Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ပင်လုံသို့..သမင်လည်ပြန်

$
0
0

မောတို့မြေ

ကေမ ၻာဇ

လှပတဲ့ပင်လုံ..။

 

တစ်မြေထဲနေ

တစ်ရေထဲသောက်လို့

တစ်ယောက်အရေးတစ်ယောက်ကူ

တူညီတဲ့စိတ်ထား..။

 

ခွန်အားဆိုတာ

ပေါင်းစည်းညီညွှတ်ခြင်းပေမို့

သိုက်ပျက်တော့ ဥကွဲတတ်ပါသတဲ့

ဒီမိုကရေစီ စနစ်လမ်းမှာ

ရည်မှန်းချက်ခြင်းလည်းတူ

ရှေ့တူရူ ဘယ်မဝေးတော့ပြီမို့

ပင်လုံဆီ တစ်ခေါက်လှန်းကြပါစို့

အို...ပန်းတယ်မထင်..။

 

ကျွန်တော်တို့ရဲ့..လက်မ၊လက်ညိုး၊လက်ခလယ်၊လက်သူကြွယ်၊လက်သန်း၊

လက်တစ်ချောင်းချင်းအနေနဲ့..အနည်းအပါးအသုံးဝင်တာကလွဲလို့ ခွန်အားမရှိကြ

သီးခြားဝိသေသ သဘောဆောင်နေကြပါတယ်..။

ဒါပေမဲ့..စုပေါင်းလို့လက်သီးတင်းတင်းဆုပ်လိုက်ရင်တော့..အားရှိတဲ့လက်နက်တစ်ခု

ဖြစ်လာပါတော့တယ်..ရန်သူကိုထိုးမလား..ထုမလား..သေကွင်းများဆို

အသက်တောင်ပါသွားနိုင်ပါတယ်..။

 

တိုင်းပြည်တစ်ပြည်အနေနဲ့လည်း ဒီတိုင်းပါပဲ လူမျိုးစုတစ်စုချင်းဆိုတာ..လက်ချောင်းငယ်များ

လိုပါပဲ..သီးခြားသဘောသာဆောင်ပါတယ်..

သူ့ယဉ်ကျေးမှု..သူ့စာပေ..သူ့အထာနဲ့သူ့ဝိသေသ ရှိပြီးသားပါ

အားကြီးသူ လူမျိုးစုက အတင်အဓမ္မဖိနှိပ်လွှမ်းမိုးဖျောက်ဖျက်လို့မှမရတာ..

ဒါပေမဲ့..လူမျိုးစုငယ်တစ်စုချင်းအနေနဲ့တော့..လက်သီးဆုပ်တစ်ခုလို အားမရှိနိုင်ပါ..။

 

လွတ်လပ်ရေးမရမီ..ကာလလေးမှာ တစ်နှစ်အတွင်း လွတ်လပ်ရေးအရယူမယ်လို့

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဖဆပလအဖွဲ့ချုပ်က..တိုင်းပြည်ကိုဂတိပေးလိုက်ချိန်

နယ်ချဲ့ကပရိယာယ်နဲ့..လူမျိုးစုတစ်ချို့ကိုချန်လပ်လို့လွတ်လပ်ရေးပေးဖို့ကြံစည်လာပါတယ်

သူ့အကြံနဲ့သူပါ..တိုင်းရင်းသားခေါင်းဆောင်တစ်ချို့နဲ့လည်း လက်ဝါးချင်းရိုက်ထားပါတယ်..။

 

အင်္ဂလန်မှာ လုံးဝလွတ်လပ်ရေးရဖို့ စာပွဲဝိုင်းထိုင်ကြတော့

တိုင်းရင်းသားခေါင်းဆောင်တစ်ချို့က..ပြည်မနဲ့မပူးပေါင်းလိုကြောင်း သံကြိုးရိုက်ပါတော့တယ်

နယ်ချဲ့ရဲ့အကြံကတော့..မြန်မာပြည်ကို ခွဲခြားပြီး အင်အားနညိးစေချင်တဲ့သဘောပါ

ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ဖဆပလအဖွဲ့ချုပ်ကြီးနဲ့..

