Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

အခွင့်အရေး

$
0
0

တစ်နေ့မှာပေါ့။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းကို ရောက်သွားခဲ့တယ်။ တစ်စုံတစ်ခုသော အကြောင်းနဲ့ပေါ့။ တိုင်းရင်းသား ကလေးငယ် စုံလင်စွာနဲ့ပါပဲ။ ပျော်စရာလည်း ကောင်းသလို ကလေးဘ၀ရဲ့ လွတ်လပ်မှု့ အရသာကိုလည်း ခံစားခဲ့ရပါတယ်။ ပြီးတော့ အားငယ်နေတဲ့ ကလေးလေးတွေ။ ဘာမှ မသိပဲ စိတ်ထဲရှိတဲ့အတိုင်း သွားလာ လှုပ်ရှားနေတဲ့ ကလေးလေးတွေ။ စာသင်ချိန် စာသင်၊ အိပ်ချိန် အိပ်၊ ဆော့ချိန်  ဆော့နေတဲ့ ကလေးလေးတွေ။ ဘယ်နေရာ ရောက်ရောက် ကျွန်တော် အရင်ဆုံး ကြည့်တတ်တာက ထွိုင်းလက်ထ်။ ထွိုင်းက်ထ် မကောင်းရင် မနေတတ်ဘူး။ အကျင့်ပါနေတာ။ ကျောင်းရောက်ပြီး ပြောစရာရှိတာ လုပ်စရာရှိတာ လုပ်ပြီး ထွိုင်းလက်ထ် သွားလိုက်တယ်။ အခန်းသုံးခန်းမှာ ကျွန်တော်က အရှေ့ဘက်အစွန်းဆုံး အခန်းမှာ ၀င်လိုက်တယ်။ ကျွန်တော် ၀င်ပြီး မကြာပါဘူး။ ဆူညံဆူညံနဲ့ ကလေးသံတွေ ကြားလိုက်ရတယ်။ ၀ုန်း ဒိုင်း- ဆို တံခါးတွေကို အတင်းဖွင့် အတင်းပိတ်ပြီး “ဟေ့ကောင်၊ မင်းနဲ့ငါ ပြိုင်မယ်” ဆိုတဲ့ အသံကို ကြားလိုက်ရတယ်။ ကျွန်တော်လည်း အသာလေး ငြိမ်နေရတာပေါ့။ သူတို့ ဘာတွေ ပြိုင်ကြမှာလဲ။ စိတ်ဝင်စား သွားတယ်လေ။ မကြာပါဘူး။

အင်း

အင်း

အား

အား

အင်းးးးးးးးးးးးးးးးးး

အင်းးးးးးးးးးးးးးးးးးးးးးး

အားးးးးးးးးးးးးးးးးးးး

အားးးးးးးးးးးးးးးးးးးး

အီးးးးးးးးးးးးးးး

အီးးးးးးးးးးးးးးး

ဝေးးးးးးးးးးးးး

ဝေးးးးးးးးးးးးးးးးးးး

ဟေးးးးးးးးးးးးးးးးးးး

ဟေးးးးးးးးးးးးးးးးးးးးး

ဝိုးးးးးးးးးးးးးးးးးးးးးးးးးး

ဝိုးးးးးးးးးးးးးးးးးးးးးးးးးးး

ဒုန်း ဒုန်း ဒုန်း ဒုန်း ဒုန်း (နံရံကို လက်သီးနဲ့ ထိုးသံများ)

ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် (ရေခွက်နဲ့ ရိုက်သံများ)။

သြော် သူတို့တွေ အီးပြိုင် ပါနေကြတာကိုး။ ဆူညံနေတာပဲ။ တစ်ဘက်ခန်းက ကျွန်တော့်မှာ အသံထွက်အောင်လည်း မရယ်ရဲဘူး။ မရယ်ပဲလည်း မနေနိုင်ဘူး။ အသံတိတ် ရယ်နေခဲ့ရတယ်။ သူတို့ဘ၀လေးတွေရဲ့ လွတ်လပ်မှု့ပေါ့။ ဟုတ်တယ်။ ဒါဟာ သူတို့တွေရဲ့ အခွင့်အရေးပဲ။ ကျွန်တော့်အတွက် အဲဒီအခွင့်အရေးတွေ မရှိတော့ဘူး။ ပြန်မရ နိုင်တော့ဘူး။ လုပ်တော့ ဘာဖြစ်လဲ။ ဘယ်သူက တရား လာစွဲမှာလဲ။ ဒီလိုပြောလို့တော့ ရတာပေါ့။ ဒါပေမဲ့ လောက ပတ်ဝန်းကျင်က လက်မခံတော့ဘူးလေ။

