Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

$$$$ လူတစ်ယောက်အတွက် ဥာဏ်ထိုင်းစေသော အချက်များ $$$$

$
0
0

၁။ နံနက်စာမစားခြင်း

    နံနက်စာစားလေ့မရှိသူများသည် သွေးထဲတွင် သကြားဓာတ်ပါဝင်မှု လျော့ကျလေ့ရှိပါသည်။ သို့ဖြစ်ပါက ဦးနှောက်အတွက် လိုအပ်သော

အာဟာရဓာတ်ကို မပြည့်မစုံ ဖြစ်စေကာ ဦးနှောက်ရှင်သန်ဖွင့်ဖြိုးမှုကို ထိခိုက်စေပါသည်။

၂။ အစားကြူးခြင်း

     လိုအပ်သည်ထက် ပိုပြီးစားသောက်ခြင်းသည် ဦးနှောက်သွေးကြောကို ကျစ်လစ်ခြင်း ဖြစ်ပေါ်စေပြီး မှတ်ဥာဏ်စွမ်းအားကို

လျော့ကျစေပါသည်။

၃။ ဆေးလိပ်သောက်ခြင်း

   ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောင့်အရွယ်အစားကိုကြုံ့စေပြီး သတိမေ့လျော့ခြင်းကိုဖြစ်စေပါသည်။

၎။ သကြားအစားများခြင်း

    သကြားစားသုံးမှုများပါက ဦးနှောက်၏ ပရိုတိန်း နှင့်  အာဟာရများစုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေပြီး ဦးနှောက်ဖွံ့ဖြိုးမှုကို

အဟန့်အတားဖြစ်စေပါသည်။

၅။ လေထုညစ်ညမ်းခြင်း

     လူ၏ကိုယ်တွင် အောက်ဆီဂျင်ပမာဏအများဆုံးအသုံးပြုသော အစိတ်အပိုင်းမှာ ဦးနှောက်ဖြစ်သည်။ ညစ်ညမ်းသောလေသည်

ဦးနှောက်သို့ အောက်ဆီဂျင်ထောက်ပံ့မှုကို လျော့နည်းစေပြီး ဥာဏ်တုံးစေပါသည်။

၆။ အိပ်ရေးပျက်ခြင်း

     ဦးနှောက်အနားပေးရန်အတွက် အိပ်ရေး၀၀အိပ်ရန်လိုအပ်ပါသည်။ ကြာရှည်အိပ်ရေးပျက်ပါက ဦးနှောက်ဆဲလ်သေဆုံးခြင်းကို

တိုးပွားစေပါသည်။

၇။ အိပ်နေစဉ် ခေါင်းစွပ်စွပ်ထားခြင်း

     ခေါင်းစွပ်/ခေါင်းပေါင်းဖြင့်အိပ်ခြင်းသည် ကာဗွန်ဒိုင်အောက်ဆိုက်ကို များပြားစေပြီး အောက်ဆီဂျင်လျော့နည်းစေသဖြင့်

ဦးနှောက်မှတ်ဥာဏ်ကိုထိခိုက်စေပါသည်။

၈။ ဖျားနေစဉ် ဦးနှောက်ကို အနားမပေးခြင်း

     ဖျားနာနေပါလျှက်ဦးနှောက်ကို အနားမပေးဘဲ အလုပ်လုပ်ခြင်း ၊ စာပေလေ့လာခြင်းများပြုလုပ်ခြင်းသည် မှတ်ဥာဏ်လျော့ပါး

စေသကဲ့သို့ ဦးနှောက်ကို ထိခိုက်စေပါသည်။

၉။ စဉ်းစားတွေးခေါ်သည့် အလေ့အကျင့်မရှိခြင်း

      စဉ်းစားတွေးခေါ်ခြင်းသည် ဦးနှောက်ဖွံ့ဖြိုးရန်လေ့ကျင့်ရာတွင် အကောင်းဆုံးနည်းပင်ဖြစ်သည်။ စဉ်းစားတွေးခေါ်လေ့မရှိလျှင်

ဥာဏ်တုံးစေပါသည်။

                                                           အားလုံးရွှင်လန်းချမ်းမြေ့ ကြပါစေ


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>