အလှတရားဆိုတာ ..မိန်းကလေးတိုင်းယောကျာ်းလေးတိုင်းမှာအလှကိုယ်စီရှိပါတယ်။
အလှတရားဆိုတာ ကြည့်သူအမြင် ပေါ့
စကားပုံတောင်ရှိတယ်
“အလှတရားဆိုတာကြည့်တဲ့သူရဲ့ မျက်လုံးထဲမှာရှိတယ်” တဲ့
လူတိုင်းမှာအလှတမျိုးကိုယ်စီရှိပါတယ်။အမြင်လည်းအမျိုးမျိုးပေါ့လေ။
မိမိမျက်လုံးထဲမှာ လှပါတယ်လို့ မှတ်ယူထားပေမဲ့ တခြားသူ မျက်လုံးထဲမှာ လှချင်မှလှမှာ။
ဒါကြောင့် အလှတရားဆိုတာ ခံစားသူရဲ့ စိတ်နဲ့သာ တိုက်ဆိုင်တယ်
မိဘတိုင်းကတော့ကိုယ်သားသမီးတွေကိုအလှဆုံးလို့သတ်မှတ်ကြပါတယ်။ချစ်ခြင်းမေတ္တာအပြည့်ပေါ့လေ
အလှတရားဆိုတာ ချစ်ခြင်းမေတ္တာနဲ့ကြည့်ရင်အလှတရားကလှနေပါတယ်
မေမေကအမြဲပြောပါတယ်
မေမေရယ်
သမီးကိုလူတွေကပုံဆိုးလို့ခေါ်တယ် ဘာလို့လည်းသမီးရုပ်ဆိုးနေလို့လား ပြောတော့မေမေ က
သမီးရယ်မေမေကလေတခြားကလေးလေး တွေ့ရင် ငါ့သမီး ငါ့သားလောက် အသားမဖြူဖူး၊
ငါ့သားသမီးလောက်
ချစ်စရာမကောင်းဘူးပေါ့။ တခါတရံ ကိုယ့်သမီးဝတာကို အပြစ်မမြင်ပဲ ပိန်တဲ့ ကလေးများတွေ့ရင်
ကလေးကလည်း ပိန်လိုက်တာ
ငါ့သမီးလို ၀၀ကစ်ကလစ်လေး မရှိဘူး။ အဲ့ဒီလို ကိုယ့်သားသမီးဘက်ပဲ ကိုယ့်သားသမီးထက် လှတဲ့ ကလေး
မရှိဘူတောင် ထင်နေတာ
အဲဒီလိုပါပဲသမီးရယ်
အလှတရားဆိုတာမိဘတိုင်းအတွက် ကတော့ ကိုယ်သားသမီးသာအလှဆုံးပါ
သမီးလေးရေ
သမီး အရေပြားပေါ်အလှတရားကြောင့်တော့ စိတ်အားမငယ်ပါနဲ့သမီးလေး ရေ
အရေပြားအလှတရားထက်စိတ်အလှတရားလှအောင် ပဲကြိုးစားနေထိုင်ရင် သမီး
ကလှပတဲ့မိန်းကလေးဖြစ်နေမှာပဲ
သမီး ပြောတဲ့အလှတရားဆိုတာ လှနေမှာပါ သမီးလေးရယ်
ဒါကြောင့်သမီးလေးရေ
စိတ်အလှတရားကို ပဲလှအောင်ပြင်ဆင်နေထိုင်ပါ
စိတ်အလှတရားသာလျှင် အလှတရားအစစ်အမှန်ပါ ။
စိတ်အလှတရားကို လှပအောင် ပြင်ဆင်နေထိုင်တတ်ကြပါစေ။
အားလုံးကိုလေးစားလျှက်
ရှင်းသန့်မေ