အိမ်နဲ့ခွဲခွာပြီး ဘုရားဖူးထွက်ခြင်း ၊ ခရီးထွက်ခြင်းကို လူတိုင်းလုပ်ခဲ့ပါသည်။ ထိုခရီး သည်မိမိနိုင်ငံတွင်း၌
သာဖြစ်၍အိမ်နှင့် ခွဲခွာခြင်း
ခံစားချက်ကို လူတိုင်းမသိပါ။ မိမိနိုင်ငံ ကထွက်ခွာ၍ အဝေးဆုံးနေရာတွင် ပညာသင်ကြားခြင်း
အလုပ်လုပ်ခြင်းဖြင့် နေရ သည့်လူတိုင်း၏
စိတ်ထဲတွင် အိမ်ကိုတမ်းတမ်းတတ လွမ်းကြပါသည်။ မိဘနှင့်ခွဲခွာ သူများ ၊ ခင်ပွန်း ၊ ဇနီးမယားနှင့်
ခွဲခွာသူများ ၊ သားသမီးနှင့်
ခွဲခွာသူများ ၊ ချစ်သူနှင့် ခွဲခွာသူများ၏ ရင်ထဲတွင် ထာဝရတမ်းတမ်းတတ စကားလေးတစ်ခွန်းတော့ ရှိနေပါ
သည်။ အဲ့ဒီစကားလေးက
အိမ်ပြန်ချင်တယ် ပညာရေး ၊ စီးပွားရေး ၊ ဘဝအနာဂတ် အရေးကြောင့်သာ နေရပေမဲ့ လူမျိုးမတူ ၊
ဘာသာမတူ ၊
အကျင့်စရိုက်မတူတဲ့ နေရာ တွေမှာနေနေရတဲ့ သူတိုင်းဆိုညည်းနေတာ အိမ်ပြန်ချင်တယ် ဖြစ်ပါသည်။
တကယ်ကို
အိမ်ပြန်ချင်ကြပါသည်။ မိမိအိမ်လေးဟာ ဘယ်လိုအနေအထား ဖြစ်ပါစေ နွေးထွေးမှု ၊ လုံခြုံမှု ၊ ပျော်ရွှင်မှု ၊
စိတ်ချမ်းမြေ့မှု ၊ လွတ်လပ်မှု ၊
ဘေးကင်းမှု အများကြီးရသည်ကို အိမ်နှင့်ခွဲဘူးသူမှ ခံစားဖူးမည်ဖြစ်ပါသည်။ အိမ်နှင့်မခွဲဘူးသည့်
သူတွေဟာ ကံကောင်း သူတွေပါ။
အိမ်ကလေးနဲ့ မခွဲဘူး၍ အိမ်ကလေးကို ချစ်ကြပါလို့ တိုက်တွန်းပါရစေ။ အိမ်ကလေးနဲ့ ခွဲဘူးတဲ့သူတွေဟာ
အိမ်ကလေးကို
လွမ်းပြီးအိမ်ပြန်ချင်တယ်ဆိုတာ တစ်နေ့တစ်ကြိမ်နှစ်ကြိမ် အကြိမ်းများစွာ ဖြစ်လိမ့်မယ်လို့
ကျွန်မကိုယ်ချင်းစာ ယုံကြည်ပါသည်။
အိမ်ပြန်ချင်ပါသည်။ ဘယ်သောအခါ အခါအခွင့်သင့်ရင် အိမ်ကလေး ဆီပြန်ရမလဲလို့ တွေးနေမိတဲ့
လူသားတွေ အများကြီးပါဘည်း။
အဝေးနေရာ ရောက် လေလေအိမ်ကို လွမ်းလေလေပါဘည်း။
အိမ်နဲ့ဝေးလေလေမျက်ရည် တွေပိုကျရလေ လေ အိမ်ပြန်ရဖို့ြ
ကိုးစားရင်းနဲ့ အိမ်နဲ့ဝေးနေရတဲ့ စာရှုသူတွေ အများကြီးပါဘည်း။ အိမ်ကလေးကို
တစ်ကယ်လွမ်းမိပါတယ်။ ချစ်သူနဲ့ခွဲလို့
လွမ်းတဲ့အလွမ်းက တဏှာချစ် ပါ။ ဒါပေမဲ့အိမ်ကလေးကို လွမ်းတဲ့အလွမ်းက အဖြူရောင်သံယောဇဉ်
ချစ်ခြင်းအလွမ်းပါ သူငယ်ချင်းရေ
ငါတော့ရည်ရွယ်ချက်တွေ ရည်မျန်းချက်တွေ ရသင့်သလောက်ရလို့ ငါရသင့်တဲ့ခံစားခွင့် တွေဒီလောက်ရရင်
ငါကျေနပ်ပြီမို့ လောဘကို s
top လုပ်လို့ ငါအိမ်ပြန်တော့မယ် နင်လည်းအမြန်ဆုံး အိမ်ပြန်နိုင်ပါစေ လို့များလာနှုတ်ဆက်
ရင်သူတို့အတွက် ဝမ်းသာသလို ကိုယ်လည်းအိမ်ပြန်ချင်လိုက်တာ ၊ အိမ်လွမ်းလိုက်
တာလို့မဖြစ်ကြဘူးလားဟင်! ဖြစ်ရုံတင်မကဘူး
သူတို့လိုငါရော ပြန်ရဖို့အချိန် ၊ အခွင့်အရေး တွေနီးပြီလားလို့ တမ်းတရင်းငိုဘူးကြမှာပါ။
လွမ်းစရာကောင်းတဲ့အိမ် လေးကိုဘယ်အချိန် ပြန်ရပါ့မလဲကွယ်။ အိမ်ပြန်ချင်ပါတယ်။ အထူးသဖြင့်
သီတင်းကျွတ်ပွဲတော် ၊
တန်ဆောင်တိုင်ပွဲတော် ၊ သင်္ကြန်အခါတွေမှာ အားရပါးရ ငိုလို့အိမ်လွမ်းဘူးကြမှာပါ။ ဧပြီလ
(၁၃)ရက်…ဟယ် !
