အမှာစာ.........ဒီဝတ္ထုလေးက ချစ်သူတွေထက်ပိုချစ်ခဲ့ ကြတဲ့ သူငယ်ချင်းတွေရဲ့ အဆက်ကလေးပါ။
ဒီနေ့  စာဖတ်သူအတွက်....ချစ်သူတွေထက်ပိုချစ်ခဲ့ ကြတဲ့ သူငယ်ချင်းတွေ ကို ပြန်လည် ထည့်တွင်း
တင်ပြလိုက်ပါတယ်...။ရှည်နေတဲ့ အတွက် စိတ်ရှည်ရှည်လေး ဖတ်ပေးပါ...ဆောင်းလည်း
စိတ်ရှည်ရှည်လေးရေးခဲ့တာပါရှင်.....။
“ချစ်သူတွေထက်ပိုချစ်ကြတဲ့... သူငယ်ချင်းတွေ”
*******************************
“အောင်မလေး ...ဆောင်းလင်း မင်းတို့  ကျောင်းဆင်းဖို့ အရေး ကိုကို့ မှာ
“အဟက်!တောင်းပန်ပါတယ် ကိုကိုရယ်”
“ဆောင်းလင်း ဒီနေ့  မင်းကိုကို့  ကို နေ့ လည်စာ ၀ယ်ကျွေးရမှာ မို့ လို့ 
တမင် နောက်ကျတာ မဟုတ်လား”
အင်း...ကိုကိုပြောမှပဲ ဟုတ်တယ် ဒီနေ့ ကိုကို့ ကို ဆောင်းလင်း နေ့ လည်စာ
ဝယ်ကျွေးမယ်လို့  ပြောထားပြီးမှ ပိုက်ဆံအိတ်ကဘယ်ကျပျောက်သွားလည်းမသိ၊
“ဆောင်းလင်း.....ဆောင်းလင်း....ဟာ ဟေ့ ပြောနေတာ ပြန်လည်း မဖြေဘူး ဘာလဲ
မကျွေးတော့ဘူးလား”
“အဟက်!ဟုတ်ပါဝူး....ဒီနေ့ ကိုကို့ ကိုမုန့် ဝယ်ကျွေးမှာပါဒါပေမဲ့
မင်္ဂလာပွဲကိုလည်း သွားရမှာ ခုက 12 နာ၇ီနော် ဆောင်းလင်းက 1 နာရီ အတန်းမှာ
Tuto ရှိတယ်”
“အမ်....ဒါဆို ဒီနေ့  ဆောင်းလင်းက ကိုကို့ ကို မင်္ဂလာပွဲခေါ်သွား မလို
့လား...ဘာလဲပိုက်ဆံမ၇ှိလို့ များလား”
“အာ...ဟုတ်ပါဝူး တကယ်ပါ ကိုကိုရယ် သာရေးနာရေး ဆိုတာသွားသင့်တယ်လေ ကိုကို
့ကိုမုန့် ဝယ်ကျွေးမဲ့ နေကျမှပဲ တိုက်ဆိုင်နေတာ ကိုကိုမလိုက်ချင်လည်း ဆိုင်မှာစောင့်နေလေ ဆောင်းလင်း ပြီးရင်လာခဲ့မယ်လေနော် ကိုကို”
“အား.....တော်တော် မစောင့်ပါရစေနဲ့  ဆောင်းလင်းသွားရာကို သာလိုက်ပါတော့မယ် ဗျာ”
ဟူးးးးးးးးးးးးးးတော်ပါသေး၇ဲ့ ကိုကိုမရိပ်မိလို့ သိများသိသွားလို့ ကတော့
ဘယ်လောက်များ ဒေါသထွက်လိုက်မလဲမသိ ဆောင်းလင်းတွေး
နေဆဲမင်္ဂလာ ခန်းမနားတောင်ရောက်နေပြီပဲ
“ဟာ ဆောင်းလင်း မင်္ဂလာလက်ဆောင် ကော”
အဲ့ဟုတ်ပါ့ ကိုကို ပြောမှပဲ .....စဉ်းစားဖို့  အချိန်မ၇ှိ ကိုကို မရိပ်မိအောင်
“မလိုဘူးကိုကိုရဲ့ ဆောင်းလင်း ကိုကြီးက ညကျမှပေးမှာ ည ပါတီကျန်သေးတယ်လေ
ခုဆောင်းလင်းတို့ က ၀င်ပြီးမျက်နှာပြရုံပဲ”
“အားကွာ လက်ဆောင် မပါပဲရှက်စရာကြီး”
“လာပါ ကိုကိုရယ် ဒါက ဆောင်းလင်း ကိုကြီး ဘော်ဒါတွေပါ”လို့ ပြောပြီ စည်ကား
နေတဲ့ မင်္ဂလာပွဲက လူတွေကြားထဲရောဝင်ပြီးလွတ်နေတဲ့ ခုံမှာ ၀င်ထိုင်လိုက်ကြတယ်။စားစရာတွေ လာချတော့ ကိုကိုက
ဗိုက်ဆာဆာ နဲ့ အပီအပြင်ဆွဲတော့တာပဲ ဆောင်းလင်း
မှာသာ ဘယ်သူမှမသိတဲ့ မင်္ဂလာပွဲကိုလာပြီး ဘယ်သူတွေများ ရိပ်မိမလဲလို့ 
တောင်ကြည့်မြောက်ကြည့် နဲ့  ဟူးးးးးးးးးးးးလိမ်ရတာ
မလွယ်ပါလား ကိုကိုများ သိသွားလို့ ကတော့ မလွယ်။ဧည့်ခံသူကလည်း
ဧည့်သည်အမှတ်နဲ့  ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံနေတယ်.
“ဟေ့ ဆောင်းလင်း 1 နာရီထိုးတော့မယ် မြန်မြန်စားလေ ဆောင်းလင်း
အတန်းသွားရမှာ မဟုတ်လား”
“အော် ဟုတ်ကိုကို ဆောင်းလင်း ၀ပြီ သွားကြစို့ ကိုကို”
ဘယ်သူကိုမှမသိတဲ့ မင်္ဂလာပွဲမှာ ယောင်လည်လည်နဲ့  သတို့  သား သတို့ သမီး
ကို နှုတ်ဆက်ပြီး ကျောင်းကို ပြန်လာခဲ့တယ်။
တကယ် မလွယ်ပါလား ဟူးးးးးးးးးးးးးးးး ဘာပဲဖြစ်ဖြစ် ဒီနေ့ ကိုကို ကို နေ
့လည်စာ ကျွေးနိုင်ခဲ့ပါတယ်။
************************************************************************
“ဆောင်းလင်း ရာ နောက်ကျတာကို ကိုကို ခွင့်လွှတ်နိုင်ပါတယ် ကိုကို့ မွေးနေ
့ကို နောက်ဆုံးမှ လာတာကိုတော့ ခွင့်မလွှတ်ဘူး”
“ဆေားတီး!ကိုကို ဆောင်းလင်း ကိုကို့  အတွက် ဧဒင်ဥယျာဉ်မှာ ပန်းသီး
သွားခူးနေ့  လို့  ရော့ ကိုကို့  အတွက် ပန်းသီး”
“ဟမ် ဧဒင်ဥယျာဉ်က တကယ်သီးတာလား ဘယ်နားမှာလဲ အဲ့ ဥယျာဉ်က ဟုတ်ကော ဟုတ်ရဲ့လား သာမာန် ပန်းသီးကြီးကို”
“ဟုတ်တယ်လေ သာမာန်ပဲလေ ဒါပေမဲ့ ဆောင်းလင်းက ဧဒင်ဥယျာဉ်က ဆို ဥယျာဉ်က
“ဟုတ်ပါပြီ ဆောင်းလင်း လုပ်လိုက်ရင်....”
