သူ ။ ။ ဆောရီးပဲကွာ... တို့ခေါင်းတွေ အရမ်းကိုက်နေလို့ ချိန်းထားတာမလာနိုင်တော့ဘူး
သင် ။ ။ (သူ့ဘက်က စကားစပြောမလာမချင်း ဘာမှမပြောပါနဲ့ တိတ်တိတ်နေပါ အသံလုံးဝ မထွက်ပါနဲ့)
သူ ။ ။ ကိုကို..ကြားလား ... ဟဲလို နားထောင်နေလား ... ဘာဖြစ်လို့လဲ
သင် ။ ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်ကြားရတာကိုယ် မယုံနိုင်လို့ပဲ
သူ ။ ။ ဘယ်လို...
သင် ။ ။ တွေ့မယ်ဆိုပြီး မင်းပဲချိန်းတယ်... အခုမဟုတ်ရပြန်ဘူး။
မင်းကိုယ့်ကို မလေးစားဘူး ကိုယ့်အချိန်တွေ တန်ဖိုးမထားဘူး။ ကိုယ်ဒီတိုင်းဆက်မသွားနိုင်ဘူး။ ကိုယ်နဲ့ချိန်းထားတာကို အကြောင်းတစ်ခုကြောင့် ဖျက်ချင်ရင် ဒါမှမဟုတ် တခြားအစီအစဉ်ရှိတယ်ဆိုရင် အနည်းဆုံးတော့ ကြိုပြောရမှာပေါ့။ ကိုယ်ပြောသလို ဖြစ်နိုင်ရင်တော့ ၀မ်းသာပါတယ်။ မဖြစ်နိုင်ဘူးဆိုရင်တော့ တာ့တာပဲ။ (ဖုန်းချလိုက်ပါ)။
ဒီနည်းက ပြင်းထန်တယ် ဒါပေမယ့် အမှန်တကယ် အလုပ်ဖြစ်တယ်
ခဏကြာရင် သူ့ဘက်ကဖုန်းဆက်လာမယ်...
တောင်းပန်ပြီး ထွက်လည်ကြစို့လို့ပြောမယ်
သူ့ဘက်က ဖုန်းပြန်မဆက်တာမျိုး တခါတရံ ဖြစ်နိုင်ချေရှိတယ်။
ဒါမျိုးဖြစ်လာရင် အဆက်ဖြတ်ပစ်လိုက်ပါ။ ချစ်သူဘ၀ မှာတောင် ဒါမျိုးလုပ်ရင် နောက်နောင်ပိုဆိုးမယ်။
မင်းက ဖုန်းအရင်ချလိုက်ပြီး အမှန်တရားဘက်မှာရှိတဲ့အတွက် မင်း အနိုင်ရပြီးဖြစ်တယ်။
အရေးအကြီးဆုံးက မပြတ်မသား မဖြစ်ဖို့ပဲ...
(ဒီပို့ကို တင်ရတဲ့ရည်ရွယ်ချက်က မီးလောင်ရာလေပင့်ဖို့မဟုတ်ပါဘူး)
(တချို့သောမိန်းခလေးများဟာ အရွယ်မဟိုင်းခင် အလှမာန်တက်ပြီ ယောက်ျားလေးများ ရဲ့ အချိန် ငွေ အင်အားနဲ့ ခံစားချက်ကို စာနာမှုမရှိပဲ အနိုင်ယူတတ်ကြပါတယ်...
ဒီလို မိန်းခလေးမျိုးနဲ့ ချစ်သူဖြစ်ကြရတဲ့ ယောက်ျားလေးများအတွက် ရည်ရွယ်ပါတယ်)
(မိန်းခလေးများကိုလည်း ကိုယ်ချစ်တဲ့သူကိုပဲတွဲပါ အပျော်တွဲပြီး တစ်ဖက်သားခံစားရအောင်မလုပ်ဖို့
အလှမာန်မမောက်ဖို့ နဲ့ ကိုယ့်ချစ်သူအပေါ် အပြန်အလှန် နားလည်မှုရှိပေးကြဖို့ပေါ့ဗျာ)