သင်္ကြန်ကျပြီ..ရေပက်ချင်လိုက် တာအိမ်မက်ထဲထိ စွဲစွဲလန်းလန်းပါဘည်း။ ကိုယ့်ရေမြေ ၊ ကိုယ့်လူမျိုး ၊
ကိုယ့်ပတ်ဝန်းကျင်မှာ
သင်္ကြန်မကျရလို့ အိမ်လွမ်းပြီး အားရပါးရငိုဘူးကြမှာပါနော်။ အိမ်ပြန်ချင်တဲ့ ရောဂါကို ဘယ်သူမှမသိပေမဲ့
အိမ်နဲ့ဝေးပြီး
တစ်ခြားနိုင်ငံ ရောက်သူ တိုင်းသိကြပါတယ်။ မိသားစုလိုက် နိုင်ငံခြားပြောင်းလာတဲ့ သူတွေကတော့
အိမ်မလွမ်း တတ်ပေမဲ့
မိဘနဲ့ဝေးတဲ့သူတွေ တစ်ခုခုများ အဆင်မပြေရင် ငါလိုချင်တဲ့ အတိုင်း အတာတစ်ခုခုရရင်
ငါလေအိမ်ပြန်မှာဘည်း။
ငါလောဘမကြီးပါဘူး ငါ့အိမ်ပြန်ခွင့် ရပါစေ။ အိမ်ပြန်ရပါစေတော့ လို့တမ်းတကြမှာပါ။
တစ်လနေပြီး ပြန်ရပြန်ရင်လည်း အိမ်ကလေးနဲ့
ခဏတစ်ဖြုတ်သာ နေရ၍ အိမ်လွမ်းတာပါဘည်း။ အိမ်ပြန်ချင်တယ် အိမ်ကိုသတိရတယ်။
အများနဲ့စုပေါင်း နေနေရတဲ့
ဘဝကနေကိုယ့်အိမ်လေးမှာ တစ်ထီးတစ်နန်း နေခွင့်လေးရပါစေတော့ လို့မျှော်လင့်နေကြမှာပါ။ အိမ်ကနေ
ဖုန်းများလာရင်
အိမ်ကလေးဟာ အရင်လိုဘည်းလား ၊ ကျွန်မအခန်းလေး ကရောအရင် လိုဘည်းလား ၊
ဘာပြောင်းလဲသွားလဲလို့ ၊ အိမ်ကလေးကို
ဘာအရောင်ပြောင်း သုတ်ထားသလဲ အိမ်ထဲကအထားအသိုတွေ နဂိုပုံစံလားလို့ အိမ်ကလေးကို လွမ်းတဲ့
စိတ်နဲ့မေးလိုက်ရတာ။
အိမ်ကလေးကို ဒီတစ်ခါပြန်ဆုံရင် မြတ်မြတ်နိုးနိုး တန်ဖိုးထား ပြီးသပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနဲ့
အိမ်ကလေး အကြိုက်နေမယ်လို့
စိတ်ကူးယဉ် ထားပေမဲ့ ပြန်ခွင့်ရမရမသိသေးတဲ့ ကံတရားကို မျှော်ရပါတော့မယ်။ ဂျွန် ၊ ဂျွန်လှိုင် ၊ သြဂုတ်
ဒီသုံးလဟာ ဘဝအတွက်
ဆုံးဖြတ်မဲ့လလေးပါဘည်း။ အိမ်ပြန်ချင်တဲ့ ဆန္ဒ ပြည့်မလား ၊ အိမ်နဲ့ဝေးနေအုံးမလား ၊
မသိတာကျွန်မဘဝပါဘည်းကွယ်။
အိမ်နဲ့ဝေးလေ အိမ်ပြနချင်လေပါဘည်း။ ပြန်ချင်တဲ့ စိတ်နဲ့အတူ ဘယ်တော့မှ သူများ နိုင်ငံမှာ
မနေဘူးဆိုတဲ့ ဆန့်ကျင်ဘက်
စိတ်ကလည်းဖြစ် လာပါတယ်။ အိမ်ကလေးရေ နင့်ဆီပြန်လာမယ် ၊ နင်နဲ့နေမယ် ၊ နင်နဲ့ဝေးလေ
အထီးကျန်လေ စိတ်တွေတောင်
တစ်ခါတစ်ခါ ယဉ်ယဉ်လေး ရူးနေပြီလားဆိုတဲ့အထိ အိမ်ပြန်ချင်လာပါတယ်။ ပိတောက်ပန်းနံ မရှုရတာ