“ဘာလဲ ကိုကို မကျေနပ်ရင် လွင့်ပစ်လိုက်ကွာ စိတ်ရှည်တာ မဟုတ်ဘူး တော်ပြီ
ဆောင်းလင်း ပြန်တော့မယ်”
“အဲ့ ပြန်သေးနဲ့ လေ ဆောင်းလင်း တို့ က တော့ ခုရောက်
ခုပြန်မလုပ်၇ဘူးလေ”လို့  သူငယ်ချင်းတွေက ၀ိုင်းတာမှ ဆောင်းလင်း ပြန်
ထိုင်နေလိုက်တယ် ။စားပွဲ အ၇ှည်သုံးလုံးလောက်ကိုဆက်ထားတဲ့ ညပါတီလေး ကိုကို
့မွေးနေ့ လေးက ကြီးကြီးမားမားမဟုတ်ပေမဲ့စည်ကားတာတော့အမှန်ပါ။
“ဆောင်းလင်း နဲ့  ကိုကိုကောင်းကင် က ချစ်သူတွေလား ဆောင်းလင်း”
“အဟက်!ဟုတ်ပါဝူး ဆောင်းလင်းနဲ့ ကိုကို က ချစ်သူတွေထက်ပိုချစ်ကြတဲ့သူငယ်ချင်းတွေပါ”
“ဘယ်လို ဘယ်လို နားမလည်ဘူး ၊လိုက်လို့  မီဘူး ရှင်းပြ”လို့ 
အားလုံးကမေးတော့ ဆောင်းလင်း က
“ရှင်းရှင်းလေးပါ ဆောင်းလင်းနဲ့ ကိုကို ကချစ်သူတွေမဟုတ်ပါဘူး တစ်ချိန်မှာ
နှစ်ယောက်စလုံးမှာချစ်သူတွေရှိလာရင်အဲ့ချစ်သူတွေဟာ
...အနာဂါတ်မှာ ရှိလာမဲ့ ချစ်သူတွေထက်ပိုချစ်
ကြမဲ့  အကောင်းဆုံးသူငယ်ချင်းတွေပါ”
“အားပါးပါး....ဆောင်းလင်း စကားလုံးတွေက မိုက်တယ်ကွာ”လို့  သူငယ်ချင်းတွေက
တစ်ယောက်တစ်မျိုးပြောကြနေချိန်မှာ ကိုကိုက
“အားလုံး နားထောင်မယ်”
“ဟာ ကိုကို မထောင်တဲ့နား၇ှိလို့ လားဟင်”
“မနောက်နဲ့  ဆောင်းလင်း ကိုကို ပြောစရာရှိတယ်”
“ပြော ၊ပြော ”
“ ဆောင်းလင်း ကို ကျွန်တော် ချစ်သူ တစ်ယောက်လို ချစ်တယ်”
“၀ိုး....ဆောင်းလင်းရေ မင်း ခုနပြောတဲ့ စကားတော့ သွားပြီ ထင်တယ် ဒီကောင်က
မင်းကိုချစ်လို့ တဲ့ ”လို့  မိုးထက် က၀င်ပြောတယ်။
“ဒါဆို ...ဆောင်းလင်းက အဖြေ ပေးရမှာပေါ့နော်”
“ဒါပေါ့.ဒါပေါ့ ” အားလုံး ထောက်ခံစွာနဲ့  ပြောတယ်။
“အိုကေ!ခုပဲ ပေးမယ်”
“အလိုတော်......မြန်လိုက်တဲ့ ခေတ်ကာလ အဖြေပေးနည်းကြီးပါလား” လို့ 
ထပ်ပြောကြပြန်ရော။
“အင်း ဟုတ်တယ်”လို့ ကိုကို့  မျက်နှာကို ကြည့်ပြီး
“ကိုကို ........မိန်းကလေး တစ်ယောက်က ယောကျာ်းလေးတစ်ယောက်ကို
ချစ်မိသွားရင်“အ”သွားတတ်တယ်”
“ဒါဆို ယောကျာ်းလေးတစ်ယောက်ချစ်မိ၇င် ကော ဆောင်းလင်း” လို့  ကိုကိုက ပြန်မေးတယ်။
“ယောကျာ်းလေးတစ်ယောက် ချစ်မိသွားရင် တော်သွားတာများတယ်။သေချာတာကတော့
မိန်းကလေးတွေ အသွားတတ်တယ် ချစ်မိသွားရင်ပေါ့ ဒါကြောင့် ဆောင်းလင်း
တာ အကောင်းဆုံးပါ ကိုကို”
ခဏတာ မွေးနေ့ ပွဲလေး တိတ်ဆိတ်သွားပြီး ။ပြီးတော့ ပြန်လည်
စကြနောက်ကြသံတွေညံလာတယ် .မွေးနေ့ ပွဲလေး ပြီးတော့
ဆောင်းလင်းတစ်ယောက်ထဲ အိမ်ပြန်လာခဲ့တယ်။ခါတိုင်း ကိုကိုလိုက်ပို့ ပေမဲ့ 
ဒီနေ့ တစ်ယောက်ထဲပြန်ချင်တယ် လို့ ပြောတော့
ကိုကို ဘာမှမပြောတော့ဘဲ အိမ်ထဲပြန်ဝင်သွားတယ်။အိမ်ရောက်တော့
ဆောင်းလင်းအခန်းထဲမှာ ထိုင်ရင် မိုးကောင်းကင်ကို ကြည့်ပြီး
မျက်ရည်တွေကျမိတယ် “ကိုကိုရယ် အရမ်းချစ်တယ် ၊ကိုကိုကောင်းကင် ဆိုတဲ့
ကိုကို့  နာမည် ဟာ ကောင်းကင်ကြီးကို ကိုယ်စားပြု
တာပေါ့ ကိုကို ကို ချစ်တယ်လို့  ပြောခွင့်မ၇ှိတဲ့ ဆောင်းလင်း
မိုးကောင်းကင်ကြီးကို ပဲပြောလိုက်ပါရစေ ကိုကို ကို့ အရမ်းချစ်တယ်
ကောင်းကင် ကြီးကိုချစ်တယ် ၊မိုးကောင်းကင်ကြီးသာ သက်၇ှိဖြစ်ရင်
ဒီစကားတွေကို ကိုကို ပြန်ကြားနေမလား?ကိုကို ချစ်တယ်လို့ 
ဝန်ခံခွင့် မရှိတဲ့ ဆောင်းလင်း လို မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်ကို
ကိုကိုနားလည်ပါ့မလား၊ ကိုကိုချစ်တာကိုဆောင်းသိတယ်
ဒါပေမဲ့ ကိုကိုက ဆောင်း အ(ချစ်နေတာကို) နေတာကိုကို မသိဘူး။ဟုတ်ပါတယ်
ကိုကို ဆောင်းလင်းမှာ ကိုကို့ ကို ပြန်ချစ်ပိုင်ခွင့်မ
ရှိဘူး ဆောင်းလင်းနဲ့ ကိုကို ဘယ်လိုမှမဖြစ်နိုင်ဘူး ဘာလို
့လဲ.?........ဘာလို့ လဲ?........ဘာလို့ လဲဆိုတော့ ......မနက်က
ကိုကိုမွေးနေ့
မနက်တုန်းက......
