(၄)
တော်ဝင်ခရေနန်း၏တောင်းဆိုမူများကို နိုင်ငံ
တော်အစိုးရကပေးမပေးတော့မသိပါ။ ယခုလောလောဆယ်
မှာမူ ရန်ကုန်မြို့ ရှိအနှိပ်ခန်းများအားအဖမ်းကြမ်းခဲ့ေ လသည်။
ထိုသို့ ဖမ်းဆီးအရေးယူရာတွင် အနှိပ်ခန်းများသည် ပြည်တန်
ဆာလုပ်ငန်းများကိုပါပူးတွဲလုပ်ဆောင်နေသောကြောင့်ဖြစ်
သည်။ထိုလုပ်ငန်းအများဆုံးတည်ရှိသောနေရာမှာ ကျောက်တံ
တား၊လမ်းမတော်၊လသာနှင့်ဘုရင်နောင် ပွဲရုံများပင်ဖြစ်သည်။ နိုင်ငံတော်အနေနှင့်ယင်းတို့ ကိုဘယ်လောက်ပဲဖမ်းဖမ်း စီမံချက်
ပြီးသွားသည်နှင့် ယင်းတို့ ပြန်ပေါ်လာကြစမြဲပင်ဖြစ်သည်။ ထိုသို့ ဖြစ်ရသည့်မှာလည်း တိုးတက်လာသောခေတ်၊ ပွင့်လင်း
လာသောအခြေအနေတွင် လိင်မူဆိုင်ရာဖွံ့ ဖြိုးမူသည်လည်း ကျယ်ပြန့် လာခြင်းကြောင့်ဖြစ်သည်။ထိုကြောင့်လည်း အရွယ်မ
တိုင်မီ လိင်စိတ်ထကြွမူမှတဆင့် အဓမ္မကျူးလွန်မူများ ၊လိင်ပိုင်း
ဆိုင်ရာ အကြမ်းဖက်မူများ ပိုမိုများပြားလာရခြင်းဖြစ်သည်။ ထိုသို့ များပြားလာခြင်းကို ပြည်တန်ဆာတို့ က လိင်မူကိစ္စတွင်
ပွင့်လင်းမြင်သာစွာ ဆောင်ရွတ်ထားခြင်းမရှိသောကြောင့်
ဟုဆိုလေသည်။ ထိုအဆိုတွင် ပွင့်လင်မြင်သာစွာဆောင်ရွတ်
ဖို့ ရာ ယင်းလိင်ပိုင်းဆိုင်ရာကိစ္စသည် မြန်မာထုံးထမ်းဓလေ့ အရ ဘယ်မိန်းခလေးမှာ ပွင့်ပွင့်လင်းလင်းမဆွေးနွေးလိုသည်မှာ
သေချာသည်။ ထိုကြောင့်ယင်းကိစ္စသည်ပွင့်လင်းမြင်သာဖို့ မလို
ချေ။ ယင်းတို့ ၏အဆိုအရ တရားဝင်ခွင့်ပြုမည်ဆိုလျှင် လိင်ပိုင်း
ဆိုင်ရာစူးစမ်းလိုသော လူငယ်များအတွတ် မလိုလား
အပ်သောရောဂါနှင့် ပြစ်မူများကာကွယ်ပြီးဖြစ်ပေလိမ့်မည်
ဟုဆိုထားလေသည်။သူတို့ ဘက်ကထပ်ပြီးပြောသည်မှာ ပြည်ပခရီးသွားဧည့်သည်များ အဆက်မပြတ်ဝင်ရောက်
တော့ မည့်အချိန်တွင် ရောဂါဆိုးများပျံနှံမူမရှိအောင် သက်ဆိုင်ရာအစိုးရအနေနှင့် ယခုကတည်းကကြို
တင်ပြင်ဆင်ပြီး တိကျသောအမိန့် ၊စည်းကမ်း၊ဥပဒေများကိုပြ
ဌာန်းသင့်ကြောင်းဆိုလေသည်။
(၅)
sex workers များတင်လျှောတ်သည့်အတိုင်း တရားဝင်လုပ်ကိုင်ခွင့်ပေးသည်ဆိုဦးတော့ ယင်းတို့ သည် မိမိပတ်ဝန်းကျင် မိမိအသိုင်းအ၀ိုင်းကြားတွင် မိမိ
