မြန်မာစာပေ...အကြောင်းပြောလျှင်ထိပ်ဆုံးကနေလေ့လာသင့်သော..စာရေးဆရာ
မြန်မာ့ဂုဏ်ဆောင်အမျိုးသမီးများအကြောင်းပြောလျှင်...ချန်ထား၍မရသောအမျိုးသမီး
စာရေးကောင်းသူများအကြောင်း ပြောလျှင် လေ့လာသင့်သောစာရေးဆရာ
မြန်မာ့စာပေကို ကမ္ဘာကလေးစားအောင် ရေးခဲ့သောစာရေးဆရာတွေထဲမှာ
ကျနော်တင်ပြမည့် ( ဂျာနယ်ကျော်မမလေး ) လည်းပါဝင်ပါသည်။
ဂျာနယ်ကျော်မမလေး(၁၉၁၇-၁၉၈၂)
ဧရာဝတီတိုင်းဖျာပုံခရိုင်ဘိုကလေးမြို့ ကမာကလူကျေးရွာ၌အဖ( ဒေါ်ဆင်ဘဏ် မန်နေဂျာ)
ဦးပျားချိုအမိ ဒေါ်ကွီတို့က၁၉၁၇ဧပြီလ၁၃ ရက်သောကြာနေ့တွင်မွေးဖွားသည်။
မွေးချင်းငါးဦးအနက် စတုတ္တမြောက်ဖြစ်သည်။အမည်ရင်းမတင်လှိုင်ဖြစ်သည်။
၁၉၂၂ခုတွင် ဖျာပုံအေဘီအမ်ကျောင်း၌ကျောင်းစနေခဲ့သည်။ဘိုကလေးမြို့အစိုးရကျောင်းမှ
၁၉၂၇ခုတွင်သတ္တမတန်းအောင်သည်။ထို့နောက်ရန်ကုန်မြို့မြို့မအမျိုးသမီးကျောင်း၌န၀မတန်း
(၁၉၃၂)အထိပညာသင်ကြားခဲ့သည်။၁၉၃၈ခုတွင်မြန်မာ့အလင်းသတင်းစာအယ်ဒီတာချုပ်
ဦးချစ်မောင်နှင့်လက်ထပ်သည်။၁၉၄၆ခုဧပြီလ၃ ရက်တွင်ခင်ပွန်းဂျာနယ်ကျော်ဦးချစ်မောင်ကွယ်လွန်၍
သားနှစ်ဦးသမီးတစ်ဦးကျန်ရစ်ခဲ့သည်။၁၉၅၉ခုမေလ၁၄ ရက်တွင်ဦးအောင်ဇေယျနှင့်အိမ်ထောင်ပြုသည်။
ဘိုကလေးတို့ ဗမာအစည်းအရုံးတွင်အဖွဲ့ဝင်နှင့်တက်ခေတ်အမျိုးသမီးအဖွဲ့ဥက္ကဌ(၁၉၃၆-၃၇)
ဂျာနယ်ကျော်ထုတ်ဝေသူ ဂျာနယ်ကျော်နှင့်ပြည်သူဟစ်တိုင် သတင်းစာအယ်ဒီတာ(၁၉၃၉) အမျိုးသမီး
ကလောင်ရှင်အသင်းဒုတိယဥက္ကဌနှင့်ကလောင်ရှင်မဂ္ဂဇင်းတာဝန်ခံအယ်ဒီတာ(၁၉၄၇)မြန်မာနိုင်ငံ
စာရေးဆရာအသင်းဥက္ကဌ(၁၉၄၈-၄၉)မြန်မာနိုင်ငံစာရေးဆရာစာပေကလပ်အတွင်းရေးမှူး
(၁၉၆၀-၆၂)တာဝန်များကိုထမ်းဆောင်ခဲ့သည်။ တရုတ်နှင့်ဆိုဗီယက်သို့
ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်(၁၉၅၂)အာရှတိုက်စာရေးဆရာများကွန်ဖရင့်(နယူးဒေလီ)
(၁၉၅၅xအထူးပြုဆန့်ကျင်ရေးကွန်ဖရင့်(ဂျပန်)(၁၉၈၀)စသည်ဖြင့်နိုင်ငံရပ်ခြားသို့သွားခဲ့သည်။
ပုဂ္ဂိုလ်ရေး"ပစ်စာ" တစ်စောင်ကိုတုံ့ပြန်ဆောင်းပါးရေးရာမှ သတင်းစာတိုက်နှင့်ဆက်သွယ်
