လျှပ်စစ်ပစ္စည်းတွေ ၀ယ်မယ်ဆိုရင် တော်တော်လေးစဉ်းစားပြီးဝယ်ဖို့ တိုက်တွန်းချင်ပါတယ်။ကျနော်တို့ မလေးရှားရောက် မြန်မာအလုပ်သမားတွေဟာ ပိုက်ဆံလေးရှိလာတာနဲ့အမျှ ဒီပစ္စည်းတွေကို လက်ဝယ်ပိုင်ဆိုင်ဖို့ ကြိုးစားကြတာ ဒါဓမတာပါ။ဒီအထဲက ကျနော်တယောက်လည်း ဟိုဖုန်းလေး ၀ယ်လိုက် ဒီဟာနဲ့လဲလိုက်။ နောက်တလုံးဝယ်လိုက် မကြိုက်လိုက် အောက်ဈေးနဲ့ ပြန်ရောင်းလိုက်နဲ့ ဖုန်း၅ လုံး လောက် ရှိမယ် လဲ ကိုင်လိုက်တယ် ၃လစာလောက် ထိသွားဘူးတယ်ခင်ဗျ။
လျှစ်စစ် ပစ္စည်း(၀ါ) ဖုန်းတွေကလည်း တလခြင်း မော်ဒယ်အသစ်တွေ ထွက်လာလိုက်တာ မရိုးနိုင်အောင်ပါပဲ။ဘာတဲ့ တေးဘလက် ဆိုတဲ့ဟာ လက်ဝါးထက်ကြီးတယ်။တော်တော် အသုံးတွင်ကျယ်နေတယ်။ တရုတ်ကလေး တွေ တော်တော် များများ
ဂိမ်းဆော့နေကြတာများတယ်။
ကျနော့သူငယ်ချင်းတစ်ယောက်လာည်း ဟိုနေ့က ၀ယ်ချလာတယ်။ အိမ်ရောက်တော့ သူသုံးကြည့်တယ် ။ သိပ်အဆင်မပြေတာနဲ့ ကျနော့ကို လှမ်းခေါ်လို့ သွားပြီး ကလိကြည့်လိုက်တယ်။ ဖုန်းနဲ့တော့ သိပ်မကွာပါဘူး ။သုံးရတာ။ခုလည်း
ဈေးကွက်ထဲ ဆမ်ဆောင်း ဖုန်းတွေ ရေလိုပေါနေတာ သိကြမှာပေါ.။ အသစ်ထွက်စတော့ ဈေးကကောင်းတာပေါ့။ နောက်တလုံး
မော်ဒယ်အသစ်ထွက်တာနဲ့ ဈေးက ကျတဲ့ဟာမျိုးတွေလား ။ ကျနော်တော့ သိသွားပြီ .. ၀ယ်တော့ဘူး ဈေးအကျကိုပဲ စောင့်နေတော့တယ်..ဟိ…. ကိုယ်လိုချင်တဲ့ ဟာက ခုဆို မလေးငွေ ၁၃၀၀ ကြီးများတောင် ။ ကျနော် ကပ်နိုင်ပါဘူး။
စောနားကပြောတဲ့ တေးဘလက်ဆိုတဲ့ ဟာက မလေးငွေ ၃၅၀ လောက်ပေးရတယ်တဲ့ ။ဝိုင်ဖိုင်ပဲ သုံးလို့ရတာ။ဆင်ကပ်ထည့်လို့ ရဘူး။မင်မိုရီက ၈ ဂျီပီ.။ မလေးမိတ်ပါ။့tsm ကုမ္မဏီက ထုတ်တာပါ။ဒီအလုံးကတော့ မသုံးတတ်သေးလို့ လားတော့ မသိဘူး…မမိုက်ဘူးရယ်.. ၀ိုင်ဖိုင်သုံးတာ တော်တော် လေးတယ် ။ လိုင်းဆွဲအား နည်းတယ်လို့ ပြောရမလားတော့ သိဘူး။ မကြိုက်တတ်ဘူး။တော်တော် ကြီးကို ဆူဆတယ်။
