တစ်နေ့က တီဗီအစီအစဉ်မှာ ဘီလူးပုံတွေကိုမြတ်နိုးတဲ့သူ ပန်းချီဆရာ တယောက်အကြောင်းကြည့်လိုက်ရတယ်။.....အဲဒီပန်းချီဆရာက ဘီလူးဆိုတာကြောက်ဖို့မကောင်းကြောင်း ပြောကြားခဲ့တယ်။
ဒါနဲ့ ကျွန်တော်လည်း ဘီလူးတွေအကြောင်းသိချင်လာတယ်။ထုံးစံအတိုင်း ရှာဖွေမူပန်းတိုင်ဟာ စာအုပ်စာပေတွေပဲပေါ့ဗျာ..ဘီလူးဆိုတာ ကျွန်တော့်တို့ ကလေးဘ၀ထဲက ၇င်းနှီးခဲ့ကြတာပါ အိပ်၇ာဝင်ပုံပြင်တွေအဖြစ်နဲ့ပေါ့.....အဖိုး အဖွား အဖေ အမေ တွေကးးးးးးးးးးးးးးဟိုးရှေးရှေးတုန်းကပေါ့ဆိုပြီး ..ဘီလူးတွေနဲ့မိတ်ဆက်ပေးခဲ့ကြတယ်။ဒါပေမယ့် ကျွန်တော်တို့ဟာ ဘီလူးတွေကို ယုတ်မာသော ကြောက်စရာကောင်းသော အကောင်ကြီးအဖြစ် ရင်းနှီးခဲ့ရတာပါ။.........
ဒါကြောင့်လည်း ခုချိန်ထိ ကျွန်တော်တို့ဟာ ဘီလူးဆိုတာကို ကြောက်စရာအဖြစ်အရိုးစွဲခဲ့ရပါတယ် ။။။။
ဒါပေမယ့်ဘုရားဟောတရားတော်များနှင့် စာအုပ်စာပေတွေကနေ ဘီလူးအကြောင်းကို လေ.လာကြည့်တော့မှ....ဘီလူးဆိုတာ နတ်မျိုးနတ်နွယ်ဖြစ်တယ်ဆိုတာရယ် သူ့ဘုန်းကံအလျောက် တန်ခိုးကြီးတယ် သူ့ကိုယ်ပိုင် ဘုံဗိမာန်နဲ့ နေတယ် ကိုယ်ပိုင်လက်နက်ရှိတယ်ဆိုတာကိုတွေ့ရှိရပါတယ် ။နောက်ထပ်အလွန်လေးစားစရာကောင်းတာက ကတိသစ္စာတည်ကြည်တယ် စည်းစနစ်နဲ့နေထိုင်တယ် တခြားသောသတ္တ၀ါတွေအပေါ်ကို လိုက်လံရန်မူခြင်းမရှိဘူးတဲ့....၀ိဓူရဇာတ်တော်မှာ ဆိုရင်လည်းသူ့ချစ်သူ နဂါးမစကား သူ့ယောက်္ခမစကား ကိုနားထောင်ပြီး လိုချင်တာကိုရအောင်ယူပြီး ဘုရားလောင်းတရားဟောတော့ အကျွတ်တရားရခဲ့တာတွေဟာ ဘီလူးတွေရဲ့ စွမ်းအား နာယူနိုင်စွမ်း တရားကိုသိမြင်နိုင်ခြင်း တွေပါ။..........
လူ.စည်း ဘီလူးစည်း ဆိုတဲ့အတိုင်း ဘီလူးတွေဟာ သူ့ရဲ့ပိုင်နက် နယ်မြေအတွင်းကို မကျူးကျော်မခြင်း မည်သူကိုမျှ ရန်မူခြင်းမရှိပါဘူးတဲ့။။..
