အမေ၀မ်းထည်းကနေပြီးလူ့လောကကြီးထည်းကို အငိုနဲ့အစပျိုးခဲ့ပြီး လူ့ဘ၀ကိုဖြတ်သန်းနေရတဲ့လူတွေအားလုံးမှာ ကိုယ်ပိုင် ရပ်တည်မှုဘတွေရှိကြတယ် ဘ၀ရဲ့အနက်သဘောကလည်း ဖွင့်ဆိုတဲ့ရည်ရွယ်ချက်အပေါ်မူတည်ပြီး
တစ်ဦးနဲ့တစ်ဦးကွဲလွဲမှုတွေရှိနိုင်ပါတယ် အငိုနဲ့စခဲ့ရတဲ့လောကကြီးထည်းမှာ ဘယ်လို ဘ၀ကိုအဆုံးသတ်မှာလည်း ဒါကအရေးကြီးတယ်လို့ထင်ပါတယ် လူတော်တော်များများဟာလည်း အဆုံးသတ်ကို သိပ်မတွေးမိကြပါဘူး မွေး - နေ - သေ ဆိုတာ သုံးခုတည်းမှာ (နေ)ဆိုတာ သေဘို့အတွက်ပြင်ဆင်ချိန်ပါ ကိုင်းဗျာစာဖတ်သူမိတ်ဆွေအပေါင်း မိမိကိုယ်ကိုယ် မလိမ်တမ်းဝေဖန်ကြည့်ကြပါ ဘာသာတရားဆိုတာ အမှန်တရားကို မြင်နိုင်ဘို့လမ်းပြထားတာပါ
(နေ) ဆိုတဲ့ အချိန်ကာလကြီးကို ဖြတ်သန်းနိုင်ဘို့ စားဝတ် နေ ဆိုတဲ့ အထောက်အပန့်တွေလိုအပ်ပါတယ်
အဲဒီလိုအထောက်အပန့်ကို ဖြည့်ဆည်းပုံခြင်းကတော့ တစ်ဦးနဲ့တစ်ဦး မတူညီကြပါဘူး သင့်တင့်လျှောက်ပတ်တဲ့
ဝီရိယ ရှိမယ်ဆိုရင် မေတ္တာတရားကို လက်ကိုင်ထားတဲ့လူ့အဖွဲ့အစည်းထဲမှာ စား ဘို့ ၀တ်ဘို့ နေဘို့
မပူပင်ရပါဘူးလို့ထင်ပါတယ် အတိတ်ရဲ့ကံအကြိုးပေးကို မယုံကြည်လို့လား ဒါမှမဟုတ်ကံတရားကို လက်မခံ နိုင်လို့လား ဒီအရေးသုံးခုအတွက်နဲ့ နေ့တိုင်းကောင်းကောင်းစားရဘို့ နေတိုင်းကောင်ကောင်ဝတ်ရဘို့ နေတိုင်းကောင်း
ကောင်းနေရဘို့ ရှဖွေကြတဲ့နေရာမှာ လောဘတရား ဒေါသတရား တွေလက်ကိုင်ထားပြီး ဟိုလူကို မကောင်းကြံ ဒီလူ့ကိုချောက် တွန်း မကောင်းမှုဆိုတာတွေကို သိသိကြီးနဲ့ရော မသိလိုက်မသိဖါသာရော ကြီုးစားပြီး ရှာဖွေလို့ရော
တစ်နေ့ကို ဘယ်လောက် စားနိုင်မှာလည်း အိမ်နှစ်လုံးရှိလို့ရော နှစ်ကိုယ်ခွဲပြီးနေနိုင်လို့လား စိတ်ရဲ့စေခိုင်းမှုနောက်ကို
လောဘသားကောင်အဖြစ် ဒေါသသားကောင်အဖြစ်နဲ့လိုက်နေရတာမတွေးမိလို့လား မတွေခြင်တာလား မတွေးမိလို့မတွေးခြင်ရင် မောဟ တရားပါဝင်လာပြီး အနေပူလို့ အသေဖြောင့်နိုင်ပါ့မလား လောကကြီးထဲမှာ