အမျှော်အမြင်ကြီးမားတဲ့တိုင်းရင်းသားခေါင်းဆောင်ကြီးများ ရှမ်းပြည် ပင်လုံမြို့လေးမှာ

၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာပင်လုံညီလာခံကြီးကို..

တိုင်းရင်းသားအသီးသီးရဲ့ခေါင်းဆောင်ကြီးများစုဝေးလို့ကျင်းပခဲ့ပါတယ်

ပြည်ထောင်စုနေ့ဟူ၍လည်း ပေါ်ပေါက်လာခဲ့ပါတယ်

သွေးစည်းညီညွတိခြင်း ရလာဒ်ကတော့..ဎ၉၄၈ခုနှစ် ဇန်န၀ါရီလ ၄ရက်နေ့မှာ

လုံးဝလွတ်လပ်ရေးရခဲ့ပါတော့တယ်..။

 

ဒီနောက်မှာတော့ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါအခွင့်အရေးများနှင့်ပတ်သက်၍

တိုင်းရင်းသားအခွင့်အရေးအပေါ် အငြင်းပွားမှုများမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ

ပေါ်ပေါက်လာခဲ့ကြသည်မှာ ယနေ့ထိတိုင်ဖြစ်ပါတော့တယ်။

 

ယခု၂၀၁၃ခုနှစ်ဖေဖေါ်ဝါရီ ၁၂ရက်နေ့ ပြည်ထောင်စုနေ့ကား ၆၆နှစ်မြောက်ခဲ့ပါပြီ

လက်ချောင်းကလေးများကို တင်းတင်းမဆုပ်၍ အားကောင်းသော လက်သီးဆုပ်ကား

ရမလာနိုင်သေးပါ..။

 

တိုင်းရင်းသား စည်းလုံးညီညွတ်မှုကား အသက်တမျှအရေးကြီးလှပါသည်..

ဒီမိုကရေစီစနစ် ဆက်လက်တည်တန့်ရေး..တိုင်းပြည်တည်ငြိမ်ရေးအတွက်

နိုင်ငံတော်အစိုးရမှ လူမျိုးစုငယ်များ၏ အခွင့်အရေးကိုမဖြစ်မနေ ကာကွယ်ပေးရပါမည်

လူမျိုးစုငယ်များ၏ ယဉ်ကျေးမှု..စာပေကိုအရေးထားရပါမည်..

တန်းတူရေတူအခွင့်အရေး..မဖြစ်မနေပေးရပါမည်..မဟာဗမာလူမျိုးကြီးဝါဒဟူ၍

လူမျိုးစုငယ်များမှ..အမြင်မစောင်းအောင် ကျင့်သုံးပြရပါမည်..

သို့မှသာ..ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းရင်းသားခေါင်းဆောင်ကြီးများ

လုံ့လပြုခဲ့သော စည်းလုံးညီညွတ်ရေးကိုပြန်လည်ရရှိမည်ဖြစ်ပါသည်..။

 

ယနေ့တိုင်းရင်းသားများ၏ တောင်းဆိုချက်မှာလည်း ယခင်လို ခွဲထွက်ရေးမူမဟုတ်တော့ပါ

တန်းတူရည်တူဖြစ်သော ဖက်ဒရယ်မူသို့ပြောင်းလဲတောင်းဆိုလာနေပါပြီ..

တိုင်းရင်းသားအားလုံးပါဝင်သော..နိုင်ငံရေးပါတီပေါင်းစုံပါဝင်သော

ဒုတိယအကြိမ်ပင်လုံညီလာခံအသစ်တစ်ခုကို

မဖြစ်မနေကျင်းပပြုလုပ်ရင်း..တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို

တည်ဆောက်သင့်ပါကြောင်း တင်ပြလိုက်ရပါသည် ။

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>