အလွန်ချမ်းအေးသော ဆောင်းရာသီဟာ အညာဒေသမှာတော့ အသဲခိုက်အောင်ချမ်းလွန်းလို့ နေပူဆာလှုံကြတဲ့အလေ့အကျင့်နဲ့ အချမ်းဖြေခဲ့ကြတဲ့ ဓလေ့ထုံးစံရှိခဲ့ပါတယ် ၊ တစ်နေ့ ကျောင်းဆရာမလေး ဒေါ်စိုးစိုးစံ အရှေ့တောင်တန်းထက်ဆီကနေ ဆူးရှတောက်ပစွာ ထွက်ပေါ်လာသော နေမင်းကြီးကိုကြည့်ကာ နေပူဆာလှုံရင်း ဆယ်တန်းကျောင်းသူဘ၀က အကြောင်းလေးကို စဉ်းစားနေမိ၏ ၊
“ စိုးစံ ငါတို့ ဒီနှစ်ဆယ်တန်းမှာ ကျောင်းပြောင်းမလို့ နင်ရောပြောင်းမှာလား”
“ ဧပရယ်က ဘယ်ကျောင်းပြောင်းမှာလဲ”
“ ငါ့ဖေဖေကတော့ မြို့ကျောင်းကိုပို့မယ်တဲ့ ငြိမ်းမြတ်သူနဲ့သဲသဲ မိဘတွေကရော ပြောင်းပေးမယ်လို့ပြောတယ်”
“ ဟုတ်လား ငါလည်းနင်တို့ပြောင်းရင်တော့ပြောင်းမှာပေါ့”
“ တကယ်လား ပျော်စရာကြီး ငါတို့သူငယ်ချင်းတွေ မခွဲရတော့ဘူး”
ဧပရယ်ကတော့ သူမနှင့်အတူ ကျောင်းပြောင်းမည်ထင်၍ပျော်နေခဲ့၏ ၊
“ ငါကျောင်းပြောင်းမယ်ဆိုတာက နင်တို့နဲ့အတူတူ မြို့ကျောင်းကိုပြောတာမဟုတ်ဘူး” ဧပရယ်မျက်နှာပျက်သွား၏ ၊
“ ဟင်...နင်ပြောတော့ ပြောင်းမယ်ဆို ဒါဆိုနင်က ဘယ်ကိုပြောင်းမှာလဲ”
“ နင်တို့တွေမရှိတဲ့ ဒီကျောင်းမှာတော့ငါလည်းမနေချင်ဘူး ငါ့အစ်မ အိမ်ထောင်ကျတဲ့တောမြို့လေးက အထက်တန်းကျောင်းရှိတယ်လေ အဲဒီမှာဘဲ ငါပြောင်းတော့မယ်”
“ အင်းပါလေ.. ငါနားလည်ပါတယ် တို့တွေဆယ်တန်းအောင်လို့ တက္ကသိုလ်တက်တဲ့အခါကျရင် အတူတူတက်မယ်နော်စိုးစံ”
ဧပရယ် သူမကို အားပေးနှစ်သိမ့်တဲ့ပုံစံလေးနဲ့ပြောနေသည်ကို သူမနားလည်ပါ၏ ၊ သူမတို့မိသားစုက ဧပရယ်တို့လောက်စီးပွားရေး သိပ်အဆင်ပြေခဲ့ပါ ၊ သူမနှင့် ဧပရယ်ဟာ ငယ်စဉ်ကတည်းက သူငယ်ချင်းထက်ပိုကာ ညီအစ်မတွေလို နေခဲ့ကြတာဖြစ်ပါတယ် ၊ ဧပရယ်ဟာ သူမလောက်စာတော်သူမဟုတ်သော်လည်း ကျောင်းကိုတော့ တစ်နှစ်တစ်တန်းမှန်မှန်အောင်ခဲ့ပါတယ် ၊ အတန်းထဲမှာ ဧပရယ်ဟာ သူမပထမဆုရတိုင်း သူမကို အမြဲတန်းလက်ဆောင်လေးတွေပေးခဲ့တယ် ၊ သူမတို့ကျောင်းသွားပြီဆိုရင် သူမကို