Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

လူတို့၏ ရှေးအကျဆုံး အနွယ်အဆက်များ(သက်ရှိအစအပိုင်း -၂-)

$
0
0

 လူစစ်စစစ် တို့၏အကြောင်းအရာကို ကျွန်ုပ်တို့သည် အနည်းငယ်မျှသာသိခဲ့ရသည်။ ပုံပန်းသဏ္ဍန်ကိုမူ

မမြင်ဖူးခဲ့ချေ။ ရှေးကျသောနေရာဌာန ရွှံ့စေးမြေစေးများ၏အောက်ဆုံးထပ်တွင် ရှေးပဝေသဏီက တိမ်မြုပ်ပျောက်ကွယ်ခဲ့သော

အခြားတိရိစ္ဆာန်သတ္တဝါမျာ၏အရိုးစုများနှင့်ရော၍ ထို မထမလူစစ်စစ် တို့၏အရိုးအစအနများကိုသာ တွေ့ရှိခဲ့ရသည် ။

ပထမ လူစစ်စစ်တို့သည် နို့တိုက်သတ္တာဝါ အနွယ်ဝင်များဖြစ်ကြပီး ယနေ့ခေတ်လူတို့လောက်မထွားကျိုင်းပေ........

ပုညှက်ပီး နေပူလျှင်အခြောက် မိုးရွာလျှင်အစိုနေထိုင်ရသောကြောင့်အသားညိုကြ၏။ ခြေ၊လက်၊ခေါင်းများမှအပ တစ်ကိုယ်လုံးတွင်

ကြမ်းတမ်းသောအမွှေးအမြှင်များပေါက်ရောက်ဖုံးလွှမ်းလျှက်ရှိသည်။ လက်ချောင်းများကား သေးသွယ်သန်စွမ်းသောကြောင့် မျောက်တို့၏

လက်များနှင်ဆင်တူကြသည်။ နှဖူးကျဉ်း၍ သွားများကို ဇွန်းခရင်းသဖွယ် အသုံးပြုတတ်သော တောရိုင်းတိရိစ္ဆာန်များ၏ မေရိုးကဲ့သို့ရှိ၏။

မီးတောင်များမှ မီးတောက်မီးလျှံများမှတပါး မီးဟူ၍ မမြင်ဖူးသေးချေ....... ထိုလူတို့သည် စွတ်စိုမဲမှောင်သောတောခေါင်နက်ကြီးများတွင်

နေထိုင်၍ ဆာလောင်လျှင် သစ်ရွက် ၊သစ်မြစ်တို့ကိုသာ စားသုံးကြပီး တစ်ခါတစ်ရံ ငှက်ဥများကိုယူ၍ သားငယ်များကိုကျွေးမွေးတတ်သည်။

တစ်ခါတစ်ရံ သားကောင်ငယ်လေးများကို အမောတပန်းလိုက်၍ ဖမ်းတတ်ကြပီး အစိမ်းလိုက်ပင် ကိုက်ဝါး၍စားတတ်ကြသည်။

ထို လူတို့သည် နေ့အချိန်တွင် အစာရှာဖွေကြသည်။ညဘက်တွင်မူကား ကြမ်းကြုတ်သောတောရိုင်းတိရိစ္ဆာန်များ၏ရန်ကိုကာကွယ်နိုင်ရန်

သစ်ခေါင်းကြီးများ ၊ကျောက်ဂူ ကြီးများအတွင်းနေထိုင်ကြလေသည်။ နွေရာသီတွင် အလွန်ပူပျင်းသောနေပူဒဏ်ကိုခံကြရပီး ဆောင်း

ရာသီတွင်အလွန် အေးလွန်းလှသဖြင့် သားငယ်တို့သည် ထွေးပိုက်ထားသောမိခင်များ၏ ရင်ခွင်ထဲတွင် သေဆုံးသွားတတ်ကြလေသည်။

တောလိုက်၍ ထိခိုက်ကျိုးပဲ့ခဲ့ပါမူ ပြုစုပေးမည့်သူမရှိ ကြီးစွာသောဝေဒနာကိုခံစားလျှက် သေဆုံးတတ်ကြလေသည်။

ထိုသူတို့သည် အော်ဟစ်၍ အသံပြုတတ်ကြလေသည် ထိုအသံပြုသောအလေ့ဖြင့်နောင်နှစ်ပေါင်းများစွာကြာညောင်းလာသောအခါ

စကားသံအဖြစ်ပြောင်းလဲ အသုံးပြုတတ်လာကြလေသည်။

    ရှေးကျသောလူတို့တွင် ဓါး၊ပုဆိန် စသောလက်နက်များနှင့် အိမ်ရာဟူ၍မရှိချေ။ မွေးဖွားလိုက် သေဆုံးလိုက်နှင့်သာနေခဲ့ကြပီး

၎င်းတို့၏ ညှက်ရိုးကလေးများ ဦးခေါင်းခွံ အစအနလေးများမှတစ်ပါး တစ်စုံတစ်ရာဟူ၍ မကြွင်းကျန်ခဲ့ပေ....

ဤ အ၇ိုးကလေးများကိုသာထောက်ရှု၍  ရှေးနှစ်ပေါင်းသိန်းသန်းများစွာကဤ ကမ္ဘာတွင် အခြားတိရိစ္ဆာန်များနှင့်မတူသော

နို့တိုက်သတ္တာဝါ တစ်မျိုးရှိခဲ့၏ ထိုသတ္တဝါများသည် ခြေထောက်နှစ်ချောင်နှင့်လမ်းလျှောက်တတ်ပီး ရှေ့ခြေနှစ်ချောင်းကိုလက်

အဖြစ်အသုံးပြုကာ အစာစားတတ်ကြပြီး လူဝံနှင့်တူသော သတ္တာဝါမျိုးမှဆင်းသက်လာဟန်ရှိ၏ ။ ဤသတ္တဝါများမှ

အဆင့်ဆင့်ပြောင်းလည်းလာပီး လူဖြစ်လာဟန်ရှိသည်ဟု ခန်းမှန်းရလေသည် ။............။

                   

                  ဆရာဇေယျ ( လူ ) ဘာသာပြန်စာအုပ်မှကောက်နှုတ်တင်ပြပါသည် ။

           မြို့တော်သူ။မြို့တော်သားအပေါင်းပျော်ရွှင်ချမ်းမြေ့နိုင်ကြပါစေ.....................

                                                                                                                                       မှော်ဆရာ....


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>