နေ၀င်ရီလျိုး မှောင်ရီပျိုးစ အနောက်တောင်တန်း တွေဆိက သူရိန်နေမင်း
တစ်နေ့စာ တာဝန် ထမ်းဆောင်ပြီးလို့ သူ ရဲ့ လင်းရောင်ခြည် တွေ
ရုပ်သိမ်းဖို့ အချက်ပြနေလေပြီ။
အဖော်မရှိ တိတ်ဆိတ်နေတဲ့ ထမင်း ၀ိုင်း လေးမှာ ကျွန်တော် တစ်ယောက်တည်း
ခေါက်ရိုးကြေနေပေမဲ့ ဒီနေ့ ထမင်းစေ့ တွေကို ငေးကြည့်နေရင်း အတိတ် က
အမဲစက် တစ်ခုကြောင့် ကျွန်တော် မျက်ရည် တာရိုးတွေ ပေါက်ထွတ်လာခဲ့။
ဒီလို ထမင်း တစ်လုတ် ၀၀လင်လင် စားသောက်နိုင်ဖို့ ကျွန်တော် တို့ မိသားစု
ကျွန်တော် တို့ ရွာသူရွာသား တွေ နဖူး မှ ချွေး ခြေမ ကျတဲ့ အထိကျခဲ့သလို
သွေးစက်တို့ လည်း မြေ မှာခ အသက်တွေ ပေးဆပ်ခဲ့ကြရတယ့်။
ထမင်းစေ့ တွေကို ငေးကြည့်နေရင်း ကျွန်တော် ရဲ့ စိတ်တွေ အတိတ်ကာတစ်ခုဆိ
တောင်ပံခက် ပျံသန်းသွားတော့သည်။
‘အမေ----- ဗိုက်ဆာတယ့့်။’
‘နေပါဦး သား ရယ် မင်း အဖေ ရွာထဲ ဆန်ဝယ်သွားတယ်၊ ပြန်လာရင် ကျွေးပါမယ် ခန
နေဦးနော့်။’
အမေ ကျွန်တော် ကို ချော့မော့ပြောပြီ အဖေ ပြန်လာမဲ့ လမ်း လှမ်းလှမ်းကြည့်နေသည်။
မကြာခင် အဖေ ရွာ ထဲမှ ပြန်လာသည်။
အဖေ မျက်နာမကောင်း လက် ထဲမှာလည်း ဘာမှ ပါမလာခဲ့။
အမေ က အဖေ ဆိ ပြေးသွားရင်း----
‘မရခဲ့ဘူးလား ကိုသန်းမောင့်’
‘မရခဲ့ဘူး အေးမိ ရွာထဲမှာ ဆန်ပြက်နေတယ်။ ခုရက်ပိုင်း မြို့လည်း
တတ်မရသေးဘူးတဲ့’
‘ဒုက္ခ ပါပဲတော်--- ဘယ်လိုလုပ်ကြမလဲ သားငယ် ကလည်း ဗိုက်ဆာနေပြီ’။
** *** ******************************
ဒီလိုနဲ့ ဘာမှန်းမသိတဲ့ နိုင်ငံရေး ပဋိပက္ခ တွေကြားမှာ ကျွန်တော် တို့
ညီအကို မောင်နှမ တွေ နေ့စဉ် ပြောင်းဖူးပြုတ် တွေ စားခဲ့ ကြရတယ်။
တစ်နေ့လည်း မဟုတ် နေ့စဉ် စားသောက်လာခဲ့တဲ့ အိမ်နောက်ဖေး က
ပြောင်းဖူးခင်း လေး တောင် ပြောင်သလောက်ဖြစ်နေပြီ။တစ်နေ့တော့ ကျွန်တော်
တို့ အဖေ က့
‘ အေးမိ ငါ မြို့တတ်မယ်ဟာ’
အဖေ စကားကြောင့် အမေ ရဲ့ မျက်ဝန်း တွေမှာ အံသြခြင်းများစွာ နဲ့။
