နင့်ကိုလူတွေက ငမူးတဲ့ မူးမူးနဲဘာတွေလုပ် ဘာတွေပြောတာလဲတဲ့ ၊ နင်ဘာဖြစ်လို့ မူးတဲ့အရေကို
ကြိုက်ရတာလဲ ၊အသဲကွဲလို့မူးတာလား ၊ စိတ်ညစ်လို့ မူးတာလား ၊ ပင်ပန်းလွန်းလို့ မူးတာလား ၊
မူးရခြင်းရဲ့ အကြောင်းတစ်ခုခုတော့ ရှိရမယ်။သူငယ်ချင်း
မူးရခြင်းရဲ့အကြောင်းရင်းကို မသိရင်နင်အသိတရားမရှိတဲ့ အတွက်လူမဟုတ်ဘူး ၊ တိရိစ္ဆာန်ဖြစ်နေမှာပေါ့။
လူဆိုတာ ကောင်းတာဆိုးတာ
သိရတယ်။ လုပ်သင့်မလုပ် သင့်သိရတယ်။ ကြံစည်သင့် မကြံစည်သင့် သိရတယ်။ လူပီသတဲ့ သူတိုင်း
ဗုဒ္ဓဘာသာဝင်စစ်တဲ့လူတိုင်းကံငါးပါးထိန်းကြတယ်။ အခုတော့လူတွေက နင့်ကိုငမူးလို့ ပြောတိုင်း
အသိဥာဏ်မရှိတဲ့ သူလို့ပြောတယ်လို့ငါထင်ပြီးနင့်အစား
ငါစိတ်မကောင်းဘူး နင့်မိဘ အစားငါနင့်ဘဝကို နှမျောတယ်။ သူငယ်ချင်း ငါ့ရဲ့စာလေးဖတ်တဲ့အချိန်မှာ
အရက်ကို
တစ်ဖြေးဖြေး ဖြတ်လိုက်ပါဟယ်။ အသက်ငယ်ငယ်လေးနဲ့ မူးယစ်စေတဲ့ အရာတွေ မစွဲလန်းစေချင်ဘူး။
ဘဝတတ်လမ်း
အများကြီးရှိနေတဲ့ ဘဝထဲမှာ မကောင်းတဲ့ ပတ်ဝန်းကျင်မှာ အီယောင်ဝါး ဝေးလေလေ မနေစေချင်ဘူး။
ရုန်းထွက်လိုက်ပါလား
သူငယ်ချင်းရယ်။ ပျော်လို့သောက်တယ် ၊ သောက်တော့ပျက်တယ် ၊ ပျက်တော့ စိတ်လေသွားရော မဟုတ်လား။
မူးတိုင်းကောင်းတယ်
မထင်နဲ့ မူးတာများရင် ရူးသွား နိုင်တယ်။ ရူးတယ်ဆိုတာ မသောက်ရင်မနေနိုင်ဘူး။ သောက်တာများတော့
ရန်ဖြစ်မယ် ရောဂါရမယ်။ နောက်မိုက်ရဲ ၊ သတ်ရဲ ၊ လုပ်ရဲ ၊ ကိုင်ရဲလာမယ်။
အရှက်အကြောက် တွေပျောက်ပြီးစိတ်မူမမှန်ဖြစ်လာမယ်။
ငါ့စာလေးဖတ်ပြီး နင်ပြုံးနေသလား ပြုံးယုံတင်မဟုတ်ဘူး အရက်ကို မေ့မှဖြစ်မှာ။ လူတကာတွေ ဘဝ
အတွက်သူ့ထက်ငါ ကြိုးစားပြီး
တိုးတတ်အောင် လုပ်နေတာ နင်အားမကျဘူးလား။ သူငယ်ချင်း သူတို့လို နင်တစ်ကိုယ်လုံး
အကောင်းပကတိကျမ္မာတယ်မဟုတ်လား။
သူတို့လောက် မတော်ရင်တောင် နင့်ပတ်ဝန်းကျင်မှာတော့ ဘဝတူတွေကြားကောင်းအောင် ကြိုးစားပါ။
ဥာဏနဲ့မတော်ရင် ကာယ
နဲ့တော်ရတယ်။ ဥာဏအလုပ်သမားဖြင့် မထူးချွန်ပေမဲ့ ကာယအလုပ်သမားဖြင့်
