Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဘဝပါရမီအသင်း၏ ကုသိုလ်ကို ထပ်တူသာဓုခေါ်ကြပါစို့

$
0
0

ဇန်န၀ါရီ (၂၇) ရက်နေ့က စင်္ကာပူနိုင်ငံ Jayamangala Buddhist Vihara(Clementi) ဘုန်းကြီးကျောင်းတော်တွင် ပြုလုပ်ခဲ့သည့် ဘဝပါရမီခရီးသွားဖော်အသင်း၏ ဆွမ်းကျွေးတရားတော်နာတွင် တရားနာသို့ အကြောင်းအမျိုးမျိုးကြောင့် အရောက်မလာနိင်ခဲ့ကြသည့် မန်ဘာအပေါင်းတို့အား ပြုလုပ်ခဲ့သည့် ကုသိုလ်ဒါနတို့ကို ကြည်နူးပီတိနှင့် သာဓုအနုမော်ဓန ခေါ်ဆိုနိုင်ရန် ပြန်လည်ဝေမျှပေးလိုက်ပါသည်။

ပြန်လည်ဝေမျှခြင်း အနည်းငယ် နောက်ကျခဲ့ခြင်းမှာ ပို့စ်တင်သူ၏ ချွတ်ယွင်းအားနည်းခြင်းသာ ဖြစ်ပါကြောင်းနှင့် နားလည်ခွင့်လွတ်ပေးပါရန် ကြိုတင် မေတ္တာရပ်ခံပါသည်။

  ဘဝပါရမီခရီးသွားဖော်အသင်း၏ မန်ဘာများ၏ သဒ္ဒါတရားဖြစ် ဇန်န၀ါရီလတွက် အလှူငွေများကို ရခိုင်ဒေသသို့လှူဒါန်းခဲ့သည့်အပြင် စင်္ကာပူနိုင်ငံ Jayamangala Buddhist Vihara(Clementi) သို့လည်း နေ့ဆွမ်းဆက်ကပ်လှူဒါန်းပူဇော်ခဲ့ပါသည်။

 

 

 

ထို့နောက် သင်္ကန်းပရိက္ခရာအစုံတို့ဖြစ် ဆရာတော်အား ဆက်ကပ်လှူဒါန်းပြီး ဩကာသကို ညီတူသံပြိုင်ရွတ်ဆိုလျှက် တရားနားခြင်းကို အစပြုခဲ့ကြပါသည်။

ဆရာတော်မှ ဘဝပါရမီကောင်းစေရန် အတွက်

ကုသိုလ်ခြောက်ခု နေ့စဉ်ပြု

ဆိုသည့် တရားတော်ကို ဟောကြားခဲ့ပါသည်။

 

ထို နေ့စဉ်ပြုရမည့် ကုသိုလ်ခြောက်ခုမှာ

၁။ သရဏံဂုံ (၃) ပါး ကို နေ့စဉ်ဆောက်တည်ပါ။

၂။ (၅) ပါးသီလဆောက်တည်ပါ။

၃။ ဗုဒ္ဓါနုဿတိပွားများပါ။

၎။ ဝိပဿနာ ရှုမှတ်ပါ။

၅။မေတ္တာ ဘာဝနာ ပွားများပါ။

၆။ ဒါနတစ်ခုခု လက်မလွတ်အောင်ပြုပါ။

ဆရာတော် ရှင်းလင်းပြောကြားခဲ့သော တရားအကျဥ်း.....

