က။ ။ ဘာသာတရားဆိုတာ ခလေးကစားစရာမဟုတ်ဘူး
ခ။ ။ လူကြီးကစားစရာ
က။ ။ ရှိခိုးတယ်ဆိုတာ ဘာလဲ
ခ။ ။ ရှိနေတဲ့ဂုဏ်သတ္တိကို အတုခိုးခြင်းပဲ
က။ ။ ဘာအရေးအကြီးဆုံးလဲ
ခ။ ။ သဘောထား
က။ ။တရာဆိုတာဘာလဲ
ခ။ ။ မတရားရဲ့ ဆန့်ကျင်ဘက်
က။ ။ အိပ်ကပ်ထဲမှာ ငွေမရှိတာက တကယ်ဆင်းရဲတာမဟုတ်ဘူး
ခ။ ။ ဦးနှောက်ထဲမှာ မျှော်လင့်ချက် မရှိမှ တကယ်ဆင်းရဲတာ
က။ ။ မင်းကိုယ်တိုင် ရွေးချယ်လို့မရတဲ့ အရာကဘာလဲ
ခ။ ။ အခြေအနေတချို့နဲ့ အဖေအမေတို့ကိုပေါ့
က။ ။ မင်းမှာ ငွေမရှိရင် မင်းတစ်ယာက်တည်း ဆင်းရဲမယ်
ခ။ ။ မင်းမှာ အသိဥာဏ်မရှိရင် မင်းရော မင်းမိသားစုရော မင်းပတ်ဝန်းကျင်ရော မင်းမျိုးဆက်ပါဆင်းရဲနိုင်တယ်
က။ ။ လူဆင်းရဲရင် သနားစရာကောင်းတယ်
ခ။ ။ စာရိတ္တဆင်းရဲရင် ရွံစရာကောင်းတယ်.... ထွီး.....
က။ ။ မုသားမပါလင်္ကာမချောတဲ့
ခ။ ။ ဘယ်မိမဆုံးမ ဖမဆုံးမ သားသမီးကပြောသွားတဲ့စကားလဲ
က။ ။ ငွေမရှိပေမယ့် မဆင်းရဲသူတွေရှိတယ်
ခ။ ။ ငွေရှိပေမယ့် မချမ်းသာသူတွေရှိတယ်
က။ ။ ယုတ်ညံ့တဲ့သူတွေအားလုံးကို ခင်ဗျားတို့ပြောတဲ့ ရုပ်မရှိ နာမ်မရှိတဲ့ နေရာကိုပို့လို့ရရင်ကောင်းမယ်
ခ ။ ။ ဟုတ်တယ်... ဒါမှလောကကြီး ငြိမ်းချမ်းသွားမှာ
က။ ။ အမှန်တရားအတွက် အသက်စွန့်ပါ
ခ ။ ။ ယုံကြည်မှုအတွက် အသက်မစွန့်ပါနဲ့
က။ ။ လူမိုက် ၁၀၀၀ လွတ်မြောက်သွားပါစေ
ခ ။ ။ လူလိမ္မာတစ်ယောက်ကို မှားပြီး အပြစ်မပေးမိစေနဲ့
က။ ။ ပညာရှိတစ်ယောက်မှာ ကြက်တစ်ကောင်ကို ကြိုးချည်ဖို့အားရှိချင်မှရှိမယ်
ခ ။ ။ ကျောက်တောင်တွေကို ကြေမွသွားစေနိုင်တဲ့ စကားတော့ရှိတယ်
က။ ။ ကိုယ် တစ်ခြမ်းသေသူ ၁၀၀၀၀ ကြောင့် လောကအကျိုးမယုတ်နိုင်
ခ ။ ။ ဥာဏ် တစ်ခြမ်းသေသူ ခေါင်းဆောင်တစ်ယောက်ကြောင့် လောကပျက်စီးနိုင်၏
က။ ။ လောကနီတိ
ပထမအရွယ် ပညာရှာ၊
ဒုတိကအရွယ် ဥစ္စာရှာ၊
တတိယအရွယ် တရားရှာ...