မိပြီးစာပေနယ်ထဲရောက်ခဲ့သည်ဆို၏။"အမျိုးသမီးများ" "အကြီးသတ်"ဥဏ်ရှိကြရန်"(မြန်မာ့အလင်း။
(၁၉၃၆-၃၇)သည်ပထမပုံနှိပ်ဆောင်းပါးဖြစ်သည်။
ထင်ရှားသောစာအုပ်များမှာ
သူမ(၁၉၄၅) သူ့လိုလူ(၁၉၄၇) သူ့လိုမိန်းမ(၁၉၄၈) ရှု့မငြီး(၁၉၄၈) စိတ်(၁၉၅၁)
ကမ္ဘာမြေ၀ယ်(၁၉၅၂) မုန်း၍မတူ(၁၉၅၅)* တွေးလာစိမ့်စိမ့်(၁၉၆၃) လှတစ်မျက်နှာ(၁၉၆၅)
ရင်နင့်အောင်မွှေး(၁၉၆၇) ရင်မှတရှိုက်(၁၉၇၈) သွေး(၁၉၇၃) တို့ဖြစ်ကြ၏။
မုန်း၍မဟူဖြင့်၁၉၅၅မှစာပေဗိမာန်ဆု။ တွေးတစိမ့်စိမ့်ဖြင့်(၁၉၆၃)ခုအနုပညာစာပေဆု
(၀ထ္ထုတိုပေါင်းချုပ်တတိယဆု)ရရှိခဲ့သည်။
နိုင်ငံခြားဘာသာသို့ပြန်ဆိုခဲ့သည်များမှာ
မြက်ကလေးတစ်ပင်(ဂျာမန်-၁၉၆၈)
တွေးတစိမ့်စိမ့်(ရုရှား-၁၉၈၄)
သွေး(ဂျပန်-၁၉၇၇)
မုဆိုးမ(အင်္ဂလိပ်)
မုန်း၍မတူ(ရုရှား။ဥစဘက်.ပြင်သစ် တရုတ်အင်္ဂလိပ်)တို့ဖြစ်ကြသည်။
ဂျာနယ်ကျော်မမလေး၏ကလောင်ခွဲများမှာရဝေလှိုင်၊လှတခိုင်။ဘိုကလေးမတင်လှိုင်တို့ဖြစ်ကြသည်။
စာရေးဆရာ သတင်းစာဆရာအဖြစ်သာမက တိုင်းရင်းဆေးပညာရှင်အဖြစ်လည်းထင်ရှား၏။
ဆေးပညာဆောင်းပါးများ(၁၉၆၂)မြန်မာ့ဆေးပညာ၁၉၆၇)ကိုပြုစုခဲ့သည်။
၁၉၈၂ခုဧပြီ ၆ ရက်တွင်ရန်ကုန်မြို့၌ကွယ်လွန်သည်။
(မူရင်း)
ဂျာနယ်ကျော်မမလေး အကြောင်းပြောလျှင် စာပေသမိုင်းမှာ မှတ်တိုင်တစ်ခုဖြစ်သော
(မုန်း၍မဟူ) ၀တ္ထုကလည်း မှတ်တိုင်တစ်ခုဖြစိနေပါသည်။
စာပေတိုက်ကို မျက်နှာချိုသွေးနေရသော ကာလမှာဆရာမက သည်ဝတ္ထုနှင့်
စာရေးဆရာတစ်ယောက်၏လုပ်ပိုင်ခွင့်နှင့်သတ္တိကိုပြခဲ့သည်ကိုအောက်ပါအမှာစာတွင်
တွေ့မြင်ရပါသည်။
(မုန်း၍မဟူ) ၀တ္ထုကလည်း မှတ်တိုင်တစ်ခုဖြစိနေပါသည်။
စာပေတိုက်ကို မျက်နှာချိုသွေးနေရသော ကာလမှာဆရာမက သည်ဝတ္ထုနှင့်
စာရေးဆရာတစ်ယောက်၏လုပ်ပိုင်ခွင့်နှင့်သတ္တိကိုပြခဲ့သည်ကိုအောက်ပါအမှာစာတွင်
တွေ့မြင်ရပါသည်။
ထိုစာအုပ်ကိုမြန်မာနိုင်ငံတွင် (၁၁ )ကြိမ်ထုတ်ဝေခဲ့ပါသည်။
ဂျာနယ်ကျော်မမလေး၏ မုန်း၍မဟူ ကိုဖတ်လိုပါက
ထိုလင့်တွင်ဖတိနိုင်ပါသည်။
ဆက်လက်၍စာအုပ်ကောင်းများ တင်ပြပေးပါဦးမည်။
တတိုင်းမွှေး။ ။19-2-2013