Quantcast
Channel: ဘလော့စာပေများ - ရွှေမြို့တော်
Viewing all articles
Browse latest Browse all 9878

ဟင်းခွက်များ နဲ့ ဘာသာတရား

$
0
0

စားပွဲပေါ်မှာ ဟင်းခွက်တွေ အများကြီးရှိတယ်
လောကကြီးမှာ ဘာသာတရားတွေ အများကြီးရှိတယ်

ကြိုက်တဲ့ခွက်ထဲက မြည်းလို့ရတယ်
ကြိုက်တဲ့ဘာသာကို လေ့လာလို့ရတယ်

တစ်ခွက်ထည်း မြည်းလို့ရသလို ၁၀ခွက်မြည်းလည်းရတယ်
တစ်သာသာထည်း လေ့လာလို့ရသလို ၁၀ဘာသာလည်း လေ့လာလို့ရတယ်

တစ်ခွက်ပဲကြိုက်လို့ တစ်ခွက်ပဲစားလည်းရတယ်
တစ်ဘာသာပဲကြိုက်လို့ တစ်ဘာသာပဲလက်ခံထားလည်းရတယ်

ဟိုနည်းနည်း ဒီနည်းနည်း စားလည်းရတယ်
ဟိုနည်းနည်း ဒီနည်းနည်း လေ့လာလည်းရတယ်

အားလုံးကြိုက်ပြီး အားလုံးစားလည်းရတယ်
အားလုံးကြိုက်ပြီး အားလုံးလက်ခံလည်းရတယ်

တစ်ခွက်မှမကြိုက်လို့ တစ်ခုမှမစားလည်းရတယ်
တစ်ခုမှမကြိုက်လို့ ဘာသာမဲ့လုပ်လည်းရတယ်

သူများချက်ထားတာမကြိုက်လို့ ကိုယ့်ဟာကိုယ်ချက်စားချင်လည်းရတယ်
လက်ရှိဘာသာတရားတွေကို မကြိုက်လို့ ကိုယ့်ဟာကိုယ်တရားရှာချင်လည်းရတယ်

သူများချက်ထားတဲ့ ဟင်းတွေကို အပြစ်ပြောလည်းရတယ်
လက်ရှိဘာသာတရားတွေကို အပြစ်ပြောလည်းရတယ်

ကိုယ်စားကောင်းတဲ့ဟင်း သူများကျွေးလည်းရတယ်
ကိုယ်ရထားတဲ့တရား သူများဟောလည်းရတယ်

တစ်ခွက်ပဲစားရမယ်ထင်လို့ တစ်မျိုးပဲစားရသူတွေရှိတယ်
တစ်ဘာသာပဲယူရမယ်ထင်လို့ တစ်ဘာသာပဲခံယူရသူတွေရှိတယ်

မစားမနေရဆိုပြီး အတင်း ကျွေးတဲ့ဟင်းမျိုးရှိတယ်
မယူမနေရဆိုပြီး ခြိမ်းခြောက် သိမ်းသွင်းတာတွေရှိတယ်

စားချင်အောင်ပြောပြီး ကျွေးတဲ့ဟင်းတွေရှိတယ်
ယုံကြည်အောင်ပြောပြီး စွယ်တာတွေလည်းရှိတယ်

စိတ်ကူးယဉ်တဲ့ ဟင်းတွေရှိသလို
ဖန်ဆင်းရှင်ရဲ့ ဘာသာတရားတွေလည်းရှိတယ်

ရင်ပြည့်စေတဲ့ ဟင်းတွေရှိသလို
ဗိုက်ပြည့်စေတဲ့ ဘာသာတရားတွေရှိတယ်

ဟင်းခွက်ကို အလှဆင်သူတွေရှိသလို
ဘာသာတရားကို ရွှေချသူတွေရှိတယ်

ကိုယ်မကြိုက်တဲ့ ဟင်းခွက်ကိုရိုက်ခွဲတာတွေရှိသလို
ကိုယ်မကြိုက်တဲ့ ဘာသာတရားကို ဖျက်စီးတာတွေလည်းရှိတယ်

တချို့ဟင်းခွက်တွေက အာဟာရမရှိဘူး
တချို့တရားတွေက အကျိုးမရှိဘူး

မင်းမှာ ဒီဟင်းစားဖို့ ပိုက်ဆံနည်းနေတယ်လို့ ပြောသူကပြောမယ်
မင်းမှာ ဒီတရားရဖို့ အတိတ်ကံနည်းနေတယ်လို့ ပြောသူကပြောမယ်

မင်းမှာ ဒီဟင်းစားဖို့ ပိုက်ဆံမရှိဘူး ပြောသူကပြောမယ်
မင်းမှာ ဒီတရားရဖို့ အတိတ်ကံမရှိဘူး ပြောသူကပြောမယ်

အိပ်မက်ထဲက ဟင်းခွက်တွေရှိသလို
လက်တွေ့မကျတဲ့ ဘာသာတရားတွေလည်းရှိတယ်

ထူးထူးခြားခြား သေပြီးမှ စားရမယ့် ဟင်းတွေလည်းရှိတယ်ပြောတယ်
ဆန်းဆန်းပြားပြား သေပြီး မှရောက်ကြမယ့် (....နေရာတွေ.....) လည်းရှိတယ်ပြောတယ်

အရေးအကြီးဆုံးက
ဟင်းချက်စားသူတွေရဲ့ ဟင်းတုံးမဖြစ်စေနဲ့
ဘာသာတရားဖန်တီးသူတွေရဲ့ သားကောင်မဖြစ်စေနဲ့


Viewing all articles
Browse latest Browse all 9878

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>