“ဟဲလို ဆောင်းလင်း နဲ့ ပြောချင် လို့ ပါ ”
“ဟုတ်ကဲ့ ဆောင်းလင်းပြောနေပါတယ် ဘယ်သူပါလဲ၇ှင်”
“မမ က ကိုကိုကောင်းကင် ရဲ့ သူငယ်ချင်း ဆောင်းနှင်းခပါ”
“ဟုတ်မမ ကို ဆောင်းလင်းသိပါတယ်”
“ခု မမ ဆောင်းလင်း တို့  အိမ်ရှေ့ရောက်နေတယ် ပြောစရာရှိလို့  ထွက်လာလို့ ရမလား”
ဆောင်းလင်း အိမ်ရှေ့ ကိုရောက်တော့
“မမ အိမ်ထဲဝင်ပါလားရှင်”
“ရပြီ ဒီကျောက်ခုံလေးမှာ ထိုင်ပြီး စကားနည်းနည်းပြောချင်လို့  ”
“ ဟုတ်ကဲ့ မမ ပြောပါ မမ သဘောပါ”
“မမ ဆောင်းလင်း ကို ရှင်းရှင်းပဲ မေးမယ် ဆောင်းလင်း နဲ
့ကိုကိုကောင်းကင်ကို ချစ်နေကြတာလား”
“ရှင်!.............မဟုတ်ပါဘူး ဆောင်းလင်းတို့  က သူငယ်ချင်းတွေပါ”
“ဆောင်လင်း ကို သူ ကချစ်နေတာ မမ ကိုရင်ဖွင့်တယ် ၊ဆောင်းလင်းလည်း သူ့ ကို
ချစ်ရင် ချစ်မှာပေါ့ ဒါပေမဲ့ ဆောင်းလင်း ထက်မမ
က ကိုကိုကောင်းကင် ကိုပိုချစ်တယ် ဆိုတာ သိစေချင်တယ်”
“၇ှင် မမ အချစ်ကို ဘာပေတံ နဲ့ များတိုင်းလိုက်လို့  မမ က ပိုချစ်ရတာလည်း
ဆိုတာ ဆောင်းလင်း နားမလည်ဘူး”
“မဟုတ်ဘူး ဆောင်းလင်း မမ က ကိုကိုကောင်းကင်နဲ့ ငယ်ငယ်ကတည်းက
ငယ်သူငယ်ချင်း ငယ်ငယ်လေးကတည်း မမ ကသူ့ အတွက်ပေးဆပ်ပြီးချစ်ခဲ့တာ
“အဟက်! ....အဲ့လို အိမ်စာတွေ ကူးပေး လို့  ကိုကို စာမရတဲ့ အကျိုးရခဲ့တာ
မျိုးလား မမ”
“မမ အဲလိုဆိုလိုတာ မဟုတ်ဘူး ဆောင်းလင်း ကို တစ်ဖက်ကနေ
သေချာစဉ်းစားစေချင်တာ မမကငယ်ငယ်ကတည်းက ပေးဆပ်ပြီ
ချစ်ခဲ့တာပါ မမ သူ့ ကို ငယ်ငယ်ကတည်းက စွဲလမ်း ရူးသွပ်ခဲ့တာပါ ”
“နေပါဦး မမ သူက ဆောင်းလင်း ကိုချစ်တယ်လို့  တစ်ခါမှမပြောသေးဘူးနော်”
“ဆောင်းလင်းကို မပြောပေမဲ့ မမ ကိုရင်ဖွင့်တယ်လေ”
“အဟက် ....မယုံပါဘူး မမ စိုးရိမ်လွန်နေတာပါ”
“မဟုတ်ဘူး ဆောင်းလင်း တကယ်ပြောတာပါ၊ ဆောင်းလင်း မမ မှာ Depression
ရောဂါ၇ှိတာ ဆောင်းလင်းသိပါတယ်နော်”
“ဟုတ် မမ က ဆောင်းလင်း ဖေဖေ ရဲ့ လူနာပဲ ဆောင်းလင်း ကောင်းကောင်း သိတာပေါ့”
“မမ ငယ်ငယ်က မမ ဖေဖေကြောင့် မမ စိတ်ကျရောဂါ ဖြစ်ခဲ့တာ အဲ အချိန်မမ ဘေးမှာ
အမြဲဖေးမခဲ့တာ ကိုကိုကောင်းကင် ပါ၊
ခုတကယ်လို့  ဆောင်းလင်းတို့ နှစ်ယောက်ချစ်သူတွေ
ဖြစ်သွားကြရင်......”ပြီးတော့ မမ ကငိုနေတယ်။
“မပြောပါနဲ့ တော့ မမ ဆောင်းလင်း နားလည်ပါတယ်။ဆောင်းလင်း ကိုကို့ ချစ်သူ
ဘယ်တော့မှ မလုပ်ပါဘူး ဆောင်းလင်း အမြဲနောက်
ဆုတ်ပေးမှာပါ မမ စိတ်ချပါ မငိုပါနဲ့  မမကို ဆောင်းလင်း ဘယ်တော့ မှ
အနိုင်ယူမှာ မဟုတ်ပါဘူး နော် မမ”
“ဆောင်းလင်း ကို မမ ကျေး...ဇူး.....တင် ...လိုက်...တာ ၊ ဆောင်းလင်း က
အဖေတူ သမီးလေးပဲနော်”
“ဟုတ်ကဲ့ အဲ့လိုပြောလို့  မမကို ကျေးဇူးတင်ပါတယ်။ မမစိတ်ချပါ.။ဆောင်းလင်း
ကတိပေးပါတယ် မမ ဖြစ်ချင်တဲ့ဆန္ဒ အတိုင်းဖြစ်စေရ
ပါမယ် ဆောင်းလင်း ကတိပေးပါတယ်နော် မမ”
*******************************************************************
ကိုကိုရေ..............ဒီအကြောင်းတွေကို ကိုကိုမသိပါဘူး။ မမ ဆောင်းနှင်းခ
က ဖေဖေ့ လူနာ စိတ်ကျရောဂါ ရှိတဲ့ လူတစ်ယောက်ကို
နောက်တစ်ခေါက်စိတ်ဓါတ် မကျစေချင်ဘူး ။ကိုကို“ ဖြစ်ချင်တာ
ထက်ဖြစ်သင့်တာကို ဦးစားပေးလုပ်ရမယ်” ဆိုတဲ့ ဖေဖေ့ ဆုံးမစကား။
လူသားတွေကို သနားကြင်နာရမဲ့ အနစ်နာခံတတ်ရမဲ့  သွေးတွေ ဖေဖေ့ သွေးတွေ
ဆောင်းလင်း ဆီမှာ စီးဆင်းနေတယ် ကိုကို......
ဆောင်းလင်းကြောင့် တစ်ဖက်သား နာကျင်ရမဲ့လမ်းကို မရွှေးချယ်ပါရစေနဲ
့ကိုကိုရယ်......။“အ” မှာကြောက်လို့  ကိုကို့ ကို မချစ်
တာမဟုတ်ပါဘူး တကယ်တော့ ဆောင်းလင်း ကိုကို့  ကိုချစ်လွန်း လို့  “အ” ပြီး
ချစ်ခြင်းတရားကို ဖုံးကွယ် ခဲ့သူပါ။ကိုကို ရေ......