ဧပရယ်က ဆိုင်ကယ်နဲ့ အမြဲလာခေါ်ခဲ့ပါ၏ ၊ ဒီနှစ်ကျောင်းပြောင်းသွားတော့ သူမဟာ တစ်ယောက်ထဲကွဲသွားခဲ့၏ ၊ သူမ ကျောင်းသွားမယ်ဆိုတော့ အစ်မခင်ပွန်းဖြစ်သူ၏ ညီဝမ်းကွဲတစ်ယောက်နဲ့ အတူတူသွားခဲ့ရ၏ အတန်းကလည်းအတူတူဆိုတော့ သူမအဖော်ရသွား၏ သူမဟာ ကျောင်းစာကိုဖိဖိစီးစီးကြိုးစားခဲ့၏ သူမကစာတော်သူတစ်ယောက်ဖြစ်နေတော့ ဆယ်တန်းကိုခတ်ခတ်ခဲခဲ သင်ယူခဲ့ရခြင်းမရှိခဲ့ပါ သူမဆယ်တန်းဖြေပြီးတဲ့နေ့မှာ သူမအစ်မရဲ့ခင်ပွန်းဖြစ်တဲ့ သူမခဲအို၏ ညီဝမ်းကွဲဖြစ်သူ မြင့်ဇော်မှသူမကို
“ စိုးစိုးစံ နင်ဆယ်တန်းဖြေပြီးပြီဆိုတော့ နင့်မိဘတွေဆီပြန်မှာပေါ့နော်ဟုတ်လား”
“ အင်းပြန်မှာလေ ငါ ဒီမှာနေရတာ အားနာလာပြီ ”
“ နင်ကဘာကိုအားနာနေရမှာလဲ နင့်အစ်မပဲလေ ”
“ သြော်…ငါ့အစ်မကတော့ ကိစ္စမရှိဘူးလေ သူ့ယောင်္ကျားကို အားနာတာပေါ့ ငါကသူ့တို့အိမ်မှာ ဘာအလုပ်မှကူလုပ်မပေးနိုင်ဘဲနဲ့ နေနေရတာ ”
“ အားမနာရပါဘူးဟာ ငါ့အစ်ကိုက သဘောကောင်းပါတယ် ငါလည်း ”
မြင့်ဇော်သူမကို ကြည့်ကာပြောနေ၏ ၊ သူမကို ချစ်ရေးဆိုတော့မည်ဆိုတာကိုသိနေသောကြောင့် ၊
“ ဘာလဲ ငါလည်းဆိုတာက သဘောကောင်းပါတယ်လို့ပြောမလို့လား မပြောပါနဲ့တော့ နင်သဘောကောင်းတာငါသိပါတယ်” သူမက သဘောရိုးနှင့် သဘောကောင်းကြတယ်လို့ပြောတာကို မြင့်ဇော်က တလွဲတွေးကာ
“ စိုးစိုးစံ ငါနင့်ကိုချစ်နေတာ နင်သိတယ်ပေါ့ဟုတ်လား”
သူမမျက်နှာ ထူပူသွားကာ ပန်းနုရောင်မျက်နှာလေးအဖြစ်ပြောင်းသွား၏ ၊ မြင့်ဇော်ပြောနေသည်ကို မကြားသလိုလုပ်ကာ တစ်ဖတ်ကိုလှည့်နေ၏ ၊
“ စိုးစိုးစံ ငါပြောနေတယ်လေ ငါနင့်ကိုချစ်နေမိတယ်လို့”
မြင့်ဇော်ပြောလည်းပြော သူမ၏ ပခုံးလေးကိုကိုင်ကာ သူနှင့်မျက်နှာခြင်းဆိုင်ဆွဲလှည့်ရင် ပြောလိုက်၏ ၊ သူမထူပူသွားကာ
“ အင်းပါ ငါစဉ်းစားပေးပါ့မယ် ဒါပေမယ့် ဆယ်တန်းအောင်မှ ”
“ ရပါတယ်ဟာ ငါစောင့်နိုင်ပါတယ် ”