‘တော် က ဘာလုပ်သွားမှာလည်း လမ်း မှာ ဒီလောက် စစ်ပွဲ တွေ ဖြစ်နေတာကို့’
‘နင် လည်း သိတဲ့ အတိုင်းပဲ ခုဆို ငါ တို့ စားသောက်နေတဲ့
အိမ်နောက်ဖေးကပြောင်းဖူးခင်းလေးလည်း အပင်ပဲ ကျန်တော့တယ့်
ဒီ အတိုင်း တာ ဆက်သွားနေရင် ငါ တို့ မိသားစု ဒုက္ခ ရောက်ကုန်မယ်ဟ’
နောက်ဆုံးတော့ အမေ လည်း အဖေ ကို မလွတ်ချင် လွတ်ချင်နဲ့ လွတ်လိုက်ရတယ်။
ရွှေ့လျှားနေတဲ့ နာရီ စက္ကန့်တွေ နဲ့ အတူ အချိန် တွေလည်း တဖြုတ်ဖြုတ်
ကုန်ဆုံးလာခဲတယ့်။ အဖေ ရွာ က ထွတ်သွားပြီ နောက်ပိုင်း အမေ့ မှာ အဖေ
ပြန်လာမဲ့ လမ်း မှာ နေ့စဉ် မျှော်နေခဲ့တယ်။ သေနတ်သံ ကြားလိုက်ရတိုင်း
အမေ ရင်တထိတ်ထိတ် နဲ့ အဖေ အတွက် ဆုတွေတောင်းလို့ပေါ့။
ကျွန်တော် တို့ ညီအစ်ကို တွေကလည်း အဖေ ပြန်လာရင် မုန့်တွေပါမယ် ဆိုတဲ့
အတွေးတွေနဲ့ အမေ နဲ့ အတူ အဖေ ကို စောင့်မျှော်နေခဲ့ကြတယ်။
‘အဖေ ပြန်လာတော့မှာလား အမေ့’
‘ပြန်လာတော့မှာပါ သား ရယ့့်’
ပြန်လာတော့မှာလည်း ပြောသေး အမေ မျက်ဝန်း တွေမှာ မျက်ရည်စတွေနဲ့။
*************************************************
အချိန်ကြာမြင့်စွာ တဟုန်းဟုန်း နဲ့ တောက်လောင်နေတဲ့ နိုင်ငံရေး မိးစ တွေ
လုံးဝ ငြိမ်သက်သွားတဲ့ နေ့ ကျွန်တော် တို့ တစ်ရွာလုံး ပျော်လိုက်ကြတာ
အော်လိုက်ကြတာ၊ လွတ်ပြီ၊ ကျွတ်ပြီ၊ လွတ်ပြီ၊ ကျွတ်ပြိ့။
ငြိမ်သက်သွာတဲ့ နိုင်ငံရေဒ ပဋိပက္ခ တွေနဲ့ အတူ၊ နောက်နေ့ကျ တစ်ရွာလုံး
ထမင်း တစ်လုပ် မှန်မှန် ပြန်စားရဖို၊့ မြို့တတ် သူ တတ် လှည်း ကော့ပြီ၊
တော ထဲ ယာထွန်သွားသူ သွား၊ ကျွန်တော် တို့ ညီ အကိုတွေလည်း အမေ နဲ့ အတူ
တော ထဲ လိုက်သွားကြတယ်။
မမျှော်လင့် တဲ့ နေ့လေးတစ်နေ့ မှာ ကျွန်တော် အဖေ မြို့ က ပြန်လာခဲ့တယ်။
အံသြခြင်း ကြည်းနူးခြင်း တွေနဲ့ အတူ အမေ မျက်ရည်တွေ ကျခဲ့ပြန်တယ်။
အဖေ က ကွန်တော် မိသားစု ကိုကြည့်ပြီး တပြုံးပြုံး နဲ့ပေါ့။
