အပေါ်ယံကာလာတင်ပြီး ဆေးခါးကြီးလာမကျွေးနဲ့ မစားချင်ဘူးသွား
နတ်ဆိုးတွေရဲ့ကျိန်စာဟာ ရောင်နီလာ၇င်ပြယ်သွားမလား
ကြီးနိုင် ငယ်ညှင်းနဲ့ ကိုယ်ကျင့်တ၇ားတွေ ပေါက်ပေါက်ဖောက်သလိုပျောက် တိုက်ဆောက်ထားတဲ့ ဟောဒီ
နံရံတွေကြားမှာ ကျွန်တော်ရဲ့မေတ္တာတ၇ားဟာ အရောင်ပြောင်းမသွားပါဘူးအမေ.........
အဂတိ တရားတွေကို ခြတွေကစား၊ လိပ်ပြာလှုံသလိုနဲ့ အရေခြုံထားတဲ့ကြားက စိမ့်ထွက်လာတဲ့ လူတချို့ရဲ့
သိက္ခာရေတွေက နံဟောင်နေလို့ အသက်အောင့်ထားရတယ်
အညှောက်ထွက်ခါစ အပင်ပေါက်လေးတွေ နွမ်းခြောက်သွားတာဟာ သိုးရေခြုံထားတဲ့ ၀ံပုလွေတွေကြောင့်ပဲ
မဟုတ်လားအမေ..........
ကျွန်တော်တို့ဟာ ပါရမီတွေနည်းပါးခဲ့လို့ အခါခါ လွဲမှားခဲ့တာပါ၊ သံသရာဆိုတာ ရဟတ်လိုလည်ပါတ်
နေတယ်ဆိုတာ မသိချင်ယောင်ဆောင်နေတာလား၊ သူတို့အိပ်ကတ်ထဲမှာ အကုသိုလိလက်မှတ်တွေပဲ
စုဆောင်းထားမိတာကို မသိချင်ယောင်ဆောင်ထားတာလားအမေ.........
ကယောင်ချောက်ချားနဲ့ အသံကျယ်တဲ့ ၀ါဒနောက် ကောက်ကောက်ပါသွားတာဟာ ကိုယ်စီးထားတဲ့မြင်း
အထီးမှန်း အမမှန်း မခွဲခြားတတ်တဲ့သူတွေရဲ့ အဖြစ်ပါ အမေ........
သူတို့ဝါဒတွေအကြောင်း ခြောင်းကြည့်လိုက်ရင် သိတဲ့အတိုင်းပါပဲအမေ.......
နောင်တတွေ ကိုယ်ပေါ် တွားတက်သလို အဆက်မပြတ်တက်နေတာတောင် ခါမချရဲတဲ့ဘ၀ ၊
ကိုညိုလင်းမောင်ပြောသလို အပေါ်ယံရွှေမှုံကြဲ အတွင်းကနှောက်ချေး ခံထားတဲ့သူတွေရဲ့ဘဝ
ဆရာနေဘုဏ်းဝေ ပြောသလို သူ့အပြစ်သူ မျိုချရင်း အိမ်ပြန်ချိန်ကိုကြောက်ရွံ့နေသူတွေရဲ့ဘဝ
သရေကျဖို့ ကြပ်ကြပ်တည်းတည်း စဉ်းစားနေချိန်မှာ အနီကတ်ထိတဲ့ဘ၀၊ မသူတော်တရားနဲ့ သူတပါးကို
ခါးခါးသီးသီးပျက်စီးစေတဲ့ဘ၀ ၊ အဲဒီဘ၀တွေကြားမှာ မလွတ်တမ်း အာပတ်သင့်နေတာ ကျွန်တော်တို့ပါအမေ
ရောင်စုံမျက်နှာဖုံးတွေ ရောင်စုံမျက်လုံးတွေ ရောင်စုံအကြည့်တွေအောက် မျက်နှာကိုအောက်ကျို့ရင်း
နေ့စွဲတွေ မှိုတက်နေတော့တာပဲ အမေ........
အခုချိန်ထိ မှိုတက်နေတုန်းပါပဲအမေ...........။
လမင်းမောင်(ရေဦး-ခေတ္တ)ကောလင်း
.....ရင်တွင်းဖွဲ့ဝေဒနာ....