ကျနော်နဲ့တော့ သိပ်မကိုက်ဘူးဗျ။ ဒါနဲ့ စက်က ဖြစ်တာလား ၊ လိုင်းကဖြစ်တာလား မသိလို့ ဆိုင်ကို မေးကြည့်တော့ဆိုင်ကလည်း သေချာရေရာတဲ့ အဖြေမပေးဘူး။ဝယ်တုန်းကတော့ ၁နှစ်အာမခံတယ် ၊ ဘာညာပြောပြီး လိုင်းဆွဲအားကောင်းတယ်ပေါ့.ရောင်းလိုက်တာပဲ ၊ ၀ယ်တဲ့ လူကလဲ ဘာမှသေသေချာချာ နားလည်တဲ့လူ မဟုတ်လေတော့
ယူလာခဲ့တာပဲ. ကြိုက်တာကို ၊ သူများတွေ ကိုင်နေတာမြင်တာကိုးဗျ… ခုတော့ ဆုပ်ရင်လည်းစူး၊ စားရင်လည်းရူး ဆိုသလို
သုံးတော့လည်း လိုင်းဆွဲအားက အရမ်းနှေးတယ်၊ ပြန်လဲလို့လည်း ဆိုင်ရှင်က လက်မခံ။ ဖုန်းလို ဆင်ကပ်ထည်ံသုံးလို့ လည်းမရ။
အော် …အကြီးကြီး စိတ်ညစ်ဖို့ ကောင်းနေတော့ တာပေါ့။နောက်တလုံးလည်း လဲ မပေး။
ဒါကြောင့် မလေးရောက် မြန်မာတွေ အနေနဲ့ ဖုန်းစတဲ့ အီလက်ထရောနစ် ပစ္စည်းတွေ ၀ယ်တော့မယ်ဆိုရင် တတ်သိတဲ့သူနဲ့သွားပြီး ၀ယ်သင့်ပါတယ်…မြန်မာဆိုရျိးစကား တခုလိုဘဲ အဖိုးနည်းရင် မ၀ယ်နဲ့ ၊ အမျိုးနည်းရင် မကျယ်နဲ့ ဆိုသလို
တန်ဖိုးနဲတဲ့ ပစ္စည်းတွေဟာလည်း စိတ်ကို အနှောက်အယှက်ဖြစ်စေပါတယ်….တချို့ ပစ္စည်းတွေဟာ သေးငယ်ပေမယ်လို့ အသုံးခံ၊အကြမ်းပတန်း ခံတာ တွေ့ရပါတယ်။ အချို့ ပစ္စည်း တွေကျတော့ ကြီးပေမယ်လို့ မြန်မြန် ပျက်လွယ်ပါတယ်..(အများအားဖြင့် တရုတ်မိတ်…..အဖိုးနည်း)။
အမြင်လှဖို့ထက် အရည်အသွေး ကို ထည့်စဉ်းစားပြီး ၀ယ်စေချင်ပါတယ်။ဒါမှ ၀ယ်ပြီးရင် စိတ်မညစ်ရမှာလေ။ဒါပေမယ့် တလတလုံး ပြောင်းကိုင်ချင်သူတွေ အတွက်တော့ အဖိုးနည်း ဖုန်းတွေ ၀ယ်ကိုင်ပေါ့..ဒါဟာလည်း မိမိရဲ့ ဘတ်ကျတ်ကို ထိခိုက်စေမှာပါ…
ကျနော်တွေ ကြုံရတာလေးကို မျှဝေချင်းသာ ဖြစ်ပါတယ်… အားလုံးကို စေတနာ ဗလဗွနဲ့ .... မောင်လေညှင်း(မင်းတုန်း)
↧
လျှစ်စစ်ပစ္စည်းတွေ ၀ယ် ရင် သိထားဖို့ ပါ..
↧