အဖေ ရဲ့ မေတ္တာ တရား တွေကတော့ ဆယ့်နှစ်ရာသီ ပေးစွမ်းနေဦးမယ်ဆိုတာ
ကျွန်တော်တို့ မိသားစု ယုံကြည်မိသည်။
ဒီလို နဲ့ ရွာ မှာနေထိုင်လာရင်း ကျွန်တော် သုံးတန်း စာမေးပွဲ ဖြေဆိုပြီ။
မိသားစု လိုက် မန္တလေး ကို ပြောင်းရွှေ့လာခဲ့သည်။
မပြေလည်တဲ့ မိသားစု ၀မ်းစာ အတွက် ကျွန်တော် ကျောင်းဆက်မနေ အစ်ကို နဲ့
အတူ ဂျာနယ် လိုက်ရောင်း လုပ်ခဲ့တယ်။
“ဂျာနယ် တွေရမယ်၊ ဂျာနယ်”
‘ဂျာနယ်သည် အင်အား ကျန်သေးလာ့း’
‘ဟုတ် ကျန်သေးတယ်ဗျ့’
‘အေး တစ်စောင်လောက်၊ ဘယ်လောက်လည်း ငါတူ့’
‘15 ကျပ်ပါ ဦးလေ့း့’
ဂျာနယ် တစ်စောင် မှာ 15 ကျပ် 20 ကျပ် တစ်စောင်ရောင်းရမှ 1 ကျပ် 2 ကျပ် ကျန်တာ၊
တစ်စောင် နှစ်စောင် မကျန်စေဖို့ တစ်နေကုန် ခြေတိုအောင် ရောင်းရတယ်။
ဒါပေမဲ့ ကျွန်တော် ဂျာနယ် ရောင်းရတာ အရမ်းပျော်တယ်။
ဒီလိုနဲ့ ကျွန်တာ် မိသားစု ကြိုးကြိုးစားကြိုးစား နဲ့ ရုန်းကန်လာရင်း
မန္တလေး မှာ ကိုယ်ပိုင် အိမ် လေး နဲ့ နေနိုင်လာခဲ့တယ်။
တစ်နေ့တော့
လ္ဘက်ရည်ဆိုင် မှာ နေတဲ့ အစ်ကို ၀မ်းကွဲ က့၊
‘သန်းဦး မင်း ငါ နဲ့ လ္ဘက်ရည်ဆိုင် လုပ်မလာ့း’
‘လ္ဘက်ရည်ဆိုင် က ပင်ပန်းလာ့း့’
‘မပင်ပန်းပါဘူးဟ၊ သူ အချိန် နဲ့ သူ နားရတယ့့်’
ဒီလိုနဲ့ ကျွန်တော် အစ်ကို နဲ့ လ္ဘက်ရည်ဆိုင် လိုက်နေခဲ့တယ်၊ တစ်လ 70 ပဲရတယ်။
ကြမ်းတမ်းတဲ့ ဘ၀ ကလာတဲ့ ကျွန်တော် လို လူ အတွက် အတွက် လ္ဘက်ရည်ဆိုင်
အလုပ်က မပင်ပန်းပေမဲ့ ထမင်း စားချိန်ရောက်ရင် ကျွန်တော် ပင်ပန်းတယ်။
ထမင်းစား တော့မယ်ဆိုရင် ဆိုင်ရှင် မျက်နာ ကျွန်တော် မော့ကြည့်နေရတာ။
ကျွန်တော် အဖြစ် က အိမ် မွေး ခွေးတစ်ကောင်လိုပဲ၊ သခင် ကျွေးတဲ့ ထမင်း
စားသာနေရတယ် သခင် အနားလာတိုင်း ဘယ်အချိန် ထရိုက်မလည်းဆိုတဲ့
ကြောက်ရွံ့တဲ့ အကြည့်တွေနဲ့ပေါ့။
နောက်တော့ ကျွန်တော် သူများ ကျွန် ဘ၀ မှာ ရုန်းထွတ်လာရင်း မိသားစု
တွေနဲ့ပဲ ပျော်ရွင်စွာ အလုပ် လုပ်ခဲ့တယ်။
