Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

၁၄ ရက်နေ့တိုင်း

$
0
0
လတိုင်းရဲ့ ( ၁၄ )ရက်နေ့တွေမှာ သူတို့ရဲ့ အယူအဆနဲ့ သတ်မှတ်ချက်လေးတွေရှိပါတယ် ။ ဥပမာ . . .ဖေဖော်ဝါရီ (၁၄ )က ချစ်သူများနေ့ဆိုတာမျိုးပေါ့နော် ။ အဲဒီလိုပဲ တခြားလတွေရဲ့ ( ၁၄ )ရက်နေ့တွေမှာလည်း သတ်မှတ်ချက်လေးတွေရှိပါတယ် ။ အဲဒီ သတ်မှတ်ချက်လေးတွေကို nulay ပြောပြချင်လို့ တင်လိုက်တာပါ ။

1.January.14 ( Diary Day )

နှစ်တစ်နှစ်ရဲ့ အစပိုင်းလတစ်လဖြစ်တဲ့အတွက် ချစ်သူရှိတဲ့လူတွေက တစ်ဦးနဲ့တစ်ဦး အမှတ်တရအဖြစ်အပျက်လေးတွေကို ဒိုင်ယာရီထဲရေးလို့ရအောင် အပြန်အလှန် လက်ဆောင်ပေးလို့ရပါတယ် ။ ချစ်သူမရှိသေးတဲ့လူတွေကလည်း ကိုယ်ချစ်နေတဲ့သူကို အဲဒီနေ့မှာ ဒိုင်ယာရီပေးမယ်ဆိုလည်း ဖြစ်ပါတယ်။ ဒိုင်ယာရီနဲ့အတူ ပန်းစည်း( သို့ ) ပန်းခြင်းလေးတစ်ခုပါတွဲပြီး လက်ဆောင်ပေးရင်တော့ အကောင်းဆုံးပေါ့ ။

2.February.14 ( Valentine Day )

ဒါကတော့ လူအများသိတဲ့နေ့တစ်နေ့ပါ။ချစ်သူများနေ့လို့ ခေါ်ကြတယ်။ချောကလက်လေးတွေ ၊ နှင်းဆီပန်းလေးတွေကို ကိုယ်ချစ်တဲ့သူတွေအတွက် လက်ဆောင်ပေးတဲ့နေ့တစ်နေ့ဆိုလည်း မမှားပါဘူး ။ ကြည်နူးစရာကောင်းလှတဲ့ နေ့လေးတစ်နေ့ပါ။

3.March.14 ( White Day )

ယောင်္ကျားလေးတွေက သူတို့ချစ်တဲ့သူကို သကြားလုံး( ဒါမှမဟုတ် ) လက်ဆောင်တစ်ခုခုပေးလို့ရတဲ့နေ့ပါ ။ အဖြူရောင်နေ့လို့ ခေါ်ပါတယ်။အဲဒီနေ့မှာ သကြားလုံး ( ဒါမှမဟုတ် ) လက်ဆောင်တစ်ခုခုပေးခြင်းဟာ သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို ပြသလို့ရတဲ့ နေ့တစ်နေ့ ဆိုပြီးတော့လည်း ယူဆကြပါတယ် ။

4.April.14 ( Black Day )

ဒီနေ့ကတော့ တစ်ကိုယ်တည်း လူပျိုကြီးတို့ ၊ အပျိုကြီးတို့ ၊ရည်းစားတစ်ယောက်မှ မရှိသေးတဲ့ လူတွေအတွက်လို့ ဆိုထားတဲ့နေ့တစ်နေ့ပါ။ စုံတွဲမရှိသေးတဲ့ လူတွေအချင်းချင်း တစ်နေရာမှာစုပြီး အထိမ်းအမှတ်ပွဲလေးလုပ်ကြပါတယ်။အဲဒီနေ့မှာ အားလုံးဟာ အနက်ရောင်အင်္ကျိများကို တူညီစွာ ၀တ်ထားကြရပြီး ( တစ်ချို့စာအုပ်ထဲမှာတော့ တရုတ်အနက်ရောင် ခေါက်ဆွဲတစ်မျိုးကို အတူတူစားကြတယ် ) လို့ဆိုထားပါတယ် ။

5.May.14 ( Rose Day )

နာမည်ကိုက နှင်းဆီပန်းများနေ့ လို့ ဆိုထားတော့ အဲဒီနေ့မှာ ကိုယ့်ချစ်သူကို နှင်းဆီပန်းလေးတွေပေးတဲ့နေ့ဆိုတာကိုတော့ သယ်ရင်းတို့ ရိပ်မိမှာပါ။နှင်းဆီပန်းလေးပေးပြီး သယ်ရင်းတို့ရဲ့ အချစ်ကို ဖော်ပြလို့ရတဲ့နေ့တစ်နေ့ဆိုလည်း မမှားပါဘူး။ ( အချို့စာအုပ်ထဲမှာတော့ အ၀ါရောင်နေ့ ဆိုပြီးမူကွဲတွေ့ရပါသေးတယ်။သူကတော့ ချစ်သူမရှိတဲံသူတွေ အတွက်ပါ ။ )