ထူးချွန် အောင်ကြိုးစားပါ။ ယောက်ျားတို့လုံ့လသေခါမှ လျော့ရတယ် သူငယ်ချင်း။ ငမူးငမူးလို့
လူတကာအခေါ်မခံပါနဲ့တော့။ နင်မူးတာကို မေ့သွားတာ ငါကြားချင်ပါတယ်။ ဒါကြောင့်
ဘာကြောင့် သောက်တာလဲ။
ဘာကြောင့်မူးချင်တာလဲ။ ဘာကြောင့် ဒီမူးယစ်စေတဲ့
အရာကိုမက်ရတာလဲ။ဘာကြောင့် ပျော့ညံ့တဲ့စိတ် တွေရှိရသလဲ။
ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်တဲ့ သူအချင်းချင်း အတင်စီးခံ ၊ အနှိမ့်ခံတဲ့ ဘဝမှာပျော်နေသလား။ သူတို့
ရဲ့အထင်သေးတဲ့ မျက်လုံး ၊
သူတို့ရဲ့ မယဉ်ကျေးတဲ့ အပြုအမူ ၊ သူတို့ရဲ့မပေါင်းချင် သလိုပေါင်းချင်သလို ပုံစံတွေကို
နင်နှစ်သက်သလား ၊ခံနိုင်ရည်ရှိသလား
သူငယ်ချင်း။ ငါ့စာဖတ်ပြီး ငါ့ကိုဂတိပေးနော် သူငယ်ချင်း။ ဘယ်တော့မှမမူးပါဘူးလို့ နင့်ဘေးနားက
အရက်ပုလင်း ၊ဘီယာပုလင်းလေးကို အမြန်ဆုံး လွှတ်ပစ်လိုက်စမ်းပါ။ သူတို့ထက်သာအောင်
ကြိုးစားပါ။ အောင်မြင်ချင်တယ်ဆိုရင်
နင့်လက်ရှိတွေ့ကြုံ နေရတဲ့ဘဝကို တာဝန်ကျေကျေ အလုပ်လုပ်ပါ။ ရောက်ရှိနေတဲ့ နေရာရဲ့ဘဝမှာ
တာဝန်ကျေကျေဂရုတစိုက်ကြိုးကြိုးစားစား အလုပ်လုပ်ပါ။ ပညာတတ်တတ် မတတ်တတ်
ကြိုးစားတဲ့သူဟာသူ့အဆင့်အတန်းနဲ့သူ တော့ကြိုးစားခြင်းရဲ့
ရလဒ်အသီးအပွင့် ကိုမြိန်မြိန်ရှက်ရှက် ခံစားရမှာပါ။ ပါးစပ်ဆိုတာ သူများပြောဖို့ ပါလာတာ မျက်စိဆိုတာ
သူများကြည့်ဖို့ ရှိနေတာ။
သူများအပြောခံ ၊ သူများအကြည့်ခံ အထင်သေးသလို မသတီသလို ခံစားဖို့မဟုတ်ဘူးသူငယ်ချင်း။
နင့်ရဲ့စိတ်ခွန်အားတွေ ဖြစ်အောင်ငါလှုပ်ပြီး နှိုးလိုက်ပြီနော်။ နင်ခွန်အားတွေ ပြည့်ပြီးနင့်မိဘ နင့်ဘဝ
နင့်အနာဂတ်အတွက် ခြေလှမ်းသစ်တွေ စတင်ပြီး လှမ်းလိုက်စမ်းပါ နင်လှမ်းနိုင်ပါတယ်။
နင်ဟာဘုရားဆုပန်လို့ရတဲ့ယောကျာ်းပါဟယ်။
မူးမူးရူးရူးနဲ ပေါက်တိပေါက်ရှာ မူးယစ်နေရမဲ့သူမဟုတ်ဘူးနော်။ နင်သေသေချာချာ စဉ်းစားစမ်း ၊
နင်အချိန်မှီသေးတယ်။ ပြုပြင်ကြည့်စမ်းပါဟယ်။ အပြောကောင်းလို့ မရဘူး။ ရူးသလိုကြောင်သလို
မနေနဲ့။ သေချာလက်တွေ့ကျင့်ပါ
