ချစ်သူများနေ့ တဲ့ လား
ဘာလဲဟာချစ်သူများနေ့ တဲ့ လား..အဲဒီနေ့ မှနင့်အချစ်တွေချစ်လက်ဆောင်တွေစုစည်းပေးမှာလား..
ဒီမှာချစ်သူရယ်..ချစ်သူများနေ့ ကျော်လွန်သွားရင်ရော..အချစ်စုစည်းမှု့ တွေမ၇ှိတော့ ပူးလား..
ကွယ်ပြောက်ကုန်ပြီလားဟာ..ဒီလိုဆိုရင်အဲဒီချစ်သူများနေ့ ကိုငါမသတ်မှတ်ချင်ပါဘူးဟာ..
သတ်မှတ်ထားတဲ့ အဲဒီနေ့ ကြီးကိုငါဖြောက်ဖျက်ပြစ်လိုက်ချင်ပြီဟာ...ဘယ်သူတွေကများအစ
ဖေါ်ထုတ်ပြီးပြက္ခဒိန်စဉ်တင်ခဲ့ ကြတာပါလိမ့်...ဟိုးေ၇ှးယ္ခင်ကအဲဒီချစ်သူများနေ့ ဆိုတာမရှိသေး
ပါဘူး..အဖေကလဲအမေ့ ကိုနေ့ တိုင်းချစ်သလိုအမေကလဲအဖေ့ကိုနေ့ တိုင်းချစ်နေတာပါဘဲ..
အဖိုးကလဲအဖွားကိုနေ့ တိုင်းချစ်သလိုအဖွားကလဲအဖိုးကိုနေ့ တိုင်းချစ်နေတာပါဘဲ......
ဘယ်မှာများချစ်သူများနေ့ ၇ှိခဲ့ လို့ လဲဟာ..အဲဒီနေ့ ကြမှဘဲအချစ်လက်ဆောင်တွေအချစ်
စုစည်းမှု့ တွေရှိ၇မှာလားချစ်သူရာ..
အာဒံနဲ့ အေ၀တို့ မှာရောချစ်သူများနေ့ လို့ သတ်မှတ်ပြီးချစ်တာ၇ှိနေလို့ လားဟာ...ဒီနေ့ မှာတကူး
တကအချစ်တွေပေးလို့ အရယ်တွေအပြုံးတွေနဲ့ သတ်မှတ်လို့ အဲဒီနေ့ ပြီးသွားရင်ရောဟာ....
အချစ်တွေကအမုန်းတွေဖြစ်..အပြုံးတွေကအရှုံးတွေဖြစ်ပြီးတော့ အဲဒီနေ့ မှာစိတ်အခန့် မသင့်
လို့ အချစ်ရှုံးသူတွေကအသဲကွဲတဲ့ ချစ်သူများနေ့ တဲ့ ...ဘာတွေလဲဟာ....
ငါတော့ ဒီချစ်သူများနေ့ ဆိုတာကြီးကိုမသတ်မှတ်ချင်တော့ ဘူးဟာ..နင်လဲမသတ်မှတ်ပါနဲ့ တော့ 
ချစ်သူရာ..ငါတို့ အချစ်ကနေ့ တိုင်းချစ်သူများနေ့ ဖြစ်နေရမယ်ဟာ...ဒါပေမဲ့ အဲဒီနေ့ ကနင်အမှတ်တ၇ပေး
လိုက်တဲ့ လက်ဆောင်ကငါ့ရင်ကိုနာကျင်စူးရှစေတဲ့ အရာဖြစ်တဲ့ နင့်အိမ်ကမင်္ဂလာဆောင်ပေးတော့ မဲ့ သတင်း
လေ..ငါ့အတွက်အဲဒါချစ်သူများနေ့ တဲ့ လားဟာ..ချစ်သူများနေ့ မှာငါ၇ခဲ့ တဲ့ လက်ဆောင်ကငါ့အတွက်တော့ 
အသဲကွဲဗာလင်တိုင်ဖြစ်နေပြီပေါ့ဟာ..ငါအဲဒီနေ့ ကိုမုံးတယ်ဟာဖြစ်နှိုင်ရင်ဖေဖေါ်ဝါရီလတစ်ဆယ့်လေးရက်
နေ့ ကိုပြက္ခဒိန်ကထုတ်ပြစ်လိုက်ချင်ပြီဟာ..သွားပါတော့ ချစ်သူ..နင်ငါ့ကိုနောက်ဆံတင်းမနေပါနဲ့ တော့ ..
အဲဒီနေ့ မှာနင်တကူးတကငါ့ အတွက်ယူလာပေးတဲ့ ချစ်သူများနေ့ အတွက်ချစ်သူ့ လက်ဆောင်ငါရ
လိုက်ပါပြီ..နင်ကောင်းစားဘို့ ငါ့အချစ်တွေကိုလမ်းခင်းပေးလိုက်ပါပြီနင်ကျေကျေနပ်နဲ့ ငါ့အသဲနှလုံး
ကိုနင်းသွားပါတော့ ..အဲဒါနင်တို့ မင်္ဂလာဆောင်အတွက်ငါ့၇ဲ့ လက်ဖွဲ့ ပါဘဲ...ငါ့အသဲကိုနင်နင်းသွားပါတော့ 
ချစ်သူ..နင်းသွားပါတော့ ...နင်းသွားပါတော့ ..ငါ့အသဲနှလုံးကိုလမ်းခင်းဘို့ နင်ယူသွားပါတော့ 
အဲဒီနေ့ မှာငါကျခဲ့ တဲ့ မျက်ရည်တွေဟာပုလဲလုံးလေးတွေဖြင်နေမယ်ဆိုရင်ဒီပုလဲလုံးတောင်ပုံရာပုံ
ပ်ါမှာထိုင်နေတဲ့ သူဟာငါဘဲဖြစ်၇မယ်..ငါဘဲပေါ့ဟာ..ငါငေါင်းစိုက်ချလို့ ပြန်ခဲ့ ပါပြီငါ့ရင်ထဲမှာပြောနေတဲ့ 
စကားတခုကတော့ ...ဒါချစ်သူများနေ့ တဲ့ လားဟာ....ချစ်သူများနေ့ တဲ့ လား..
ကြိုးစားပါဦးမည်..
စာပေနဲ့ သူငယ်ချင်းလေးများကိုအစဉ်လေးစားလျှက်
ကြယ်စင်ဖြူ