မင်းကို...အရင်ဦးစားပေးပါ့မယ်နော် (သို့) မင်းအတွက် စိတ်ရဲ့အလှတရားတခု
ရွှေပန်းချီ တွေးမိတဲ့ အတွေးတစလေးပါ။ လူနေမှုပတ်ဝန်းကျင်မှာ အဖြစ်အပျက်တွေ အယူအဆတွေ အမျိုးမျိုးရှိနေခဲ့ကြပါတယ်။
ပေါင်းသင်းဆက်ဆံတဲ့နေရမှာလည်း ငါဆိုတာလေးရှေ့တန်းတင်ပြီး ၊ ငါသာလျှင်အတတ်၊ ငါသာလျှင်အသိ၊ ငါမိဘ ၊ငါ့သားသမီး ငါ့ဆွေမျိုး ငါ့အသိုင်းအ၀ိုင်း ငါ့ပိုင်တဲ့အရာတွေ ဆိုပြီး အတ္တစွဲတွေနဲ့ ပြောခွင့်ကြုံတုန်း ပြောလိုက်ချင်ကြတယ်။ ပြခွင့်ကြုံတုန်းပြလိုက်ချင်ကြပါတယ်။ တဖက်သားနိမ့်ကျချိန်လား တဖက်သားအဖို့ နာခံခက်တဲ့အပြုအမူလားဆိုတာ မတွေးတတ် မတွေးပေးနိုင်တဲ့အချိန်တွေကို ကျမတို့တတွေ တခါတရံကျူးလွန်တတ်ကြပါတယ်။ မင်္ဂလာသုတ်တရားတော်ထဲမှာလည်း ..ခန္တီစ.. သည်းခံခြင်းဆိုတာ မနိုင်လို့အောင့်ပြီး သည်းခံလိုက်ရတာကို မဆိုလိုပါဘူး နိုင်လိုချေရှိပါရက်နဲ့ သည်းခံလိုက်တာကို ဥပက္ခောတရားထားလိုက်တာကိုဆိုလိုတာပါ။ ဒါကြောင့် တဖက်သားကို နားလည်ဦးစားပေးခြင်း (After You) ဆိုတာ စာနာခြင်း၊နားလည်ပေးခြင်း မေတ္တာတရားတွေ၊ အတ္တနည်းခြင်းသဘောတွေ ပါဝင်နေပါတယ်။
ဆရာ ဦးဘုန်း(ဓာတု)ရေးတဲ့ After You ဆိုတာလေးကို ပြန်လည်တင်ပြချင်ပါတယ်..
ကျနော် ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ တွေ့ကြုံခဲ့တဲ့အဖြစ်အပျက်လေးပါ။ လေဆိပ်ရဲ့ဧည့်ခန်းထဲမှာ နိုင်ငံခြားသားတွေ
နောက်တခါကတော့ ကျနော်ကိုယ်တိုင်ပါ..တဲ့လေယာဉ်ထိုင်ခုံမှာ ထိုင်တော့လဲ ကျနော့်ဘေးမှာ နိုင်ငံခြားသားတယောက်လာထိုင်ပါတယ်။ကျနော့်ထိုင်ခုံက အတွင်းဘက်မှာပါ။ အစားအသောက်တွေ လာပေးတဲ့အချိန်မှာတော့ ကျနော့်ခုံနားအရောက်မှာ ကော်ဖီတခွက်နဲ့ အသားညှပ်ပေါင်မုန့်တဘူးလှမ်းယူလိုက်ပါတယ်။တကယ်ဆိုရင် နိုင်ငံခြားသားက လမ်းဘေးခုံမှာထိုင်နေတာပါ။ ဒါပေမဲ့ ကျနော်လက်ကအရင်လှမ်းယူလိုက်တဲ့ အချိန်မှာ သူကစကားတခွန်းပြော လိုက်ပါတယ်။
” After You ”
အဲဒီစကားကိုကြားကြားချင်း ကျနော်နားမလည်ပါဘူး။အစားစားရင်း စဉ်းစားမိတယ်...။
” After You ” တဲ့။
After ဆိုတာ..ပြီးနောက်က။
You ဆိုတာ..သင်၊ မင်း၊ နင်၊ ရှင်။
ဒီတော့ ” After You” ဆိုတာ ”မင်းပြီးမှ” လို့အဓိပါယ်ရတယ်။“မင်းကို ဦးစားပေး”ပါတယ်။ “မင်းအရင်လုပ်လေ“ ဒီသဘောဆောင်တဲ့
အင်္ဂလိပ်ခေတ်ပေါ် စကားလေးတခွန်းပါ။
ကျနော်တွေးရင်းနဲ့ ရှက်လာပါတယ်။ကျနော်က ”After me ” သမားတယောက်ဖြစ်သွားခဲ့ပါလား။
ကျနော်ဟာ လက်မှတ်တန်းဆီလဲ ငါရဖို့။ ကားမောင်းရင်းလည်း လမ်းဆုံမှာ ငါရင်ကူးဖို့။ငါအရင်ဖြတ်ဖို့။
အလုပ်လျှောက်လည်း ငါအလုပ်အရင်ရဖို့။ ပစ္စည်းကောင်းဆိုလဲ ငါရင်ရဖို့။အခွင့်အရေးတွေဆိုရင်လဲ ငါအရင်ရဖို့။ငါနာမည်ကြီးဖို့။
ငါလိုချင်တာကို ငါပိုင်ဆိုင်ဖို့။ ငါ့အတွက်ပဲ ......