ပျော်ရွှင်စရာကောင်းခဲ့တဲ့ ကျွန်တော် မိသားစု ဘ၀ လေးကို ကံကြမ္မာ က လှလှပပ
လေး ကျီစယ်လွတ်လိုက်ပြီ။
တစ်နေ့ ကျွန်တော် ဂျာနယ်ရောင်းပြီးလို့ အိမ် ပြန်လာခဲ့တယ် အိမ်
လည်းရောက်တော့ အမေ က ရွာ ကလူတစ်ယောက် နဲ့ စကားပြောနေရင်း ငိုနေတယ်။
ကျွန်တော် အမေနားကပ်သွားလိုက်တယ့်
‘အမေ ဘာဖြစ်လို့လည့်း’
‘ဘာမှ မဖြစ်ပါဘူး သားရယ်’
‘ဘာမှ မဖြစ်ပဲနဲ့ အမေ ငိုပါမလား ပြောစမ်းပါ အမေ ရ့’
ကျွန်တော် အတင်းမေးနေတာနဲ့ အမေ က့
‘နင် အဖေ ရွာ မှာ ရူးနေလို့တဲ့’
‘ ဟာ ဟုတ်လို့လား အမေ ကလည့်း’
‘ဟုတ်တယ့်’
ရွာပြန်သွားတာတောင် မကြာသေးဘူး ရူးတယ်ဆိုတော့ကျွန်တော်
မယုံကြည်နိုင်ခဲ့ဘူ့း့။ နောက်ဆုံးတော့ တိကျတဲ့ သတင်းတစ်ခုကြောင့်
ကျွန်တော် ယုံကြည့်လိုက်ရတယ်။
အဲ့ဒီနေ့ကစပြီး ကံကြမ္မာက ကျွန်တော် တို့ မိသားစု ဘ၀ လေးထဲ ကို
ဝင်ရောက်မွှေနှောက်သောင်းကျန်းသွားပါတော့တယ်။
ကျွန်တော် ရွာပြန်ပြီး အဖေ့ကို မန္တလေး ပြန်ခေါ်လာခဲ့သည်။ တဖြေးဖြေး နဲ့
ကျန်းမာရေး ပြန်ကောင်းလာတဲ့ အဖေ က သူ့ မိသားစု ဘ၀ လေးပြည့်ပြည့်စုံစုံ
နေနိုင်အောင်လို့
ရေနံတူး ( ဖော် ) လိုက်သွားခဲ့တယ်။ ကံဆိုးမသွားလေရာ မိုးလိုက်လို့ ရွာ
ဆိုသလိုပေါ့၊ အဖေ လုပ်တဲ့ ရေနံလုပ်ငန်း သိန်း 100 ကျော် ရှုံးခဲ့ရတယ်။
မရှိမဲ့ ရှိမဲ့ ပစ္စည်းလေးတွေ ဖြုတ်ရောင်းပေးလိုက်ရတဲ့ အမေ မှာ အဖေ ကို
မကျေနပ်တော့ဘူး။
အဲ့ဒီနောက် အဖေ နဲ့ အမေ ပြသနာ တွေ ခနခန ဖြစ်ခဲ့တယ်။
ပြောင်းလဲသွားတဲ့ အဖေ အမေ နဲ့ အတူ ကွန်တော် ရဲ့ စိတ်တွေလည်း ပြောင်းလဲလာခဲ့တယ်။
အိမ်ကိုတောင် ပြန်ရမှာကြောက်လာတဲ့ ကျွန်တော် က လမ်းမှားတွေပေါ်မှာပဲ
ပျော်ပါးရင်း ပျော်ရွှင်မှုတွေ ကို ရှာဖွေခဲ့မိတယ်။
အဖေ ရဲ့ မိသားစု ပေါ်ထားတဲ့ မေတ္တာ သူ မိသားစုလေး ပြည့်စုံတဲ့ ဘ၀ မှာ
နေနိုင်ပါစေဆိုတဲ့ စေတနာ တွေနဲ့ လုပ်ခဲ့ပေမဲ့ အမေ က အဖေ စေတနာ
နားမလည်ခဲ့ဘူး။
သူ ရင်ဘတ်ထဲ မှာ အဖေ အပေါ် နာကျည်းမှုတွေပဲ ရိုက်ထည့်ထားခဲ့တယ်။