ခ ။ ။ ခေတ်သစ် လောကနီတိ
ပထမအရွယ် တရားသဖြင့် ပညာရှာ ၊
ဒုတိယအရွယ် တရားသဖြင့် ဥစ္စာရှာ ၊
တတိယအရွယ် ဘ၀သင်ခန်းစာတွေကို ပြန်လည်ပို့ချ
က။ ။ သေခြင်းတရားဆိုတာဘာလဲ
ခ ။ ။ ဘ၀(ရှင်သန်နေထိုင်ခြင်း)ကို ကျော်လွန်ပြီးမှ သိရမယ့်အရာပဲ
က။ ။ ဆင်းဆင်းရဲရဲ မွေးလာတာ မင်းအပြစ်မဟုတ်ဘူး
ခ ။ ။ ဆင်းဆင်းရဲရဲ သေသွားမှ မင်းအပြစ်
က။ ။ အရိုင်းဆုံးစကားကဘာလဲ
ခ ။ ။ မင်းဟာ သောက်သုံးမကျတဲ့ကောင်ပဲ
က။ ။ စဉ်းစားတယ်ဆိုတာဘာလုပ်တာလဲ
ခ ။ ။ ကိုယ့်ကိုယ်ကို စကားပြောတာ
က။ ။ လူတွေဘယ်အချိန်မှာ စွမ်းအင်ထွက်လာသလဲ
ခ ။ ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်မယ့်အချိန်
က။ ။ လူတစ်ယောက်ရဲ့စာရိတ္တကိုသိချင်ရင် ဘယ်လိုလုပ်ရမလဲ
ခ ။ ။ သူ့အားလပ်ချိန်ကို ဘယ်လိုအသုံးချသလဲကြည့်
က။ ။ ဘယ်သူတွေက ခွင့်လွှတ်တတ်သလဲ
ခ ။ ။ မြင့်မြတ်သူနဲ့ ပညာရှိသူ
က။ ။ မဖြစ်နိုင်ဘူးဆိုတာမရှိဘူး
ခ ။ ။ သေချာပြီလား
က။ ။ ခြင်္သေ့က မြက်မစားဘူး
ခ ။ ။ ငတ်လာရင်စားတယ်၊ ကိုယ်မွေးထားတဲ့ သားသမီးတောင် ပြန်စားတယ် (ကိုယ်တွေ့ပဲ)
က။ ။ ခြင်္သေ့က တောဘုရင်ပဲ
ခ ။ ။ မထင်နဲ့ နာမည်ကြီး ထမင်းငတ်
က။ ။ ဒါဆို ငါသိထားတာတွေမှားနေတာလား
ခ ။ ။ ဟုတ်တယ် ရှေးလူတွေရဲ့ အတွေ့အကြုံတစ်ခုတည်းကို ယုံကြည်ထားလို့ (အတွေးစ (၁) ကိုလည်းဖတ်ပါ)
က။ ။ အတွေးမရှိ
ခ ။ ။ အမေးမရှိ
က။ ။ အလုပ်များပါစေ
ခ ။ ။ အလုပ်မရှုပ်ပါစေနဲ့
က။ ။ မတိုးတက်ခြင်းဆိုတာဘာလဲ
ခ။ ။ ဆုတ်ယုတ်ခြင်းပဲ
က ။ ။ ဘာသာတရားဆိုတာ ငြိမ်းချမ်းရေးအတွက် ပေါ်ထွက်လာပေမယ့်လည်း...
ခ ။ ။ ဘာသာတရားကြောင့် မငြိမ်းမချမ်းဖြစ်နေကြရတာတွေများပြီ
က ။ ။ ထောင်ဆိုတာ လူဆိုးလူမိုက်တွေ ထိန်းချုပ်တဲ့နေရာဆိုပေမယ့်လည်း...
ခ ။ ။ တစ်ခါတရံ လူကောင်း လူမြတ်တွေလည်း ထိန်းချူပ်ခံနေရတတ်တယ်
က ။ ။ အုတ်သဲကျောက် ဘိလပ်မြေ နဲ့ဆောက်တာချင်းတူပေမယ့်လည်း...
ခ ။ ။ ဘုရား နဲ့ အိမ်သာ ဂုဏ်ရည်ကွာတယ်
က ။ ။ ရုပ် နဲ့ နာမ် ပေါင်းစပ်ထားတာတူပေမယ့်လည်း...
ခ ။ ။ အမေ နဲ့ မိန်မ(ဇနီး) အတူတူ ဆက်ဆံလို့မရဘူး
က ။ ။ သူလဲ အရိုးစု ငါလည်း အရိုးစု သင်လည်း အရိုးစု ဆိုပေမယ့်လည်း...
ခ ။ ။ အားလုံးကို အရိုးစုလို့ပဲ မြင်ရင် ဂုဏ်ရည်ကိုမမြင်နိုင်ဘူး ... ဂုဏ်ရည်ကို မမြင်ရင် ဆက်ဆံပုံ မှားတော့မယ်...
က ။ ။ မှန်တယ်လို့ ထင်တဲ့အရာတွေကို အရမ်းကာရော မင်းပြောနေတာ ဘာရည်ရွယ်ချက်လဲ
ခ ။ ။ အမှားပြင်ပေးတဲ့သူ ကိုလိုချင်လို့ပေါ့
က ။ ။ အတွေးစ တွေဘာလို့ရေးတာလဲ
ခ ။ ။ အတွေးဆိုတာ စ တွေးမိဖို့အရေးအကြီးဆုံးပဲ
က ။ ။ အမြင်မတူတဲ့လူတွေကို အမျိုးအစား ၃ မျိုးကွဲပြားသွားတယ်။
ခ ။ ။ (၁) ငြိမ်ငြိမ်လေး ဘာမှမပြောပဲနေတဲ့သူ
(၂) ဂမူးရှုးထိုး လုပ်တတ်ပြော တတ်သူ (ဒါမျိုးတော့ မလုပ်နဲ့နော်)
(၃) ဘာ့ကြောင့်အမြင်မတူလဲ ဘယ်နေရာမှာခြားနားနေတာလဲဆိုတာကို ရှာဖွေစစ်ဆေး ဆွေးနွေးသူ
က ။ ။ ထောင်မကျဘူးဘူး ထောင်မရှိဘူးလို့ မပြောဘူး ထောင်အကြောင်းကျနော် တကယ်မသိဘူး
ခ ။ ။ နိဗာန်မရာက်ဖူးဘူး နိဗာန်မရှိဘူးလို့ မပြောဘူး နိဗာန်အကြောင်းကျနော် တကယ်မသိဘူး
က ။ ။ ထောင်က ပြန်ထွက်လာတဲ့သူတွေရှိတယ်
ခ ။ ။ နိဗာန်က ပြန်ထွက်လာတဲ့သူတွေ မရှိဘူး
က ။ ။ ထောင်ကို ဖန်တီးတဲ့သူတွေရှိတယ်
ခ ။ ။ နိဗာန်ကို ဘယ်သူဖန်တီးလဲ
က ။ ။ နှမြောစရာအကောင်းဆုံးက ဘာလဲ
ခ ။ ။ မပြောပဲထားရင်း မပြောဖြစ်ခဲ့တဲ့ မှတ်သားစရာ သဘောတရားတွေလောက် နှမြောဖို့ကောင်းတာမရှိဘူး