တစ်ခါက ဂန္ဒီဟာ ကျောက်မျက်ရတနာဆိုင်ကြီးတစ်ဆိုင်ရှေ့ကိုရောက်တယ်
ကျောက်မျက်ရတနာတွေကို ဆိုင်ပြင်ကနေ ကြည့်နေတဲ့အခါ
ဆိုင်ရှင်က ထွက်လာပြီး လူကြီးမင်း လိုချင်တဲ့ပစ္စည်းတစ်ခုကိုပြောပါ
လက်ဆောင်အဖြစ်ပေးပါ့မယ်လို့ပြောတယ်
ချက်ချင်းပဲ ဂန္ဒီက ရပြီးပြီလို့ပြောလိုက်တယ်
ဒီစကားကိုကြားရတဲ့ ဆိုင်ရှင်က ကြောင်တောင်တောင်ဖြစ်သွားပြီး
ကျနော်ဘာမှ မပေးရသေးပဲ လူကြီးမင်းဘာကိုရလိုက်တာလဲလို့မေးတော့
ဂန္ဒီက ဒီလိုဖြေလိုက်တယ်...
ငါ့ဘ၀အတွက် ဒီပစ္စည်းတွေမလိုဘူး ဆိုတဲ့ သဘောတရားကိုပေါ့တဲ့....