ဆောင်းလင်း အတွက် အချစ်ဆိုတာ ကိုယ်ဖက်က ချစ်နေရင်း....ချစ်သူ
ဘယ်ရင်ခွင်မှာပျော်ပျော်ကျေနပ်တယ် ကိုကို.....။အ၇မ်း အတဲ့ 
ဆောင်းလင်း ကို ကိုကိုမချစ်ချင်ပါနဲ့ ။ ကိုကိုတစ်နေ့ မမ ဆောင်းနှင်းခ
ကိုချစ်လာမှာပါ ဘာလို့လည်းဆိုတော့ ကိုကိုတို့ က ငယ်
သူငယ်ချင်းတွေလေ ....ကိုကို နဲ့  မမ ပျော်ရွှင်ပါစေလို့ 
ဆုတောင်းပေးပါတယ်။ခုတော့.....မနက်ခင်းနေရောင်ခြည် တမ်းတဲ့ နောက်တစ်
နေ့  ရဲ့ ဝေလီဝေလင်း နေ့ သစ်တွေမှာ ဆောင်းလင်းနဲ့ ကိုကို
“ချစ်သူတွေထက်ပိုချစ်ကြတဲ့....သူငယ်ချင်းတွေ” ဆိုတဲ့ အသိ
လေး အောက်မှာ ဆောင်းလင်း ရှိနေပါဦးမယ် ကိုကိုရယ်................။
ချစ်သူတွေထက်ပိုချစ်ကြတဲ့ချစ်သူတွေ
13,Feb.2012.ရက်နေ့ 
ဆောင်းလင်းတစ်ယောက် မန်ဆူဘုရားမှာ ပန်း၊ဆီမီး၊ရေချမ်း ကပ်လှုအပြီးဘေးနားကို လှည့်လိုက်တော့ ကိုကို...
“ကိုကို တို့ မတွေ့ တာ 52 ရက်ရှိနေပြီ ဆောင်းလင်း”
ကိုကိုပြောလိုက်တဲ့စကားဟာ ဆောင်းလင်းကို တုန်လှုပ်သွားစေတယ်။
“ကိုကို ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ?”
ကိုကိုက ဆောင်းလင်း မေးခွန်းကို မဖြေပဲ လေးနက်တဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်ရင်း
“ကိုကိုမှတ်မိသေးတယ် ဆောင်းလင်း ပြောဖူးတာလေး...ဒီမန်ဆူဘုရားမှာ အတွဲချိန်းရင် ကွဲတတ်တယ်တဲ့မချိန်းပဲရောက်လာတဲ့ အတွဲတွေက ဖူးစားပါလို့ ဆုံတွေ့ ခွင့်ရတာလို့ ဆောင်းလင်း ကိုကို့ ကိုပြောဖူးတယ်လေ ..ခု..ကိုကိုတို့ နှစ်ယောက် မချိန်းပဲရောက်လာကြတာလေ...ဖူးစာ ဆိုတာ ဘယ်မှာလဲ ဆောင်းလင်း”
“ကိုကို...ဆောင်းလင်းတို့ က အတွဲတွေမှ မဟုတ်တာ သူငယ်ချင်းတွေလေ ..”
“မလိမ်ပါနဲ့ .....ဆောင်းလင်း စကားတွေနဲ့ လိမ်လို့ ရမယ်လို့ မင်းထင်နေတာလား?”
ဟင့်အင်း..ကိုကို သိလို့ မဖြစ်ဘူး၊ရိပ်မိလို့ လည်း မဖြစ်ဘူး..ကိုကိုမျက်ဝန်းတွေကို တည့်တည့်စိုက်ကြည့်ပြီး...
“ဆောင်းလင်း နဲ့ ကိုကိုဟာ သူငယ်ချင်းချင်းတွေပါ ကိုကို” လို့ ပြောလိုက်တော့...
ကိုကိုဟာ ဆောင်းလင်းကို မယုံနိုင်တဲ့မျက်ဝန်းတွေနဲ့  မကြည့်ပဲနဲ့  ကိုကို ပါးပြင်မှာ မျက်ရည်စီးကြောင်းလေးစီးဆင်းသွားတယ်...ဘုရားရေ...ကိုကို..ငိုနေတယ်..ရုတ်တရက် ကျွန်မ လက်ကိုင်ပ၀ါလေးထုတ်မီ အပြုမှာ..ဟင့်အင်း....ငိုပါစေ..ကိုကိုငိုပါစေ..ခုချိန်မှာ ကိုကိုအပေါ်အရင်လိုကြင်နာပြလိုက်ရင်...ပိုနာကျင်ရလိမ့်မယ်စိတ်ထဲမေးလိုက်မိတယ်..
“ကိုကို...ဘာလို့ ငိုနေတာလဲ..”လို့ မေးတာကို စကားသံထွက်သွားတော့...
“ကိုယ် ငိုနေတာမဟုတ်ဘူး..ဆောင်းလင်းရဲ့ ဟန်ဆောင်ကောင်းတဲ့ ပျက်ဝန်းတွေကို လေးစားလွန်းလို့ ဂုဏ်ပြု မျက်ရည်ကျနေတာပါ..”
“ဆောင်းလင်း..တို့က သူငယ်ချင်းတွေပါ ကိုကိုရယ်...”
“ကိုကို နဲ့ ဆောင်းလင်းက သူငယ်ချင်းတွေ.....
ဟုတ်လား???....မင်းသိပ်ဥာဏ်ကောင်းပါတယ်။ကိုယ်ကိုနှင်းခ ကပြောတယ်ဆောင်းလင်း
ဟာ အဖေတူသမီးလေးတဲ့ ဟုတ်လားမဟုတ်လား ကိုကို
မထောက်ခံဘူး..ကိုကိုတို့ သုံးယောက်မှာ ဆောင်းလင်းဟာ
အသက်အငယ်ဆုံးဆိုပေမဲ့ ဆောင်းလင်း
.မင်းသိပ်ဟန်ဆောင်ကောင်းတယ်..
မင်းရွေးချယ်လိုက်တဲ့လမ်းဟာ..တခြားသူတွေ ပျော်ပိုက်နိုင်ပေမဲ့ .
.မင်းနဲ့ ကိုယ်နဲ့ ရဲ့ နှလုံးသားတွေဟာ..
.ပျော်ရွှင်သူတွေ ဖြတ်လျှောက်သွားကြလို့ ..တဆစီပဲ...တကယ်ကို...တဆစီပဲ....”
“ကိုကို ဆောင်းလင်းကို “မင်း”...မင်း ...မင်း...လို့  သုံးနေတယ်...ကိုကိုဆောင်းလင်းကို တခါမှ “မင်းလို့ ”..မခေါ်ဖူးတဲ့ကိုကိုက....”
ဆောင်းလင်း စကားတွေမဆက်နိုက်တော့ပဲ ..မျက်ရည်တွေကျမိတာလားတော့ မသိဘူး....ရုတ်တရက်ပကိုကို လက်ကိုင်ပ၀ါလေးက ဆောင်းလင်း ပါးပြင်ထက်ကိုရောက်လာတယ်..ပြီးတော့ ကိုကို က မျက်ရည်တွေကို သုတ်ပေးရင်း..
“sorry ပါဆောင်းလင်းရယ်...ကိုကို ရဲ့ ပေါက်ကွဲသွားတဲ့ စကားကြမ်းတွေ အတွက် ကိုကို..
တောင်းပန်ပါတယ်...”
“ကိုကို...ဆောင်းလင်းဘာမှမဖြစ်ပါဘူး...ကိုကို့ ကို ဆောင်းလင်းနားလည်ပါတယ်”
ကိုကိုက တုန်ရီနေတဲ့ ဆောင်းလင်းလက်ကလေးကို ဖမ်းဆုပ်မီ မပြုမှာ ကိုကိုလက်တွေကို
ပြန်ရုတ်သိမ်းရင်း....