 

ကျွန်တော်ငယ်ငယ်က ရေချိုးတဲ့အခါ မေမေက အ၀တ်တွေ အကုန်ချွတ်ပြီး ချိုးပေးခဲ့တယ်။ အဲဒါဟာ ကလေးဘ၀မှာသာ ရတဲ့ အခွင့်အရေးပဲ။ ခုတော့ အဲဒီအခွင့်အရေးတွေ ကျွန်တော့်မှာ မရှိတော့ဘူး။ ငယ်ငယ်က လူကြားထဲမှာ ရှူးရှူးပေါက်တာ အီးအီးပါတာ လုပ်ခဲ့ဘူးတယ်။ ဘယ်သူကမှ အပြစ်မတင်ဘူး။ အဲဒီအခွင့်အရေးတွေလည်း ခု ကျွန်တော့်မှာ မရှိတော့ဘူး။ ကျွန်တော့်ဘ၀ကို ပြန်ကြည့်ကြည့်ရင် အသက်အရွယ်အရ ရလာတဲ့အခွင့်အရေးထက် ဆုံးရှုံးသွားတဲ့အခွင့်အရေးတွေက ပိုများမယ်ထင်တာပဲ။ ငယ်ငယ်က ဖေဖေ့ခေါင်းပေါ်လည်း တက်ခဲ့တယ်။ ဟိုသွား ဒီသွားလျှောက်သွားခဲ့တယ်။ ခု အဲဒီလို နေခွင့် မရှိတော့ဘူး တစ်ခုတော့ ရှိတာပေါ့ ကလေးဘ၀မှာ ရတဲ့အခွင့်အရေးက သိပ်ပြီး တန်ဘိုးမရှိဘူး။ ဘာလို့လဲဆိုတော့ အများအကျိုးပြု လောကအကျိုးပြု ကိုယ့်လူမျိုး ကိုယ့်တိုင်းပြည် ကိုယ့်ဘာသာအတွက် အကျိုးပြု လုပ်ငန်းတွေကို မလုပ်နိုင်လို့ပဲ။ ပြီးတော့ အခွင့်အရေးကို အလွဲသုံးစား လုပ်ခဲ့မယ်ဆိုရင်လည်း သိပ်ပြီး ဆိုးကျိုး မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ကလေးဘ၀ရဲ့ လုပ်နိုင်စွမ်းက သိပ်ပြီး အားမကြီးသေးလို့လေ။ အသက်အရွယ်အရ ရလာတဲ့အခွင့်အရေးက နည်းသွားပေးမဲ့ မှန်မှန်ကန်ကန် အသုံးချ ပြုလုပ်ဆောင်ရွက်မယ်ဆိုရင် ကိုယ့်အကျိုး ကိုယ့်လူမျိုး ကိုယ့်နိုင်ငံ ကိုယ့်ဘာသာ ကမ္ဘာသူ ကမ္ဘာသားအများအတွက် အကျိုးဖြစ်အောင် လုပ်ဆောင်နိုင်တယ်။ ပြီးတော့ အခွင့်အရေးကို အလွဲသုံးစား လုပ်ခဲ့မယ်ဆိုရင်လည်း များစွာမှ ဆိုးကျိုးကို ဖြစ်စေနိုင်တယ်။ ဘာလို့လဲ ဆိုတော့ ပြုနိုင်တဲ့ စွမ်းအားက ကြီးမားလာလို့လေ။ ၂၉- ဆိုတဲ့ ကျွန်တော်တို့အရွယ်မှာ ကလေးဘ၀ကရခဲ့တဲ့ အခွင့်အရေးတော်တော်များများကို ဆုံးရှုံးခဲ့ကြပါပြီ။ ဒါပေမဲ့ ဘ၀အတွက် ဆန္ဒအတွက် သံသရာအတွက် အထောက်အကူပြုမဲ့ လုပ်ငန်းတွေ များစွာကို လုပ်ပိုင်ခွင့် ရနေကြပြီပဲ။ အခွင့်အရေးကို အကျိုးရှိအောင် လုပ်တတ်ဘို့ အသုံးချတတ်ဘို့ပဲ လိုတယ်။ နောက်ဆုံး ၆၀- အရွယ်ရောက်ကုန်ကြပြီ ဆိုရင်တော့ ကလေးဘ၀ရဲ့ အခွင့်အရေးတွေရော