သည်ပြည်တန်ဆာပါဟု အမှန်အတိုင်းဖော်ထုတ်နေထိုင်
မည်လော၊ ယင်းတို့ ဘက်ကနေထိုင်ရဲသည်ဆိုဦးတော့ မိမိ၏
ပတ်ဝန်ကျင်မိမိ၏ဆွေမျိုးသားချင်းများကကောလက်ခံပေးနိုင်
မည်လော၊ လက်ခံပေးနိုင်သည်ဆိုဦးတော့ ပျော်ပါးမည့်
ယောကျာ်း သားများကကော လိင်ကိစ္စလိုက်စားသူ
အဖြစ်ပြည်တန်ဆာအိမ်ကို ၀င်ထွက်ရဲမည်လော၊
ထိုကိစ္စရပ်များအပေါ်ဆင်ခြင်စဉ်းစားရာတွင် မြန်မာ
နိုင်ငံအတွင်း လိင်အလုပ်သမား အဖွဲ့ အစည်းတစ်ခုပေါ်ပေါ်က်
လာခြင်းသည် မြန်မာယဉ်ကျေးမူအရ မဖြစ်သင့်သောကိစ္စ
တစ်ရပ်ဟုသာအဖြေထွက်လေသည်။ နိုင်ငံတကာတွင်လည်း ယင်းကိစ္စများနှင့်ပတ်သတ်ပြီး တရားဝင်လုပ်ကိုင်ခွင့်ပေးထား
သောလည်း ပြသ-နာပေါ်င်းသောင်းခြောက်ထောင်ကိုဖြေရှင်း
ပေးနေရဆဲဖြစ်လေသည်။ ထိုကြောင့်အများကဲ့ ရဲ့  ခံရမည့်
အလုပ်ကို လွတ်လပ်ခွင့်မပေးတာအကောင်းဆုံးဖြစ်ပေသည်။
(၆)
အဆုံးသတ်ကိုဆိုရသော် မည်သို့ သော
အကြောင်းကြောင့်ပင်ဖြစ်ဖြစ် အမိမြန်မာနိုင်ငံသည် ပြည်တန်
ဆာများကိုတရားဝင်လုပ်ကိုင်ခွင့်မည်သို့ မျှမပေးသင့်ချေ။ ယခင်
ကဆိုလျှင် မြန်မာနိုင်ငံတွင် ပြည်တန်ဆာပပျောက်ရေးလုပ်ငန်း
များကိုတောင် လုပ်ခဲ့ ကြလေသည်။ ယခုအချိန်ရောက်မှသာ
ပြည်တန်ဆာလုပ်ငန်းသည် တရားဝင်လုပ်ကိုင်ခွင့်ရထားသ
ကဲ့ သို့ လုပ်ဆောင်နေကြခြင်းဖြစ်သည်။ ယင်းတို့ အတွတ်တစ်
ခုစဉ်စားပေးသင့်သည်က ခေါ်င်းပုံဖြတ်ခံရခြင်း၊နှိတ်စက်ခံရခြင်း၊ အနိုင်ကျင့်ခံရခြင်း ကဲ့ သို့ သောကစ္စများပင်ဖြစ်သည်။ထို
အတွတ်တော့ဥပဒေရှိသင့်လေသည်။
(၇)
အောက်တိုဘာ၁၂ရက်နေ့  2012 တွင်တော်ဝင်ခရေနန်းအဖွဲ့ သည် ပြည်တန်ဆာလုပ်ငန်း
ကိုတရားဝင်လုပ်ကိုင်ခွင့်ရရှိရေးအတွတ် First Weekly Journalမှတဆင့်ထပ်မံတောင်းဆိုခဲ့ ကြပြန်သည်။ ယင်းတို့ က -
မြန်မာနိုင်ငံမှာဒီလုပ်ငန်းကို တရားဝင်ခွင့်ပြုပေးမယ်
ဆိုရင်အရမ်းကောင်းပါတယ်။ တခြားနိုင်ငံတွေမှာလည်းဒီ
လုပ်ငန်းကို တရားဝင် လုပ်ကိုင်ခွင့်ပေးထားပါတယ်။