Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဆင်ခြေနဲ့ စားသုံးခြင်း

$
0
0

လူတွေကို နှစ်မျိုးခွဲလိုက်မယ်
သူများအသားစားသူနဲ့ သူများအသားမစားသူပေါ့
(မစားသူအကြောင်းဒီမှာမပြောဘူး)

သူများအသားစားသူ မှာလည်း
ကိုယ်တိုင် မသတ်ပဲစားသူနဲ့ ကိုယ်တိုင်သတ်စားသူ ထပ်ခွဲမယ်
(ကိုယ်တိုင်သတ်စားသူအကြောင်း ဒီနေရာမှာမပြောဘူး)

ကိုယ်တိုင် သတ်မစားသူတွေအကြာင်းပြောမယ်

ခင်ဗျားတို့ ကျနော်တို့ ပါးစပ်ထဲမှာ
အရသာခံပြီး ၀ါးစားနေတဲ့ အသားတွေဟာ
အသက်တွေကို တာ့တာပြချိန်မရလိုက်ပဲ ထွက်ခါသွားခဲ့ရတဲ့
သတ္တ၀ါတွေဆီကရလာတယ်ဆိုတာ အားလုံးနားလည်မှာပါ။

ဒီလိုနားလည်ပါလျှက်နဲ့
သူများအသားကို စားတဲ့သူတွေရဲ့စိတ်ထဲမှာ ကာကွယ်မှု ဖုံးကွယ်မှု ဆင်ခြေ မိသိချင်ဟန်ဆောင်မှု တွေသေချာပေါက်ရှိနေကြပါတယ်

ဥပမာ -

အသက်တွေသနားဖို့ကောင်တယ် မင်းဘာကြောင့်အသားစားတာလဲ လို့မေးရင် သနားဖို့ကောင်းတာငါသိတယ် ဒါပေမယ့် လူတိုင်အသားစားကြတယ် အရသာကလည်းစားလို့ကောင်းတယ် ဆိုတဲ့အဖြေမျိုးရတတ်တယ်

- ငါကတော့ သတ္တ၀ါတွေ သေစေလိုတဲ့ဆန္ဒမရှိပါဘူး ငါ့ကိုလာပေးလှူတာတွေကို ရုပ်ဓါတ်တွေလို့ပဲသဘောထားပြီး စားတယ်

- အသားဆိုတာစားသင့်တယ် ကျန်းမာရေးအတွက် မရှိမဖြစ်ဘူး

- ငါတို့ကသတ်စားတာမဟုတ်ဘူး ဈေးထဲမှာ ရောင်းတဲ့ဟာကိုဝယ်လာတာ
ရောင်းလို့ဝယ်တာ ငါတို့မှာ ဘာမှ အပြစ်မရှိဘူး သတ္တ၀ါတွေအပေါ်မတရားရာမကျဘူး

- ရောင်းတဲ့သူကလည်း ကျနော်တို့ကရောင်းတယ်စားတယ် ဒါပေမယ့် မသတ်ဘူးဗျ

- အကယ်လို့များ ရောင်းတဲ့သူတွေမရှိရင် ကျမတို့ကလည်း အသတ်လွတ်ပဲစားမှာပါ ကိုယ်တိုင်သတ်မစားပါဘူး

- ရောင်းတဲ့သူကလည်း ကျနော်တို့ကလည်းစီးပွားရေးအရလုပ်ကြရတာပါ တကယ်တော့မလုပ်ချင်ပါဘူး
(ရောင်းသူ ၀ယ်သူ အသံတူ ဆိုတဲ့သဘောတရားကိုလည်း ထည့်စဉ်းစားသင့်တယ်)

(ဒီလိုအမျိုးမျိုး ကာကွယ်မှုတွေ ပေးကြမယ်)

ဘယ်လိုပဲကာကွယ်မှုတွေပေးပေး အသက်တွေကတော့ .............

အသက်တွေဆိုတာ သံသရာမှာ မတော်ဆပ်ခဲ့ဖူးသူမရှိဘူးလို့လည်းဆိုပြန်တယ်

ဘာသာတရားတွေကလည်း သူ့နည်းသူ့ဟန်နဲ့ လှုပ်ရှားနေကြတယ်

လူတွေကလည်း ကိုယ့်သဘောထားနဲ့ကိုယ်စားနေကြတယ်

စာဖတ်သူ သူငယ်ချင်းရဲ့ သဘောထားဘယ်လိုရှိမလဲဆိုတာ ကျနော် သိချင်နေမိတယ်....

(အလှူအကြီး အတန်းကြီးတွေမှာ ၀က်အချိန် ၅၀၀ ကို ဒူးလောက် ပေါင်လောက်တွေလှူမယ်ဟေ့ ဆိုတဲ့သူတွေရဲ့ သဘောထား ဘယ်လိုရှိမလဲ)


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>