သူမအဲလိုပြောပြီးနောက်ရက်မှာဘဲ သူမ၏ မိဘတွေဆီပြန်ခဲ့၏ မြင့်ဇော်နဲ့လည်းနောက်ထက်မတွေ့တော့ပါ ၊ ဆယ်တန်းအောင်စာရင်းထွက်သည့်နေ့မှာ သူမဟာ မိဘတွေဆီမှာမဟုတ်ပဲ မန္တလေးမြို့မှာ အလုပ်လုပ်နေခဲ့ပါ၏ ၊
“ စိုးစိုးစံ ဖုန်းလာတယ် အိမ်ကတဲ့” သူမအလုပ်လုပ်တဲ့အိမ်က အန်တီကနေ ပြောခြင်းဖြစ်ပါ၏ ၊
“ သမီး ဆယ်တန်းအောင်တယ်သိလား သမီးဝမ်းသာအောင် မေမေဖုန်းဆက်အကြောင်းကြားတာ”
“ ဟုတ်လား မေမေ သမီးဝမ်းသာလိုက်တာ သြော်..မေမေ သမီးသူငယ်ချင်း ဧပရယ်တို့ရောအောင်လား”
“ သူတို့တွေသုံးယောက်စလုံးမအောင်ကြဘူးကွယ် မေမေလည်းစိတ်မကောင်းပါဘူး”
“ သြော်..ဟုတ်လား”
သူမစိတ်မကောင်းဖြစ်သွား၏ အထူးသဖြင့် ဧပရယ်ကိုပေါ့ သူမတို့က အရင်းနီးဆုံး ညီအစ်မတွေလိုခင်ခဲ့ကြတဲ့သူငယ်ချင်းတွေဖြစ်နေလို့ စိတ်မကောင်းဖြစ်ခဲ့၏ ၊ သူမဆယ်တန်းကို နှစ်ခြင်းပေါက်အောင်မြင်ခဲ့၏ ၊ သူမ၏သူငယ်ချင်း ဧပရယ်နဲ့ ငြိမ်းမြတ်သူ ၊ သဲသဲ တို့ကတော့ မအောင်ခဲ့ပါ ၊
“ သမီးဘာလို့အသံတိတ်သွားတာလဲ ပြောလေ”
“ သြော်..ဟုတ်ကဲ့မေမေ သမီး ဆယ်တန်းအောင်တယ်ဆိုတော့ သမီး ကျောင်းကို အဝေးသင်ပဲတက်မယ်နော်”
“ သမီး မေမေ မေးတာ အဲဒါကိုပြောတာမဟုတ်ဘူး သမီး အိမ်ကိုပြန်လာခဲ့တော့လေ” သူမမန္တလေးမှာအလုပ်လုပ်တာကလည်း စီးပွားရေးကြောင့်မဟုတ်ခဲ့ပါ အတွေ့အကြုံရအောင်အလုပ်လုပ်သွားခဲ့ခြင်းဖြစ်သောကြောင့် သူမ၏အမေကပြန်ခေါ်နေခြင်းဖြစ်၏ ၊ သူမက မွေးခြင်းငါးယောက်ရှိတဲ့အထဲမှာ အငယ်ဆုံး ဖြစ်ပါ၏ ၊ သူမတို့ဟာ စီးပွားရေး သိပ်အဆင်မပြေဘူးဆိုပေမယ် သူမ သူများဆီမှာ အလုပ်လုပ်ရအောင်လောက်တော့ မဆင်းရဲသေးပါ ၊
“ ဟုတ်ကဲ့မေမေ ပြန်ခဲ့မယ်နော်”
သူမမေမေနှင့်ဖုန်းဆက်ပြီး ဖုန်းလေးချကာ နေရာမှာ ထထွက်မည့်အချိန်မှာ ဖုန်းကထက်လာပြန်၏ ၊ သူမကိုင်လိုက်တဲ့အချိန်မှာ
“ ဟဲလို..ဟုတ်ကဲ့အမိန့်ရှိပါရှင် ဒေါ်ခင်မေတို့အိမ်ကပြောနေပါတယ်” သူမ၏ အလုပ်ရှင် ဒေါ်ခင်မေ သင်ထားသည့်အတိုင်းဖြေလိုက်၏ ၊
“ ဟုတ်ကဲ့ပါခင်ဗျာ ကျွန်တော် စိုးစိုးစံနဲ့ စကားပြောချင်လို့ပါဗျာ”