၁။ ဗုဒ္ဓဘာသာဝင်လူမျိုးတစ်ယောက်အနေနှင့် သရဏံကို တည်မြဲရပါမည်။ မနက်အိပ်ရာမှ နိုးထသည်နှင့် ဘုရားရှင်အား အာရုံပြုကာ သရဏံဂုဏ်(၃)ပါးအား ရွတ်ဆို၍ သင်၏ နေ့သစ်ကို စတင်လိုက်ပါ။

၂။ ထို့နောက် သင်၏ နေ့တစ်နေ့တာအတွက် (၅)ပါးသီလကို အတတ်နိုင်ဆုံး လုံခြုံအောင် ထိမ်းသိမ်ခြင်းဖြစ် မကောင်းမှုများကို ရှောင်ရှားကြရပါမည်။

၃။ဘုရားဂုဏ်တော် ၊တရားဂုဏ်တော်များ ပွာများခြင်းဖြစ် သင်၏ နေ့များကို ဘုရား၊တရား၊သံဃာ တော်များ၏ ကျေးဇူးတော်ဖြစ်စဉ်ဆက်မပြတ် နှလုံးသွင်းတတ်ပါစေ။

၎။ဝိပဿနာကို မပျက်မကွက် ရှု့မှတ်စေလိုပါသည်။ ဝင်သက်၊ထွက်သက် ရေတွက်၍ အနည်းဆုံး တစ်နေ့လျှင် အကြိမ်တစ်ရာမျှ မိမိ၏ ဝင်သက် ၊ ထွက်သက်ကို ရှုမှတ်ခြင်းဖြစ် ဝိပဿနာတရားကို ရှု့မှတ်ဖြစ်အောင် ကြိုးစားကြစေချင်ပါသည်။

၅။ ၃၁ ဘုံ၌ ကျင်လည်ကြကုန်သော သတ္တဝါ အပေါင်းတို့အား မေတ္တာထားကာ မေတ္တာဘာဝနာ ပွားများကြစေလိုပါသည်။

၆။ နေ့စဉ် နေ့တိုင်း ဒါနတစ်ခုခုကို မလွတ်အောင် ပြုရပါမည်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနှင့် အလှူဒါနပြုခြင်း ၊ မြတ်စွာဘုရားရှင်အား ဆွမ်းတော် ၊ခဲဘွယ် ဘောစဉ် ကပ်လှူခြင်း ၊ ဆီမီး၊ပန်းရေချမ်းကပ်လှူခြင်း အစရှိသည်မှ ဒါနတို့တွင် အနည်းဆုံး တစ်ခုမျှ နေ့စဉ်ပြုလုပ်ပေးသင့်ကြောင်း

ဆရာတော်ကြီးမှ ဆုံးမဟောကြားတော် မူခဲ့ပါသည်။

ထို့နောက် သစ္စာလေးပါးခွဲခြားနည်း တရားတော်ကို ဆက်လက်ဟောကြားတော်မူပါသည်။

သစ္စာလေးပါး ခွဲခြားနည်း

၁။ မြင်စိတ်ဘယ်မှာပေါ်၊ မျက်စိမှာပေါ် ၊ ဘယ်မှာပျက် ၊ မျက်စိမှာပျက် ၊ ဖြစ်ပျက်။

ဖြစ်ပျက်က ဒုက္ခသစ္စာ ၊ သိတာက မဂ္ဂသစ္စာ ၊ သေတာက သမုဒ္ဒယသစ္စာ ၊ နောင်ခန္ဓာ ပြန်မလာတာက နိရောဓသစ္စာ။

၂။ ကြားစိတ်ဘယ်မှာပေါ် ၊ နားမှာပေါ် ၊ ဘယ်မှာပျက် ၊ နားမှာပျက် ၊ ဖြစ်ပျက်။

ဖြစ်ပျက်က ဒုက္ခသစ္စာ ၊ သိတာက မဂ္ဂသစ္စာ ၊ သေတာက သမုဒ္ဒယသစ္စာ ၊ နောင်ခန္ဓာ ပြန်မလာတာက နိရောဓသစ္စာ။

၃။ နံစိတ်ဘယ်မှာပေါ် ၊ နှာခေါင်းမှာပေါ်၊ဘယ်မှာပျက် ၊ နှားခေါင်းမှာပျက် ၊ ဖြစ်ပျက်။