ကြာသလို ခရေပန်းတွေ
မကောက်ရတာ များလှပေါ့။ စပ္ပါယ် ပန်းတွေ ၊ သဇင်ပန်းတွေ မပန်ရတာများလှပါလား။
အိမ်လေးဆီ ရောက်ချင်လှပါပြီ။ ဒီတစ်ခါ
အိမ်ကလေးဆီ ပြန်လာရင် ဘယ်တော့မှအိမ်နဲ့ မခွဲတော့ဘူး။ အိမ်လေးကို လွမ်းသလို
ကျွန်မတို့ရဲ့ ရေမြေသဘာဝ
ပတ်ဝန်းကျင်တွေကိုလည်း လွမ်းတယ်။ အဆင့် အတန်းမမှီသေးဘူး ပြောပြောခေတ်မမှီဘူး ပြောပြော ၊
အဆင့်မှီအောင် ၊ ခေတ်မှီအောင်
ကျွန်မတို့ အားလုံးကြိုးစားရင်းနဲ့ ဒီအိမ် ၊ ဒီမြေ ၊ ဒီလူမျိုး ၊ ဒီဘာသာ ကိုအိမ်နဲ့ဝေးလေလေ ၊
ပို၍ကျေးဇူးသိလေလေ ၊
ပိုချစ်လေလေပါဘည်း။ ဒီအိမ်လေးမှာ ဘည်းဘဝတိုင်း ဆုံတွေ့ချင်သလို ဒီလူမျိုး ၊ ဒီဘာသာ ၊
ဒီသဘာဝပတ်ဝန်းကျင် မြေပေါ်မှာ
ဘဝဆက်တိုင်း လူဖြစ်ချင်တာ အိမ်လွမ်းလေလေ ပို၍သံဒိဌာန်ချ ဂတိတွေတည် လေပါဘည်း။
ကျွန်မ ဒီအိမ်မှာ ပျော်ပါသည်။
ကျွန် ဒီမြေကို ချစ်ပါသည်။
ကျွန်မ ဒီလူမျိုးဖြစ်ရတာ ဂုဏ်ယူပါသည်။
ကျွန်မ ဒီဘာသာဖြစ်ရတာ အထင်ကြီးပါသည်။
ဘဝတိုင်း ဘဝတိုင်း ဒီအိမ်လေးမှာ မွေး၍ဒီအိမ်လေးမှာ ဘဝနိဂုံးချုပ်ချင်ပါသည်။ အိမ်ကလေးရေ
တစ်နေ့နေ့
ကျွန်မအရောက်ပြန်လာပါ့မည်။ ကျွန်မအိမ်ကလေးက ကျွန်မကို မျှော်နေပါမည်။ ကျွန်မအခန်းလေးကလည်း
သူ့သခင်မကို
သစ္စာရှိရှိ စောင့်နေပါမည်။ ကျွန်မတို့အိမ်ဝေးသူတွေ အားလုံး အိမ်ပြန်ချင်တယ်ဆိုတာ ပါးစပ်
အပြောထက် လက်တွေ့ကျင့်ကြံလို့ အိမ်လေးဆီ အရောက် အတတ်ပညာ ၊ အသိပညာ ၊
ဥစ္စာစည်းစိမ် ငွေများစွာ
ပိုက်လို့ ပြန်ကြရအောင် ပညာလိုသူ ပညာပိုက်လို့ ၊ ဥစ္စာလိုသူဥစ္စာပိုက်လို့ ၊ အမိမြေက ကျွန်မတို့
အိမ်လေးဆီ ပြန်ကြရအောင်။
အိမ်ပြန်ချင်ပါတယ် အိမ်ကလေးရယ်။ မကြာခင်ပြန်လာနိုင်အောင် ကြိုးစားနေပါတယ်။
သခင်မအလာကို စောင့်နေပါ အိမ်ကလေးရယ်။
အိမ်ပြန်ချင်ပါသည်။
အိမ်ပြန်ခွင့်ပြည့်ဝပါရစေ။
မပြောင်းလဲသောစိတ် ၊ လာစဉ်ကစိတ်ဓာတ်အတိုင်း ပြန်ရင်လည်း မပြောင်းလဲဘည်း
နဂိုမှုလစိတ်ဓာတ်အတိုင်း အိမ်လေးဆီကို
အရိုးသားဆုံး ၊ အမှန်ကန်ဆုံး ၊ အဖြူစင်ဆုံးနဲ့ သစ္စာရှိရှိပြန်လာမည်။ စောင့်ကြိုနေပါ ကျွန်မချစ်သော
အိမ်ကလေးရယ်။