“ကိုကိုလေး...ဆောင်းလင်း လက်ကလေးကို မကိုင်ရက်လောက်အောင်မြတ်နိုးတယ်”
“...ကိုကို...”
“နားထောင် ဆောင်းလင်း ကိုကိုပြောပြမယ်...ကိုကိုရင်မှာ ပန်းကလေးတစ်ပွင့်ပဲရှိတယ်..
ဖြူစင်လွန်းတဲ့ ပန်းကလေးဟာ....ကိုကိုနှလုံးသားရဲ့ တစ်ပွင့်ထဲသော ပန်းကလေးပါ...
ကိုကို ရဲ့ပန်းကလေးကို ကိုကိုခူးဆွတ်ဖို့ မပြောနဲ့  နမ်းရှိုက်ဖို့ တောင် စိတ်နဲ့ မပြစ်မှား
ဘူး...ကိုကိုတန်ဖိုးထားတဲ့ ဆောင်းလင်းကို ကိုကို သိပ်မြတ်နိုးတယ်....မြတ်နိုင်းလွန်း
လို့ ကိုကို အလှပဲကြည့်နေပါရစေ”
ဆောင်းလင်းဘာပြောရမှန်းမသိပဲ ကြောင်အနေစဉ် ထွက်ကျလာတဲ့ စကားတွေက..
“ဆောင်းလင်း ကျောင်းသွားတော့မယ် ကိုကို...”
“သွားပါ...ဆောင်းလင်း..ကိုကိုမတားပါဘူး...ကိုယ်ကတော့ ရှမ်းတောင်တန်းတွေနဲ့  စကား
ပြောဖို့ ကိုကိုနေရစ်ခဲ့ပါ့မယ်...ကိုကို နေရစ်ခဲ့ ပါ့မယ်...ဆောင်းလင်း...”
ကိုကို့ ကိုကျောခိုင်းခဲ့မိပြီ...ကျောင်းစာသင်ချိန်တွေပြီးတော့...Happy Time...မှာ
ဂီမ်းဝင်ကစားနေမိတယ်...နာရီကို ကြည့်လိုက်တော့ ည7 နာရီ...အင်းအိမ်မှာ ဖေဖေ
ထမင်းစားဖို့ စောင့်နေရောပေါ့...အိမ်သို့ ပြန်လာခဲ့ တယ်..အိမ်ရောက်တော့ မေမေက..
“သမီးဖေဖေ ကသမီးကို ထမင်းစားဖို့ စောင့်ရင်း အရေးပေါ်လူနာရောက်လာလို့  ..
ဆေးခန်းဖက်မှာ..သမီးလေး စာရင် စားနှင့် ပါလား”
“ဟင့်အင်း ..မေမေ သမီးမဆာသေးဘူး...ဆေးခန်းဖက်သွားလိုက် ဦးမယ် မေမေ”
ဒါနဲ့ ပဲ..ဆေးခန်းထဲကိုရောက်တော့ ဖေဖေတစ်ယောက် အလုပ်တွေရှုပ်နေတယ်.
ကြည့်ရတာ..လူနာတစ်ယောက်ကို အားပေးဖျောင့်ဖျနေပုံပဲ..သူနာပြုတွေက
ဆောင်းလင်းဝင်လာတာကို မြင်တော့ ဖေဖေကို တစ်ခုခု ပြောလိုက်ပုံပဲ...
ဖေဖေကဆောင်းလင်း ဆီကို လာပြီး..
“သမီး..မေလေး...ဒီမနက်ဘယ်သွားခဲ့ တာလဲ”
“ဖေဖေ လူနာက အရေးကြီးတယ် မဟုတ်လား ကုပါ သမီး နဲ့ ဖေဖေ ပြီးမှ စကားပြောမယ်လေဖေဖေ”
“ဖေဖေ မေးတဲ့ မေးခွန်းက ဖေဖေ ဆေးကုနေတာနဲ့ သက်ဆိုင်နေတယ် ချစ်သမီး ..မေလေး...”
“ရှင်..”ဆောင်းလင်းသိလိုက်ပါပြီ...လူနာကုတင်ပေါ်က လူနာဟာ မမဆောင်းနှင်းခ ဆိုတာ..
“ဖေဖေ..သမီး မန်ဆူဘုရားကို ဖူးခဲ့ ပါတယ်...ပြီးတော့..ကိုကို နဲ့  ဆုံခဲ့ပါတယ်...ဖေဖေ”
ထိုချိန်မမ ဆောင်းနှင်းခ က..
“တွေ့ လား ဆရာ သူပြောနေတယ် သူနဲ့ သမီးချစ်သူ နဲ့  တွေ့ ကြတယ်...ဒီမှာ ဓါတ်ပုံတောင်
နှင်းခ ရိုက်ခဲ့ သေးတယ် “ကောင်းကင်” ကဆရာ့ သမီးကို မျက်ရည်သုတ်ပေးနေတာ...”
ဘုရားရေ...သွားပြီ..ဖေဖေက ဆောင်းလင်းကို နားမလည်နိုင်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်
နေတယ်..ဆောင်းလင်းက
“မဟုတ်ပါဘူးမမရယ်...ကိုကို နဲ့ ဆောင်းလင်း ရိုးရိုးသားသားတွေ့ တာပါ မမရယ်...”
“ ဟင့်အင်း..နှင်းခ မယုံဘူးဆရာ...ဆရာ့ သမီးကို နှင်းခ မယုံဘူး...”လို့  ဒေါသသံလေးနဲ့ 
ပြောရင်း မေ့မျှောသွားတဲ့ မမကို ဖေဖေ နဲ့ သူနာပြုတွေ ၀ိုင်းဝန်းပြုစုကြတယ်..အထူးကု
သမှုတွေ လုပ်အပြီးဖေဖေက
“ဒါအထင်လွဲမှုဆိုတာကိုလည်းဖေဖေသိတယ်..ဒါပေမဲ့ .ချစ်သမီးမေလေး လူတွေကခက်တယ်..ကာယကံရှင်တွေက ရိုးသားစွာတွေ့ ဆုံကြတာပဲထားဦး..ပတ်ဝန်းကျက်ကမှားယွင်းစွာကောက်ချက် ချ တတ်ကြတယ်ဆိုတာ..ချစ်သမီး...နားလည်မှာပါ..”
“သမီးနားလည်ပါတယ်...ဖေဖေ ပတ်ဝန်းကျင်ကို သမီးရိုးသားတယ်ဆိုတာ အလုပ်နဲ့ 
သက်သေပြမှာပါ..ဖေဖေ”
ထိုစဉ် မမဆောင်းနှင်းခ သတိရလာတယ်...ဆောင်းလင်းက...
“မမကို မင်္ဂလာပွဲ ဘယ်နေ့ လဲ?...”
“ ...မနက်ဖြန်...”
မနက်ဖြန်...ဖေဖော်ဝါရီ ၁၄ ဘုရားရေ...ကိုကို မနက်က မပြောခဲ့ ပါလား....
နေပါစေ...ဆောင်းလင်း....အပြုံးပန်းလေးတစ်ပွင့်ကို ဟန်ဆောင် ပန်ဆင်ရင်..
“အိုကေ....မမ..မနက်ဖြန် မမ နဲ့ ကိုကို နဲ့  မင်္ဂလာပွဲမှာ မမ ရဲ့  အထင်လွဲမှု အတွက်
ဆောင်းလင်း အရံ သတို့ သမီးလုပ်ပြရင် မမ ဆောင်းလင်းရဲ့ ရိုးသားမှုကိုယုံမှာလား”
လို့ ပြောလိုက်တော့ ထင်မှတ်မထားတဲ့ မေးခွန်းတစ်ခုကြောင့် ဖေဖေကော သူနာပြု
တွေကော မမ ဆောင်းနှင်းခကော ဝေခွဲမရတဲ့ မျက်ဝန်းတွေနဲ့  အားလုံးဆောင်းလင်း
ကို ကြည့်နေကြတယ်..မမဆောင်းနှင်းခက...