ဗုဒ္ဓဘု၇ားဟောကြားခဲ့သော အာဠ၀ကဘီလူး ဇာတ်တော်မှာဆိုလျှင်လည်း အာဠ၀ကဘီလူးဟာ အလွန်တန်ခိုးကြီးမားပြီး
နတ်လူအများ ကြောက်ရတဲ့ ဘွဲ့ဖြူလက်နက်ရှိသော်လည်း မည်သူကိုမျှရန်မူခြင်းမရှိခဲ့ပေ သူ့၏ပိုင်နက်ကို(ဘီလူးစည်း)ကို ကျူးကျော်လာသူတို့ကိုသာ သတ်ဖြတ်ခဲ့တယ်။ဒီနေရာမှာလည်း သူ့စည်းအတွင်းေ၇ာက်တိုင်း အနိုင်ကျင့်ခြင်းမပြုဘဲ မေးခွန်းတွေမေးပြီး ဖြေနိုင်လျှင် လွတ်မြောက်ခွင်.ပေးမယ့် အခွင့်အရေးလည်းပေးခဲ့သေးတယ်ဗျ....
တဆက်တည်းမှာပဲ အာဠ၀ကဘီလူးဟာ သူ.ပိုင်နက်ကိုေ၇ာက်လာသူတွေကိုမေးတဲ့မေးခွန်းတွေကို စာဖတ်သူတွေကို သိစေချင်ပါသေးတယ် သူ့မေးခွန်းတွေဟာ အလွန်အဆင့်မြင့်တာကြောင့် မြတ်ဗုဒ္ဓတပါးတည်းသာ ဖြေဆိုနိင်ခဲ့ပါတယ် ။
အာဠ၀ကဘီလူး ၇ဲ့မေးခွန်းတွေဟာသိပ်ကောင်းတယ်ဗျ စာဖတ်သူလည်း ဖြေပေးပါအုံးနော် တော်ကြာစာဖတ်သူလည်း အာဠ၀ကဘီလူးအစားခံနေရမယ် ဘာလို့လည်းဆိုတော့ စာဖတ်သူဟာ ယခုဘီလူးစည်းအတွင်းေ၇ာက်နေလို့ပါပဲ.....
အာဠ၀ကဘီးလူးသည် သူ၏ဗိမာန်သို့ရောက်လာသော ရဟန်း၊ ရသေ့၊ ပရဗိုဇ် တို့အား အောက်ပါ မေးခွန်းများနှင့် ရူးသွပ်အောင်ပြုပြီး အနိုင်ယူ၏။
၁) ဤကမ္ဘာလောက၌ ယောကျာင်္း၏ မြတ်သော ဥစ္စာကား အဘယ်နည်း။
၂) ကောင်းသောအလေ့အကျင့်တို့တွင် အဘယ်ကောင်းသော အလေ့အကျင့် သည် ချမ်းသာကို ဆောင်နိုင်သနည်း။
(၃) အရသာတို့တွင် အဘယ်အရသာသည် အလွန့်အလွန် ချိုမြိန်သော အရသာဖြစ်သနည်း။
(၄) အသက်မွေးမှုတို့တွင် အဘယ်သို့သော အသက်မွေးမှုကို မြတ်သောအသက် မွေးမှုဟုဆိုသနည်း။
(၅) အဘယ်ဖြင့် သံသရာဝဲသြဃကို ကူမြောက်နိုင်သနည်း။
(၆) အဘယ်ဖြင့် သံသရာပင်လယ်ကို ကူမြောက်နိုင်သနည်း။
(၇) အဘယ်ဖြင့် ဆင်းရဲကို လွန်မြောက်နိုင်သနည်း။
(၈) အဘယ်ဖြင့် ထက်ဝန်းကျင် စင်ကြယ်နိုင်သနည်း။
(၉) အဘယ်အကြောင်းကြောင့် ပညာကိုရနိုင်သနည်း။
(၁၀) အဘယ်အကြောင်းကြောင့် ဥစ္စာပစ္စည်းကို ရနိုင်သနည်း။
(၁၁) အဘယ်အကြောင်းကြောင့် ကျော်ဇောထင်ရှားခြင်းသို့ ရောက်နိုင်သနည်း။
(၁၂)အဘယ်အကြောင်းဖြင့် မိတ်ဆွေကို ဖွဲ့နိုင်သနည်း။
(၁၃) အဘယ်အကြောင်းဖြင့် နောင်ဘ၀၌ မစိုးရိမ်ရသနည်း။.....................တို့ပါပဲ။
ဒီမေးခွန်းကိုလည်း အာဠ၀ကဘီလူး ကဘုရားကိုမေးပြီး မဖြေနိုင်ပါက သတ်မည်ဟု ခြိမ်းခြောက်တာဗျ..ဒီအခါ မြတ်စွာဘုရားက "ဘုရားရှင်တို့အား သတ်ဖြတ်နိုင်သူ လောကသုံးပါးတွင် မရှိ"ဟုမိန့်တော်မူပြီး အထက်ပါမေးခွန်းများကို အောက်ပါအတိုင်းဖြေဆိုတော်မူခဲ့ပါတယ်....
