Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

လူ့အခွင့်အရေး ချိုးဖောက်ခံ ရတာတဲ့လား ????

$
0
0

အားလုံးသိပြီးသား အရမ်းဟော့နေတဲ့ သတင်းတစ်ခုကို အရင်ပြောပြမယ်နော် ....

မန္တလေးဆေးတက္ကသိုလ်မှ ကျောင်းသား၊ကျောင်းသူများ ကျောင်းထုတ်ခံရ

February 12, 2013 Home, သတင်း



မန္တလေးမြို့ဆေးတက္ကသိုလ် (မန်း)မှ ဆေးကျောင်းသား၊ သူ များကျောင်းထုတ်ခံရမှုနှင့်ပတ် သက်ပြီး သတင်းစာရှင်းလင်းပွဲကို ဖေဖော်ဝါရီ (၆)ရက်တွင် ရန်ကုန် မြို့ (၃၆)လမ်း၊ အလယ်ဘ လောက်ရှိ မြန်မာဂျာနယ်လစ် ကွန်ရက်ရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Last Chance ကျောင်း သားတွေကို ကျောင်းတက်ရာခိုင် နှုန်း သုညဖြစ်မှ Debar ဆွဲမည်ဟု ဖြေခဲ့သော်လည်း စာသင်နှစ်ဆုံး မှာ ကျောင်းခေါ်ချိန်မပြည့်သော စာရင်းမှာထည့်ပြီး ကျောင်းကနေ ထုတ်ပယ်ခဲ့ပါတယ်။ ကျွန်တော် တို့ ဒီဘားဆွဲတဲ့အခါမှာ တစ်တန်း ကို (၈၀/၉၀)ဆွဲရတော့ နစ်နာ ပါတယ်။ တစ်ခြားကျောင်းတွေ မှာ (၁၅/၂၀)ယောက်တောင် မဆွဲရပါဘူး။ ဒီဘားထိရင် စာ မေးပွဲဖြေခွင့်မရသလို ဖြေခွင့် မပေးတဲ့စာမေးပွဲကို 1f သတ် မှတ်ပြီး 3f ဖြစ်ရင်ကျောင်းကနေ အပြီးထုတ်ပါတယ်။ အခြားဆေး တက္ကသိုလ်(၃)ခုမှာ ဆေးရုံRoll Call နဲ့ Debar ဆွဲလေ့မရှိပါဘူး။ ပါမောက္ခချုပ် ဦးသန်းဝင်းက ဆေးရုံRoll call ကို ကောက်ခံပြီး ဒီဘားကို တွင်တွင်ကျယ်ကျယ် ဆွဲပါတယ်။ ကျွန်တော်တို့ကျောင်း မှာRoll call (၂၀) မပြည့်တဲ့သူ တွေက ဒီဘားလွှတ်ပြီးRoll call (50,60) ကျော်သူတွေက ဒီဘား ထိတဲ့သူတွေပါ။ ကျွန်တော်တို့ တစ်နှစ်အတွင်းမှာ လပတ်စာမေး ပွဲလေးကြိမ်ကို (၄၀)မှတ်၊ ဖိုင်နယ် စာမွေးပွဲမှာ သတ်မှတ် အမှတ်မရ ရင် ဖိုင်နယ်မှာ ဖြေနိုင်လည်း စာမေးပွဲကျတယ်။ လပတ်မှာ (၅)မှတ်မပြည့်တဲ့သူတွေက အောင်ပြီး လပတ်တိုင်း အောင် တဲ့သူတွေက ကျတယ်။ ကျွန်တော် တို့မေးတဲ့အခါမှာ လပတ်မ ကောင်းတဲ့သူတွေက ဖိုင်နယ်မှာ ကောင်းတဲ့အတွက် အအောင် ပေးတာပါ”ဟု ကျောင်းထုတ်ခံရ သူ ကိုဘုန်းနိုင်ဌေးကပြောသည်။