“တကယ်နော်...ဆောင်းလင်းသာတကယ် အရံသတို့ သမီးလုပ်ပေးမယ်ဆို..မမ မယုံကြည့်
စရာမရှိတော့ပါဘူး..”
“ဖြစ်စေရမယ်...မမ...”လို့ ပြောပြီး..ဆေးခန်းအပြင်ကိုထွက်လာခဲ့ တော့..ကိုကို့ ကိုတွေ့ ပြန်တယ်..
“ဆောင်းလင်း..မင်းလို့ နောက်တစ်ခါမခေါ်ရက်ပေမဲ့ နာကျင်ရလွန်းလို့ 
ခေါ်လိုက်ပါရစေ...သူများတွေအပေါ်ကိုမပြောနဲ့ မင်းကိုယ်မင်းတောင်...မင်းသိပ်ရက်စက်တယ်”
“ခွင့်လွှတ်ပါ..ကိုကိုလူနာတစ်ယောက် စိတ်ချန်းသာဖို့ တစ်ခုတည်းသော နည်းလမ်းမို့ လို့ ပါ..”
“မပြောပါနဲ့ တော့...ဘာပဲပြောပြော ဆောင်းလင်းဟာအဖေတူသမီးဆိုတဲ့
ခေါင်းစဉ်အောက်မှာဆောင်းလင်းနေထိုင်ချင်နေတာမဟုတ်လား.
..ရပါတယ်...ဆောင်းလင်းရယ်..မင်းဖြစ်ချင်တာ
တွေဖြစ်ရပါစေမယ်...ကိုကိုဖြစ်ချင်တာလဲဖြစ်ပါရစေ.......”
ဆောင်းလင်းနှုတ်ဆိတ်စွာ ကိုကို့ ကို ဒုတိယအကြိမ်...ကျောခိုင်းခဲ့ပြီ..အိမ်သို့ ပြန်လာခဲ့ တယ်။
ည 9နာရီထိုးလောက်တော့ ဖေဖေ အခန်းထဲဝင်တာတယ်..
“ချစ်သမီး...မေလေး မနက်ဖြန် မင်္ဂလာပွဲကို သမီးလေး တကယ်သွားမှာလား..၊?”
“ဖေဖေ...ဘာကိုဆိုလိုချင်တာလည်းဆိုတာ မေလေး သိပါတယ်ဖေဖေ...ဖေဖေ..
မေလေးလေ...မေလေး....ပတ်ဝန်းဆိုတာကြီးကို မရှိချင်ဘူး...ဒါပေမဲ့ ဖေဖေရယ်...
ပတ်ဝန်းကျင်ဆိုတာ မရှိပြန်ရင်လည်း...ဘ၀ဟာ...အလကားဖြစ်သွားမှာ....ဖေဖေ..
မေလေး.....မနက်ဖြန်ကို ကြောက်ပေမဲ့ မေလေး...သွားမှာပါ...မေလေးဟာ...
ဖေဖေ့ ချစ်သမီး မေလေးပါ.....”
“သမီးလေးရယ်.....အခု မေလေး...ဖေဖေ့ကို သူငယ်ချင်းတစ်ယောက်လို သဘောထားပြီး
ချစ်သမီး မေလေးရဲ့  ခံစားချက်တွေပြောပြပါလား.....”
“ဟင့်အင်း....ဖေဖေ သမီး မွန်းကြပ်နေပြီ၊ရုန်းထွက်လို့ မရအောင်ပဲ ဖေဖေ...”
“သမီးလေးရယ်...သူငယ်ချင်းတစ်ယောက်လိုရင်ဖွင်လို့ မရလောက်သည်ထိ
နာကျင်နေတယ်ဆိုတာ ဖေဖေ..နားလည်တယ်သမီး...”ဖေဖေက ဆောင်းလင်း
ပုခုံးလေးပေါ်လက်တင်ပြီ စကားဆက်တယ်..
“ ချစ်သမီးမေလေး...သမီးငယ်ငယ်က ရောဂါသည်ကောင်မလေးနဲ့ အရုပ်မလေး လုတုန်းက
သမီးအရှုံးပေးလိုက်ရတုန်းကလို ဖေဖေရင်ခွင်မှာ ငိုကြွေးလိုက်ပါသမီးလေးရယ်....”
“ဖေဖေရယ်....သမီးမရလိုက်တဲ့အရုပ်မလေးက ရောဂါသည်ကောင်မလေးကို
ပျော်ရွှင်ကြည်နူးခြင်းပန်းတွေ ပွင့်လမ်းစေခဲ့တယ်..သမီးပီတိဖြာပါတယ်..
ဒါပေမဲ့ ဖေဖေ ခုဟာက...
ကိုကို က အရုပ်မလေးမဟုတ်ဘူးဖေဖေ၊
ကိုကိုခံစားတတ်တယ်..ကိုကိုနာကျင်ရမှာဖေဖေ”လို့ 
ပြောရင် ဖေဖေရင်ခွင်ကျယ်ကြီးမှာ ငိုချလိုက်မိတယ်...ပြီးတော့....နှစ်ခြိုက်စွာ အိပ်မောကျ
သွားခဲ့ တယ်...။မနက် လင်းတော့ ၇ နာရီ မမ ဆောင်းနှင်းခတို့အိမ်ကို အရောက်သွားပြီ
အလှပြင်ဆင်တယ်..မမဆောင်းနှင်းခက အဖြူရောင် ဂါဝန်လေးနဲ့ သိပ်လှနေတယ်..
“ဆောင်းလင်း မမလေ..မမငယ်ငယ်ကမက်ခဲ့ တဲ့ အိမ်မက်ထဲက အတိုင်း
ခု မမ သိပ်ပျော်တာပဲ...ညီမလေးရယ်...”
“ဟုတ်ကဲ့ ဆောင်းလင်းလည်း ..ပျော်ပါတယ်..မမရယ်”
၉နာရီထိုးတော့မယ် လားရှိုး မိုတယ်ခန်းမကို သတို့ သမီးကရောက်နှင့်နေပြီ..လူတွေကလည်း နည်းနည်းစုံနေပြီ ကိုကို မလာသေးပါ...မမဆောင်းနှင်းခက...
“ဆောင်းလင်း ကောင်းကင် ကပြောမယ် သူ 15 မိနစ်လောက်နောက်ကျမယ်တဲ့ ဖုန်းဆက်လာတယ်..ချစ်သူများနေ့ က လက်ထက်ပွဲမှာ မမအတွက် ခမ်းနားတဲ့ မင်္ဂလာ လက်ဖွဲ့ ပေးချင်လို့ တဲ့ လေ”
“အော်..ဟုတ်ကဲ့ ...ပျော်ပါစေ..မမ” လို့ ပြောရင်း မိုတယ်ခန်းမကြီးကို ကားပေါ်ကနေ လှမ်းငေးကြည့်ရင်..ကိုကို့ ကိုနေ့ လည်စာ လိမ်ညာကျွေးခဲ့ တာကို ပြန်မြင်ယောင်လာတယ်.မသိတဲ့ မင်္ဂလာပွဲကို သိသယောင်ယောင်နဲ့ ကိုကို့ ကို လိမ်ညာခေါ်ခဲ့ တဲ့ ခန်းမထဲကို ခုတော့ ဆောင်းလင်း ဟာ...ဒီခန်းမကြီးထဲကို...လိမ်ညာဝင်သူမဟုတ်ပဲ အရံသတို့ သမီးလေး အနေနဲ့  ၀င်ရတော့မဲ့ ဆောင်းလင်းကို ...မိုးတယ်ခန်းမ ကြီးကလှောင်ရယ်နေသလိုပဲ...ကိုကို....။
၉း၃၀ ထိ ကိုကိုရောက်မလာတော့ မင်္ဂလာပွဲက ဆူညံစပြုလာပြီ...သတို့ သမီး ရဲ့ အပြုံးပန်းတွေကနေလောင်ဒဏ်ထိလို့ ညိုးငယ်နေတဲ့ ပန်းတစ်ပွင့်နှယ်။ထိုစဉ် မမဆောင်းနှင်းခရဲ့ ဖုန်းကလေး မြည်လာတယ် တစ်ဖက်ကဘာပြောလိုက်လည်းတော့မသိပဲ..