သူငယ်ချင်းရယ်။ နင့်ကိုကောင်းစေချင်လို့ ပြောရတဲ့ငါ့မှာ အချိန်တွေကုန် လက်တွေ ညောင်း
ဦးနှောက်ကစဉ်းစားပြီး ရေးရနဲ့
စဉ်းစားခလေး ၊ ရေးခလေး အနေနဲ့ နင်လိမ္မာရင် ငါရေးရပြောရကျိုးနပ်ပါတယ်။ နင့်တိုင်းပြည် နင်ပြန်ရင်
ပညာဆိုလည်းပညာပါပါစေ။
ဥစ္စာဆိုလည်း ဥစ္စာပါပါစေ။ ဘာမှမပါဘည်း မူးယစ်ခြင်းနဲ့ အသဲရောဂါ ၊ အသားဝါ ၊ အသဲရောင်ရောဂါ
၊ ရောဂါပေါင်းစုံပါလာတဲ့ ငမူးအဖြစ်နဲ့တော့ နင့်မွေးရပ် မြေကိုမပြန်ပါနဲ့ဟာ။ ကြွေးကလည်းထူ
၊ ရောဂါကလည်းထူး နံလံမထူမဖြစ်စေချင်ဘူး၊ ကဲဘာလုပ်မလဲ သူငယ်ချင်း။ လမ်းနှစ်သွယ်ကို
တစ်လမ်းတော့နင်ရဲရဲရွေးတော့နော်။
သူများအပြောထက် ကိုယ်ပြောကိုယ်ကျင့်ကိုယ်လုပ်ကိုယ်ခံစားရမှာ။ သူငယ်ချင်းရယ် နေ့မြင်ညပျောက်
Onlineကမ္ဘာထဲမှာ ၊ ငါလည်းတစ်နေ့ ပျောက်ကွယ်သွားရင် နင့်ကို
ဘယ်သူခွန်အားပေးမလဲ။ ဘယ်သူဖေးမလမ်းညွှန်မလဲ။ ဘယ်သူနင့်ကို မခံအောင် အမုန်းခံပြီး
တွတ်တွတ်ထိုး ပြောမလဲ
နင်မကောင်းတာလုပ်မယ် ကြံတိုင်းပထမဦးဆုံး နစ်နာတာ နင့်ဘဝဘည်း။ နောက်နင့်မိဘ
၊ နောက်နင့်ဆွေမျိုးအသိုင်းအဝိုင်းဘည်း။
မိဘဆိုတာ သားသမီးကို ကြီးကျယ်ခန်းနားတဲ့ အောင်မြင်သော လူသားဖြစ်စေချင်တာ ဘည်း။ ဖြစ်မလာရင်
ဖွင့်မပြောပေမဲ့
စိတ်မကောင်းဘူးပေါ့။ သူများသားသမီးတွေ အဝေးက ငွေပို့ပစ္စည်းပို့ရင်
သူလည်းသူ့သားသမီး ငွေပို့ပစ္စည်းပို့တာယူ
ချင်ရှာမှာပေါ့
သူများသားသမီးတွေ အဝေးကနေ မိဘဆီဖုန်းဆက်ပြီး အမေပြည့်စုံ စိတ်ချမ်းသာရဲ့လား မေးရင်သူလည်း
သူ့သားသမီး
အမေးခံချင်မှာပေါ့။ အခုတော့နင်က ရသမျှငွေ သောက်တော်မူ ၊ မူးတော်မူတော့ ဘယ်စုမိပါ့လဲ။
ကဲ…..ဘာလုပ်မလဲ?
ကဲ…..ဘာဖြစ်ချင်လဲ?
ကဲ…..ဘယ်လိုရှေ့ဆက်သွားမလဲ?
ကဲ…..ဘယ်လိုနိဂုံးချုပ်မလဲ?
ကဲ…..ငါ့ကိုဘယ်လို ဂတိတွေပေးမလဲ?
ကဲ…..နင့်မိဘကို နင်လေးစား ရိုသေတန်ဘိုးထားတတ်သလား?
ကဲ…..သေသေချာချာစဉ်းစား ဆုံးဖြတ်ပေးတော့ သူငယ်ချင်းရေ။ နင့်ဘဝလိုတိုင်းရ ၊ တတိုင်းပြည့် ၊
ကြံစည်တိုင်းအောင်မြင်ပါစေ။