အချစ်ဟာ ပျားရည်လိုချိုမြိန်တယ်...
ငါစားသုံးစရာလို့မထင်မှတ်ခဲ့ဘူး...
ရင်ကြပ်ရှိနေလို့....
သူ့အတွက်ကောင်းစေချင်လွန်းလို့...
ဒီလိုစကားမျိုးနဲ့ ကိုယ်ကျိုးရှာတဲ့လူစားမျိုးတွေဘ၀ကြီးမှာများလွန်းလို့ရိုးနေပြီ...
ငါ ကောင်မလေးကို ကောင်းစေချင်လိုက်တာ...
၁၀၀% မှာ၈၅%က ရှင့်ကောင်းကျိုးအတွက်..
ကမ္ဘာပေါ်မှာ ငါအမုန်းဆုံးလူတွေစာရင်းထုတ်ပြရရင်
ရှင်ကထိပ်ဆုံးကပဲ...
ဖွတ်တက်မှတောင်ပို့မှန်းသိတာထက်
မုတ်ကောင်ဆီကပုလဲကိုထုတ်ယူဖို့
ဘယ်ရေမုဆိုးကမှလက်မတွန့်ခဲ့ဖူး...
ဝန်ခံလိုက်စမ်းပါ...ရှင်တို့တွေရဲ့ မျက်နှာဖုံးအောက်က ဘီလူးရုပ်တွေ...
တကယ်ပါ ...
ကမ္ဘာပေါ်မှာ ငါ့အမုန်းဆုံလူတွေကို စာရင်းချီပြရရင်
ရုပ်ပြလုပ်စား...မျောက်ပြဆန်တောင်းတက်တဲ့
ရှင်တို့လိုကိုယ်ကျိုးရှာ မင်းသားခေါင်းဆောင်းထားတဲ့ဘီလူးတွေပဲ...
ဝန်ခံပါတယ်...
သူငယ်ချင်းတွေနဲ့ နားအေးပြီးရောစနောက်မှုကျပေမယ့်
ရှင့်ကို ကျွန်မအိပ်မက်ထဲတောင်အလည်မခေါ်ဘူး...
ရက်စက်တာတော့မဟုတ်ပါဘူး...သူငယ်ချင်းတွေတောင် ...စိတ်ဆိုးရင် နင့်ကိုဖတ်နမ်းလိုက်မှာနော်လို့စကြသေးတာ
တကယ်ပါ...ရှင့်လိုမုတ်ကောင်မွေးမယ့် ဘူဇွာမျိုးတော့ ...ပုလဲတို့က အိပ်မက်ထဲတောင်အလည်မခေါ်ဘူး...
တိမ်တိုက်(TU)
↧
ရေမုဆိုး
↧