ဖြစ်ပျက်က ဒုက္ခသစ္စာ ၊ သိတာက မဂ္ဂသစ္စာ ၊ သေတာက သမုဒ္ဒယသစ္စာ ၊ နောင်ခန္ဓာ ပြန်မလာတာက နိရောဓသစ္စာ။

၎။ စားစိတ်ဘယ်မှာပေါ် ၊ လျှာမှာပေါ် ၊ ဘယ်မှာပျက် ၊ လျှာမှာပျက် ၊ ဖြစ်ပျက်။

ဖြစ်ပျက်က ဒုက္ခသစ္စာ ၊ သိတာက မဂ္ဂသစ္စာ ၊ သေတာက သမုဒ္ဒယသစ္စာ ၊ နောင်ခန္ဓာ ပြန်မလာတာက နိရောဓသစ္စာ။

၅။ထိစိတ်ဘယ်မှာပေါ် ၊ ကိုယ်မှာပေါ် ၊ ဘယ်မှာပျက် ၊ ကိုယ်မှာပျက် ၊ ဖြစ်ပျက်။

ဖြစ်ပျက်က ဒုက္ခသစ္စာ ၊ သိတာက မဂ္ဂသစ္စာ ၊ သေတာက သမုဒ္ဒယသစ္စာ ၊ နောင်ခန္ဓာ ပြန်မလာတာက နိရောဓသစ္စာ။

၆။ကြံတွေးစိတ်ဘယ်မှာပေါ် ၊ မနောမှာပေါ် ၊ ဘယ်မှာပျက် ၊ မနောမှာပျက် ၊ ဖြစ်ပျက်။

ဖြစ်ပျက်က ဒုက္ခသစ္စာ ၊ သိတာက မဂ္ဂသစ္စာ ၊ သေတာက သမုဒ္ဒယသစ္စာ ၊ နောင်ခန္ဓာ ပြန်မလာတာက နိရောဓသစ္စာ။

မဂ်ဥာဏ်ထည့်စွက် သစ္စာလေးဖြာ ဘာဝနာ

၁။ မြင်စိတ်ဘယ်မှာပေါ် ၊မျက်စိမှာပေါ် ၊ ဘယ်မှာပျက် ၊ မျက်စိမှာပျက် ၊ ဘယ်ကမြင် ဥာဏ်ကမြင် ၊ ဥာဏ်ဘယ်မှာပေါ် ၊ မနောမှာပေါ် ၊ ဘယ်မှာပျက် ၊ မနောမှာပျက် ၊ ဖြစ်ပျက်။

ဖြစ်ပျက်က ဒုက္ခသစ္စာ ၊ သိတာက မဂ္ဂသစ္စာ ၊ သေတာက သမုဒ္ဒယသစ္စာ ၊ နောင်ခန္ဓာ ပြန်မလာတာက နိရောဓသစ္စာ။

၂။ကြားစိတ်ဘယ်မှာပေါ် ၊နားမှာပေါ် ၊ ဘယ်မှာပျက် ၊ နားမှာပျက် ၊ ဘယ်ကမြင် ဥာဏ်ကမြင် ၊ ဥာဏ်ဘယ်မှာပေါ် ၊ မနောမှာပေါ် ၊ ဘယ်မှာပျက် ၊ မနောမှာပျက် ၊ ဖြစ်ပျက်။

ဖြစ်ပျက်က ဒုက္ခသစ္စာ ၊ သိတာက မဂ္ဂသစ္စာ ၊ သေတာက သမုဒ္ဒယသစ္စာ ၊ နောင်ခန္ဓာ ပြန်မလာတာက နိရောဓသစ္စာ။

 

 

 

၃။နံစိတ်ဘယ်မှာပေါ် ၊နှာခေါင်းမှာပေါ် ၊ ဘယ်မှာပျက် ၊ နှားခေါင်းမှာပျက် ၊ ဘယ်ကမြင် ဥာဏ်ကမြင် ၊ ဥာဏ်ဘယ်မှာပေါ် ၊ မနောမှာပေါ် ၊ ဘယ်မှာပျက် ၊ မနောမှာပျက် ၊ ဖြစ်ပျက်။

