတ်ကမည်
မြကြာဖြူဆီပို့ ဖို့ အရေး
မောင်လေးကြိုးစားကောက်တယ်မနှေး
ခရေလေးကသက်သေတည်
မောင်လေးအချစ်တွေသီ
မြကြာဖြူမျှာ်နေသေး
မောင်လေးရင်ငွေ့ နွေးနွေးလေး...
ပြန်လာပါတော့ မောင်လေးရယ်မမလွမ်းလှပြီကွယ်..လာပါတော့ နော်..မမဘာကိုမှမမက်မောပါဘူး
မောင်လေးမမနားနားလေးေ၇ာက်ရင်တော်ပါပြီ..လာပါတော့ နော်...နော်...နော်..
မြကြာဖြူတယောက်ကဗျာလေးရွတ်ရင်းစကားလေးပြောရင်းသူမရဲ့ ပါးပြင်ပေါ်သို့ မျက်ရည်များတာကျိုးသလို
ဒလဟောလိမ့်လိမ့်ပြီးစီးဆင်းလာပါတော့ သည်..
*******************************************************************************************************
ဒုတိယပိုင်း...မျက်ဝန်းထဲမှာ၇ွာတဲ့ မိုး (သို့ ) ခင်မောင်ချို..သူငယ်ချင်းလေးတို့ ဆက်လက်အားပေးပါအုံးနော်..
ကြိုးစားပါဦးမည်
စာပေနဲ့ သူငယ်ချင်းလေးများကိုအစဉ်လေးစားလျှက်
ကြယ်စင်ဖြူ