“ ဟုတ်ကဲ့ အခု စိုးစိုးစံ ပြောနေပါတယ်”
“ စိုးစိုးစံ ဟုတ်လား ငါမြင့်ဇော်လေ”
“ ဟင်..မြင့်ဇော် နင်ငါ့ဖုန်းနံပါတ်ကိုသိတယ်”
“ သိတာပေါ့ ငါကချစ်နေတဲ့သူဆိုတော့ စုံးစမ်းထားရတာပေါ့ နင်ငါ့ကို အဖြေပေးတော့လေ”
“ အင်းပေးမယ်လေ ဒါပေမယ့်အခုမဟုတ်ဘူး ငါအိမ်ကိုပြန်လာမှ”
“ ဟင်..နင်ပြန်လာမယ်ဟုတ်လား ဒါဆိုနင့်အစ်မဆီလာမှာလား”
“ အင်း”
သူမ ပြောကာဖုန်းချလိုက်၏ ၊ အလုပ်ရှင်ပြောမည်ကိုလည်း သူမစိုးရိမ်နေမိ၏ ၊ သူမဖုန်းပြောပြီးသည်နှင့် သူမအလုပ်ရှင်ကို အိမ်ပြန်တော့မည့်အကြောင်းပြောကာ နောက်နေ့မနက် ငါးနာရီကားနဲ့ သူမ၏အိမ်ကိုပြန်လာခဲ့၏ ၊ သူမနှင့်မြင့်ဇော်လည်းချစ်သူတွေဖြစ်သွားခဲ့၏ ၊ သူမက ကျောင်းကို အဝေးသင်ပဲတက်မည်ဆိုသောကြောင့် အဝေးသင်ပဲတင်ခဲ့၏ ၊ မြင့်ဇော်ကတော့ ဗိုလ်သင်တန်းတက်ခဲ့၏ ၊ ထိုအချိန်ကစပြီး သူမတို့နှစ်ဦး ကွဲသွားခဲ့၏ ၊ သူမနောက်နှစ် အဝေးသင်ဖွင့်ချိန်မှာ တက်မည်ဆိုတော့ သူမ၏ သူငယ်ချင်းတွေဖြစ်တဲ့ ဧပရယ်တို့သုံးယောက်စလုံး ဆယ်တန်းကို အောင်မြင်ခဲ့၏ သို့နှင့် သူမလည်း ဧပရယ်တို့နှင့်အတူ ဒေးပဲတက်မည်ဆိုကာ သူမ၏သူငယ်ချင်းတွေနဲ့အတူ ဒေးတက်ခဲ့၏ ၊ သုံးနှစ်တာ အတူတူ ကျောင်းတက်ခဲ့ကြရင်း ကျောင်းပြီးသွားတဲ့အချိန်မှာ သူမဟာ ကျောင်းဆရာမ လုပ်ခဲ့၏ ၊ သူမ၏သူငယ်ချင်း ဧပရယ်က တော့ ရန်ကုန်မှာ ကုမ္မဏီတစ်ခုတွင် အလုပ်လုပ်နေခဲ့၏ ၊ မြင့်ဇော်နဲ့လည်းနောက်ထပ်မတွေ့တော့ပါ ၊ သူမနောက်ဆုံးသိလိုက်တာကတော့ မြင့်ဇော်ဟာ နယ်စပ်မှာ တာဝန်းထမ်းဆောင်ရင်း ဘာကြောင့်မှန်းမသိပျောက်သွားခဲ့တယ်လို့ပဲသိခဲ့ရ၏ ၊
“ ဆရာမ ဘာတွေစဉ်းစားနေတာလဲ” သူမတာဝန်ကျရာ ရွာလေးမှ ရွာသားဖြစ်သူ ဆန်းဝင်းမှ မေးလိုက်ခြင်းဖြစ်ပါ၏ ၊
“ သြော်..ဘာရယ်မဟုတ်ပါဘူး ဆယ်တန်းတုန်းက သူငယ်ချင်းတွေအကြောင်းစဉ်းစားနေတာပါ”
“ ဟုတ်ရဲ့လား ဆရာမရယ် ဆရာမစဉ်းစားတဲ့အထဲမှာ ငယ်ရီးစားအကြောင်းလေးရော မပါဘူးလား..”