ရိုင်းစိုင်းတဲ့ စိတ်ရိုင်းတွေက တစ်ကိုယ်လုံး ပျံနှံနေတဲ့ ကျွန်တော့့်
ထမင်း စားတုန်း ပူညံပူညံ လုပ်နေတဲ့ အဖေ နဲ့ အမေ ကြောင့်ကျွန်တော် ထမင်း
ပန်ကန်းတွေ ရိုက်ခွဲပြစ်ခဲ့တယ် တစ်ကြိမ်တစ်ခါ မဟုတ်တဲ့
ကျွန်တော်လုပ်ရပ်တွေကြောင့် အဖေ က့
‘ ငါ သား မင်း ထမင်း တွေ သွန်ပြစ်တယ်၊ ပန်ကန် တွေ ရိုက်ခွဲတယ်၊ အဖေ
မနှမြောဘူး၊ ဒါပေမဲ့ မင်းတို့ ညီအစ်ကို မောင်နှမတွေ ဒီလို ထမင်း တစ်လုတ်
မှန်မှန်စားရဖို့
အခက်အခဲတွေကြားကဘယ်လို ရုန်းကန်ခဲ့ရတယ်ဆိုတာကို မင်း လည်း သိတယ်။
အရင် တုန်းက စားစရာမရှိလို့ ပြောင်းဖူးကိုပဲ ပြုတ်စားခဲ့ရတဲ့ ဘ၀ မင်း
မေ့နေတာလား၊ မင်း ကိုယ် တိုင် ကြုံခဲ့တာတောင် ထမင်း တစ်လုတ်တန်ဖိုး မင်း
နားမလည်းဘူးလား၊
မင်း ဒီ အတိုင်း သာ ဆက်လုပ်နေမယ်ဆိုရင် ပြောင်းဖူးပြုတ်စားခဲ့ရတဲ့ ဘ၀ ထက်
ဆိုးတဲ့ ဘ၀ကို မင်း ရောက်သွားလိမ့်မယ် သား ‘
ငြိမ်သက်စွာ နားထောင်နေတဲ့ ကျွန်တော် ရဲ့ ခြေထောက်တွေ အဖေ ရှေ့ကနေ ထွက်လာခဲ့တယ်။
အဖေ ပြောလိုက်တဲ့ အဖေ စကားတွေက ကျွန်တော် နားထဲမှာ ကပ်ပါလာခဲ့တယ့့်။
((( မင်း ကိုယ် တိုင် ကြုံခဲ့တာတောင် ထမင်း တစ်လုတ်တန်းဖိုး မင်း နားမလည်ဘူးလား
မင်း ဒီ အတိုင်း တာ ဆက်လုပ်နေမယ်ဆိုရင် မင်း ပြောင်းဖူးပြုပ်စားခဲ့ရတဲ့
ဘ၀ ထက် ဆိုးတဲ့ ဘ၀ မင်း ရောက်လိမ့်မယ်--- ))))
*****************************************************
‘မောင်မောင် မောင်မောင် ‘
အတိတ် ဆီ မျောလွှင့်နေတဲ့ ကျွန်တော် ရဲ့ စိတ် တွေ အငယ်မ ခေါ်လိုက်သံ
ကြောင့် လွှင့်စင်သွား၏၊
‘ဘာလည်း မလေ့း’
‘ဘာလုပ်နေတာလဲ ထမင်း စားနေတာကြာလှပြီ၊ အဖေ ခေါ်နေတယ်’
‘အေး အေး လာခဲ့မယ်’
‘မောင်မောင် မြန်မြန်လုပ်နော်၊ ပြောခံနေရဦးမယ်’
‘အေးပါ့ သွား လာခဲ့မယ်။’
ညီမ ထွက်သွားပြီ၊ ကျွန်တော် ထမင်းစားနေတာကို လက်စသတ် လိုက်တယ်။
အဖေခေါ်နေတယ်လေ ကျွန်တော် အဖေ့ဆီ သွားရမယ်။