6.June.14 ( Kiss Day )

ဒါကတော့ မပြောတော့ပါဘူးနော် ။ ဒီနိုင်ငံမှာတော့ မကောင်းပါဘူး ။

7.July.14 ( Silver Day )

ဒီနေ့မှာ ကိုယ့်ချစ်သူကို ငွေထည်ပစ္စည်းတစ်ခု လက်ဆောင်ပေးရင်း အနာဂတ်အတွက် ကတိစကားတစ်ခု ပြောလို့ရတဲ့နေ့တစ်နေ့လို့ ဆိုထားပါတယ်။

8.August.14 ( Green Day )

အစိမ်းရောင်နေ့လို့ ခေါ်ပါတယ်။ဒီနေ့မှာ ချစ်သူစုံတွဲတွေဟာ သဘာဝ အလှအပတွေရှိတဲ့ နေရာများကို အလည်အပတ်သွားပြီး တစ်နေ့တာ ကုန်ဆုံးကြတယ်လို့ ဆိုထားပါတယ် ။ ( မူကွဲတစ်ခုမှာတော့ ဒီနေ့ကို Music Day လို့လည်း ဆိုထားပါတယ်။ အချစ်သီချင်းလေးတွေပါတဲ့ CD လေးတွေကို သူငယ်ချင်းပဲဖြစ်ဖြစ်၊ ချစ်သူ အချင်းချင်းပဲဖြစ်ဖြစ် ပေးလို့ရတဲ့နေ့လို့ ဆိုထားပါတယ်။ ဒါကတော့ ရည်းစားမရှိသေးတဲ့သူတွေအတွက် ပိုပြီး ကဗျာဆန်လို့ရတာပေါ့။ )

9.September.14 ( Photo Day )

ဓာတ်ပုံလှလှလေးတွေရိုက်ပြီး အပြန်အလှန်လက်ဆောင်ပေးလို့ရတဲံနေ့လို့ ဆိုထားတဲ့နေ့တစ်နေ့ပေါ့ ။

10.October.14 ( Wine Day )

သူတို့ဆီမှာတော့ ကိုယ့်ရင်ထဲက အချစ်ဆုံးသူနဲ့ ၀ိုင်လေးတွေ သောက်ပြီး ကြည်နူးပျော်ရွှင် တီတီတာတာပြောလို့ရတဲ့နေ့လို့ ဆိုထားပါတယ် ။ ဒီနိုင်ငံမှာတော့ အအေးလေး ဘာလေးသောက်ပေါ့ ။ဒါဆို Cold Drink Day ဆိုပြီးပြောင်းရမယ်ထင်တယ်။

11.November.14 ( Movie Day )

အချစ်ဇာတ်လမ်းလေးတွေကို နှစ်ယောက်သားအတူတူကြည့် ကြတဲ့ နေ့လေးတစ်နေ့ပါ။ ပျော်စရာကောင်းတဲ့နေ့လေးတစ်နေ့ ဖြစ်မှာပါ။

12.December.14 ( Hug Day )

ပွေ့ဖက်တဲ့နေ့လို့ ဘာသာပြန်လို့ရတဲ့ နေ့တစ်နေ့ပါ ။ သူတို့ဆီမှာက အေးတဲ့ရာသီဆိုတော့ ချစ်သူနဲ့ အတူနွေးထွေးစွာ ပွေ့ဖက်ပြီး ဖြတ်သန်းကြတဲ့နေ့တစ်နေ့လို့ ဆိုထားပါတယ်။ ( မူကွဲတစ်ခုကတော့ ထို့နေ့ကို Money Day လို့လည်းဆိုထားပါသေးတယ်။ ကိုယ်ချစ်တဲ့သူအတွက် သဘောထားကြီးကြီးနဲ့ မိမိဆီမှာရှိတဲ့ ငွေတွေကို သူ့အတွက် သုံးဖြုန်းတဲ့နေ့လို့ ဆိုထားပါတယ်။ )

မှတ်ချက်။ ။အထက်ပါ လစဉ် ( ၁၄ ) ရက်နေ့ အထိမ်းအမှတ်များမှာ ဂျပန်နဲ့ ကိုရီးယားတွင် တွင်တွင်ကျယ်ကျယ်ပြုလုပ်လေ့ရှိသည့်နေ့များ ဖြစ်ပါသည်။ ဒီမှာတော့ သိပ်ပြီး မတွင်ကျယ်သေးဘူးလို့ ရေးထားပါတယ်။

တခြားအသေးစိတ်ကိုတော့ လူနေရဲ့ သမီးရည်းစား အဘိဓါန်( ၃ )မှာ ဖတ်ရှုနိုင်ပါတယ်။


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>