ဖြစ်ပျက်က ဒုက္ခသစ္စာ ၊ သိတာက မဂ္ဂသစ္စာ ၊ သေတာက သမုဒ္ဒယသစ္စာ ၊ နောင်ခန္ဓာ ပြန်မလာတာက နိရောဓသစ္စာ။

 

 

 

၎။စားစိတ်ဘယ်မှာပေါ် ၊လျှာမှာပေါ် ၊ ဘယ်မှာပျက် ၊ လျှာမှာပျက် ၊ ဘယ်ကမြင် ဥာဏ်ကမြင် ၊ ဥာဏ်ဘယ်မှာပေါ် ၊ မနောမှာပေါ် ၊ ဘယ်မှာပျက် ၊ မနောမှာပျက် ၊ ဖြစ်ပျက်။

ဖြစ်ပျက်က ဒုက္ခသစ္စာ ၊ သိတာက မဂ္ဂသစ္စာ ၊ သေတာက သမုဒ္ဒယသစ္စာ ၊ နောင်ခန္ဓာ ပြန်မလာတာက နိရောဓသစ္စာ။

 

 

 

၅။ထိသိစိတ်ဘယ်မှာပေါ် ၊ကိုယ်မှာပေါ် ၊ ဘယ်မှာပျက် ၊ ကိုယ်မှာမှာပျက် ၊ ဘယ်ကမြင် ဥာဏ်ကမြင် ၊ ဥာဏ်ဘယ်မှာပေါ် ၊ မနောမှာပေါ် ၊ ဘယ်မှာပျက် ၊ မနောမှာပျက် ၊ ဖြစ်ပျက်။

ဖြစ်ပျက်က ဒုက္ခသစ္စာ ၊ သိတာက မဂ္ဂသစ္စာ ၊ သေတာက သမုဒ္ဒယသစ္စာ ၊ နောင်ခန္ဓာ ပြန်မလာတာက နိရောဓသစ္စာ။

 

 

 

၆။ကြံတွေးစိတ်ဘယ်မှာပေါ် ၊မနောမှာပေါ် ၊ ဘယ်မှာပျက် ၊ မနောမှာပျက် ၊ ဘယ်ကမြင် ဥာဏ်ကမြင် ၊ ဥာဏ်ဘယ်မှာပေါ် ၊ မနောမှာပေါ် ၊ ဘယ်မှာပျက် ၊ မနောမှာပျက် ၊ ဖြစ်ပျက်။

ဖြစ်ပျက်က ဒုက္ခသစ္စာ ၊ သိတာက မဂ္ဂသစ္စာ ၊ သေတာက သမုဒ္ဒယသစ္စာ ၊ နောင်ခန္ဓာ ပြန်မလာတာက နိရောဓသစ္စာ။

သာဓု သာဓု သာဓု

ဆရာတော်ကြီး ဟောကြားတော်မူခဲ့သော ကုသိုလ်ခြောက်ခုနေ့စဉ်ပြုနှင့် သစ္စာလေးပါး ခွဲခြားသိမြင်ပုံ ၊ မဂ်ဥာဏ်ထည့်စွက် ခွဲခြားသိမြင်ပုံတို့ကို ကုသိုလ်ဒါနအဖြစ် ပြန်လည်မျှဝေပေးခဲ့ပါသည်။

ဘဝပါရမီခရီးသွားဖော်အသင်း၏ ပြုခဲ့သမျှ ကောင်းမှူကုသိုလ် အစုစုတို့ကို သာဓုခေါ်ဆို၍ ကုသိုလ်ပွားများနိုင်ကြပါသည်။

 

 

 

 

.... (¯`v´¯)♥
.......•.¸.•´
....¸.•´
... (
☻/
/▌♥♥
/ \ ♥♥ မေသဇင်


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>