ဆွတ်ဇာလန်နိုင်ငံ ၊ ဂျနီဘာမြို့ ရှိ အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့် အသိဥာဏ်မြင့်မားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ဗုဒ္ဓဘာသာ ကို ကမ္ဘာ့အမွန်မြတ်ဆုံးနှင့် အကောင်းဘာသာအဖြစ် (၁၈.၁၁.၂၀၁၁) ရက်က ရွေးချယ်ခဲ့ကြောင်း သိရသည်။ ၄င်းရွေးချယ်ပွဲတွင် ကမ္ဘာဘာသာပေါင်းစုံ မှ ကိုယ်စားလှယ် (၂၀၀) ကျော်က မဲပေးရွေးချယ်ခဲ့ရာတွင် မဲအများဆုံးဖြင့် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ ဘာသာရေးခေါင်းဆောင်အများစုသည် မိမိတို့၏ဘာသာများထက် ဗုဒ္ဓဘာသာကို မဲပေးခဲ့ခြင်း သည် အလွန်အံ့သြ ဖွယ် ကောင်းခဲ့ကြောင်း အဆိုပါ အဖွဲ့၏ ညွှန်ာကားရေးမှူး Mr.Jomma Hult က ပြောကြားခဲ့ပြီး " ကမ္ဘာ့အမွန်မြတ်ဆုံး ဘာသာရေးတရားဘွဲ့ကို ပြောကြားခြင်းတွင် ဗုဒ္ဓဘာသာကြောင့် ဖြစ်ပွားခဲ့ရတဲ့ စစ်ပွဲ ဆို တာမရီခဲ့ပါဘူး၊ ဗုဒ္ဓဘာသာကြောင့် သွေးချောင်းမစီးခဲ့ရပါဘူး။ ဒီအချက်က တခြားဘာသာတွေထက် အသာလွန်ဆုံးပါပဲ " ဟု ထည့်သွင်းပြောကြားသွားခဲ့ပါသည်။
ဂျူးဘုန်းတော်ကြီး Shmuel Wassersten က"ကျွန်တော်တို့ရဲ့ ဂျူးဘာသာကိုပဲ အမွန်မြတ်ဆုံးလို့ ထင်ပါတယ်။ ရိုးရိုးသားသားဝန်ခံရရင် နေ့စဉ်ကျွန်တော်တီု့ ဂျူးဘာသာအရ ၀တ်ပြုပါတယ် ။ဒါပေမယ့် ကျွန်တော်ကတော့ ဂျူးဘာသာအရ ၀တ်ပြုခြင်း မပြုမီမှာ ၀ိပဿနာတရားကို ကျင့်ကြံ အားထုတ်ခဲ့တာ (၁၉၉၃) ခုနှစ်ကတည်းကပါ။အဲဒါကြောင့် ကျွန်တော်ကတော့ ဗုဒ္ဓဘာသာ ကိုပဲမဲပေးခဲ့တာပါ " ဟုပြောကြားခဲ့ပါသည်။ ယခုအချိန်တွင် အာဖရိကနိုင်ငံ မျိုးမှာပင် ဗုဒ္ဓဘာသာဝင် အာဖရိကန်အရေအတွက် အများအပြားရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။