“ မဟုတ်ပါဘူး သူငယ်ချင်းတွေအကြောင်းပါပဲ”
သူမဖြေလိုက်သော်လည်း ရှက်သွား၏ ၊ သူမစဉ်းစားတဲ့အထဲမှာ မြင့်ဇော်အကြောင်းလေး ပါနေသောကြောင့်တည်း ၊
“ ဆရာမ စိတ်မဆိုးနဲ့နော် ကျွန်တော်က စတာပါ”
“ ရပါတယ်”
“ ဆရာမမှာ ချစ်သူရှိလား”
သူမရှက်သွား၏ ရှိတယ်ပြောရမှာလည်းခတ် ၊ မရှိဘူးပြောပြန်ရင်လည်း သူက ပြောမည်ကိုသိနေ၏ ၊ ရှိတယ်ပြောရမှာလည်း မြင့်ဇော်နဲ့သူမနဲ့က ကွဲသွားတာ နောက်ထပ်မတွေ့တော့တာ ဒီနေ့ထိပဲဖြစ်၏ ၊ နောက်ဆုံးတော့လည်း
“ မရှိပါဘူးရှင်” သူမပြောလိုက်သော်လည်း မြင့်ဇော်ကိုတော့ တမ်းတသလို ၀မ်းနည်းသလို စိတ်နာသလို ဖြစ်သွား၏ ၊
“ တော်သေးတာပေါ့ဗျာ”
“ ရှင်”
“ သြော်..ဒီလိုပါ ဆရာမမှာချစ်သူရှိရင် တစ်နေ့အိမ်ထောင်ပြုတဲ့အခါ ကျွန်တော်တို့ ရွာလေးမှာ တာဝန်ထမ်းဆောင်ရာကနေထွက်သွားမှာ စိုးရိမ်လို့ပါ”
အမှန်တကယ်တော့ သူပြောချင်အဲလိုမဟုတ်ခဲ့ပါ သူ ဆရာမလေးကို ချစ်နေမိတယ်လို့ ပြောချင်ခဲ့တာပါ ဆရာမလေး စိတ်ဆိုးသွားမှာ စိုးရိမ်းပြီး လွှဲပြောလိုက်ခြင်းဖြစ်ပါ၏ ၊ ပြီးတော့ သူက မနက်ဖြန်ဆို သင်္ဘောတက်တော့မည်ဖြစ်သောကြောင့် သူ၏စိတ်ကို ထိမ်းချုပ်ထားလိုက်၏ ၊
“ ကျွန်တော် မနက်ဖန်ဆို သင်္ဘောတက်တော့မှာလေ အဲဒါအဒေါ်တွေကို လိုက်နှုတ်ဆက်ရင်း ဆရာမကို သတိရလို့ လာခဲ့တာ”
“ သြော်..ဟုတ်လား သင်္ဘောတစ်ခါတက်ရင် ဘယ်လောက်ကြာလို့လဲ”
“ ကြာတယ်ဗျ တစ်နှစ်လောက်တော့ကြာတယ်လေ”
“ သြော်..”
