Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

*** ရွှေမြို့တော်မှ သူငယ်ချင်းများသို့ ***

$
0
0

မင်္ဂလာပါရှင့်

သစ္စာ (၉.၂.၂၀၁၃) နေ့မှာ ဆိုင်ကယ်အက်စီးဒင့် ဖြစ်ခဲ့ပါတယ်. သစ္စာဆိုင်ကယ်ကို ကားတစ်စီးက နောက်ကနေ ၀င်တိုက်သွားတာပါ. ကံကောင်းလို့ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ မရရှိခဲ့ပေမယ့် သစ္စာရဲ့ ညာဘက်လက်တစ်ခုလုံး လှုပ်ရှားလို့မရသေးပါဘူး. ညာဘက်လက်ကောက်ဝတ် အရိုးအက်သွားလို့ ကျောက်ပတ်တီး တစ်လခွဲတိတိစည်းထားရမှာပါ. သစ္စာ အလုပ်မှ ဆေးနားယူပြီး အိမ်မှာပဲ ဆေးကုသခံယူနေရပါတယ်. သစ္စာအစကတော့ လက်ပြန်ကောင်းမှ ဆိုဒ်ထဲပြန်ဝင်မလို့ပါပဲ. ဒါပေမယ့် သစ္စာညီမလေးက သစ္စာနေမကောင်းလို့ အိမ်ပြန်လာလို့ သူ့အကူအညီဖြင့် ဆိုဒ်ကိုဝင်ကြည့်ခဲ့ရာ သစ္စာအိမ်လေးကို လာလည်ထားသော သူငယ်ချင်းများအပြင် အကူညီတောင်းထားကြသော မန်ဘာများတွေ့၍ ၀မ်းနည်းအားနာမိပါတယ်. သစ္စာလည်းဘယ်ဘက်လက် တစ်ခုထဲနဲ့ ဘယ်လို့မှအကြောင်းပြန်ဖို့အဆင်မပြေနိုင်သေးလိုပါ. သစ္စာလက်ပြန်ကောင်းလို့ ကျောက်ပတ်တီးဖြည်ပြီးရင်တော့ အရင်လိုပဲဆိုဒ်ကို ပြန်ဝင်ပြီး ကူညီပေးသွားပါမယ်. သစ္စာအက်စီးဒင့် ဖြစ်တာကို စိုးရိမ်သတင်းမေးကြသော  သစ္စာတို့ ရုံးမှတာဝန်ရှိလူကြီးမင်းများနဲ့ လုပ်ဖော်ကိုင်ဖက်များနှင့် လေလှိုင်းလေးမှတဆင့် မသိမမြင်ဖူးပါပဲ ခင်မင်သံယောဇဉ်ရှိပြီး တယ်လီဖုန်းဖြင့် သတင်းမေး အားပေးနှစ်သိမ့်ပေးသော ရွှေမြို့တော်မှ ညီအကိုမောင်နှမများအား သစ္စာဒီနေရာမှ ကျေးဇူးအထူးတင်ရှိကြောင်း ပြောချင်ပါတယ်ရှင်.ခုဒီဘလော့ကို တင်ချင်သောကြောင့် ညီမလေးကို အကူအညီတောင်းပြီး စာရိုက်ခိုင်းရတာပါ. သစ္စာ ညီမလေးကိုလည်း ကျေးဇူးတင်ပါတယ်. သစ္စာလက်ပြန်ကောင်းရင် ဆိုဒ်ကိုပြန်ဝင်ခဲ့ပါမယ်လို့ ပြောကြားရင်း ရွှေမြို့တော်မှ ညီအကိုမောင်နှမများ သာယာပျော်ရွှင်ကြပါစေ.

 


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>