” After me”
ငါပြီးမှ မင်း၊ငါ ကအရင်။ ငါ့ကို ဦးစားပေး.....
စတဲ့ အတွေးတွေ...ပေါ့။
အိမ်ကိုရောက်တဲ့အခါ အဖေနဲ့အမေကို ပြောပြမိပါတယ်။
အမေပြောတဲ့ စကားလေးဟာ မှတ်သားလောက်ပါတယ်.....
” သားရေ...” After You ” ဆိုတဲ စိတ်ဟာ လူကြိးလူကောင်းစိတ်ပဲ။အိမ်မှာဆို အမေကထမင်းဟင်းချက်တယ်။ ချက်တဲ့ထမင်းဟင်းတွေကို သားသမီးမိဘတွေ အရင်ကျွေး ” After You” ပေါ့ကွယ်။ဒီလိုပါပဲ မင်းတို့ အဖေကလဲသူရှာလို့ရတဲ့ ငွေကြေးတွေ သူအရင်မသုံးဘူးလေ သားသမီးတွေ အတွက်အရင်ဦးစားပေး တယ်လေ။ ဒီလိုပဲ မင်းဟာလဲ မင်းညီ၊ညီမတွေ ၊ မင်းတပည့်တွေ ကိုယ့်အောက် ငယ်သူ နိမ့်ပါးသူ အင်အားနဲသူတွေနဲ့ တွေ့ရင်” After You ” လုပ်ပေးရမယ်လေ။
အဖေကလဲပြောပြပါတယ်.....
အေး မင်းတို့အမေပြောသလို ”After You“ ဆိုတဲ့စကားပြိးရင် “After me” ဆိုတဲ့စကားလေးထပ်ပြောပြမယ်။ အဲဒီစကားက လူငယ်တွေမှာဖြစ်တတ် ကြပါတယ်။” After me ” စိတ်နေရှိတဲ့ သူဟာ လူကြီးလူကောင်းမဖြစ်သေးဘူး။စိတ်အရွယ်မရောက်ခြင်းရဲ့ သင်္ကေတဟာ ပါပဲ။အသက်တွေကြီး လာလေလေ တက်မှုတွေ နည်းလာလေလေဖြစ်ရမယ်လေ။ အသက်ကြီးလာလေလေ တက်မက်မှုတွေ လိုချင်မှုတွေများလာလေလေဆိုရင် ဒါဟာရှက်စရာကောင်း တဲ့ ”After me ” သမားတွေပါပဲ။
”After me ”သမားဟာ မိဘ ဆိုလဲ မိဘမပီသတဲ့သူတွေပေါ့။
ဆရာ ဆိုရင်လဲ ဆရာမပီသတဲ့သူပေါ့။
အကိုကြီး အမကြီးဆိုရင်လဲ အကြီးမပီသတဲ့သူတွေပေါ့။
သူငယ်ချင်းဆိုရင်လဲ သူငယ်ချင်းမပီသတဲ့သူပေါ့။
မိတ်ဆွေ ဆိုရင်လဲ မိတ်ဆွေကောင်းမပီသတဲ့သူပေါ့....ကွယ်။
ဒါကြောင့် လူကြီးလူကောင်း ဖြစ်ချင်ရင် ”After me ” ကိုလျှော့ပြီး ” After you ” ဖြစ်အောင်ကြိုးစားပေါ့သားရယ်....။ .
ကျနော်တို့ပတ်ဝန်းကျင်မှာ ”After me ” နည်းလာပြီး ”After You ”သမားတွေများလာရင်တော့ အရမ်းပျော်စရာကောင်းမှာပါပဲနော်။
....................................
ဆရာစာကလေးက သိပ်ပြိးမှတ်သား လိုက်နာစရာကောင်းလှပါတယ်။ ကျမတို့ပတ်ဝန်းကျင်မှာ ဦးစားပေးစိတ်ဓာတ်ကလေးတွေထားပြီး အားနည်းသူ လက်တွဲခေါ်ယူခြင်း အားပေးနားလည်တတ်ခြင်း စာနာထောက်ထားခြင်းစတဲ့ နုညံ့တဲ့စိတ်ကလေးတွေနဲ့အတူ..
သူကလည်း ကိုယ့်အပေါ်......ကိုယ်ကလည်း သူ့အပေါ်..
မိဘကလည်း သားသမီးအပေါ်......သားသမီးတွေကလည်း မိဘအပေါ်.....
လူကြီးတွေကလည်း လူငယ်တွေအပေါ်....လူငယ်တွေကလည်း လူကြီးတွေအပေါ်...
ဆရာကလည်း တပည့်အပေါ်...တပည့်ကလည်း ဆရာအပေါ်..
အလုပ်ရှင်ကလည်း အလုပ်သမားတွေအပေါ်...အလုပ်သမားတွေကလည်း အလုပ်ရှင်အပေါ်...
အပြန်အလှန်ဦးစားပေးခြင်း ဆိုတဲ့ ပတ်ဝန်းကျင် တစ်ခုကို ကျမတို့တတွေ တည်ထောင်ကြရအောင် ကြိုးစားကြပါစို့..လို့..