“ ဆရာမ ကျွန်တော်သင်္ဘောကပြန်လာသည်ထိ ကျွန်တော်တို့ရွာလေးမှာ ရှိနေပေးပါလား”
“ ရှင်..ဘာလို့လဲ”
သူမမေးလိုက်တဲ့အချိန်မှာ ဆန်းဝင်းဟာ သူ၏စိတ်ကို ဖွင့်ဟပြောလိုက်တော့၏ ၊
“ ကျွန်တော် ဆရာမကို ချစ်နေမိလို့ပါ”
“ ရှင် ”
“ ဆရာမ ကျွန်တော်ကို စိတ်မဆိုးပါနဲ့နော် ကျွန်တော်မနေနိုင်တော့လို့ဖွင့်ပြောလိုက်မိတာပါ ကျွန်တော့်ကိုတော့ မငြင်းလိုက်ပါနဲ့နော် ”
“ ရပါတယ်ရှင် ကျွန်မစဉ်းစားပေးပါ့မယ်”
သူမဘ၀အတွက် စဉ်းစားကာ ဆန်းဝင်းကို လက်ခံလိုက်၏ ၊ သူမ ဆန်းဝင်းကို မချစ်သော်လည်း အောင့်ကာနမ်းဆိုသလို သူမဘ၀အတွက် အသင့်တော်ဆုံးလူအဖြစ် လက်ခံလိုက်ကာ ရွေးချယ်လိုက်၏ ၊ သူမတို့နှစ်ဦးက အရမ်းချစ်ကြတဲ့ချစ်သူတွေမဟုတ်သော်လည်း ဘ၀ရှေ့ရေးအတွက်သူမလက်ခံလိုက်၏ ။
သူမကျောင်းသွားရန်ပြင်ဆင်နေချိန်မှာ ဖုန်းဝင်းလာ၏
“ ဟဲလို ဟုတ်ကဲ့ပါ”
“ ဟဲလို..စိုးစံလား”
“ ဟုတ်ပါတယ်ရှင်”
“ စိုးစံဟုတ်လား ငါဝမ်းသာလိုက်ဟယ် ငါလေနင့်ကိုသတိရနေတာ ဘယ်လိုလဲ နင်အဆင်ပြေလား”
“ အခုပြောနေတာ ဘယ်သူပါလဲ”
“ စိုးစံငါလေ ဧပရယ်”
“ ဧပရယ်ဟုတ်လား ငါဝမ်းသာလိုက်တာ ငါနင့်ကိုပြောစရာတွေရှိတယ် ”
“ ဘာလဲပြောလေ”
“ ဖုန်းနဲ့ပြောရင်ကြာအုန်းမှာ မဖြစ်ဘူး ငါနွေရာသီကျောင်းပိတ်ကျရင် နင့်ဆီကို ငါအလည်လာခဲ့မယ်သိလား”
“ မလာနဲ့တော့သူငယ်ချင်း”
“ ဟင်..ဘာဖြစ်လို့လဲ”
“ ငါအခုပဲ ငါတို့အညာမြေကို အလည်ပြန်လာတာလေ ငါအခုအိမ်ကနေဆက်နေတာ ခဏနေရင် နင့်ဆီကို ဆိုင်ကယ်နဲ့ငါလာခဲ့မယ်”
“ တကယ်လား အင်းအင်း လာခဲ့ ငါကျောင်းပြန်ရင်အေးဆေးတွေ့လို့ရပြီ နင်ငါ့ဆီညအိမ်မှာမို့လား”
“ အင်း ညအိပ်လာခဲ့မယလေ သူငယ်ချင်း နင်အခုဘာလုပ်နေလဲ ”
“ ငါအခုကျောင်းသွားတော့မလို့ ပြင်ဆင်နေတာလေ”
“ သြော်..ဟုတ်လား အဲဒါဆိုငါဖုန်းချလိုက်တော့မယ်နော်”
“ အင်းအင်း သူငယ်ချင်းငါမျှော်နေမယ်နော်”
သူမပျော်နေခဲ့၏ သူငယ်ချင်းနဲ့မတွေ့တာလည်းကြာပြီးဖြစ်တာကတစ်ကြောင်း ပြောစရာတွေရှိတာကတစ်ကြောင်းမို့ သူမကျောင်းမှာ ကျောင်းသားတွေကို စာသင်ရင်းနဲ့ သူမအကြောင်းတွေစဉ်းစားရင်းပေါ့ ၊
