မင်္ဂလာပါ .. ရွှေမြို့ တော်က ချစ်သူငယ်ချင်းများ အားလုံးကို နှုတ်ဆက်ပါတယ်။ မခရေလည်း နေမကောင်းလို့  မြို့ ထဲမှာ စာတွေ မရေးဖြစ်တာပါ။
သူငယ်ချင်းတွေ စာတွေ ကဗျာတွေလည်း အားမပေးနိုင်ခဲ့ပါဘူး။ ခုတော့ မခရေ ကဗျာလေးကို အမှတ်တရ တင်ချင်လို့ ပါ။
ရွှေမြို့ တော် ဆိုဒ်ကနေပြီး ချစ်သူများနေ့ အမှတ်တရ ကျင်းပတယ့် ချစ်ခြင်းလင်္ကာ ကဗျာပြိုင်ပွဲမှာ မခရေ ဝင်ပြိုင်ထားတယ့် ကဗျာလေး ကို တင်ပေးချင်လို့ ပါ။
မခရေ ဆုရလို့ တော့ မဟုတ်ပါဘူး။ မခရေ ဆုရလောက်တယ့် အရေအချင်း လည်း မရှိပါဘူး။ လေ့လာ ကြိုးစားမှုအား လိုနေသေးမှန်းလည်းသိပါတယ်။
ဒါပေမယ့် မခရေ ချစ်တယ့် ရွှေမြို့ တော် ဆိုဒ်လေးရဲ့  ပွဲတွေကို ပါဝင်ချင်တယ့် စိတ်ကြောင့် မခရေ ကြိုးစားပြီးရေးထားတယ့် ကဗျာလေးပါ။
ပြိုင်ပွဲဆုရတယ့် သူတွေ ကဗျာကို ဖတ်ရမှပဲ ကိုယ်ကြိုးစားဖို့  အများကြီးလိုနေသေးမှန်း ပိုသိခဲ့ရပါတယ်။
ဒါပေမယ့် မခရေက ကဗျာတွေ စာတွေကို တတ်လို့ ရေးနေတာ မဟုတ်ပါဘူး။ စိတ်ထဲကနေ ရှိတယ့် ခံစားချက်လေးတွေ ချရေးနေတာပါ။
မခရေ ရေးတယ့် ကဗျာတွေ စာတွေကို အားပေးဖတ်ရှု ဝေဖန်ပေးနေကြတယ့် ရွှေမြို့ တော်က သူငယ်ချင်းများ အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။
မခရေ ပျော်ရွှင်စွာ ရှိနေမိတယ့် ရွှေမြို့ တော်ဆိုဒ်လေးလည်း အစဉ်ထာဝရ တိုးတက်ပြီးသာယာပါစေလို့  အမြဲဆုတောင်းနေပါတယ်။
မြို့ တော်ကြိး ကိုတည်ထောင်ပေးတယ့်သူတွေ အက်မင်တွေ သူငယ်ချင်းမန်ဘာတွေ အားလုံး ကိုယ်စိတ်နှဖြာ ကျန်းမာ ချမ်းသာကြပါစေလို့  မခရေကနေ ဘုရားရှိခိုးတိုင်း ဆုတောင်းပေးနေပါတယ်။
ချစ်ခြင်းအလင်္ကာ
( ရွှေမြို့ တော် ဘလောဆိုဒ် ချစ်သူများနေ့  အမှတ်တရ ပြိုင်ပွဲဝင် ကဗျာလေးပါ.)
လေပြေလိုလား ချစ်ခြင်းများအား
ဖမ်းစားရင်တွင်း တွယ်တာခြင်းများ...
မာနမနိုင် ရှောင်ကာပိုင်လည်း
ပျော့ယိုင်ကာသွား မြတ်နိုးခြင်းများ...
အတိတ်အရိပ် ဘယ်လိုစိတ်စိတ်
ပျောက်လိမ့်ဖယ်ထား ခွင့်လွှတ်ခြင်းများ...
အအိပ်ပျက်ကာ အလုပ်ပျက်လည်း
အချစ်တက်စိတ် ယိုဖိတ်ခြင်းများ...
တွယ်တာရင်မှာ မျှော်လည်းလာလို့ 
ပျော်ကာစဉ်းစား စိတ်ကူးခြင်းများ...
စဉ်သာရင်မှာ တွေးကာသာဆွေး
လွမ်းတာသိစေ အလင်္ကာလေ...
ချစ်ခြင်းလင်္ကာ သီကုံးကာကြူး
ရင်မှာနှလုံး ရွှင်ကာပြုံးမြူး...
အနမ်းများစွာ နွေးထွေးကာသွား
ရင်မှာလှုပ်ဖို ထိတွေ့ ခြင်းကို...
သားရယ်သမီး စိတ်ကူးပြီးကယ်
မှန်ရယ်ဖြစ်စေ တောင်းဆုခြွေလေ..
ချစ်ခြင်းလင်္ကာ ပြည့်စုံလာတာ
ပျော်ကာရွှင်ရ သာယာဘဝ။
ချစ်ခြင်းလင်္ကာ စေခိုင်းလာတာ
လိုကာတောင့်တ မိသားစုဘဝ။
ခရေ
( ကြိုးစားပါအုံးမည်)