တကယ်တော့ ကောင်မလေးအဒီနေ့က သူရှိမယ်ထင်တဲ့ဈေးထဲကိုသွားတယ် ကောင်ကလေးနောက်မလိုက်လာဖို့ သူမနဲ့ကောင်ကလေးမတည့်ကြောင်းပြောဖို့ အတန်းဖော်ညီမလေးကိုခေါ်ပြီးသွားတယ် စိတ်ထဲမှာတအားစိတ်ဆိုးနေတာပဲသိတယ် ...
ဒါပေမယ့်သူမရှိပါဘူး ဒါနဲ့ပဲ လျှပ်စစ်ဆိုင်ကလူတွေ ကိုမမျှော်လင့်ပဲတွေ့လိုက်ရတော့ စိတ်ညစ်ညစ်နဲ့ နားကပ်တစ်ရံ(၇၀၀)ကို (၅၀၀)နဲ့
ဆစ်ပြီးဝယ်လာလိုက်တယ် ပြီးတော့ဈေးပါတ်ပြီးပြန်လာခဲ့တယ်...ကောင်မလေးဆီမှာဖန်ဆီနားကပ်တွေကအများကြီးပဲလေ ၀ါသနာကြောင့်လို့လည်းပြောလို့ရတာပေါ့နော် နောက်နေ့ကျောင်းလာတော့ ကောင်မလေးထိုင်ခုံမှာ(၂၀၀)တန်အစုတ်တစ်ရွက်လာတင်ထားခဲ့ကြတယ် အဲဒီနေ့ကမှတ်မှတ်ရရ ကောင်ကလေးရော O2ရောကျောင်းမတက်ကြဘူး အဲဒီပိုက်ဆံကို သူမဘေးမှာလာထိုင်တဲ့ညီမလေးကယူသွားတယ် အတန်းတစ်ချိန်ပြီးတော့ စိတ်ညစ်ညစ်နဲ့ကန်တင်းမှာကော်ဖီသွားသောက်နေလိုက်တယ် နှစ်ဝက်စာမေးပွဲနောက်ဆုံးနေ့က ကောင်ကလေး
ပြောသွားတဲ့သူတို့လောင်းကြေးအကြောင်းကစိတ်ထဲမှာစွဲနေတယ်ပြီးတော့အဲဒါမွေးနေ့မတိုင်ခင်လေကိုယ်ကောင်ကလေးကိုနာကျင်နေတဲ့စိတ်ကိုယ့်သူငယ်ချင်းကိုသူဝေဖန်ထားတဲ့စိတ်သူကိုကောင်ကလေးသူငယ်ချင်းလို့သိလိုက်ရတဲ့စိတ်တွေနဲ့ ကိုယ်သိပ်စိတ်ထိခိုက်သွားခဲ့တယ်တကယ်ဆိုကောင်ကလေးကိုယ့်ကိုသူတို့အလောင်းအစားအကြောင်းမပြောခဲ့သင့်ခဲ့ဘူးလို့ ဖော်ဖ၀ါရီလ
ရဲ့မွေးနေ့တစ်ခုကပြန်လာတဲ့တစ်နေ့နောက်လတွေကိုယ်ဖယ်ရီခအဆုံးခံပြီးကျောင်းမတက်တော့ဘူး ကဝေရုပ်နဲ့ပြုစားတက်တာ ဒီကောင်ကလေးပညာမှန်းကိုယ်သိပါတယ် ဒါပေမယ့်ဝဋ်လို့ပဲသတ်မှတ်လိုက်တယ် ကိုယ်သူတို့နဲ့ခပ်ခွာခွာနေခဲ့လိုက်တယ် ကိုယ်သူ့ကိုအရမ်းသတိရခဲ့ပါတယ် ဒါဟာရိုးရိုးသားသားဝန်ခံတာပါ ကိုယ့်မေးမိတယ် မင်းဘာလိုချင်လည်းဆိုတော့ မြလေးဆိုတဲ့ကိုယ် မြွေကြီးရဲ့ကျောက်စိမ်းသိုက်အတုးခံလိုက်ရထဲက အပြစ်ပေးထားတဲ့သူနှစ်ယောက်ရှိတယ် တစ်ယောက်ကိုလွတ်ပေးပါလို့ ကိုယ့်ကို နဂါးမလေးလာတောင်းပန်ပေးဖူးတယ်လွန်ခဲ့တဲ့(၃)နှစ်လောက်ကပေါ့ ဒါပေမယ့် ဆရာတော်ကြီးကတော့ဝင်မပါနဲ့လို့သတိပေးထားခဲ့တယ်လေ ဒါကြောင့်ကိုယ်လျှစ်လျူရှုလိုက်တယ် ဒါပေမယ့်(၅၀၀)တန်နားကပ်လေးဝယ်လာခဲ့ပြီးတော့ကိုယ်သူမကိုသတိရသွားခဲ့တယ်ပြီးတော့နေမကောင်းလို့အိပ်ယာထဲလဲနေရတာခြင်းအတူတူကိုယ်ကုတင်ပေါ်မှာနေရင်း