သူမအိမ်ကိုရောက်တော့ ဧပရယ်လည်းရောက်နေနှင့်၏ ၊ ဧပရယ်ကို သူမနှင့်မြင့်ဇော်အကြောင်းကိုပြောပြတော့ ဧပရယ်စိတ်မကောင်းဖြစ်သွား၏ ၊ နောက်ဆုံးတော့ သူမ ဒီရွာလေးမှာရှိတဲ့ ဆန်းဝင်းဆိုတဲ့လူတစ်ယောက်နဲ့ သူသင်္ဘေလာကပြန်လာရင် လက်တွဲတော့မယ်ဆိုတဲ့အကြောင်းပြောပြခဲ့၏ ၊
“ စိုးစံ နင်သူ့ကိုရော ဘ၀တစ်သက်တာ လက်တွဲနိုင်ရဲ့လား”
“ အင်း လက်တွဲနိုင်လိမ့်မယ်လို့တော့ထင်တာပဲလေ”
“ အင်းပါ နင်လက်ခံနိုင်ရင်ပြီးတာပဲလေ”
ဧပရယ်ကတော့ စိတ်မကောင်းဖြစ်သွား၏ ၊ သူငယ်ချင်းအတွက်ပေါ့ ချစ်တဲ့သူနဲ့မတွေ့ပဲ ဘ၀လက်တွဲဖော်ကို ဦးနှောက်နဲ့စဉ်းစားပြီးလက်တွဲတော့မယ်ဆိုတော့ ၀မ်းနည်းသွားခဲ့၏ ၊
ထိုသို့နှင့် စိုးစိုးစံဟာ ဆန်းဝင်းသင်္ဘေလာကပြန်လာချိန်မှာ လက်ထပ်လိုက်၏ ၊ အသက်ကငယ်တော့သည်မဟုတ်တဲ့အတွက် သူမ လက်ထပ်ပြီးသိပ်မကြာခင်မှာပဲ ကလေးယူလိုက်၏ ၊ သူမကလေးရပြီး သူမ၏သားလေး သုံးနှစ်အရွယ်လောက်မှာ သူမ၏ယောင်္ကျားဖောက်ပြန်တာကို သိသွားသောကြောင့် ကွာရှင်းခဲ့၏ ၊ သူမဘ၀ကိုတစ်ယောက်တည်း ရုန်းကန်လာခဲ့တာ သားလေး အသက်ခုနှစ်နှစ်လောက်မှာ သူမနာမကျန်းဖြစ်ခဲ့၏ ၊ ဆေးစစ်လိုက်တဲ့အချိန်မှာ သူမမှာ အေအိုင်ဒီအက်စ် ရောဂါရှိနေတာကို သိသွား၏ ၊ သူမလူလောကထဲမှာ မျက်နှာမပြရဲအောင် ဖြစ်သွားခဲ့၏ ၊ ထိုအချိန်မှာ သူမ သတိရလိုက်မိတာကတော့ သူမ၏သူငယ်ချင်ဧပရယ်ကိုပဲပေါ့ သူမဖုန်းဆက်လိုက်၏
“ ဟဲလို ဧပရယ်လား”
“ အင်းဟုတ်တယ် သူငယ်ချင်း ပြော”
“ ငါလေ ငါ့မှာ”
“ ဟင်..စိုးစံနင်ငိုနေတာလား ဘာဖြစ်လို့လဲ”
“ ဟုတ်တယ် ငါငိုနေတယ် ငါဘ၀ကိုငါ ရင်နာလွန်းလို့ပါဟာ”
“ နင်ဘာဖြစ်နေတာလဲ ငါ့ကိုရှင်းရှင်းပြောစမ်းပါ ငါစိတ်ပူလာပြီ”
“ ငါတို့ ကွာရှင်းလိုက်တာတော့ နင်သိပါတယ်နော်”
“ အင်းသိတယ်လေ အခုဘာဖြစ်လို့လဲ”
“ ဘာဖြစ်ရမှာလဲ အခုငါ့မှာ” သူမ စကားကိုဆက်မပြောဘဲ ငိုနေမိ၏ ၊ ပြီးမှ အားတင်းကာဆက်ပြောခဲ့၏ ၊
“ ငါ့မှာ အေအိုင်ဒီအက်စ် ရောဂါဖြစ်နေပြီတဲ့” သူမဆက်ပြီး မထိမ်းနိုင်တော့ဘဲ ငိုချလိုက်တော့၏ ၊ သူမ၏ သားလေးကိုလည်း ထိုနေ့မှာပဲ သင်္ကန်းစီးပေးခဲ့၏ ၊ သူမသေဆုံးကာနီးအချိန်မှာတော့ သူမ၏သူငယ်ချင်း ဧပရယ်လည်း သူမဆီရောက်လာခဲ့၏ ၊