ပါချုပ်က အရည်အချင်းမြှင့် တင်ချင်သည့်အတွက် အရည် အတွက်လျှော့ချရသည့် သဘော မျိုး ပြောဆိုတတ်သော်လည်း ၎င်းပါချုပ်ကိုယ်တိုင် အရည်အ ချင်း အဓိကမထားဘဲ ပုဂိ္ဂုလ်ရေး အရ စီမံခန့်ခွဲမှုများရှိနေပြီး ၎င်း အချက်ကို ပါချုပ်ကိုယ်တိုင် အောက်တိုဘာ (၂၂-၂၈-၂၀၁၂)ထုတ် The Voice ဂျာနယ် အင်တာဗျူးတွင် ၀န်ခံထား ကြောင်းလည်း အဆိုပါရှင်းလင်း ပွဲမှ သိရသည်။
“ကျောင်းသူ၊ ကျောင်းသား မိဘတွေက ဘာကြောင့်ကျောင်း ကို ထုတ်တာလည်းလို့မေးတဲ့အ ခါမှာ (၁)ဘာသာကျသည်ဖြစ် စေ၊ (၂)ဘာသာကျသည်ဖြစ်စေ ဘာသာရပ်အားလုံးကျ၍ ထုတ် ပယ်ဟု အကြောင်းကြားစာထုတ် ပြန်ပါတယ်။ ကျွန်တော်တို့ရဲ့ ပညာရေးကို မင်နီတားလိုက်ခြင်း ဖြစ်သလို တခြားတက္ကသိုလ်ဝင် ရောက်ရာမှာလည်း ဂုဏ်သိက္ခာ ထိခိုက်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၆ ပုဒ်မခွဲ (က)နိုင်ငံသား တိုင်းသည် နိုင်ငံတော်ကချမှတ် ထားသော မူဝါဒများနှင့်အညီ စဉ်ဆက်မပြတ် ပညာသင်ကြား ပိုင်ခွင့်ရှိသည်ဟူသော အဆိုအရ ဆက်လက်ပညာသင်ကြားခွင့်ရ သည်အထိ ကြိုးစားသွားမှာပါ”ဟု ၎င်းက ဆက်လက်ပြောသည်။
(၂၀၁၁)ခုနှစ်တွင် အသစ် ပြဋ္ဌာန်းသော မြန်မာနိုင်ငံ အခြေခံဥပဒေပုဒ်မ(၃၆၈)တွင် နိုင်ငံတော်သည် ပညာရည်ထူး ချွန်သော နိုင်ငံသားများအား လူ မျိုး၊ ကိုးကွယ်ရာဘာသာ၊ အမျိုး သား၊ အမျိုးသမီးခွဲခြားမှုမရှိဘဲ ၎င်းတို့ ၏ အရည်အချင်းအလိုက် ချီး မြောက်ထောက်ပံ့မည်။ ဖွဲ့ စည်းပုံဥပဒေပုဒ်မ(၄၃၇)တွင် နိုင်ငံတော်သည် မည်သူကိုမဆို ဥပဒေအရ တန်း တူညီမျှစွာ အခွင့်အရေးရရှိစေရ မည့်အပြင် ဥပဒေအကာအကွယ် ကိုလည်း တန်းတူညီမျှစွာ ရယူ ပိုင်ခွင့်ပေးရမည်ဟု ပါရှိသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦး ရွှေမန်းကလည်း လူတို့အတွက် အသုံးမ၀င်တဲ့ဥပဒေအစား အသုံးဝင်တဲ့ဥပဒေပြောင်းလဲကျင့်သုံး သွားမည်ဟုဆိုထားကြောင်းလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းတွင်လည်း “တက္ကသိုလ် ပရ၀ုဏ်ဘ၀ဆိုတာ လူငယ်လူ ရွယ်တွေ ကိုယ်ပိုင်ဘ၀ကို ကိုယ် ပိုင်ဖန်တီးတည်ဆောက် နိုင်တဲ့ဘ ၀ဖြစ်တယ်။ ကမ္ဘာ့လောကကြီး ကို မိမိကိုယ်ပိုင်ပစ္စည်းအဖြစ် သဘောထားနိုင်တဲ့ဘ၀ ဖြစ်ပါ တယ်။ ကျောင်းသားတွေကိုစည်း ကမ်းသေ၀ပ်နိုင်အောင် အုပ်ချုပ် ဖို့ ကိုင်တွယ်ဖို့လိုတယ်ဆိုတဲ့ အတွေးမှားကြောင့် တက္ကသိုလ် ကျောင်းသားတွေရဲ့ ဘ၀ဟာ တစ်စစီလွင့်စင်ပျက်စီးသွားရ တယ်”ဟု ဖော်ပြထားကြောင်း ကိုလည်း သိရှိရသည်။