“ရှင်..”ဆိုတဲ့ စကား သံလေးနဲ့  အတူ ခွေခေါက်သွားတဲ့ မမဆောင်းနှင်းခကို ကြည့်ရင်း ပွေ့ ထူမိတယ်..ပြောနေဆဲဖုန်းကို ကောက်ကိုင်လိုက်ပြီး.
.“ဟဲလို”လို့ ထူးတာနဲ့ တစ်ဖက်က ဖြေလိုက်သံဟာ...
“ဟဲလို ..သတို့ သားဟာ သူ့ ကိုယ်သူ သက်သေလုပ်....”
ဆက်မကြားဝံ့ တော့ပဲ...
“ဟင့်အင်း...ကိုကိုသေလို့ မဖြစ်ဘူး..ဒီမင်္ဂလာပွဲမှာ ကိုကို သေလို့ မဖြစ်ဘူး”ဆောင်းလင်းတစ်ယောက်ထဲ ရေရွှတ်နေစဉ် မမဆောင်းနှင်းခကိုလူနာတင်ယာဉ်တစ်စီး ကသယ်ဆောင်သွားတယ်
.ဆောင်းလင်းရဲ့ လက်ကိုတော့ နွေးထွေးတဲ့ လက်တစ်စုံကဆုပ်ကိုင်ထားတယ်..
“ဖေဖေ...သမီး...အရမ်းမှားသွားခဲ့ ပြီ...ဖေဖေ”
ဖေဖေက ဘာမှမဖြေဘူး...ဆောင်းလင်းလက်ကလေးကိုဆွဲကိုင်ပြီး ကိုကိုရှိရာကို သွားခဲ့ကြတယ်။
“ဖေဖေ မမဆောင်းနှင်းခ ကို မကုဘူးလား..”
“ချစ်သမီးလေး ...ဖေဖေတာဝန်မဲ့တာမဟုတ်ပါဘူး သမီးလေးရယ်...ဒီမြီု့ မှာ
သမားတော်တွေ အများကြီးပါ သမီးမမ ကိုဖေဖေတစ်ယောက်ထဲကုနိုင်တာမဟုတ်ပါဘူး၊
သမီးဘေးမှာ ဖေဖေရှိနေမှဖြစ်တယ်...ခုလိုချိန်မျိုးမှာ သမီးဘယ်လောက်စိတ်ထိခိုက်
နေမလဲဆိုတာ ဖေဖေနားလည်ပါတယ်..သမီးရယ်...”
ဆောင်းလင်းနဲ့ ဖေဖေ ကိုကို အခန်းထဲရောက်တော့..ကိုကိုဟာ အသက်ငွေ့ ငွေ့ ရှုရှိုက်နေဆဲ...
အကြားအာရုံလောက်ကို ခံစားနိုင်သေးတဲ့ ကိုကို့  ကို...
“ကိုကို...ဆောင်းလင်း ..ကိုကို့ ကိုချစ်တယ်...ချစ်သူတဟ်ယောက်လိုကို ချစ်တယ်ကိုကို..
ဒီနေ့ ချစ်သူများနေ့ လေ ..ကိုကိုဆောင်းလင်းတို့  နေ့ လေးပေါ့..ကိုကိုနှလုံးသားမှာ
တခါပဲပွင့်တဲ့ ပန်းကလေးကို ကိုကို မနမ်းရှိုက်ရက်ဘူးဟုတ်လား ကိုကို..ဒါဆိုရင်...
ပန်းကလေးကသာ ဥယျာဉ်မှုးလက်ကလေးကို မေလေး ..နမ်းရှိုက်ပါရစေ ကိုကို”
လို့ ပြောရင်း ဆောင်းလင်း ကိုကိုလက်ကလေးကို နမ်းရှိုက်နေစဉ်..ကိုကိုဆီက
လေသံသဲ့ သဲ့ လေးကြားလိုက်ရတယ်...
“မေလေး...” ဆိုတဲ့ စကားလေးနဲ့ အတူ ကိုကို february ကိုအဆုံးသတ်သွားတယ်..”
ကိုကို ဆုံးသွားပြီး...ဟင့်အင်း ..ကိုကိုဆုံးတာ မဟုတ်ဘူး..နာကျင်ရတဲ့ ကိုကို
နှလုံးသားကို ကိုကို အဆုံးသတ်ပေးလိုက်တာပါ..ကိုကို...ရုတ်တရက် ဆောင်းလင်းရဲ့ 
အမြင်အာရုံတွေေ၀၀ါးပြီး..ပျောက်ဆုံးသွားတယ်...ခံစားမိတာ တစ်ခုက ဆောင်းလင်း
ဖေဖေ့ ရင်ခွင်နွေးနွေးလေးမှာ ရောက်နေတယ်ဆိုတာကိုပါ.........။
ကို့ ကိုရက်လည်ပြီးတော့...မမဆောင်းနှင်းခလည်း ပြည်ပကိုထွက်ခွာသွားခဲ့တယ်...။
ကိုကို့ မေမေက ဆောင်းလင်းကို စာအုပ်လေးတစ်အုပ်ဖြစ်တဲ့ ကိုကို ဒိုင်ယာရီ
စာအုပ်လေးကိုပေးရင်း...
“သမီးလေး အတွက်..သားလေးရဲ့ ...”စကားဆုံးအောင် မပြောပြပဲ စာအုပ်လေးကို ဆောင်းလင်းလက်ထဲ ထည့်ပြီး..ထွက်ခွာသွားတယ်....။
ဆောင်းလင်း အိမ်ကိုရောက်တော့..စာကြည့် စာပွဲမှာ ထိုင်ရင်း...ကိုကို ဒိုင်ယာရီလေးကို..လှန်လိုက်တယ်...
“ဆောင်းလင်း ငိုနေတာလား?ဆောင်းလင်း မငိုဘူးဆိုတာ ကိုကို ယုံကြည်ပါရစေ...
ဆောင်းလင်း ကိုကို ဖြစ်ချင်တာတွေ ဖြစ်ပါရစေ....။ဆောင်းလင်း...ကိုကို မင်္ဂလာပွဲ
က အရံသတိုးသမီး ဟုတ်လား ဆောင်းလင်းရယ်....ရက်စက်လိုက်တာ......
ကိုကို မကြားပါရစေနဲ ၊ မမြင်ပါရစေနဲ့  ၊မခံစားပါရစေနဲ့  ...ဆောင်းလင်း
အရံသတို့ သမီး လုပ်မယ်ဆိုတဲ့ စကားနဲ့  အတူ ကိုကို့ မှာ ခိုင်မာ တဲ့ 
ဆုံးဖြတ်ချက်တစ်ခုချမိတယ်.....