“ သူငယ်ချင်း ဘာမှစိတ်မပူနဲ့နော် ငါ သားလေးကို ဂရုစိုက်ပါ့မယ် ”
သူမ စိတ်ချအောင်ပြောလိုက်သော်လည်း ဧပရယ် စိတ်တွေက ပြောရင်းနဲ့ တဖြည်းဖြည်း ငိုချင်လာခဲ့မိ၏ ၊
“ အခုငါ့သားလေးကို ခဏခေါ်ပေးပါ”
“ အင်း ဒီမှာ ရှိတယ်သူငယ်ချင်း”
“ သား”
“ ဟုတ်ကဲ့မေမေ”
“ သားလေးကို မေမေ သင်္ကန်းစီးပေးထားတာ မချွတ်နဲ့နော်သား သားကို မေမေ တစ်သက်လုံး ဒီအ၀တ်လေးနဲ့ပဲ နေစေချင်တယ်သား”
“ ဟုတ်ကဲ့ပါမေမေ သားဒီအ၀တ်ကို မချွတ်ပါဘူးမေမေ သားမေမေမှာထားတဲ့အတိုင်း တစ်သက်လုံးနေပါ့မယ်”
“ အင်းအင်း”
သူမသားလေး၏ လက်ကလေးကို ကျစ်ကျစ်ပါအောင်စုတ်ကိုင်ကာ ပြောနေရင်းမှ လူလောကထဲက အပြီးတိုင်ထွက်ခွါသွားတော့၏ ၊ ဧပရယ်မျက်လုံးပြူးသွား၏ ၊ သူမအသက်ထွက်သွားသောကြောင့်တည်း၊
“ သား သားမေမေမရှိတော့ဘူး သူဆုံးသွားပြီး”
ဧပရယ်သားလေးကိုဖတ်ကာ ငိုနေရင်းမှ သူမဆုံးသွားကြောင်းပြောလိုက်တော့ ကိုရင်လေးဟာ
“ မေမေ သားကို တစ်ယောက်တည်းမထားခဲ့ပါနဲ့နော် သားမေမေမရှိရင် သားဘယ်သူနဲ့နေရမှာလဲ မေမေ… မေမေ သားမေမေ့စကားကို တစ်သက်လုံးနားထောင်ပါ့မယ် သားသင်္ကန်းဝတ်ကို သားမသေမခြင်း ဘယ်တော့မှ မချွတ်ပါဘူးမေမေ ”
အခုချိန်မှာတော့ ကိုရင်လေးဖြစ်တဲ့ သူမ၏သားလေးမှာလည်း သူ့လိုပဲ ရောဂါရှိနေခဲ့ပါတော့၏ ။ ဤ၀တ္တုလေး၏ အဆုံးသက်ပြောချင်တာကတော့ မြန်မာအမျိုးသမီးများ အိမ်ထောင်ပြုမယ်ဆိုရင်တော့ ကိုယ့်အကြောင်းသူ့အကြောင်း အတွင်းသိအချင်းသိ ၊ လက်ထပ်ပြီးမှ နောက်ကြောင်းတွေသိလာရတာတွေ ဒီဝတ္ထုလေးလို ရောဂါမျိုးဖြစ်နေရတာတွေနဲ့ဆိုရင် ကိုယ့်ဘ၀ လူတောမတိုးသလို ဘ၀သက်တန်းစေ့မနေရဘဲ စောစွာထွက်ခွါသွားရတာမျိုးတွေဖြစ်မှာဆိုးသောကြောင်း လက်ထပ်တော့မည်ဆိုရင် ကိုယ်ရောသူပါ နှစ်ဦးသဘောတူ ဆေးစစ်ပြီးမှလက်ထပ်သင့်ကြောင်း ဖြစ်ရပ်လေးကိုအခြေခံကာ အသိပေး ပညာပေး ၀တ္ထုလေးအား အဆုံးသက်လိုက်ရပါတော့၏……..။
*** ဒီဝတ္ထုတိုလေးအား ပြီးဆုံးအောင် ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့် ***
~~~@@@ စိတ်ချမ်းသာလို့ ကိုယ်ကျန်းမာကြပါစေ @@@~~~
April