လောဘတစ်ရားကြောင့် သူ့ထက်ငါသာလွန်အောင် ကြိုးစားကြလို့ရုပ်ဝထ္ထုတွေ တိုးတက်လာတာနဲ့အမျှ
ပေးဆပ်လိုက်ရတာ ဆုံးရှုံးလိုက်ရတာ တန်ဘိုးဖြတ်လို့မရတဲ့ ကိုယ်ကျင့်တရားတွေ မေတ္တာတရားတွေ
စာနာမှုတွေ ဖေးမမှုတွေ သံယောဇဉ်တွေ မောင်နှမအ သားအမိ မွေးခြင်း အခြင်းခြင်း စစ်မှန်တဲ့ အပြုံးတွေ ပြုံးနိုင်ကြတော့လို့လား မသေခင်တောင် စစ်မှန်တဲ့အပြုံးတွေပြောက်ကွယ်နေတဲ့လူတစ်ယောက်အဖို့ ပြုံးပြုံး
လေးနဲ့သေနိုင်မယ်လို့ ဘယ်တန်ခိုးရှင်က အာမခံပေးနိုင်မှလည်း မေတ္တာမပို့ခင် ကိုယ့်ရင်ထဲမှာမေတ္တာ ဘယ်လောက်ရှိ
လည်းပြန်ဆန်းစစ်ဘို့လိုပါတယ် မြတ်စွာဘုရားဟောကြားတဲ့ တရားတော်တွေကို သန့်သန့်ရှင်းရှင်းလက်ခံနိုင်ဘို့အတွက်
အတ္တတရားကို အတတ်နိုင်ဆုံးလျှော့ချထားဘို့လိုပါတယ် အတ္တကြီးပြီး ရသမျှငါ့ဟာလုပ်နေရင်တော့ သေတော့ အဲဒီဟာ
ယူသွားလို့ရမှာလား ခွဲရမယ့်အချိန်မှာ မခွဲနိုင်လို့ရှိရင် ပူပင်မှု စိုးရိမ်မှု ငိုကြွေးမှု စတာတွေလာမှာကတော့ မြေကြီးလက်
ခတ်မလွဲပါဘူး တန်ဘိုးရှိတဲ့အရာကိုယူချင်ရင် ကိုယ်ကအဲဒီအရာနဲ့ထိုက်တန်မှုရှိရပါ့မယ် ရွှေတုန်းရွှေခဲကို မီးသွေးခဲနဲ့
`လည်းလို့မရနိုင်ပါဘူး လူ့လောကကြီးထည်းကို အငိုနဲ့စခဲ့ပြီးတော့ အပြုံးလေးနဲ့ နုတ်ဆက်ထွက်ခွာဘို့ဆိုရင် ကိုယ်တိုင်
အပြုံးနဲ့ထိုက်တန်အောင် လိုက်နာကျင့်သုန်းဘို့လိုအပ်ပါတယ် မြတ်စွာဘုရားဟောကြားခဲ့တဲ့မင်္ဂလာတရားတော်တွေဆို
တာ ဘုရှားရှေ့မှာ ရွတ်နေဘို့မဟုတ်ပါဘူး ကိုယ်တိုင်လိုက်နာကျင့်သုန်းဘို့လမ်းစဉ်တွေပါ ဒီလမ်းစဉ်တွေကိုလိုက်နာနိုင်ပါ
မှ မင်္ဂလာမည်ပြီးတော့ အပြုံးစစ်နဲ့ လှလှပပ ပြုံးနိုင်တော့မှာပေါ့ အငိုနဲ့စပြီး အပြုံးနဲ့နေ အပြုံးနဲ့သေနိုင်ကြပါစေ
အရုးလွယ်အိတ်မှာ ကျွန်တော်တင်ထားသောပို့စ်ကို ပြန်လည်တင်ပါသည်။
↧
အငိုနဲ့စပြီးအပြုံးနဲ့ဆုံးစေခြင်
↧