(၁) ဤကမ္ဘာလောက၌ ယောကျာင်္း၏ မြတ်သော ဥစ္စာပစ္စည်းကား ယုံကြည်မှု သဒ္ဓါ တရားဖြစ်သည်။
(၂) ကောင်းသော အလေ့အကျင့်ဖြစ်သော ကုသိုလ်ကမ္မပထတရားသည် ချမ်းသာ ကိုဆောင်နိုင်၏။
(၃) အရသာတို့တွင် မှန်ကန်စွာပြောဆိုခြင်း သစ္စာတရားသည် အလွန်ချိုမြိန်သော အရသာဖြစ်၏။
(၄)ပညာဖြင့် အသက်မွေးခြင်းကို မြတ်သော အသက်မွေးခြင်းဟု ဆိုကုန်၏။
(၅) ယုံကြည်မှု သဒ္ဓါတရားဖြင့် သံသရာဝဲသြဃကို ကူမြောက်နိုင်၏။
(၆) မမေ့လျှော့မှု အပ္ပမာဒ တရားဖြင့် သံသရာပင်လယ်ကို ကူးမြောက်နိုင်၏။
(၇) ထကြွလုံ့လဖြင့် ဆင်းရဲကို လွန်မြောက်နိုင်၏။
(၈) ပညာဖြင့် စင်ကြယ်နိုင်၏။
(၉) ရဟန္တာပုဂ္ဂိုလ်တို့၏ နိဗ္ဗာန်ရောက်ကြောင်းတရားကို ယုံကြည်လျက် မမေ့လျော့ ဆင်ခြင်သူ ပညာရှိသည် ကောင်းစွာနာကြားသောကြောင့် ပညာကိုရယူနိုင်၏။
(၁၀) သင့်လျော်သည့် အလုပ်အကိုင်ကို လုပ်လျက် တာဝန်ကိုကျေပွန်အောင် ထမ်း ဆောင်သူသည် ထကြွလုံ့လကြောင့် ဥစ္စာပစ္စည်းကို ရနိုင်၏။
(၁၁) မှန်ကန်စွာပြောဆိုခြင်းကြောင့် ကျော်စောထင်ရှားမှုကို ရနိုင်၏။
(၁၂) ပေးကမ်းခြင်းဖြင့် အဆွေခင်ပွန်းကို ဖွဲ့နိုင်၏။
(၁၃) ယုံကြည်မှုရှိသော အိမ်၏ အစီးအပွားကို ရှာတက်သောသူအား မှန်ကန်ခြင်း သစ္စာ၊ လိမ္မာခြင်း ဒမ၊ ကြိုးစားမှု ဓိတိဓ စွန့်လွှတ်မှု စာဂ၊ ဤတရားလေးပါး ရှိသဖြင့် နောက်ဘ၀၌ မစိုးရိမ်ရချေ ဟူ၍ မိန့်တော်မူခဲ့ပါသည်။ ....
(အပြုံးပန်းဈေးခင်းမှာ ကျွန်တော်ကိုယ်တိုင်တင်ခဲ့သော ပို့ကို ကျွန်တော်ကိုယ်တိုင် ပြန်ရှယ်ပြီးတင်ထားတာပါ)