လူလတ်ပိုင်းတွေရဲ့ အခွင့်အရေးတွေရော လက်လွတ်ဆုံးရှုံးကုန်ပြီပေါ့။ သွားချင်ပေမဲ့ သွားလို့ မသင့်တော့ဘူး။ မသွားနိုင်တော့ဘူး။ လုပ်ချင်ပေမဲ့ လုပ်လို့ မသင့်တော့ဘူး။ မလုပ်နိုင်တော့ဘူး။ ပြောချင်ပေမဲ့ ပြောလို့ မသင့်တော့ဘူး။ မပြောနိုင်တော့ဘူး။ အရာရာတိုင်းက မသင့်တာ မလုပ်နိုင်တာတွေ ချည်းပဲနော်။ တဖြေးဖြေးနဲ့ ဆုံးရှုံးသွားလိုက်တာ နောက်ဆုံးတော့ ခပ်ကျဉ်းကျဉ်းတွင်းလေး တစ်တွင်းစာပဲ။ အဲဒီနောက်တော့ တဖြေးဖြေးနဲ့ ဆုံးရှုံးသွားလိုက်တာ လုံးဝ ပျောက်ကွယ်သွားတဲ့အထိပါပဲ။ အခွင့်အရေးလေး ရှိတုန်းခဏ နေခွင့်ရနေကြတာ။ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ နေကြသင့်တာပေါ့။ ဆုံခွင့်ရတဲ့ ခဏ တွေ့ခွင့်ရတဲ့ခဏ ပြောခွင့်ရတဲ့ခဏလေးမှာ မေတ္တာပါတဲ့ အလုပ်တွေ မေတ္တာပါတဲ့ စကားတွေ မေတ္တာပါတဲ့ အကြံပြု အတွေးတွေနဲ့ ကိုယ့်အကျိုး အများအကျိုးကို ဆောင်ရွက်သင့်တာပေါ့နော်။ အဲလိုမှ မဟုတ်ရင်တော့ နည်းပါး နည်းပါးလာတဲ့ အခွင့်အရေးတွေကို မီးရှို့ မီးရှို့ပစ် နေတာနဲ့ တူနေတော့မှာပေါ့။ အခွင့်အရေးဆိုတာ ယူတတ်သူအတွက် အကျိုးဖြစ်သလို မယူတတ်သူအတွက် အပြစ်ဖြစ်ပါတယ်။ မရတော့တဲ့ အခွင့်အရေးတွေ မရသေးတဲ့အခွင့်အရေးတွေကို မျှော်လင့်နေလို့ မဖြစ်ပါဘူး။ မရတော့တဲ့အခွင့်အရေးက ဘယ်တော့မှ  ပြန်လာတော့မှာ မဟုတ်ဘူးလေ။ မရသေးတဲ့ အခွင့်အရေးကလည်း ရမယ် မရဘူးဆိုတာ မသေချာဘူး။ ဒါကြောင့် ရနေတဲ့ အခွင့်အရေးကိုလည်း ကိုယ့်အတွက် အများအတွက် အကျိုးရှိရှိ အသုံးပြုပါ၊ အခွင့်ရလို့ တွေ့ကြတုန်းခဏ ဆုံကြတုန်းခဏ ပြောကြတုန်းခဏမှာ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့ နဲ့ ပြောပါဆိုပါ ဆက်ဆံပါ- လို့ စေတနာ စကား ဆိုချင်ပါတယ်။ ကျွန်တော်တို့ အားလုံး အခွင့်အရေးလေး ရှိနေတုန်းမို့ နေခွင့်ရ ဆုံခွင့်ရ ပြောခွင့်ရ ခင်ခွင့်ရနေကြတာပါ။ အခွင့်အရေးမရှိတော့တဲ့အခါ ကျွန်တော်တို့ အားလုံး -------

 

 

ဆန္ဒမွန်ဖြင့်

အားလုံးကို

ခင်တဲ့

စံလင်း


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...