တူဆိုပြီး ကိုယ့်ဓါတ်ပုံနဲ့သူမဆီကိုစကားစပြောခဲ့တယ် ပြီးတော့ကိုယ့်ရဲ့ ချစ်သူနဲ့ရောထွေးနေတဲ့လူတစ်ယောက်က ကိုယ့်ကိုကတိတစ်ခုပေးတယ် သူ့အကျီကိုပေးဝတ်ထားတဲ့လူတစ်ယောက်လွှတ်လိုက်မယ်ဆိုတာလေ သူကတိတည်ခဲ့ပါတယ် နောက်တော့ကိုယ့်ပစ္စည်းတွေအခိုးခံရပြီး ကိုယ့်မိခင်ကပါ အလိုတူအလိုပါဖြစ်ပြီးပြောတော့ ကိုယ်နာကျည်းခဲ့တယ် ကိုယ်ရဲ့ ဘ၀နဲ့ရင်းပြီးထားခဲ့ပေးရတဲ့သူတွေကကိုယ့်ကိုဒီလောက်ပြောရင်ဆိုပြီး ကိုယ်တအားနာကျည်းသွားခဲ့တယ် သူမဟာဘယ်တော့မှကိုယ်ဖြစ်မှာမဟုတ်သလို နောက်နောင်ဘ၀မှာလည်းကိုယ်သူမကိုကူညီမှာမဟုတ်တော့ဘူး ၀ဋ်ပါလာတဲ့သူတွေကိုလွယ်လွယ်ကူကူဖြေလွတ်လို့ရတာမဟုတ်ဘူးလေ သူ့ကြောင့်ပြန်ခံထားရတဲ့ဒဏ်ထက် အပြင်ကပြောတဲ့စကားတွေကြောင့်ပိုနာကျည်းခဲ့တယ် ကိုယ်က ကတိပေးထားခဲ့ရတာလေ အဲဒီကတိကိုတည်ဖို့ဆို သူမနဲ့ကိုယ်ဝေးဝေးနေရုံပဲ ဒီတစ်ဘ၀တော့ကိုယ်ကူညီလက်စနဲ့ကတိတည်မှာပါ နောက်နောင်ဘ၀တော့ ဘယ်တော့မှကူညီမှာမဟုတ်တော့ဘူး ကိုယ့်ရင်ထဲမှာ ရွယ်တူတွေနှလုံးသားရေးရာဆိုတာကိုခပ်ဝေးဝေးမှာထားခဲ့တယ် ဒါပေမယ့်ကိုယ်သူ့ကိုသတိရနေခဲ့ပါတယ် သူမှကိုယ့်ဘေးနားမရောက်လာခဲ့တာ ကိုယ်လည်းမတက်နိုင်ဘူးလေ အဲတော့ကိုယ်လည်းချစ်သူကိုလွမ်းနေရုံထက်ပိုမချစ်နိုင်တော့ဘူး မရေရာမသေချာမှုတွေနဲ့ချောက်အိပ်မက်တွေကြားအကြိမ်ကြိမ်တုပ်နှောင်ခံနေရမယ့်အစားလွယ်လွယ်ကူကူဖြေလွတ်ပေးလိုက်တာကောင်းပါတယ် မသေချာတဲ့အိပ်မက်တစ်ခုရဲ့ထွေးပိုက်မှုကို ခါးခါးသီးသီးနာနာကျင်ကျင်မြိုချနေရမယ့်အစား ထွက်သွားပါတော့လို့ဖြေလွတ်ခိုင်းလိုက်တာပိုကောင်းပါတယ် ကိုယ့်ရင်ထဲမှာဒဏ်ရာဆိုတာမကျန်ခဲ့ချင်ဘူး အချစ်အမုန်းဘာမှမထားခဲ့ချင်ဘူး အဲဒီတော့ သူ့ဘာသာဖြစ်နေနေ ကိုယ့်ဘက်ကထာဝရလမ်းခွဲလိုက်တော့လည်း မယ်သုမနလည်းအာသောကလောက်တော့ရမှာပေါ့လို့။ ။ (Magic Rose)