လင်းခ(သဲတော)
Aye Chan Mon Re-post Date : 2013 Feb 12
News from: The Hot News

******************************************

သို့ ...

မတရားခံ ရပါသည်ဆိုသော ကျောင်းသူကျောင်းသားများ ....

(စကားအသုံးအနှုန်းးတွေကို အတက်နိုင်ဆုံး ... အယဉ်ကျေးဆုံးဖြစ်အောင် ပြောရမယ်ဆိုရင်တော့ဖြင့် .......)

မင်းတို့တွေ မရှက်ကြဘူးလားကွာ ..

ရှက်တတ်ရင် လဲ သေလို့ ရနေပြီဟ ... ကိုယ့် ဘာသာကိုယ် ခံယူချက် မမာ လို့ ကျောင်းမှန်မှန် မတက် ... ကျောင်း ထွက်ရတဲ့ ကိစ္စကို လူသိရှင်ကြားနဲ့ မတရားခံနေရသလိုလို ... လူ့အခွင့် အရေးပဲ ချိုးဖောက်ခံနေရသလိုလို ... အခုဟာက .. ကိုယ့် ဘာသာကိုယ် မကောင်းဖြစ်နေရတာကို အားမရလို့ ကိုယ့် ရဲ့ ဆရာသမား တွေကို ပါ ပုတ်ခတ်စော်ကားနေကြတာပေါ့လေ ...

မင်းတို့မို့လို့ ထမင်းစားဝင်တယ်ကွာ ...

မင်းတို့ နောက်က မြှောက်ပေးနေတဲ့ ကောင် တွေကို အဟုတ်ထင်နေတာလား ...

မင်းတို့ကိုမင်းတို့ကော သိရဲ့လား အသုံးချခံတွေ ဖြစ်နေရတယ် ဆိုတာကို ...

မိုက်လိုက် ကြတာကွာ ...

အစောကြီးကတည်းက ဆရာဝန် ဖြစ်ချင်တယ် ဆိုရင် ကိုယ့်ဘက်က သေချာ လုပ်လေကွာ ... ကိုယ်မကောင်းလို့ အပြစ်ဒဏ် ခံ ရတော့မှာ ဟိုလူ့လက်ညိုးထိုး ဒီလူ့ လက်ညိုးထိုး မလုပ်ချင်နဲ့ ...

မင်းတို့ နောက်က မြောက်ပေးနေတဲ့ ကောင်တွေကိုလည်း မေးကြည့်ဦး ... ဆေးတက္ကသိုလ် မန္တလေး အကြောင်း ဘယ်လောက်သိလဲ ... ပါမောက္ခချုပ်ကြီး ဦးသန်းဝင်း ရဲ့ ကျောင်းသားကျောင်းသူ တွေ အပေါ်ထားတဲ့ စေတနာ မေတ္တာတွေကို ဘယ်လောက်သိလဲ ...သူတို့တွေ ဒါတွေကို သိမယ် မှတ်နေလား ... သူတို့က သူတို့ ရဲ့ လက်သုံးစကား "ဒီမိုကရေစီ" နဲ့ "လူ့အခွင့်အရေး"ဆိုတာ ကိုတောင် ဖြောင့်အောင် ရှင်းပြနိုင်မယ့် သူတွေ မဟုတ်ဘူး ဆိုတာကိုကော မင်းတို့ သတိထားမိရဲ့လား ... အေး အဲ့ဒါတွေကို သေချာ ဂဃဏန မသိတဲ့ သူတွေမို့လို့ မင်းတို့ကို လျှောက်မြှောက်ပေးနေတာကွ ... မင်းတို့ မြင်တတ်ဖို့ ကောင်းတယ် ....

မင်းတို့က ဒါတွေကို သိနေရဲ့သားနဲ့ မိုက်နေတာပါကွာ ... နှစ်ခါပြန် သုံးခါပြန် မိုက်နေကြတဲ့ ကောင်တွေ ...

မင်းတို့ သိပြီးသား ... ကျောင်းခေါ်ချိန် ၇၅% ပြည့်မှ ကို စာမေးပွဲ ဖြေခွင့် ရှိမယ် ဆိုတာကို ... တရားဝင်လည်း ကြေညာထားပြီးသား ... မင်းတို့ကိုယ်တိုင်ကိုက သေချာ မလုပ်ထားခဲ့တာလေ .....

ကိုယ်ပေါင်ကိုယ်လှန်ထောင်းနေတာတွေ တော်ပါတော့ကွာ ... ဆရာဝန် ဆိုတဲ့ Profession က မင်းတို့နဲ့ မထိုက်တန်ဘူး မသင့်လျော် ဘူးဆိုတာကို လက်ခံလိုက်ပါ ... ပြီးတော့ ကိုယ် နဲ့ အသင့်တော်ဆုံးဖြစ်မှာ တစ်ခုကိုသာ ရွေးချယ်ပြီး ကိုယ့်ဘ၀ ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားလိုက်ကြပါတော့ ...

မှ /

ဆေးတက္ကသိုလ် မန္တလေး ဒုတိယနှစ်ကျောင်းသားတစ်ဦး


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>