ချစ်သူကိုသတို့ သမီးအရံ အဖြစ် မြင်ရတာထက်ဆိုင်ရင်
ကိုယ့်ကိုကိုယ် Sucide လုပ်ပြီး အဖန် ငါးရာ ငါးကမ္ဘာခံစားမှုက
ဖြေသာမှုရှိသေးတယ်....ဆောင်းလင်း...ကိုကို့ ကို ဆောင်းလင်း ပြောဖူးတယ်
ဆောင်းလင်းကို ခွင့်လွှတ်ပါလို့ လေ ....ကိုကိုခွင့်လွှတ်ပါတယ်...ဆောင်းလင်းရယ်..
အဖေချစ်သမီးလေးကို ကိုကိုခွင့်လွှတ်ပါတယ်......
ကိုကို့ ကိုလည်း ခွင့်ပြုပါ....ခွင့်ပြုပါ.....
ကိုကို့ နှလုံးသားကို နာကျင်မှု ကင်မဲ့ သွားအောင်...
အဆုံးသတ်ခွင့် ပြုပါ...........ဆောင်းလင်း ငိုနေတာလား.....
ကိုကိုဆောင်းလင်းရဲ့ ရှိုက်သံတွေ မကြားဝံ့ဘူး...မငိုပါနဲ့ ချစ်သူရယ်..
ဆိုပြီ ဘေးနားမှာ နှစ်သိမ့်မပေးနိုင်ခဲ့ဘူး....။ကိုကို့ ကြောင့် ၀မ်းမနည်းပါနဲ့ 
ကိုကို ပျော်တယ် ....သိလား...ကိုကိုမချစ်မနှစ်သက်သူနဲ့  မပေါင်းစည်းရလို့ ..
ကိုကိုပျော်လိုက်တာ ...ဆောင်းလင်းရယ်......ဆောင်းလင်းလည်း ..ကိုကို့ အတွက်
သတို့ သမီး အရံ မဖြစ်တော့သလို ကိုကိုလည်း သတို့သား မဟုတ်တော့ဘူး..
ကိုကိုရင်က ပွင့်တဲ့ ပန်းကလေး.....ဆောင်းလင်းလေးရေ..........
တကယ်လို့ သာ ကိုကို သာနှင်းခ နဲ့  လက်မထပ်ဖြစ်ခဲ့ရင်းလည်း ..ကိုကို
ဆောင်းလင်းကို လက်ထပ်မှာ မဟုတ်ဘူး....
(၀မ်းနည်းသွားလား...ချာတိတ်လေးရယ်...)
ဝမ်းမနည်းပါ နဲ့ ကိုကို ရင် က တစ်ပွင့်ထဲသောပန်းကို ကိုကို
နမ်းရှိုက်ဖို့ စိတ်နဲ့ တောင်မမြစ်မှားရက်လောက်အောင်.....
ကိုကို ဆောင်းလင်းကို ချစ်တယ်.....
ကိုကို ဆောင်းလင်းကို တန်ဖိုးထားတယ်........
ကိုကို့ အတွက် ဆောင်းလင်း ဟာ...အလှကြည့် နေရတဲ့  ပန်းကလေး တစ်ပွင့်ဖြစ်တဲ့
အတွက် ဘယ်သူကိုမှ ခူးဆွတ်နမ်းရှိုက်ခွင့် မပြုပါရစေနဲ့  ...
ကြွေလွင့်ခွင့်လည်း မပြုပါရစေနဲ့ ...
ဆောင်းလင်း တစ်ခုတော့ စိတ်မကောင်းဖြစ်မိတယ်..
ဒီလို ချစ်သူများနေ့ ကြီးမှာ သိပ်ချစ်ရတဲ့ ဆောင်းလင်းကို..
အပြီးတိုင် နှုတ်ဆက်ခဲ့ရလို့ .........
ကိုကိုလေ.......ဆောင်းလင်းရဲ့ “ချစ်သူတွေထက်ပိုချစ်ကြတဲ့သူငယ်ချင်းတွေ”
မဖြစ်ချင်ဘူး....
ကိုကိုဆောင်းလင်းရဲ့ “ချစ်သူတွေထက် ပိုချစ်ကြတဲ့ ချစ်သူတွေ”
သာဖြစ်ပါရစေ....ကိုကိုနောက်ဆုံး Wish လေးပါ ဆောင်းလင်း..
ချစ်သူတွေထက်ပိုချစ်ကြတဲ့ ချစ်သူလေး
ကိုကို မင်းကို မနမ်းရက်လောက်အောင်မြတ်နိုးတန်ဖိုးထားမိလို့ ပါ...
နှုတ်ဆက်ခဲ့ ပါတယ်.........ကမ္ဘာလောကကြီးရေ.........”
ကိုကိုရယ်...ချစ်သူရဲ့ သတို့ သမီး အရံ မဖြစ်ဖို့  ကိုကို ...
အသက်ကို စတေးပေးခဲ့တယ်...နှလုံးသားကို....အသေသတ်ခဲ့တယ်...
ကိုကို ..မေလေးနဲ့ ကိုကို ဟာ...
ကိုကိုပြော သလိုပဲ...ချစ်သူတွေထက် ပိုချစ်ကြတဲ့ ချစ်သူတွေပါ ကိုကိုရယ်....
ဘာလို့ လည်းဆိုတော့...တခြားချစ်သူတွေနဲ့ မတူပဲ...
ကိုကိုကဆောင်းလင်းကိုချစ်တယ်
ဆောင်းလင်းက ကိုကို့ ကိုချစ်တယ်..
အချစ်ဆိုတာ ....လက်ထပ်ထိမ်းမြှားဖို့ မဟုတ်ဘူးဆိုတာ
ကိုကို နဲ့ ဆောင်းလင်းတို့ ရဲ့  ခံယူချက်.....တစ်ယောက်ကိုတစ်ယောက်
မြတ်နိုးတန်ဖိုးထားပြီး..........ချစ်နေခဲ့ကြတယ်........
ဥယျာဉ်မှုးက ပန်းကလေးကို မြတ်နိုင်းတန်ဖိုးထားပြီး...
မနမ်းရှိုက်ရက်ခဲ့ သလို ....ပန်းကလေးကလည်း..
ဥယျာဉ်မှုးရဲ့  မြတ်နိုင်းတန်ဖိုးထားမှုကို
လိပ်ပြာတွေကိုတောင် ပေးမနားပါဘူး...ကိုကို....။
ခုလေ..............
ဆောင်းလင်းတစ်ယောက်.....လွတ်လပ်စွာနဲ့ 
ဖေဖော်ဝါရီကို ဖြတ်သန်းနေပါတယ်...
ဒီတော့.........
ကိုကိုကလည်း .ကိုကို ...ကောင်းကင်ရင်ခွင်ကနေ ....ကြယ်စင်တွေ
ဖြာထွက်သည်ထိ ကျေးဇူးပြုပြီး ဆောင်းလင်း..အတွက်..ကိုကို.....
ရယ်ပြုံးနေပေးပါနော်.............။
နန်းဆောင်းလင်းမေ(လားရှိုး)
***အရှည်ကြီးကို စိတ်ရှည်လက်ရှည် အားပေးပေးတဲ့ သူငယ်ချင်းများ အားလုံး***
*****ကျေးဇူးကမ္ဘာပါရှင်*****
*****ချစ်သူများနေ့ လေးမှာ ပျော်ရွှင် ချမ်းမြေ့ ကြပါစေရှင်...*****